အခန်း ၁၉၆၃
Vol. 131 Ch. 1963
အခန်း (၁၉၆၃)
ဖန်ရှောင်းပြန်လာခြင်း
ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်လုံးများ လျှပ်စီးလက်သကဲ့သို့ လင်းခနဲ ဖြစ်သွားပြီး ထိုဆံပင်နီနှင့်လူ၏ ကြွင်းကျန်ရစ်သော နတ်ဝိညာဉ်စွမ်းအားက သူ၏ နတ်ဝိညာဉ်စွမ်းအားကို မထင်မှတ်ပဲ ရုတ်ချည်း တိုးပွားစေနိုင်သည်ကို သိလိုက်ရ၏။
အကယ်၍ သူသာ ထိုလူ၏ နတ်ဝိညာဉ်ကို သန့်စင်နိုင်လျှင် ၎င်းက သူ့ကို ပို၍ စွမ်းအားကြီးလာစေနိုင်မည် မဟုတ်ပါလား။
ထိုအခါ သူ တစ်ချက်တည်းနှင့် အဆင့်တက်ကာ နတ်ဘုရင်တစ်ပါး ဖြစ်လာနိုင်သည်။
လုချန်းတစ်ယာက် ကျောက်ရုပ်ပမာ မလှုပ်မယှက် ရပ်နေပြီး ငေးငိုင်နေပုံရသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့က စိုးရိမ်စိတ်ဖြင့် ခပ်မြန်မြန်ပင် သတိပေးလိုက်၏။
“ကျွန်မတို့ ဒီနေရာကနေ ချက်ချင်း ထွက်သွားသင့်တယ်။ အဲ့ဒီလူ ပြန်လာရင် ပြန်လာနိုင်တယ်။”
လုချန်းက အိပ်မက်မှ နိုးထလာသကဲ့သို့ အသိပြန်ဝင်လာပြီး ခပ်အေးအေး ပြုံးလျက်
“မဟုတ်ဘူး... ကျုပ်တို့ ထွက်သွားဖို့ မလိုပါဘူး။ သူ ပြန်လာမှာကိုပဲ စောင့်ကြရအောင်။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့လည်း မိုးကြိုးပစ်ချခံရသကဲ့သို့ ခဏခန့် ကြောင်အသွားပြီး လုချန်းထံ၌ ဘာအစီအစဉ် ရှိနေသည်ကို နားမလည်နိုင် ဖြစ်သွား၏။
ခုနကတင် လုချန်းသည် ထိုဆံပင်နီနှင့်လူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပြီး ကြောက်လန့်တကြား ထွက်သွားကာ သူ၏ နတ်အာရုံကို ချက်ချင်း ပိတ်ဆို့ခဲ့ရ၏။
ယခုတော့ သူက ပျားတုပ်မည်မှန်း သိလျက်နှင့်ပင် ထိုဆံပင်နီနှင့်လူ ပြန်လာရန် တကယ် စောင့်ဆိုင်းချင်တာလား။
ထိုဆံပင်နီနှင့်လူသည် ကြွင်းကျန်ရစ်သော ဝိညာဉ်တစ်ခုသာ ဖြစ်ပြီး သိပ်ပြီး စွမ်းအားမကြီးလှပုံ မရသော်လည်း ဤနေရာသည် သူ၏ ကမ္ဘာငယ်အတွင်း၌ ရှိနေခြင်း ဖြစ်၏။ ဤနေရာတွင် သူသည် နည်းဗျူဟာပုံစံများကို အချက်ပိုင်ပိုင်နှင့် အသေအချာ လှုံ့ဆော်အသုံးပြုနိုင်ပေလိမ့်မည်။
အကယ်၍ ထိုသူ နည်းဗျူဟာပုံစံများကို အသုံးပြုလာလျှင် ကောင်းကင်လှေကားပေါ်ရှိ နတ်များအားလုံး စုပေါင်းလိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် နတ်သခင် ရှီယွဲ့က စိုးရိမ်တကြီး ထပ်မံ သတိပေးလိုက်သည်။
“သူက ကြွင်းကျန်ရစ်တဲ့ ဝိညာဉ်တစ်ခုပဲ ဆိုပေမဲ့ ကျွန်မတို့က သူ့ရဲ့ ကမ္ဘာငယ်ထဲမှာပဲ ရှိနေသေးတာ။ အကယ်၍ သူက နည်းဗျူဟာပုံစံတွေကို သုံးလိုက်ရင် နတ်သခင်တွေတောင် သူ့ရှေ့မှာ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ရှင် ဒီမှာ သူ့ကို စောင့်ချင်တာ သေချာရဲ့လား။”
လုချန်းက ယုံကြည်ချက် အပြည့်ဖြင့်
“ပြဿနာမရှိပါဘူး။ အချိန်တန်ရင် ကျုပ်တို့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ခင်းကျင်းပြီး သူ့ကို ချိပ်ပိတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။”
“အဆင်မပြေရင်လည်း ကျုပ် မှာ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။”
နတ်သခင် ရှီယွဲ့သည် လုချန်း၏ နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ယခု သူ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို ဇဝေဇဝါ ဖြစ်သွားမိ၏။
လုချန်း၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို ပြင်းပြစွာ တောင့်တနေသည့် အရိပ်အယောင်များ ရှိနေပြီး ၎င်းက သူမကို ပထမဆုံးအကြိမ် တွေ့ဖူးစဉ်ကနှင့် ဆင်တူနေသည်။
နတ်သခင် ရှီယွဲ့ ရုတ်တရက် ကျောရိုးထဲအထိ ချမ်းစိမ့်သွား၏။ ဤလူက ထိုကြွင်းကျန်ရစ်သော ဝိညာဉ်အပေါ် ထိုကဲ့သို့သော မရိုးသားသည့် ရည်ရွယ်ချက်မျိုး ရှိနေတာများလားဟု တွေးမိလိုက်၏။
နတ်သခင် ရှီယွဲ့၏ စိတ်ထဲတွင် သူ့ကို ဖောက်ပြန်သည့် လူထူးလူဆန်းတစ်ယောက်အဖြစ် ပုံဖော်နေပြီဖြစ်ကြောင်း လုချန်း တစ်ယောက် မသိရှာပေ။
နတ်သခင် ရှီယွဲ့၏ မျက်နှာပေါ်ရှိ အထင်သေးသည့် အမူအရာကို တွေ့မြင်လျှင် လုချန်းက ဇဝေဇဝါဖြစ်လျက်
“ဘာလို့ ကျုပ် ကို အဲဒီလို ကြည့်နေတာလဲ”
ဟု မေးလိုက်၏။
နတ်သခင် ရှီယွဲ့က
“ကျွန်မ တော်တော်လေး သိချင်မိတယ်။
စောစောက အတိုက်ခိုက်ခံရပြီးပြီးချင်း ရှင့်ရဲ့ နတ်အာရုံ ဆက်သွယ်မှုကို ချက်ချင်း ပိတ်ဆို့လိုက်ပြီးတော့ အခုကျမှ ဘာလို့ သူ့ကို မျှော်လင့်တကြီး စောင့်နေရတာလဲ။”
လုချန်းက မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်မေးလိုက်သည်။
“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အပြင်ဘက်မှာ ဘာရှိလဲဆိုတာကို ခင်ဗျား မသိချင်ဘူးလား။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့လည်း စူးစမ်းလိုစိတ်ဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူမသည်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ အပြင်ဘက်တွင် မည်သည့်လောက ရှိနေသည်ကို တကယ်ပင် သိလိုသော်လည်း ၎င်းက ဤကြွင်းကျန်ရစ်သော ဝိညာဉ်နှင့် မည်သို့ သက်ဆိုင်နေသနည်း။
နတ်သခင် ရှီယွဲ့က
“ရှင်က သူ့ကို ဖမ်းဆီးပြီး ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အပြင်ဘက်က လောကအကြောင်း သတင်းအချက်အလက်တွေကို အတင်းနှိုက်ထုတ်ချင်လို့လား”
ဟု မေးလိုက်၏။
လုချန်းက ခေါင်းယမ်းခါလိုက်ပြီး
“မဟုတ်ဘူး... မဟုတ်ဘူး...
ကျုပ်က သူ၏ နတ်ဝိညာဉ်ကိုပဲ အစအနမကျန် သန့်စင်ပစ်ချင်တာ။”
ထိုစကားကို ကြားလျှင် နတ်သခင် ရှီယွဲ့ အနည်းငယ် အံ့အားသင့်သွားပြန်၏။ လုချန်း ဤမျှအထိ သတ္တိကောင်းလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးပေ။
ထိုသူက ကြွင်းကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း အပြင် လောကမှ မဟာစွမ်းအားရှင်တစ်ဦး၏ ကြွင်းကျန် ဝိညာဉ် ဖြစ်နေသေးသည်။ ထို့ပြင် ထိုကြွင်းကျန် ဝိညာဉ်က ခြောက်လှန့်တတ်သော သရဲသစ္ဆေပမာ ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာ မရှင်းလင်းသေးပေ။
အကယ်၍ သန့်စင်နေစဉ်အတွင်း ထိုကြွင်းကျန် ဝိညာဉ်က အလွန် စွမ်းအားကြီးမားနေပါက လုချန်းအနေနှင့် သူ့ကို သန့်စင်နိုင်မည် မဟုတ်ရုံသာမက ကံဆိုးသွားပါက ကြွင်းကျန် ဝိညာဉ်၏ ဝါးမြိုခြင်းကိုပင် ခံရနိုင်သည်။
နတ်သခင် ရှီယွဲ့က စိုးရိမ်စိတ်ဖြင့်
“သူက ကြွင်းကျန် ဝိညာဉ်တစ်ခုပဲ ဖြစ်နေဦးတော့... ဒါက အပြင်ဘက် လောကကလူတစ်ယောက်ရဲ့ ကြွင်းကျန် ဝိညာဉ်ဖြစ်ပြီး ဘယ်လောက်အထိ စွမ်းအားကြီးလဲဆိုတာ မသိရဘူး။ တစ်ခုခုဖြစ်လာရင် ကျွန်မကိုလည်း အပြစ်မတင်နဲ့ဦး။”
လုချန်းက
“စိတ်မပူပါနဲ့... ကျုပ်မှာ နတ်ဝိညာဉ်တွေကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တဲ့ နတ်ကျင့်စဉ် ရှိပါတယ်။”
ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်၏။
သူသည် ယဲ့ချူယောင်ကို သူ၏ မိန်းမအဖြစ် ပြောင်းလဲခဲ့စဉ်က ကိုးဆင့်ဝိညာဉ်တားမြစ်ခြင်းပညာဟု ခေါ်သော နတ်ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းက နတ်ဝိညာဉ်များအပေါ်၊ အထူးသဖြင့် ခန္ဓာကိုယ်မရှိသော ဤကဲ့သို့သော ကြွင်းကျန် ဝိညာဉ်များအပေါ် ပြင်းထန်သော နှိပ်ကွပ်ခြင်း အာနိသင် ရှိပေသည်။
လုချန်း၏ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း စကားများများ ဆက်မပြောတော့ပေ။ နောက်ပိုင်းတွင် လုချန်းက ထိုကြွင်းကျန် ဝိညာဉ်ကို မည်သို့ နှိမ်နင်းမည်နည်း ဆိုသည်ကိုသာ သူမ စောင့်ကြည့်ချင်တော့၏။
…..
တစ်ဖက်တွင်တော့။
ဖန်ရှောင်းသည် ခန်းမအတွင်းမှ ထွက်ခွာသွားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင်တန်းကြီးပမာ ကြီးမားထွားကြိုင်းလာပြီး ကမ္ဘာငယ်အတွင်းရှိ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာကာ ကောင်းကင်လှေကားပေါ်သို့ တက်လှမ်းနေသူများကို သက်ရောက်မှု ရှိလာစေတော့သည်။
လူတိုင်း ထိတ်လန့်တကြား ခြေလှမ်းများ ရပ်တန့်သွားကြပြီး တစ်ပြိုင်နက်တည်း အပေါ်သို့ မော့ကြည့်လိုက်ကြ၏။ ကောင်းကင်ယံတွင် ပြင်းထန်စွာ တောက်လောင်နေသော ဖီးနစ်ငှက်ကို မြင်လိုက်ရလျှင် သူတို့၏ နတ်ဝိညာဉ်များသည် ချက်ချင်းပင် ရိုက်ခတ်မှု ခံလိုက်ရပြီး သူတို့၏ မျက်စိရှေ့မှောက်တွင် အလောင်းတောင်နှင့် သွေးပင်လယ် အသွင်သဏ္ဌာန်များ ထိတ်လန့်ဖွယ် ပေါ်ပေါက်လာတော့သည်။
နတ်ဝိညာဉ် အားနည်းသော အချို့သော နတ်များသည် ဝိညာဉ်တိုက်ခိုက်မှု ခံရပြီးနောက် ကောင်းကင်လှေကားပေါ်မှ အရွက်ကြွေသကဲ့သို့ ပြုတ်ကျသွားကြရာ မကြာမီ ကောင်းကင်လှေကား အောက်ခြေမှ ရင်နင့်စရာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ချူးကျန့်ယွီသည် သူ၏ စိတ်ကို ရေငြိမ်သက်သကဲ့သို့ ခပ်မြန်မြန်ပင် တည်ငြိမ်စေလိုက်ပြီး ချက်ချင်း ခေါင်းငုံ့လိုက်ကာ ကောင်းကင်ရှိ ဖီးနစ်ငှက်ကို စိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်လိုက်၏။ ထို့နောက်မှသာ သူ၏ နတ်ဝိညာဉ်လည်း ရင်ထဲမှ အလုံးကြီးကျသကဲ့သို့ တော်တော်လေး သက်သာရာရသွားတော့သည်။
ချူးကျန့်ယွီသည် အတွေးကမ္ဘာထဲသို့ နစ်ဝင်သွားပြီး လုချန်းတို့လူစု ကောင်းကင်လှေကားပေါ်သို့ တက်လှမ်းသွားပြီးနောက်မှသာ ဤဖီးနစ်ငှက် ပေါ်လာခြင်း ဖြစ်သည်ကို သတိပြုမိလိုက်၏။ သူတို့ အမွေအနှစ်ကို ရရှိသွားကြသဖြင့် ဤကဲ့သို့သော ထူးခြားသည့် ဖြစ်စဉ်ကို ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်မလားဟု လည်း တွေးတောနေမိသည်။
ချူးကျန့်ယွီ ထိုသို့ တွေးတောနေဆဲတွင်ပင် ရုတ်တရက် ဖီးနစ်ငှက်က မိုးခြိမ်းသကဲ့သို့ နားကွဲမတတ် အသံကြီးတစ်သံကို ထုတ်လွှင့်လိုက်၏။
“ဒါဆို ခင်ဗျား ထွက်မပြေးရသေးဘူးပေါ့။”
ဖီးနစ်ငှက်၏ အသံကို ကြားလျှင် ကောင်းကင်လှေကားပေါ်ရှိ နတ်များ ကြက်သေသေကာ နောက်တစ်ကြိမ် ကြောင်အသွားကြပြန်၏။ ငှက်က စကားပြောနိုင်သည့်အတွက် အံ့အားသင့်သွားကြရခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ချူးကျန့်ယွီလည်း စိတ်အလိုအလျောက်ပင် ကောင်းကင်ယံ၌ နေမင်းကဲ့သို့ လင်းလက်တောက်ပနေသော ဖန်ရှောင်းကို မော့ကြည့်မိပြန်သည်။ သို့သော် တစ်ချက် မော့ကြည့်ပြီးနောက် ချက်ချင်းပင် ပြန်၍ ခေါင်းငုံ့လိုက်ရ၏။
ချူးကျန့်ယွီသည် ကြောက်စိတ်ကြောင့် တုန်ရင်နေသော သူ၏ လက်ကို မြှောက်ကာ သူ၏ နဖူးပေါ်မှ စီးကျလာသော ချွေးများကို သုတ်လိုက်၏။ သူ စောစောက အပေါ်သို့ မော့ကြည့်လိုက်စဉ်တွင် တစ်စုံတစ်ခုကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။
ထိုဖီးနစ်ငှက်သည် ထူးခြား ဖြစ်စဉ်တစ်ခု မဟုတ်ပဲ စွမ်းအားကြီးမားလှသည့် နတ်ဝိညာဉ်တစ်ခု ဖြစ်နေခြင်းပင်။
ဤနတ်ဝိညာဉ်သည် ကွယ်လွန်သွားပြီဖြစ်သော မဟာစွမ်းအားရှင်တစ်ဦး၏ ကြွင်းကျန်ဝိညာဉ် ဖြစ်လိမ့်မည်။
ချူးကျန့်ယွီ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်လာတော့သည်။ ထိုသူသည် ကြွင်းကျန် ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း လူတိုင်းကို ဖိနှိပ်ထားနိုင်သည်ကို သူကောင်းစွာ သိလိုက်ရသဖြင့် ဖြစ်၏။
အကယ်၍ ထိုမဟာစွမ်းအားရှင်သာ အသက်ထင်ရှား ရှိနေဦးမည်ဆိုပါက နတ်သခင်များပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ ကောင်းကင်မိန်းကလေးက ဤမဟာစွမ်းအားရှင်သည် နတ်ဧကရာဇ်နှင့် ယှဉ်နိုင်သော စွမ်းအားရှိသည်ဟု အဘယ်ကြောင့် ပြောခဲ့သလဲဆိုတာ အံ့သြစရာ မရှိတော့ပေ။
စိတ်ငြိမ်သွားပြီးနောက် ချူးကျန့်ယွီစိတ်ထဲ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာ၏။ ထိုကြွင်းကျန် ဝိညာဉ်၏ စကားများအရ ၎င်းက တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေပုံ ရသည်မဟုတ်လား။
လုချန်းက ထိုကြွင်းကျန် ဝိညာဉ်ကို သွားရောက်ပုတ်ခတ်နှောင့်ယှက်မိသဖြင့် ၎င်းက သူ့ကို လိုက်ရှာနေခြင်း ဖြစ်နိုင်မလား။
……
နန်းတော်အတွင်း၌။
လုချန်းသည်လည်း ဖန်းရှောင်း၏ အသံကို ကြားလိုက်ရသဖြင့် နတ်သခင် ရှီယွဲ့ဘက်သို့ လှည့်ကာ
“ပြင်ဆင်ထားတော့... သူ ကျုပ်ကို ရှာတွေ့သွားပြီ”
ဟု ပြောလိုက်၏။
ထိုသို့ပြောရင်း ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ချက်ချင်းပင် ရေးဆွဲလိုက်တော့သည်။ သူ၏ နတ်ဝိညာဉ်က ခုနတင် စွမ်းအားတိုးတက်သွားသောကြောင့် လားမသိ သူ၏ နည်းဗျူဟာပုံစံကို ရေးဆွဲသည့် အမြန်နှုန်း များစွာတိုးတက်လာ ကြောင်း တွေ့လိုက်သည်။
နတ်သခင် ရှီယွဲ့ စကားတုံ့ပြန်ရန် အချိန်ပင်မရသေးမီ လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံက ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
လုချန်း၏ လူနတ်အဆင့်စွမ်းအားဖြင့်ပင် ထိုနည်းဗျူဟာပုံစံသည် ယခုအချိန်တွင် လိုအပ်ချက်မရှိ ပြီးပြည့်စုံစွာ ပုံပေါ်နေပြီ ဖြစ်လိမ့်မည်။
လုချန်းက နတ်သခင် ရှီယွဲ့ကို အရေးတကြီး တိုက်တွန်းလိုက်သည်။
“မြန်မြန်... ကျုပ်ကို နတ်စွမ်းအား ထည့်ပေးပါ။”
နတ်သခင် ရှီယွဲ့လည်း တုံ့ဆိုင်းမနေပဲ မျက်စိတစ်မှိတ်အတွင်း လုချန်း၏ နောက်ကျောဘက်သို့ ရွှေ့ပြောင်းသွားကာ သူ့ထံ နတ်စွမ်းအားများကို ကူးပြောင်းပေးလိုက်တော့သည်။ နတ်သခင် ရှီယွဲ့၏ လက်က လုချန်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သဲထဲရေသွန်သကဲ့သို့ သူမ၏ နတ်စွမ်းအား ထက်ဝက်ခန့် ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရသဖြင့် အပြင်ဘက်ရှိ ကြွင်းကျန်ရစ်သော ဝိညာဉ်ကို သူတို့ ချိပ်ပိတ်နိုင်ပါ့မလားဟူ၍ သံသယဝင်သွားမိစေသည်။
ထိုအချိန်တွင် မီးလျှံလှိုင်းလုံးကြီးများသည် ဒီရေကဲ့သို့ တဟုန်းဟုန်းနှင့် နန်းတော်အတွင်းသို့ တိုးဝင်လာပြီး နန်းတော်ဆီသို့ ဖန်ရှောင်း ပျံသန်းဝင်ရောက်လာခဲ့သည်။
လုချန်းနှင့် နီးကပ်လာလျှင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ဖန်ရှောင်း ချက်ချင်း ခံစားမိသွားပြီး လုချန်း၏ ရှေ့မှောက်ရှိ နည်းဗျူဟာပုံစံ အင်းကွက်များထံမှ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို အာရုံရလိုက်၏။
၎င်း၏ တောင်ပံများကို လေမုန်တိုင်းပမာ အပြင်းအထန် ခတ်လိုက်ပြီး ထိုခြိမ်းခြောက်မှုကို ရပ်တန့် ရန် ကြိုးစားလိုက်သော်လည်း ထိုအခိုက်အတန့်တွင်ပင် လုချန်းက ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို လှုံ့ဆော်မောင်းနှင်လိုက်ပြီ ဖြစ်သည်။
နောက်တစ်ခဏ၌ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် ဖန်ရှောင်း၏ ခေါင်းပေါ်တွင် ချက်ချင်း ပေါ်ပေါက်လာတော့သည်။
လုချန်းက မိုးခြိမ်းသံပမာ
“ချိပ်ပိတ်စမ်း”
ဟု အသံကျယ်ကြီးဖြင့် ဟစ်ကြွေးလိုက်သည်။
--
…………