← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) လူမိုက်လေးတွေက တက်တူးနဲ့ လူမိုက်ကြီးကို ရန်စရဲလို့လား

လယ်ယာခြံဝင်း၏ နေ့ရက်များက အမြဲတမ်း အေးချမ်းသာယာနေတတ်သည်။ ယနေ့တွင်တော့ ရွှီယန်က ဝန်ထမ်းများကို ထွန်စက်မောင်းကာ တစ်ပတ်ခန့် ပတ်မောင်းခိုင်းပြီး ကားစမ်းသပ်ခိုင်းလိုက်၏။ အချိန်အကြာကြီး ဒီတိုင်း ရပ်ထားပါက ပျက်စီးသွားမည်ကို စိုးရိမ်၍ ဖြစ်သည်။

ရွှီယန် ကိုယ်တိုင်ကတော့ ရှောင်ဟေးကို ခေါ်ကာ ရွာဘက်သို့ ပြန်ပြီး တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုရန် ထွက်လာခဲ့သည်။ လမ်းတွင် ရိုးရာတောခွေး နှစ်ကောင် ပြေးသွားသည်နှင့် ဆုံလိုက်ရပြီး ထိုခွေးနှစ်ကောင်က ရပ်တန့်ကာ ရှောင်ဟေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြ၏။ ရှောင်ဟေးကလည်း အမြီးလေးလှုပ်ကာ သူတို့ကို ပြန်ကြည့်နေသည်။

တောင်ပေါ်ရွာလေးများရှိ ရိုးရာတောခွေးများက ဂိုဏ်းဂဏ ခွဲခြားတတ်ကြသည်။ သူတို့က တစ်ဖက်လူသည် ရန်သူလား မိတ်ဆွေလား ဆိုသည်ကို အပြန်အလှန် အကဲဖြတ်နေကြခြင်း ဖြစ်၏။ ရှောင်ဟေးကတော့ ထိုမျှလောက် တွေးတောနေခြင်း မရှိချေ။

ယခု ရှောင်ဟေးက အတော်လေး ကြီးထွားလာပြီး ကြည့်ရသည်မှာလည်း တောင့်တင်းနေပြီ ဖြစ်သည်။ ၎င်းက ယေဘုယျအားဖြင့် ရွှီယန်နှင့်အတူ ရွာသို့ ပြန်လာလေ့ရှိပြီး ရွာထဲရှိ ခွေးများနှင့် ဆက်သွယ်ရန်လည်း အချိန်မရခဲ့ပေ။ ပုံမှန်အချိန်များတွင်လည်း လယ်ယာခြံဝင်းထဲရှိ အကောင်လေးများနှင့်သာ အတူတကွ နေထိုင်လေ့ရှိ၏။

ရိုးရာတောခွေး သုံးကောင်က အပြန်အလှန် စိုက်ကြည့်နေကြသည်။ မျက်နှာချင်းဆိုင်ရှိ ခွေးနှစ်ကောင်က ဤသို့ အပြန်အလှန် စကားပြောနေသည့်အလားပင်။

'ဒီခွေးက ဘယ်သူလဲ'

'မမြင်ဖူးပါဘူး... ဒါပေမဲ့ တော်တော်တော့ ကြီးတာပဲ'

'ဘယ်ဂိုဏ်းကလဲ'

'မသိဘူး... ဒါပေမဲ့ ဒေသခံခွေးနဲ့တော့ တူတယ်'

ရှောင်ဟေးကတော့ ပျော်ရွှင်နေပြီး ဘယ်သူ့ကို မြင်မြင် မိတ်ဆွေဖွဲ့ချင်နေသည်။ မျက်နှာချင်းဆိုင်ရှိ ခွေးနှစ်ကောင်က ရွှီယန် ရှိနေသည်ကို မြင်သောအခါ အတူတကွ ခေါင်းလှည့်ကာ ပြေးထွက်သွားကြတော့၏။

"ရှောင်ဟေး... သွားမယ်"

ရွှီယန်က လှမ်းခေါ်လိုက်သည်။

ရှောင်ဟေးက ရိုးရာတောခွေး နှစ်ကောင်၏ ကျောပြင်ကို စက္ကန့်အနည်းငယ်ခန့် လှမ်းကြည့်နေပြီးနောက် ရွှီယန်၏ အနောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့၏။ ၎င်းက သွေးကြောထဲမှ တစ်စုံတစ်ရာ နိုးထလာသည်ကို ခံစားလိုက်ရပုံပေါ်ပြီး ရိုးရာတောခွေးများ၏ ဂိုဏ်းဖွဲ့တတ်သော စရိုက်လက္ခဏာက စတင် ပေါ်ထွက်လာခြင်းပင်။ ရှောင်ဟေး လည်း အခြား ရိုးရာတောခွေးများနှင့် တစ်သားတည်း ဖြစ်ချင်နေပုံရသည်။

ရွာအပြန်လမ်းက အတော်လေး ခြောက်ကပ်နေသည်။ လူငယ် အတော်များများက လုံးဝနီးပါး ပြန်မလာကြတော့ဘဲ မတတ်နိုင်သည့် အဆုံး ပြန်လာလျှင်လည်း ဘာလုပ်ရမှန်း မသိသောကြောင့် ဖြစ်၏။ လယ်ယာစိုက်ပျိုးရန် ဆိုသည်ကလည်း မဖြစ်နိုင်ချေ။ ပင်လည်း ပင်ပန်းပြီး ပိုက်ဆံလည်း သိပ်မရသဖြင့် အပြင်ထွက် အလုပ်လုပ်သည်က ပိုကောင်းနေသည် မဟုတ်ပါလား။

ဆောင်းတွင်းရောက်လာသည့် အခါတွင်တော့ ပို၍ပင် ခြောက်ကပ်သွားတော့သည်။ ခန္ဓာကိုယ် တောင့်တင်း သန်စွမ်းသူများက ဆောင်းတွင်းတွင် အခြားဒေသများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အဘိုးအို၊ ကလေးများနှင့် အမျိုးသမီးများကိုသာ အိမ်တွင် ဆောင်းခိုရန် ချန်ထားရစ်ခဲ့ကြ၏။ သို့သော် ရွာ၏ ပတ်ဝန်းကျင်ကတော့ အလွန် ကောင်းမွန်လှပေသည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင်သာ နှင်းနှင့် ရေခဲများ အနည်းငယ် စုပုံနေသေးပြီး ပင်မလမ်းမကြီးကိုတော့ အလွန် သန့်ရှင်းနေအောင် ရှင်းလင်းထားပြီး ဖြစ်သည်။

ရွှီယန်က အိမ်ရှိ ကုန်ုံစုံဆိုင်သို့ ပြန်ရောက်လာပြီး ယနေ့ နေ့လယ်စာကို အိမ်တွင် စားရန် ရည်ရွယ်ထား၏။ တာ့ဟွမ်က ရွှီယန် လာသည်ကို မြင်သောအခါ ဖင်လုံးလေး ခါယမ်းကာ ချစ်စရာ ကောင်းအောင် ပြုမူနေတော့သည်။ ၎င်းက ရှောင်ဟေးကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အကြည့်များ အားလုံးက ရွှီယန်၏ အပေါ်သို့သာ ကျရောက်သွား၏။ ခွေးများအတွက်တော့ သခင်ကသာ ပို၍ အရေးကြီးသည် မဟုတ်ပါလား။

ရွှီယန်၏ မိခင်က သူ့ကို စကားစမြည် ပြောဆိုနေသည်။ မိခင်ဖြစ်သူက သူ၏ လယ်ယာခြံဝင်း လည်ပတ်မှု အခြေအနေကို စိုးရိမ်နေပြီး ပိုက်ဆံရပါက မြို့ထဲတွင် အိမ်အရင်ဝယ်ရန်နှင့် လယ်ယာခြံဝင်းတွင် ထပ်မံ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် အကြံပြုနေ၏။

မိဘများက ယေဘုယျအားဖြင့် သားသမီးများကို တည်တည်ငြိမ်ငြိမ် ရှိစေချင်ကြပြီး ကြီးမားသော အန္တရာယ်များကို မစွန့်စားစေချင်ကြပေ။

"လယ်ယာခြံဝင်း က အခုမှ စပြီး ဖွံ့ဖြိုးလာတာလေ... နောက်နှစ်ဆို သေချာပေါက် ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ရမှာ"

"ဒီက မြို့ထဲက အိမ်တွေက ဘယ်လောက်တောင် တန်လို့လဲ... ပျမ်းမျှ တစ်စတုရန်းမီတာကို ယွမ် ငါးထောင်လောက်ပဲ ရှိတာ... ကျွန်တော့် မှန်လုံအိမ် တွေကမှ အဲဒီအိမ်တွေထက် ပိုတန်သေးတယ်"

"မြို့တော်ကြီးမှာ သွားဝယ်ရမှာမှ မဟုတ်တာ"

ရွှီယန်တွင် ဤကဲ့သို့သော စိတ်ကူး လုံးဝ မရှိသဖြင့် ဂရုမစိုက်သလိုပင် ပြန်လည် ဖြေကြားလိုက်၏။ သူ့အတွက်တော့ အိမ်ဝယ်ရန် ဆိုသည်မှာ သိပ်ကြီးမားသော ပြဿနာ မဟုတ်ချေ။ ယခု လက်ထဲတွင် ငွေရှိနေသဖြင့် နောက်နှစ်တွင် လယ်ယာခြံဝင်း ထုတ်လုပ်မှု တိုးမြှင့်မည့် ကိစ္စကိုသာ တွေးတောသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှု ကြီးမားမှသာ ပို၍ အမြတ်အစွန်း ရနိုင်မည် မဟုတ်ပါလား။ ထို့အပြင် သူကိုယ်တိုင်လည်း ကြီးမားသော လယ်ယာခြံဝင်း တစ်ခု ပိုင်ဆိုင်ချင်ပြီး ပိုမို ကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေချင်၏။

"မင်းဘာသာ ကြည့်လုပ်ပါတော့... ဘာပဲဖြစ်ဖြစ် မင်းက တတ်နိုင်နေပြီပဲ... ငါ မင်းကို ဝင်မစွက်ဖက်တော့ဘူး"

ရွှီယန်၏ မိခင်က ပြောလိုက်သည်။

"ကလေး ကိစ္စကို မင်းက ဝင်မပါစမ်းပါနဲ့... သူက တော်တော် အရည်အချင်း ရှိနေပြီပဲ... ငါတို့ စိတ်ပူနေဖို့ လိုလို့လား"

ရွှီဟုန်ရှန်းက ဘေးမှနေ၍ ဝင်ပြောလိုက်၏။

ဤစကားက အလွန် ထိရောက်သွားတော့သည်။ မူလက ရွှီယန်၏ မိခင်တွင် ပြောစရာ စကားများစွာ ကျန်ရှိနေသေးပြီး မြိုသိပ်ထားရသဖြင့် အနည်းငယ် နေရခက်နေခဲ့ရာ ရွှီဟုန်ရှန်း ၏ ဤစကားတစ်ခွန်းက သူမ၏ ပစ်မှတ်ကို ပြောင်းလဲသွားစေတော့၏။

"ဘာလို့ စိတ်ပူစရာ မလိုရမှာလဲ... ရှင့်လိုမျိုး အရာအားလုံးကို လျစ်လျူရှုပြီး ဘာမှ ဝင်မပါဘူးလို့ ထင်နေတာလား"

မိဘနှစ်ပါးက စတင် အချင်းများကြတော့သည်။

တိတိကျကျ ပြောရလျှင် ရွှီယန်၏ မိခင်က ရွှီဟုန်ရှန်းကို ဆူပူနေခြင်း ဖြစ်၏။ ရွှီဟုန်ရှန်းကတော့ တစ်ခွန်းမှ ပိုမပြောတော့ချေ။

ရွှီယန်က တစ်ခါတစ်ရံ စိတ်ထဲမှ တွေးမိသည်။ နောင်တွင် မိန်းမရှာပါက ဒေသခံ ချစ်စရာ ကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးကိုသာ ရှာဖွေရမည် သို့မဟုတ် အခြားဒေသမှ ချစ်စရာ ကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးမျိုးကို ရှာဖွေရမည်ဟုပင်။ ငယ်ငယ်ကတည်းက ကြီးလာသည်အထိ ကြမ်းတမ်းသော အတန်းဖော်များကို တွေးမိတိုင်း သူလည်း အနည်းငယ် ထိတ်လန့်နေမိ၏။ အရှေ့မြောက်ကျား... ချွမ်းယွီ ဒိုင်နိုဆော... အကုန်လုံးက အတော်လေး အစွမ်းထက်ပုံရပြီး ယောက်ျားများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရွှီယန်က ချွမ်းယွီ မိန်းကလေးများ၏ စတိုင်ကို ပို၍ နှစ်သက်မိ၏။ အကြောင်းမှာ သူတို့က ကြိုတင် သတိပေးတတ်သောကြောင့် ဖြစ်သည်။

'ငါ သုံးအထိ ရေမယ်နော်'

အရှေ့မြောက်ဘက်တွင်တော့ တိုက်ရိုက်ပင် စတင် ဆဲဆိုကြတော့၏။

'နင့်ရဲ့ ဟိုဟာကြီးကို သေချာ ကြည့်စမ်းပါဦး'

မတတ်နိုင်ပေ။ ရွှီယန်က အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ဘဝကတည်းက အတော်လေး ရုပ်ချောခဲ့ပြီး ကျောင်းကလည်း သာမန်ကျောင်းသာ ဖြစ်သဖြင့် သူ့ကို သီးသန့် လာရှာသော မိန်းကလေးများ တကယ်ပင် ရှိခဲ့ဖူး၏။

ရွှီယန်က ဘေးတွင် ခွေးနှင့် ဆော့ကစားနေလိုက်သည်။

သူက တာ့ဟွမ် ၏ မျက်နှာကြီးကို ပွတ်သပ်ပေးနေပြီး တာ့ဟွမ်ကလည်း အလွန် သက်သောင့်သက်သာ ဖြစ်နေကာ တုံးအအဖြင့် ပြုံးနေ၏။

"အမေ... နေ့လယ်စာ ဘာစားရမလဲ"

အချိန်တော်ပြီဟု ထင်သဖြင့် ရွှီယန်က ခေါင်းတောင် လှည့်မကြည့်ဘဲ တာ့ဟွမ် ကို ကြည့်ရင်း မေးလိုက်သည်။

"အာလူးနဲ့ ပဲတောင့်ရှည် စွပ်ပြုတ်... ပြီးတော့ ဝက်နံရိုး လည်း နည်းနည်း စွပ်ပြုတ် လုပ်ထားတယ်"

ရွှီယန်၏ မိခင်က ချက်ချင်း ပြန်ဖြေလိုက်၏။

"ကျွန်တော် သွားချက်ပေးမယ်လေ"

ရွှီယန်က တာ့ဟွမ် ၏ မျက်နှာကို ဆက်လက် ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

ရွှီဟုန်ရှန်း ကတော့ ဘာအမူအရာမှ မရှိဘဲ တည်ငြိမ်စွာဖြင့် လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။ သူ့တွင်လည်း အထူး စွမ်းရည် တစ်ခု ရှိပြီး ၎င်းမှာ ဘယ်နားကဝင် ညာနားကထွက် စွမ်းရည်ပင် ဖြစ်သည်။ ၎င်းက အရာအားလုံးကို လွတ်လပ်စွာ ထားရှိနိုင်သည့် အခြေအနေကို ခံစားနိုင်စွမ်း ရှိ၏။ မိသားစု သဟဇာတ ဖြစ်စေရန် သေချာပေါက် လျှို့ဝှက်ချက် ရှိရမည် ဖြစ်သည်။ သူက ဤမိသားစုအတွက် အများကြီး ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား။

ရွှီယန်က ကောင်တာ နေရာတွင် ထိုင်နေပြီး ပစ္စည်းလာဝယ်သူ ရှိပါက ဘားကုဒ် ဖတ်ကာ ငွေရှင်းပေးသည့် တာဝန် ယူထား၏။ ကုန်သည် အတော်များများက ဘားကုဒ် ဖတ်လေ့ မရှိဘဲ ကိုယ်တိုင် တွက်ချက်ကြသည်။ ဤသို့ဆိုလျှင် အရောင်းပမာဏကို လျှော့ချနိုင်ပြီး အခွန်ဆောင်စရာ မလိုတော့ချေ။ တစ်ခါတစ်ရံ ဧည့်သည်က ပစ္စည်း အများကြီး ဝယ်သည်ကို မြင်ပါက ယွမ် တစ်ကျပ် နှစ်ကျပ်ခန့် ပို၍ တောင်းတတ်ကြသေး၏။ ဧည့်သည်များက ဈေးနှုန်းကို တစ်ခုချင်းစီ ကိုယ်တိုင် တွက်ချက်မည် မဟုတ်ကြောင်းကို သူတို့ သိထားကြသည်။ ဤသည်က အသုံးဝင်သော လှည့်ကွက်များပင် ဖြစ်၏။

သို့သော် ရွှီယန်၏ အိမ်တွင်တော့ ငွေရှင်းကောင်တာကို အသုံးပြုနေဆဲဖြစ်ပြီး ဘားကုဒ် ဖတ်ပြီးမှသာ ငွေရှင်းလေ့ရှိရာ ဤစူပါမားကတ်လေးက အတော်လေး စနစ်ကျလှပေသည်။

"အဖေ... နောက်နှစ်နှစ်လောက်နေလို့ ပိုက်ဆံရလာရင်... အဖေတို့အတွက် စူပါမားကတ် အကြီးကြီး တစ်ခု ဖွင့်ပေးမယ်လေ"

ရွှီယန်က ရွှီဟုန်ရှန်းကို ကြည့်ကာ ပြောလိုက်၏။

"မလိုပါဘူးကွာ... ငါတို့ ရွာထဲမှာ လူဒီလောက်လေးပဲ ရှိတာကို... မင်းက စူပါမားကတ် အကြီးကြီး ဖွင့်ပြီး ဘာလုပ်မလို့လဲ... သူတို့က ဘယ်လောက်တောင် ဝယ်နိုင်မှာမို့လို့လဲ"

ရွှီဟုန်ရှန်းက ပြန်လည် ဖြေကြားလိုက်သည်။

"ဒါဆို မြို့နယ်လေး ထဲမှာရော..."

ရွှီယန်က ထပ်မေးလိုက်၏။

"မြို့နယ်လေး ထဲမှာ စူပါမားကတ် တွေ ဘယ်လောက်တောင် ရှိနေပြီလဲ... မြို့နယ်လေး တစ်ခုမှာတင် စူပါမားကတ် အကြီး သုံးခုတောင် ရှိနေတာ... ဈေးကွက် လုရတာ သေချာပေါက် အရမ်း ပြိုင်ဆိုင်မှု ပြင်းထန်မှာပေါ့"

လူဦးရေ မများပြားသော မြို့နယ်လေး တစ်ခုတွင် ယေဘုယျအားဖြင့် ဆိုင်အမျိုးအစား အနည်းငယ်သာ ရှိတတ်၏။ စားသောက်ဆိုင်ငယ်... ဆေးဆိုင်... သစ်သီးဆိုင်... စူပါမားကတ်... ဟာ့ဒ်ဝဲဆိုင် နှင့် အသားပေါင်းဆိုင် များသာ ဖြစ်သည်။ အားလုံးက အရင်းအနှီး သေးငယ်သော စီးပွားရေး လုပ်ငန်းများသာ ဖြစ်ပြီး စူပါမားကတ် ကသာ အနည်းငယ် ကြီးမားခြင်း ဖြစ်၏။

"ဘာဖြစ်လို့လဲ"

ရွှီဟုန်ရှန်းက ထပ်မေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး... နောင်ကျရင် ကျွန်တော်က သေချာပေါက် မြို့ထဲမှာ အိမ်ဝယ်ပြီး အခြေချမှာဆိုတော့... ကျွန်တော်တို့ မိသားစု ယန်ကျီ ကို ပြောင်းသွားပြီး... အဖေတို့အတွက်လည်း တစ်လုံး ဝယ်ပေးမလို့ စဉ်းစားနေတာ"

"တစ်ခုခုတော့ အလုပ်ရှာလုပ်ရမှာပေါ့..."

ရွှီယန်က ပြန်ဖြေလိုက်၏။

"မလုပ်ပါနဲ့ကွာ... မင်း လယ်ယာခြံဝင်း ကို သေချာ အရင် လည်ပတ်ပါဦး... ပိုက်ဆံ ဘယ်လောက်ရမယ် ဆိုတာတောင် မသေချာသေးဘဲနဲ့"

"မင်းရဲ့ အဲဒီ အတိုင်းအတာနဲ့ဆို တစ်နှစ်ကို ယွမ် နှစ်သိန်းလောက် ရရင်ကို တော်တော် ဟုတ်နေပြီ"

ရွှီဟုန်ရှန်း အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ပြောလိုက်သည်။

ရွှီယန် ဘာမှ ထပ်မပြောတော့ပေ။

လူများက ကောင်းမွန်သော နေရာများ... သက်သောင့်သက်သာ ရှိသော နေရာများသို့ ပြေးလွှားချင်ကြသည်သာ ဖြစ်၏။ ထို့ကြောင့် ရွာထဲမှ လူများက မြို့ထဲသို့ ပြေးကြပြီး မြို့ငယ်လေးများမှ လူများက မြို့ကြီးများသို့ ပြေးကြကာ မြို့ကြီးများမှ လူများကတော့ ပထမအဆင့် မြို့ကြီးများသို့ ပြေးလွှားကြသည်။ အားလုံးက ဤသို့ပင် ဖြစ်ပြီး ရွှီယန်လည်း ချွင်းချက် မဟုတ်ပေ။

လယ်ယာခြံဝင်း က ရွှီယန်၏ ဘဝ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း သူ နောက်ဆုံး အခြေချမည့် နေရာ မဟုတ်သည်မှာ သေချာလှ၏။ သူ၏ မိသားစုသည်လည်း ရွာမှ ထွက်ခွာပြီး ပိုမို ကောင်းမွန်သော နေရာများတွင် သွားရောက် နေထိုင်ကြမည့် သောင်းနှင့်ချီသော ဥပမာများထဲမှ တစ်ခုပင် ဖြစ်သည်။

'နှစ်အနည်းငယ်လောက် အချိန်ယူရဦးမှာပေါ့...'

'ငါ့ လယ်ယာခြံဝင်း သာ ဖွံ့ဖြိုးလာရင် အများကြီး မြန်သွားမှာပါ...'

ရွှီယန်က အိမ်ရှိ ကုန်စုံဆိုင်တွင် အလွန် သက်သောင့်သက်သာ ရှိသည်ဟု ခံစားနေရပြီး အပြည့်အဝ အနားယူနေသည့် အခြေအနေမျိုးဖြစ်ကာ ကိုယ်နေဟန်ထားပင် အလွန် ပျင်းရိနေပြီး ခြေထောက် နှစ်ဖက်ကို ကောင်တာပေါ် တင်ထားရန်သာ လိုတော့၏။ အိမ်ပြန်ရောက်တိုင်း ဤသို့ပင် ဖြစ်သည်။ ယနေ့ မူလကတည်းက ထွေထွေထူးထူး အလုပ်မရှိသဖြင့် အိမ်သို့ ပြန်လာကာ လည်ပတ်နေခြင်း ဖြစ်၏။ မိဘများကိုလည်း မြို့ထဲသို့ ဝင်သင့်ချိန်တန်ပါက ဝင်စေချင်နေသည်။ ရွာထဲရှိ လူများက တကယ်ပင် တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ မဟုတ်ပါလား။

ဤသို့ဖြင့် ခဏမျှ အနားယူပြီးနောက် နေ့လယ်စာ ကျက်သွားခဲ့၏။ ရွှီယန်က အိမ်တွင်ပင် နေ့လယ်စာ စားလိုက်သည်။ ငယ်ငယ်ကတည်းက စားလာခဲ့သော ရင်းနှီးကျွမ်းဝင်နေသည့် အရသာ ဖြစ်သောကြောင့် ရွှီယန်က အလွန် အားရပါးရ စားသောက်လိုက်ပြီး နောက်ဆုံးတွင် အလွန် ဗိုက်တင်းလွန်း၍ ဆက်မစားနိုင်တော့သဖြင့် အိမ်ထဲရှိ ဆိုဖာပေါ်တွင် လှဲလျောင်းကာ အနားယူနေလိုက်၏။

"အမေ... ဘယ်သူ့အိမ်မှာ ခွေးပေါက် ကြောင်ပေါက်လေးတွေ မွေးထားတာ ရှိလဲ... ကျွန်တော် နှစ်ကောင်လောက် ထပ်မွေးမလို့..."

ထမင်းစားပြီးနောက် ရွှီယန်က သူ၏ မိခင်ကို လှမ်းအော်လိုက်သည်။

"ဒီလို အေးခဲနေတဲ့ ရာသီဥတုကြီးမှာ ဘယ်က ကြောင်ပေါက် ခွေးပေါက်လေးတွေ ရှိမှာလဲ... မင်း လိုချင်ရင် မြို့ထဲ သွားရှာကြည့်လေ... အဲဒီမှာဆို အများကြီးပဲ မဟုတ်လား..."

မိခင်ဖြစ်သူက ပြန်ဖြေလိုက်၏။

"ဟုတ်ပြီလေ... သတိရလို့ ပါးစပ်ကနေ အလွယ်တကူ မေးလိုက်တာပါ..."

ရွှီယန်က အိမ်တွင် မွန်းလွဲပိုင်း အထိ နေထိုင်ပြီးနောက် ရှောင်ဟေး ကို ခေါ်ကာ လယ်ယာခြံဝင်း သို့ ပြန်လာခဲ့သည်။ လမ်းတွင် ရိုးရာတောခွေး အုပ်စုနှင့် ထပ်မံ ဆုံတွေ့ရပြန်၏။ ဤတစ်ကြိမ်တွင်တော့ ရိုးရာတောခွေး အရေအတွက် အတော်လေး များပြားပြီး ခုနစ်ကောင် ရှစ်ကောင်ခန့် ရှိသည်။ ၎င်းတို့၏ အကြည့်များက ရှောင်ဟေး ၏ အပေါ်သို့ ကျရောက်နေကြ၏။ ရှောင်ဟေး က နည်းနည်းလေးမှ မကြောက်မရွံ့ဘဲ သူတို့ကို ပြန်လည် စိုက်ကြည့်နေသည်။

ရွှီယန်က ထိုရိုးရာတောခွေးများကို တစ်ချက် ကြည့်လိုက်၏။ ရိုးရာတောခွေးများတွင် အနိုင်ကျင့်တတ်သော စရိုက်ရှိပြီး အားနည်းသူကို အနိုင်ကျင့်ကာ အားကြီးသူကို ကြောက်တတ်ကြောင်း သူ သိထားသည်။ ဤသည်က ပုံမှန်ပင် ဖြစ်ပြီး ဥပမာများ အများအပြား ရှိပေသည်။ ဥပမာအားဖြင့် ခွေးနှစ်ကောင်က တံခါးကို ခြားကာ အသံကုန် ဟောင်နေတတ်သော်လည်း တံခါး ဖွင့်လိုက်သည်နှင့် တစ်ဖက်လူကို မမြင်သလို ဟန်ဆောင်တတ်ကြ၏။ နောက်ဥပမာ တစ်ခုအနေဖြင့် သခင် အနားတွင် ရှိပါက အလွန် ကြမ်းတမ်းတတ်သော်လည်း သခင်နှင့် ဝေးသွားသည်နှင့် အလွန် ကြောက်တတ်သွားကြခြင်းပင်။

ထို့ကြောင့် ရွာထဲရှိ ရိုးရာတောခွေး အားလုံးက ဂိုဏ်းဖွဲ့ကာ အကာအကွယ် ရှာဖွေတတ်ကြပြီး ဤသို့ဆိုလျှင် တိုက်ခိုက်၍ မနိုင်လျှင်တောင် တစ်ဖက်လူက သူတို့ကို ဘာမှ လုပ်၍ မရနိုင်တော့ချေ။

"ဟေ့... မင်းတို့ ဘာကြည့်နေတာလဲ"

"ငါ ရှောင်ဟွာ ကို ခေါ်ထုတ်လာပြီး ချခိုင်းရမလား..."

"လူမိုက် ပလပ်စတစ်လေးတွေက တက်တူးနဲ့ လူမိုက်ကြီး ကို ရန်စရဲလို့လား..."

ရွှီယန်က ဤရိုးရာတောခွေး များသည် ရှောင်ဟေး တစ်ကောင်တည်း ဖြစ်နေသဖြင့် အနိုင်ကျင့်ချင်နေကြောင်းကို ရိပ်မိသွားသဖြင့် ဆဲရေးတိုင်းထွာ လိုက်၏။

ရွှီယန်၏ စကားကို ကြားသောအခါ ရိုးရာတောခွေးများက အခြေအနေကို နားလည်စွာဖြင့် ပြေးထွက်သွားကြတော့သည်။ တောင်ပေါ်ရွာလေးများရှိ ရိုးရာတောခွေးများက ယေဘုယျအားဖြင့် လူများကို ဘာမှ မလုပ်ရဲကြဘဲ မည်သူက ဤနေရာတွင် အကြီးအကဲ ဆိုသည်ကို ၎င်းတို့ သိရှိကြ၏။ ရွှီယန်က အရှေ့သို့ ဆက်လျှောက်သွားပြီး ရှောင်ဟေးလည်း အနောက်မှ လိုက်ပါလာခဲ့သည်။ လယ်ယာခြံဝင်း တွင်လည်း ကိုယ်ပိုင် တိရစ္ဆာန် ဂိုဏ်း ရှိနေ၏။ ကျားသစ် တစ်ကောင်တည်းနှင့်တင် ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

လယ်ယာခြံဝင်း သို့ ပြန်ရောက်ပြီးနောက် အကောင်လေးများ အားလုံးက နေထိုင်ရာ ဇုန်တွင် နေရာအနှံ့ လျှောက်သွားနေကြ၏။ တိရစ္ဆာန်များ၏ ဘဝက နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရိုးရှင်းလှပြီး ဗိုက်ဝသွားပါက ဆော့ကစားရန်သာ တွေးတောတတ်ကြသည်။ ကျားသစ်ပေါက်လေးက အတော်လေး အိမ်တွင်းအောင်းတတ်ပြီး ရွှီယန် မရှိပါက ၎င်းက ရွှီယန်၏ ခြံဝင်းထဲတွင်သာ နေထိုင်ကာ အပြင်သို့ မထွက်ချေ။ ရွှီယန် ရှိနေချိန်မှသာ ၎င်းက အပြင်သို့ ပြေးထွက်လာလေ့ ရှိသည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်ပြီးနောက် ရွှီယန်က မိုးလေဝသ ခန့်မှန်းချက်ကို တစ်ချက် ကြည့်လိုက်၏။ သုံးရက်ဆက်တိုက် နှင်းထူထူ ကျဆင်းဦးမည် ဖြစ်သည်။

'နှင်းထပ်ကျဦးမယ်... တကယ် များတာပဲ...'

'ဒီလောက် နှင်းထူကြီးဆိုတော့ ကျောင်းတွေတောင် ပိတ်လောက်ပြီ...'

ရွှီယန်က သူငယ်စဉ်က အချိန်များကို ပြန်တွေးမိသွား၏။

ထိုအချိန်က နှင်းများက ပို၍ ကြီးမားခဲ့သည်။ တစ်ခါတစ်ရံ အိပ်ရာနိုးလာပါက အဖြူရောင် လွှမ်းနေပြီး ကျောင်းပိတ်လေ့ ရှိ၏။ သူက အဆောင်နေ ကျောင်းသား တစ်ယောက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ မှသာ အိမ်ပြန်လေ့ရှိရာ ကျောင်းပိတ်ပါကလည်း ဘာမှ မဖြစ်ဘဲ ကိုယ်တိုင် အပြင်ထွက်ကာ ဆော့ကစားလေ့ ရှိသည်။ တွေးကြည့်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ရွှီယန်က နှင်းတိတ်သွားမှ တောင်ပေါ်တက်ရန် ရည်ရွယ်ထား၏။ သူက ဝန်ထမ်းများကို ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် မှာကြားလိုက်သည်။ တဲများတွင် ဘေးအန္တရာယ် တစ်ခုခု ရှိမရှိ စစ်ဆေးခိုင်းပြီး မီးဖိုချောင်ရှိ စားစရာများ လုံလောက်မှု ရှိမရှိကိုပါ စစ်ဆေးခိုင်းလိုက်၏။ အိမ်မွေး တိရစ္ဆာန်များကို နွေးထွေးအောင် ထားရှိရန်လည်း သတိထားရမည် ဖြစ်သည်။

နှင်းကျနေသည့် နေ့များတွင် အိမ်တွင်းအောင်း နေရန်သာ ရှိတော့၏။ အိမ်ထဲတွင် နွေးထွေးနေပါက အိမ်တွင်းအောင်း နေရသည်က အတော်လေး သက်သောင့်သက်သာ ရှိလှပေသည်။ ရွှီယန်က သူ၏ အစီအစဉ်ကို ရေးဆွဲလိုက်ပြီး ကွန်ပျူတာ အခန်းထဲတွင် ဂိမ်းကစားနေလိုက်သည်။ သူ၏ ခြံဝင်းက ကြည့်ရသည်မှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း ကွန်ပျူတာ အခန်း၏ အပြင်အဆင်ကတော့ အတော်လေး ကောင်းမွန်လှ၏။ အထဲတွင် အောင်းကာ ဂိမ်းကစားရန် အလွန် သင့်တော်ပေသည်။

ထိုနေ့ အရုဏ်တက်ချိန်တွင် နှင်းများ စတင် ကျဆင်းလာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း ပို၍ ကြီးမားလာကာ အထပ်ထပ် အလွှာလွှာ ဖုံးလွှမ်းသွားပြီး ကမ္ဘာမြေ တစ်ခုလုံးကို ဖုံးအုပ်သွားတော့၏။ ချန်ပိုင်တောင်တန်း ပတ်ဝန်းကျင် ဒေသ တစ်ခုလုံးက အဖြူရောင် ကမ္ဘာကြီး အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားတော့သည်။

ဆောင်းတွင်းတွင် မူလကတည်းက နှင်းများလေ့ ရှိပြီး မဟုတ်ပါက နှစ်စဉ်နှစ်တိုင်း အရှေ့မြောက်ပိုင်း သို့ နှင်းလာကြည့်သည့် ခရီးသွား အများအပြား ရှိနေမည် မဟုတ်ချေ။ အချို့နေရာများတွင် ဆောင်းတွင်းရောက်သည်နှင့် အမြဲတမ်း အဖြူရောင် ဖြစ်နေတတ်ပြီး လေထု အပြည့်အဝ ဖန်တီးပေးထား၏။ ရွှီယန်၏ ရွာလေးကလည်း ထိုနည်းတူပင် ဖြစ်သည်။ ရွှီယန်က နှင်းတိတ်သွားပါက ဤတစ်ကြိမ်တွင် တောနက်ကြီးထဲသို့ သွားရန် ရည်ရွယ်ထား၏။ တောနက်ကြီးထဲ သွားပြီး လှည့်လည် ကြည့်ရှုမည် ဖြစ်သည်။

All Chapters