← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ဆောင်းတွင်းမှာ တောင်ပေါ်တက်ပြီး ရတနာရှာဖွေရေး တာဝန် ဖော်ထုတ်မိပြီ

ရွှီယန် အိမ်ထဲမှ ထွက်လာချိန်တွင် အပြင်ဘက်၌ နှင်းများ အတော်လေး ထူထပ်စွာ စုပုံနေပြီ ဖြစ်သည်။

နှင်းကျချိန်တွင် မအေးဘဲ နှင်းအရည်ပျော်ချိန်မှ အေးသည် ဟူသော ဆိုရိုးစကားအတိုင်း နှင်းကျနေချိန်တွင် အပူချိန်က အတော်လေး ခံနိုင်ရည် ရှိသေး၏။

အကောင်လေးများက နှင်းပွင့်များကြားတွင် ထပ်မံ ဆော့ကစားနေကြပြန်သည်။

၎င်းတို့သည် နှင်းများကို အလွန် နှစ်သက်ကြောင်း သိသာလှပေသည်။

ရွှီယန်က ဒရယ်ပြောက်လေး ပန်းပီ နှင့် မာလီနွိုက်ခွေး ယွမ်ပေါင် တို့အတွက် သင့်တော်မည့် အနွေးထည် နှစ်ထည်စီ ဝယ်ပေးထား၏။

ဘာမှ မတတ်နိုင်ပေ။ ဤအကောင်လေး နှစ်ကောင်က အမွေးတိုပြီး အအေးဒဏ်ကို ကြောက်တတ်ကြသည်။

မာလီနွိုက်ခွေး ဆိုလျှင် ပို၍ပင် ကိုယ်လုံးသေးသွယ်သော ခွေးမျိုး ဖြစ်သဖြင့် သေချာ ကာကွယ်ပေးရမည် ဖြစ်သည်။

မျက်နှာမလိုက်စေရန် ရွှီယန်က ရှောင်ဟေး အတွက်ပါ တစ်ထည် ပြင်ဆင်ပေးထား၏။

ဤမြင်ကွင်းကို မြင်သောအခါ ရှောင်ဟွာ ကလည်း လိုချင်နေသည်။

၎င်းက ရွှီယန်၏ အရှေ့သို့ လာကာ အောင်အာအော်ဟစ်လိုက်ပြီး ကြည်လင်သော မျက်လုံးကြီးများဖြင့် ရွှီယန်ကို မျှော်လင့်တကြီး ကြည့်နေ၏။

"ရှောင်ဟွာ... မင်းကို မဝယ်ပေးတာ မဟုတ်ဘူး... အင်တာနက်မှာ ကျားသစ် ဝတ်ဖို့ အင်္ကျီမှ မရှိတာ"

"ဘယ်သူက ကျားသစ်ကို အင်္ကျီဝတ်ပေးမှာလဲ"

"ပြီးတော့ ဘယ်ကျားသစ်ကရော အင်္ကျီဝတ်ချင်မှာလဲ"

"ဒီလိုသာ ဝတ်ပေးလိုက်ရင် ငါက မင်းကို အနိုင်ကျင့်တယ်လို့ သူများတွေ ထင်ကုန်မှာပေါ့"

ရွှီယန်က ၎င်း၏ ရည်ရွယ်ချက်ကို သိသဖြင့် ခေါင်းကို ပွတ်သပ်ပေးကာ ရှင်းပြလိုက်သည်။

ရှောင်ဟွာ ကတော့ အောင်အာအော်ဟစ်နေဆဲပင် ဖြစ်၏။

၎င်းက ရွှီယန်ကို ခေါင်းဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်ကာ ချွဲနွဲ့နေပုံရသည်။

"ကောင်းပြီလေ... ငါ မေးကြည့်ပေးပါ့မယ်"

ရှောင်ဟွာ လိုချင်နေသည်ကို မြင်သဖြင့် ရွှီယန်ကလည်း သဘောတူလိုက်၏။

ဤသည်မှာလည်း အတော်လေး အံ့ဩစရာ ကောင်းလှသည်။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက အင်္ကျီဝတ်ရသည်ကို မနှစ်သက်ကြချေ။

ကြောင်များ အားလုံးသည် ဤသို့ပင် ဖြစ်သည်။

၎င်းတို့သည် အလွန် သွက်လက်ပြီး အာရုံခံနိုင်စွမ်း ကောင်းမွန်သဖြင့် ချုပ်ချယ်ခံရပါက အနည်းငယ် နေရခက်တတ်ကြ၏။

သို့သော် ကျားသစ်ပေါက်လေး လိုချင်နေမှတော့ ဝတ်ပေးလိုက်မည်သာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကိုယ်တိုင် ကြည့်ရုံသာ မဟုတ်ပါလား။

ထို့ကြောင့် ရွှီယန်က ဖုန်းကို ထုတ်ကာ အိမ်မွေး တိရစ္ဆာန် အင်္ကျီများ ရောင်းချသော ဆိုင်များနှင့် စတင် ဆက်သွယ်တော့သည်။

ရွှီယန် - "မင်္ဂလာပါ... အရမ်း ကြီးတဲ့ ခွေးတွေ ဝတ်လို့ရမယ့် အင်္ကျီ ရှိလား... အရွယ်ရောက်ပြီးသား တိဘက်ခွေးဘီလူး အကြီးကြီး မျိုးလေ"

ဆိုင်ရှင် - "အစ်ကိုရေ... ကျွန်တော်တို့ ဆီမှာ အရွယ်ရောက်ပြီးသား တိဘက်ခွေးဘီလူး တွေအတွက် အင်္ကျီ မရှိပါဘူးနော်... ပြီးတော့ အရွယ်ရောက်ပြီးသား တိဘက်ခွေးဘီလူး တွေက အိမ်မွေး တိရစ္ဆာန် အင်္ကျီ ဝတ်ဖို့ မသင့်တော်ပါဘူး... တိဘက်ခွေးဘီလူး ပေါက်လေးတွေဆိုရင်တော့ ရပါတယ်"

ရွှီယန် - "သီးသန့် မှာချုပ်လို့ ရမလား... အရွယ်ရောက်ပြီးသား တိဘက်ခွေးဘီလူး အကြီးကြီး မျိုးလေ"

ဆိုင်ရှင် - "အစ်ကိုရေ... တိဘက်ခွေးဘီလူး တွေက အမွေးထူတော့ အင်္ကျီ ဝတ်လို့ မရပါဘူး... ကျွန်တော်တို့ ဆီမှာလည်း အဲဒီ ဆိုဒ် အိမ်မွေး တိရစ္ဆာန် အင်္ကျီ မျိုး မရှိပါဘူး... သီးသန့် ချုပ်ပေးလို့လည်း မရပါဘူးနော်"

ဆိုင်ရှင်၏ အကြောင်းပြန်စာကို ကြည့်ပြီးနောက် ရွှီယန်က ယဉ်ကျေးသည်ဟု ထင်ရသော်လည်း တစ်ဖက်ရှိ ဆိုင်ရှင်ကတော့ သွားကြိတ်ကာ ဆဲဆိုနေလောက်ပြီ ဖြစ်သည်။

ရွှီယန်က နောက်ထပ် ဆိုင်တစ်ဆိုင်ကို ထပ်မေးကြည့်ရာ အဖြေကတော့ အတူတူပင် ဖြစ်၏။

တကယ်တမ်းတွင်လည်း ပုံမှန်ပင် ဖြစ်သည်။

ဤမျှ ကြီးမားအောင် ကြီးထွားလာနိုင်သော ခွေးများက ခန္ဓာကိုယ် ကြံ့ခိုင်မှု အလွန် ကောင်းမွန်ကြပြီး အအေးဒဏ်ကို ကာကွယ်ရန် အင်္ကျီ ဝတ်ဆင်ရန် လုံးဝ မလိုအပ်ချေ။

ယေဘုယျအားဖြင့် မည်သည့် ဆိုင်ရှင်ကမှလည်း ဤလမ်းကြောင်းကို လုပ်ဆောင်လေ့ မရှိပေ။

"မရှိဘူးပဲ"

ရွှီယန်က နှုတ်ခမ်းကို သပ်လိုက်၏။

သူက တွေးတောကြည့်ပြီးနောက် ဘာမှ မတတ်နိုင်သဖြင့် သူ ဝတ်ဖူးသော အနွေးအင်္ကျီ လက်ပြတ် တစ်ထည်ကို ယူကာ ကျားသစ်ကို စွပ်ပေးလိုက်သည်။

၎င်းမှာ အနီရောင် အနွေးအင်္ကျီ လက်ပြတ် တစ်ထည်ဖြစ်ပြီး ကျားသစ်က ခြေထောက် နှစ်ဖက်ကို စွပ်ထားရသဖြင့် အသက်ကယ်အင်္ကျီ တစ်ထည် ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်နေ၏။

ကျားသစ်ကတော့ လှသည် မလှသည်ကို ဂရုမစိုက်ဘဲ အင်္ကျီ ဝတ်ရလျှင် ပြီးရောပင် ဖြစ်သည်။

"မင်း ကြည့်စမ်း... ဒါက သက်သောင့်သက်သာ ရှိလို့လား"

"ဒီအရာကြီး ဝတ်ပြီး မင်းက ဘာလုပ်မှာလဲ"

ရွှီယန်က ကျားသစ်ပေါက်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

ထို့နောက် သူက ကိုယ်တိုင်ပဲ အနွေးအင်္ကျီ လက်ပြတ်ကို ပြန်ချွတ်ပေးလိုက်၏။

ကျားသစ်ပေါက်လေးက ငြင်းဆန်ခြင်း မရှိသော်လည်း အနွေးအင်္ကျီ လက်ပြတ်ကို ချွတ်ပြီးနောက်တွင်တော့ ၎င်းက ပါးစပ်ဖြင့် ကိုက်ချီကာ ၎င်း၏ အသိုက်ဆီသို့ တောက်လျှောက် ပြေးသွားပြီး အနွေးအင်္ကျီ လက်ပြတ်ကို ဂွမ်းစောင်နှင့် မြက်ခြောက်များ အပေါ်တွင် တင်ထားလိုက်သည်။

၎င်းအတွက်တော့ အင်္ကျီ မဝတ်လျှင် ရသော်လည်း မရှိ၍တော့ မဖြစ်ပေ။

ဤသို့ဆိုပါက ၎င်းက ခွေးများနှင့် အတူတကွ အပြင်ထွက်သည့် အခါတွင်လည်း တစ်ခုခု လိုအပ်နေသည်ဟု ခံစားရမည် မဟုတ်တော့ချေ။

ကောင်လေးက အတော်လေး ဉာဏ်များလှ၏။

ရွှီယန်က ၎င်းတို့၏ စိတ်ကူးများကို သိရှိပြီး အချိန်တိုင်းတွင်လည်း သေချာ ဂရုစိုက်ပေးလေ့ ရှိသည်။

"ဒီလောက် နှင်းထူကြီးနဲ့ တောင်ပေါ်တက်ဖို့ လမ်းနည်းနည်း ခက်ခဲလောက်တယ်"

"နည်းနည်း ဝင်ကြည့်လိုက်မယ်"

"ဘာမှ ရမယ်လို့လည်း မမျှော်လင့်ပါဘူး... ဒီတိုင်း လှည့်ပတ်ကြည့်ရုံပါပဲ"

"ပေါ့ပေါ့ပါးပါးပဲ သွားမယ်"

ရွှီယန်က တောင်ပေါ်တက်မည့် ကိစ္စကို စီစဉ်နေလိုက်၏။

မိုးလင်းပြီး နှင်းတိတ်သွားသည်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ရွှီယန်က နံနက်ခင်း တစ်ခုတွင် မာဝန်ကို အော်ဒီကားဖြင့် သူ့ကို တောင်ပေါ်သို့ ပို့ပေးခိုင်းလိုက်သည်။

ယခု ကားရှိနေပြီဖြစ်ရာ အငှားကား စီးစရာ မလိုတော့ချေ။

ဆီဖိုးက အငှားကားခထက် ပိုသက်သာမည်မှာ သေချာလှ၏။

အခြား သူဌေးများက အော်ဒီကားစီးကာ စီးပွားရေး သွားလုပ်ကြသော်လည်း ရွှီယန်ကတော့ အော်ဒီကားစီးကာ တောင်ပေါ်တက်နေခြင်း ဖြစ်သည်။

အတော်လေး ဆန်းကြယ်လှပေသည်။

ဤကားက စီးရသည်မှာ အလွန် သက်သောင့်သက်သာ ရှိပြီး အသံလုံကာ ကားအတွင်းပိုင်းကလည်း ပို၍ တိတ်ဆိတ်သည့်အပြင် ထိုင်ခုံများကလည်း နူးညံ့လှ၏။

မည်သို့ပင်ဖြစ်စေ ကောင်းမွန်သော ကားဖြစ်သဖြင့် လေတိုး မိုးရွာထဲ သွားရသော အငှားကားများထက် အများကြီး ပို၍ သက်သောင့်သက်သာ ရှိပေသည်။

"သူဌေး... ဒီလောက် နှင်းထူကြီးနဲ့ တောင်ပေါ်တက်ဦးမလို့လား"

"နည်းနည်းလောက် စောင့်ပြီးမှ သွားပါလား"

"ဒီအချိန်ဆို တောင်ထဲမှာ အန္တရာယ် များတယ်နော်"

မာဝန်က သတိပေးလိုက်သည်။

"ရပါတယ်... နှင်းတိတ်သွားရင် ပြဿနာ မရှိပါဘူး... လမ်းလျှောက်ရတာ ခက်ခဲရုံပဲ... ခွန်အား နည်းနည်း ပိုစိုက်ရတာပေါ့"

"ငါ့မှာ ယုံကြည်မှု ရှိပါတယ်"

ရွှီယန်က ပြန်လည် ဖြေကြားလိုက်၏။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က ရှစ်ကြိမ်အထိ စုဆောင်းထားနိုင်ပြီး အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်လည်း ပါဝင်သည်။

တွက်ကြည့်မည်ဆိုပါက ကောင်းကင်ရေကန်သို့ သွားသည့် အကြိမ်မှ ပြန်ရောက်ပြီးနောက် တောင်ပေါ်သို့ သေချာ မတက်ဖြစ်သေးချေ။

ဤတစ်ကြိမ် သွားကြည့်သည်ကလည်း ကောင်းပါသည်။ ရတနာရှာဖွေရေး တာဝန် နှစ်ခုလောက် လုပ်ဆောင်ပြီး ဘာဆုလာဘ်များ ရရှိမလဲ ဆိုတာကို စောင့်ကြည့်ရမည် ဖြစ်၏။

သိပ်မကြာခင်မှာပင် မာဝန်က ရွှီယန်ကို ပစ်မှတ် နေရာသို့ ပို့ဆောင်ပေးခဲ့သည်။

"ကောင်းပြီ... မင်း အရင် ပြန်တော့လေ... ငါ နေ့လယ်လောက် ဖုန်းဆက်လိုက်မယ်... အဲဒီအခါကျမှ လာကြိုလှည့်ပေါ့"

ဤနေရာသို့ ရောက်သောအခါ ရွှီယန်က ခဏ ရပ်တန့်လိုက်၏။

"နေပါဦး... မင်း လာမကြိုနဲ့တော့... အဲဒီအချိန်ကျရင် ငါ့တစ်ကိုယ်လုံး ညစ်ပတ်နေမှာ သေချာတယ်... အင်္ကျီပေါ်မှာ သစ်ရွက်တွေ ရေခဲစတွေ ကပ်နေမှာဆိုတော့ ငါ့ကားကို ညစ်ပတ်သွားစေလိမ့်မယ်"

"ငါ အငှားကားပဲ ခေါ်လိုက်တော့မယ်"

"မင်း လာစရာ မလိုတော့ဘူး... ဖုန်းဆက်မှပဲ ပြောကြတာပေါ့"

ရွှီယန်၏ အစီအစဉ်ကို ကြားသောအခါ မာဝန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့... သူဌေး... သူဌေး အစီအစဉ်အတိုင်းသာ လုပ်ပါ"

ထို့နောက် ရွှီယန်က တောနက်ကြီးထဲသို့ တိုက်ရိုက် ဦးတည်သွားတော့၏။

လမ်းလျှောက်နေရင်းနှင့် သိပ်မကြာခင်မှာပင် ရွှီယန်၏ ခေါင်းထဲ၌ စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။

[လက်ခံသူသည် တောနက်ကြီး နယ်မြေသို့ ဝင်ရောက်လာကြောင်း သိရှိရပါသဖြင့် ဆုလာဘ် ပေးအပ်ပါသည်]

[ဟောင်းနွမ်းနေသော လူကောင်းကတ် တစ်ကတ်]

[ဟောင်းနွမ်းနေသော လူကောင်းကတ် - သားရဲတိရစ္ဆာန်များကို လက်ခံသူအပေါ် ယာယီ ခင်မင်နှစ်သက်စေနိုင်ပါသည် တစ်နာရီသာ ကန့်သတ်ထားပြီး တစ်နာရီ ပြည့်ပါက သားရဲတိရစ္ဆာန်များ တောရိုင်း သဘာဝသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သဖြင့် သတိထား ရှောင်ရှားပါ]

ဤအသိပေးသံကို ကြားလိုက်ရချိန်တွင် ရွှီယန် စိတ်ထဲမှ အလန့်တကြား ဖြစ်သွားတော့၏။

စနစ်၏ အပို ဆုလာဘ်ကို ထပ်မံ ရရှိခဲ့ပြီဟု မထင်ထားခဲ့ချေ။

စနစ်က သူ ဆောင်းတွင်းကြီးတွင် တောနက်ကြီးထဲ ဝင်ရောက်သည့် အပြုအမူကို အန္တရာယ် ရှိသည်ဟု သတ်မှတ်လိုက်ပြီး အပို ဆုလာဘ် တစ်ခု ပေးအပ်လိုက်ခြင်း ဖြစ်နိုင်ပေသည်။

'မဆိုးပါဘူး... အနည်းဆုံးတော့ သားရဲတိရစ္ဆာန် တွေနဲ့ တွေ့ရင် အသက်ဘေးက လွတ်နိုင်တာပေါ့'

'ဒီတစ်ခေါက်တော့ တောင်တောစောင့်နတ်မင်းကြီး ရဲ့ နယ်မြေထဲ သွားစရာ မလိုတော့ဘူး... တခြား နယ်မြေတွေဘက်ကို သွားကြည့်လို့ ရပြီ'

'ဆောင်းတွင်းကြီးမှာ တောင်ပေါ်တက်ရတာ သိပ်မလွယ်ဘူး... မြေပြန့်လမ်းကနေ သွားတာ ပိုစိတ်ချရမယ်'

ရွှီယန် စိတ်ထဲမှ တွက်ချက်နေလိုက်၏။

ခဏမျှ စောင့်ဆိုင်းပြီးနောက် ရွှီယန်က လိုက်ဖ်လွှင့်လိုက်သည်။

အချိန်အတော်ကြာ လိုက်ဖ် မဖွင့်ခဲ့သော်လည်း လိုက်ဖ်ထဲရှိ လူအရေအတွက်က အလွန် မြန်ဆန်စွာ တိုးလာဆဲပင် ဖြစ်၏။

[ဒီဆောင်းတွင်းကြီးမှာ တောင်ပေါ်တက်တာလား]

[လခွမ်း... လိုက်ဖ်လွှင့်သူရေ... မင်း အသက်မလိုတော့ဘူးလား]

[လောင်ရွှီ ကတော့ သတ္တိကောင်းတုန်းပဲ]

[ငါတော့ အရမ်း မိုက်တယ်လို့ပဲ ပြောချင်တော့တယ်]

ပရိသတ်များသည် လိုက်ဖ်ထဲသို့ ဝင်ရောက်လာပြီး အဖြူရောင် လွှမ်းနေသော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အလွန် အံ့အားသင့်သွားကြသည်။

ဤအချိန်ကြီးတွင် တောင်ပေါ်တက်မည့်သူ ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ရွှီယန်က အဖြူရောင် နှင်းပြင်ကြီးကို ကြည့်ကာ ပြန်လည် ဖြေကြားလိုက်သည်။

"အခု တောင်ပေါ်တက်တာ နည်းနည်းတော့ အန္တရာယ်များတယ်... ပြီးတော့ တိရစ္ဆာန်တွေ အပင်တွေလည်း ဘာမှ မရှိဘူးလေ"

"အားနေလို့ ပျင်းတာနဲ့ တောင်ထဲ ဝင်ကြည့်ချင်လို့ပါ"

အားလုံးကလည်း သူ၏ စတိုင်ကို သိရှိကြပေသည်။

ဤသို့ကြောင့်ပင် ရွှီယန်၏ လိုက်ဖ်က လူအများအပြားကို ဆွဲဆောင်ထားနိုင်ခြင်း ဖြစ်၏။

ဆောင်းတွင်း၏ တောင်တန်းကြီးက အတော်လေး ခြောက်ကပ်နေပြီး တိရစ္ဆာန် ဘာမှ မရှိချေ။

သို့သော် တောအုပ် နက်နက်ထဲတွင်တော့ တုံးအအ ဒရယ်ပြောက် အချို့ကို မြင်တွေ့နိုင်သေး၏။

ဤတုံးအအ ဒရယ်ပြောက်များက ရွှီယန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြပြီးနောက် ခုန်ပေါက်ကာ ပြေးထွက်သွားကြသည်။

"ခုနက တောင်ပေါ်လမ်းက သွားရတာ မလွယ်ဘူး... နှင်းတွေ ရေခဲတွေ ဖုံးနေတော့ ဒီအချိန် တောင်ထဲမှာ အပူချိန်က အနှုတ် သုံးဆယ် ဒီဂရီလောက် ရှိမယ်"

"အခု လေတိုက်လိုက်ရင် မျက်နှာကို လာမှန်တာ အရိုးကွဲမတတ် အေးတာပဲ"

ရွှီယန်က အားလုံးကို ပြောပြနေ၏။

"ခုနက ကားမောင်းပြီး တောင်ပေါ်လမ်းကို ဖြတ်လာတုန်းက တောင်ခြေမှာ မြေခွေးတွေ ပိုများလာတာ တွေ့တယ်... လူတွေက အစာကျွေးနေကြတာလေ"

"ဒီရာသီဆို မြေခွေးတွေ အကုန်လုံး အပြင်ထွက်ပြီး လူတွေဆီက အစာ လာတောင်းတတ်ကြတယ်"

"ပြီးတော့ တချို့လူတွေက ဒီရာသီမှာ တောင်ပေါ်တက်ပြီး ဗီဒီယိုတွေ ဓာတ်ပုံတွေ ရိုက်တတ်ကြတယ်"

"နှင်းတောကြီးထဲက ရှုခင်းက တကယ်ကို လှတာကိုး"

သူသည် နှင်းပြင်ကြီး အလယ်တွင် ရပ်နေပြီး မြင်ကွင်းက အလွန် ရှင်းလင်းကာ အေးချမ်းနေသည်ဟု ထင်ရ၏။

မြေကြီးကို နှင်းများက အပြည့်အဝ ဖုံးလွှမ်းထားပြီး သစ်ရွက်များပေါ်တွင်လည်း နှင်းဖြူများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ အချို့ သစ်ပင်များက ရေခဲပွင့်များ ဖြစ်ပေါ်နေပြီး ကြည့်ရသည်မှာ ကြည်လင်တောက်ပကာ အလွန် လှပနေ၏။

ရွှီယန်၏ စကားကို ကြားပြီးနောက် အားလုံးက တောင်ထဲရှိ အလှအပများကို စတင် ခံစားနေကြသည်။

ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ရှုခင်းမျိုးက တကယ်ကို ထူးခြားလှပေသည်။

လမ်းလျှောက်နေရင်း ရွှီယန်က ဘေးရှိ နှင်းပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

"ဟိုဘက်ကို ကြည့်... အဲဒါ နှင်းခွေး ရဲ့ ခြေရာလေးတွေပဲ"

"ဆောင်းတွင်း တောင်ပေါ်တက်ရင် တိရစ္ဆာန် အများကြီးရဲ့ ခြေရာတွေကို တွေ့နိုင်တယ်... အဲဒါကနေတစ်ဆင့် ဒီနားတစ်ဝိုက်မှာ ဘာတိရစ္ဆာန်တွေ ရှိလဲ ဆိုတာကို ခန့်မှန်းလို့ ရတာပေါ့"

"ခြေရာ သေးသေးလေးတွေ တွေ့ရင်တော့ တော်သေးတယ်... ခြေရာ အကြီးကြီးတွေ တွေ့ရင်တော့ အန္တရာယ် ရှိပြီ"

"ဘယ်နားကနေ ကျား ထွက်လာမလဲ ဆိုတာ မပြောနိုင်ဘူးလေ"

ရွှီယန်က နှင်းပြင်ပေါ်ရှိ ခြေရာတန်းများကို လက်ညိုးထိုးပြကာ ဆောင်းတွင်း တောအုပ်၏ အခြေအနေများကို ရှင်းပြနေ၏။

အင်တာနက်သုံးစွဲသူများက နှင်းပြင်ပေါ်ရှိ ခြေရာတန်းများကို မြင်သောအခါ အတော်လေး ဆန်းသစ်သည်ဟု ခံစားရပြီး တိရစ္ဆာန်လေးများ နှင်းပြင်ပေါ်မှ ပြေးသွားသကဲ့သို့ပင် ထင်မှတ်နေကြသည်။

လမ်းက တကယ်ကို သွားရခက်လှပေသည်။

ထို့အပြင် မတ်စောက်သော တောင်စောင်း အတော်များများက အနည်းငယ် ချော်နေတတ်ပြီး အပေါ်မှ လမ်းလျှောက်ပါက အလွယ်တကူ ချော်လဲသွားနိုင်၏။

ရွှီယန်က အထူကြီး ဝတ်ဆင်ထားပြီး ဘွတ်ဖိနပ်၏ ခြေချော်ခံနိုင်စွမ်းကလည်း အတော်လေး ကောင်းမွန်သဖြင့် လမ်းလျှောက်ရသည်မှာ အတော်လေး တည်ငြိမ်လှသည်။

[ဒီနေရာက ရှုခင်း တော်တော် ကောင်းတာပဲ... သူလျှို ကားတွေထဲက ဇာတ်ဝင်ခန်း ရိုက်တဲ့ နေရာနဲ့ တူတယ်... နောက်ဆိုရင် အဖြူရောင် တိုက်ပွဲတွေ ဘာတွေ ဖြစ်လာတော့မယ့် အတိုင်းပဲ]

တစ်ယောက်က ဆန်းသစ်သည်ဟု ခံစားရသဖြင့် ကွန်မန့် ပေးလိုက်၏။

ရွှီယန်က ကွန်မန့်များကို ကြည့်ရန် အချိန်မရခဲ့ချေ။

အချိန်တော်ပြီဟု ထင်သောအခါ ရတနာရှာဖွေရေး တာဝန်ကို စတင်ရန် ရွေးချယ်လိုက်သည်။

ယခင်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကို အဆင့်မြှင့်တင်ပြီး ကတည်းက ရတနာရှာဖွေရေး တာဝန်၏ ရှာဖွေနိုင်သော အချင်းဝက်က အလွန် ကြီးမားလာခဲ့ပြီး တာဝန် ဖော်ထုတ်နိုင်ခြေကလည်း ပို၍ မြင့်မားလာခဲ့၏။

[ရတနာရှာဖွေရေး တာဝန် ဖော်ထုတ်ပါသည် - မြင်းသမင် နှင့် အတူ ဓာတ်ပုံ တွဲရိုက်ပါ]

[တာဝန် လိုအပ်ချက် - လက်ခံသူမှ မြင်းသမင် နှင့်အတူ ဓာတ်ပုံ တွဲရိုက်သည့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ]

[တာဝန် ဆုလာဘ် - သမင်ချို ပါးပါးလှီး အချပ် ဆယ်ခု - အာနိသင် အလွန် ပြင်းထန်သော သမင်ချို ဖြစ်ပြီး ခန္ဓာကိုယ်အတွက် အလွန် အားဖြည့်ပေးကာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပါသည် မြှင့်တင်ပေးနိုင်သော အာနိသင်မှာ လက်ခံသူ အတွက်သာ အကျိုးသက်ရောက်မှု ရှိပါသည်]

စနစ်၏ တာဝန်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဓာတ်ပုံ တွဲရိုက်ရမယ် ဟုတ်လား"

"စိတ်ဝင်စားစရာပဲ"

"မြင်းသမင် တွေက တော်တော် သဘောကောင်းတယ်လို့ မှတ်မိတယ်"

ရွှီယန်က စိတ်ဝင်စားသွားပြီး လမ်းလျှောက်ရသည်ကလည်း ပို၍ ခွန်အား ရှိလာသကဲ့သို့ပင်။

သို့သော် သူက ချက်ချင်းပင် တစ်ခုခုကို သတိရသွား၏။

'မွေးမြူရေး မြင်းသမင် တွေကသာ သဘောကောင်းတာ ဖြစ်မယ်... တောရိုင်း မြင်းသမင် တွေကတော့ တော်တော် ကြမ်းတမ်းတယ်'

'ငါ့ကို ချိုနဲ့များ လာဝှေ့မလား မသိဘူး'

မည်သို့ပင်ဖြစ်စေ တာဝန် ဖော်ထုတ်ပြီးပြီဖြစ်ရာ ပြီးမြောက်အောင်တော့ လုပ်ဆောင်ရမည်သာ ဖြစ်သည်။

ဓာတ်ပုံ တွဲရိုက်ရမည့် လိုအပ်ချက်မှာ မြင်းသမင် နှင့် တစ်မီတာ အကွာအဝေး အတွင်းတွင် ဖုန်းဖြင့် ဆဲလ်ဖီ ရိုက်ရမည်ဖြစ်ပြီး မြင်းသမင် ၏ မျက်နှာ အပြည့်အစုံနှင့် ရွှီယန်၏ မျက်နှာ အပြည့်အစုံ ပါဝင်အောင် ရိုက်ကူးနိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်မည် ဖြစ်၏။

ဤတာဝန်က သိပ်မခက်ခဲလှဟု တွေးတောမိသည်။

နှင်းများ အဆက်မပြတ် ကျဆင်းနေသော ဆောင်းတွင်း နေ့ရက်များတွင် လယ်ယာခြံဝင်း ထဲ၌ အားနေသဖြင့် ဘာမှ မလုပ်ရသည်ထက် စာလျှင် တောနက်ကြီးထဲ ပြေးလွှားကာ ရတနာရှာဖွေရေး တာဝန် တစ်ခု လုပ်ဆောင်ပြီး မျှော်လင့်မထားသော ဆုလာဘ်များ ရရှိရသည်က အတော်လေး ကောင်းမွန်လှပေသည်။

All Chapters