အခန်း ၄၀၉
Vol. 30 Ch. 409
အပိုင်း(၄၀၉)
လင်းတုန်း သည် အချိန် ငါးစက္ကန့်ခန့် နောက်သို့ ပြန်ရောက်သွားသကဲ့သို့ လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
သူသည် လှည့်ထွက်လိုက်ပြီး တိုက်ခိုက်သူ နည်းစနစ် ကို သူ၏ လက်ဖြင့် ခုတ်ပိုင်း ဖျက်ဆီးလိုက်သည်။ ထို့နောက် ၎င်း၏ မာဒြာ ကို စုပ်ယူလိုက်ပြီး ဟာမိုနီ ၏ မျက်နှာဆီသို့ ချက်ချင်း မှုတ်ထုတ်လိုက်၏။ သူက မီးတောက် ခြုံလွှာ ကို အသက်သွင်းလိုက်ပြီး ပုဆိန်၏ မျက်လုံးစုံမှိတ် ခုတ်ပိုင်းမှုကို ဝပ်ရှောင်လိုက်သည်။ ထို့နောက် ဟာမိုနီ ၏ ခြေထောက်များကို ဆွဲယူကာ မြေပြင်မှ လွတ်ထွက်သွားစေခဲ့၏။
သူသည် ပုဆိန်ကို ဆွဲလုလိုက်ပြီး ဟာမိုနီ ၏ ခြေရင်းမှသည် ခေါင်းရင်းဆီသို့ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် တဟုန်ထိုး ရွေ့လျားသွားခဲ့သည်။ အရိပ် ဓားများ ၏ ကြက်ခြေခတ် ခုတ်ပိုင်းမှုသည် သူ ရပ်နေခဲ့သော နေရာကို ဖြတ်သန်းသွားခဲ့၏။
လင်းတုန်း သည် ပုဆိန်ကို ဟာမိုနီ ၏ သံချပ်ကာ ရင်အုပ်ပေါ်သို့ စိုက်ချလိုက်ရာ၊ ၎င်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ ယခုအခါ သူသည် ဘေးသို့ဖယ်ရပ်ကာ အော်သို ၏ အသက်ရှူငွေ့က ထို အာကူရာ ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မည့် အချိန်ကို စောင့်ဆိုင်းနေရန်သာ လိုတော့၏။
သို့သော် ထိုသို့လုပ်မည့်အစား၊ သူက ဟာမိုနီ ကို ဘေးသို့ ကန်ထုတ်လိုက်သည်။
မဟူရာ မီးတောက် သည် ကျောက်သားပေါ်တွင် မြောင်းကြီးတစ်ခုကို တူးဆွသွားခဲ့၏။ သို့သော် ဟာမိုနီ မှာ ဘေးတစ်ဖက်သို့ လိမ့်ထွက်သွားပြီး၊ သူ၏ ရွှေအဆင့် အမှတ်အသား က ကျောက်သားများကို ခုတ်ထစ်သွားခဲ့သည်။
အော်သိုသည် ဟာမိုနီ ၏ လှုပ်ရှားမှုကို ခြေရာခံလိုက်ပြီး နဂါး အသက်ရှူငွေ့ ကို ဘေးသို့ လှည့်ကာ၊ မီးတောက်စီးကြောင်းကို ပိုမို နီးကပ်စွာ ရွှေ့လိုက်၏။
လင်းတုန်းသည် သူ၏ အရှေ့တွင် ရပ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်ပြလိုက်သည်။ အော်သို သည် သူ၏ မေးရိုးများကို ပိတ်ချလိုက်ရာ၊ ပါးစပ်ဘေးဘက်များမှ မာဒြာ များ လျှံကျလာခဲ့၏။
နောက်ဆုံးတွင် လင်းတုန်း စိတ်လျှော့လိုက်သည်။ ထိုအရာက အန္တရာယ်များလွန်းလှ၏။ သူသည် မဟူရာ မီးတောက် မာဒြာ ပမာဏ တစ်ခုအထိကို လမ်းကြောင်းလွှဲ ဖယ်ရှားနိုင်သော်လည်း၊ အထိအခိုက်မရှိဘဲ လွတ်မြောက်သွားနိုင်မည်တော့ မဟုတ်ပေ။
"သူ့ကို သတ်လိုက်လေ... မင်း ဘာတွေ တွေးနေတာလဲ..."
အော်သို က ဒေါသတကြီး မေးလိုက်သည်။
လင်းတုန်း ၏ မီးတောက် ခြုံလွှာ မှာ မှေးမှိန် ပျောက်ကွယ်သွားပြီး၊ လင်းတုန်း သည် သူ၏ သန့်စင်သော အမြုတေ ကို အသုံးပြုလိုက်၏။ တိုက်ပွဲအပြီးတွင် သူ၏ ဝိညာဉ် သွေးကြောများ မှာ နာကျင်ကိုက်ခဲနေခဲ့ပြီး၊ သူ၏ မာဒြာ အတော်များများကိုလည်း အသုံးပြုထားခဲ့ပြီး ဖြစ်သည်။
သူသည် ဟာမိုနီ ၏ မျက်လုံးများထဲသို့ ငုံ့ကြည့်လိုက်ရာ၊ ထိုနေရာတွင် ဒေါသ၊ အရှက်ကွဲမှု နှင့် မောပန်းနွမ်းနယ်မှု များကိုသာ မြင်တွေ့လိုက်ရ၏။
"ကျွန်တာ်တို့ သွားတော့မယ်... အာကူရာ မိသားစု အပေါ် ကောင်းမွန်တဲ့ သဘောထား ပြသတဲ့ အနေနဲ့၊ ခင်ဗျားကိုပါ ကျွန်တော်တို့နဲ့အတူ ခေါ်သွားပေးပါ့မယ်..."
လင်းတုန်း က နောက်ဆုံးတွင် ပြောလိုက်သည်။ အဖြေကို စောင့်မနေတော့ဘဲ၊ သူသည် ဝင်ပေါက်၏ ကျောက်စိမ်း မုခ်ဦးဆီသို့ လျှောက်သွားခဲ့၏။ အော်သို က သူ၏ အနောက်မှ လိုက်လာပြီး တတ်နိုင်သမျှ တိုးညှင်းသော အသံဖြင့် စကားဆိုလိုက်သည်။
"ငါတို့ သူ့ကို ခေါ်သွားမယ်ဆိုရင်၊ သူက သူ့မိသားစုဆီ သတင်းပို့လိမ့်မယ်... အာကူရာ မိသားစုမှာ မင်း ထင်ထားတာထက်တောင် ပိုများတဲ့ အဆင့်နိမ့် အရှင်သခင် တွေ ရှိတယ်၊ ပြီးတော့ သူတို့က အရှက်ကွဲတာကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး..."
"သူတို့က ဒါကို အရှက်ကွဲတယ်လို့ မြင်ကြမှာလား..."
လင်းတုန်း က သိချင်စိတ်ဖြင့် မေးလိုက်၏။
"သူတို့က ဒါကို ကရုဏာထားတယ်လို့ မြင်လိမ့်မယ်လို့ ကျွန်တော်တော့ ထင်တာပဲ..."
သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ဒရော့စ် ကို ခေါ်ယူလိုက်သည်။ ထိုဝိညာဉ် သည် သူ၏ ထဲမှ ထွက်ပေါ်လာပြီး၊ ဧရာမ မျက်လုံးတစ်လုံး ပါဝင်သည့် လေထဲတွင် ဝဲပျံနေသော ခရမ်းရောင် ဦးခေါင်းတစ်ခုအဖြစ် ပုံပေါ်လာခဲ့၏။ အကွာအဝေးကြောင့် သူတို့၏ ဆက်သွယ်မှုက လုံးဝ အားနည်းသွားခြင်း မရှိပေ။
ဒရော့စ်သည် ဝင်ပေါက် ဘေးရှိ အစီအရင် များ ရေးဆွဲထားသော ကျောက်ပြားဆီသို့ လွင့်မျောသွားခဲ့သည်။
[ဒါက နည်းနည်းတော့ ခက်လိမ့်မယ်... ငါ့ရဲ့ ကျွမ်းကျင်မှုနဲ့ တိုးတက်လာတဲ့ အသိပညာတွေ အားလုံးကို အသုံးပြုဖို့ လိုအပ်လိမ့်မယ်...]
"အချိန် အကြာကြီး ယူရမှာလား..."
လင်းတုန်း က မေးလိုက်၏။
အစီအရင် လင်းလက်သွားပြီး၊ ရုတ်တရက်ဆိုသလို မုခ်ဦး၏ အလယ်ဗဟိုတွင် အပြာနှင့် အစိမ်းရောင် လှိုင်းဂယက်များ လှည့်ပတ်နေသော ဝင်ပေါက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
[ရိုးရိုးသားသား ပြောရရင်တော့၊ ငါထင်ထားတာထက် အများကြီး ပိုလွယ်နေတယ်...]
အက်ကွဲကြောင်းများသည် ဝင်ပေါက်မှနေ၍ ချက်ချင်း ပျံ့နှံ့သွားပြီး၊ ဘောင်မှနေ၍ မျက်မြင်ကိုယ်တွေ့ အမြန်နှုန်းဖြင့် တွားသွား ပျံ့နှံ့နေခဲ့၏။ ဤကမ္ဘာလေးသည် အချိန်အကြာကြီး တည်မြဲတော့မည် မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။
အနောက်ဘက်မှ ထွက်ပေါ်လာသော ရုန်းကန်သံများက ဟာမိုနီ မတ်တပ်ရပ်ရန် ကြိုးစားနေကြောင်း လင်းတုန်း ကို သတိပေးနေ၏။ ဒရော့စ် ရှိနေခြင်းက သူ၏ အာရုံခံစားမှု အချက်အလက်များကို ပိုမို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ရန် ကူညီပေးခဲ့သည်။ ၎င်းသည် အာရီလီယပ် မိသားစု ၏ စွမ်းအားများကဲ့သို့ လင်းတုန်း ၏ အာရုံများကို ကျယ်ပြန့်သွားစေခြင်း မဟုတ်သော်လည်း၊ ခဏတာ အာရုံစိုက်လိုက်ရုံဖြင့် အရာအားလုံးကို သေသပ်စွာ စီစဉ်နိုင်ရန် ကူညီပေးခဲ့၏။
ယီရင် သာဆိုလျှင် မနာလိုဖြစ်နေတော့မည်မှာ သေချာသည်။
"အာကူရာ ရဲ့ ဂုဏ်သိက္ခာက ဘယ်တော့မှ အရှုံးမပေးဘူး..."
ဟာမိုနီ က ဒေါသတကြီး အသံဖြင့် ပြောလိုက်သည်။
"ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ၊ ငါက အရှင်သခင် တစ်ယောက် ဖြစ်နေလိမ့်မယ်... ပြီးတော့ မင်းရဲ့ နာမည်ကို ကျိန်စာတစ်ခုလို သုံးရတဲ့အထိ၊ မင်းရဲ့ အိမ်ကို ဖျက်ဆီးပြီး မင်းရဲ့ မိသားစုကို အမြစ်ပြတ် မီးရှို့ပစ်မယ်..."
လင်းတုန်း လှည့်ကြည့်လိုက်ရာ၊ ဟာမိုနီ က ဟင်းလင်းပြင်ထဲသို့ လက်လှမ်းကာ အပြာရောင် တလက်လက် တောက်ပနေသော မြေဖြူခဲ တစ်တုံးကို ဆွဲထုတ်နေသည်ကို မြင်လိုက်ရ၏။
လင်းတုန်း ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သော ဝိညာဉ် ခြုံလွှာ သည် သူ၏ ပတ်လည်တွင် တောက်လောင်လာခဲ့ပြီး၊ ချောမွေ့သော အပြာနှင့် အဖြူရောင် အလင်းတိမ်တိုက် တစ်ခုအတွင်း၌ သူ့ကို တောက်ပသွားစေခဲ့သည်။
ဟာမိုနီ ၏ အမြုတေ မှာ ခန်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး၊ သူ၏ ခြေလက်များကို ကာကွယ်သူ နည်းစနစ် ဖြင့် အားဖြည့်ထားခြင်း မရှိသည်ကို လင်းတုန်း အာရုံခံသိရှိလိုက်၏။ မီးတောက် ခြုံလွှာ သည် ရုတ်တရက် ပြင်းထန်သော လှုပ်ရှားမှုများကို ပြုလုပ်နိုင်သော်လည်း၊ ထိုအရာက ထိန်းချုပ်ရန် ခက်ခဲသည်ဟုလည်း အဓိပ္ပာယ်ရလေသည်။
အခြားတစ်ဖက်တွင်မူ ဝိညာဉ် ခြုံလွှာ သည် သူ မတွေးလိုက်မီကပင် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ရန် ကူညီပေးခဲ့၏။ သူ ထို နည်းစနစ် ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဟာမိုနီ ၏ အရှေ့သို့ ရောက်ရှိသွားပြီး၊ သူ၏ လက်ကောက်ဝတ်ကို ဖြူဖျော့သော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
"ဒါက နည်းနည်းတော့ လွန်ကဲနေသလားလို့..."
လင်းတုန်း က ပြောရင်း၊ ဟာမိုနိ၏ လက်ထဲမှ ဝင်ပေါက် ကျောက်တုံးကို ဆွဲယူလိုက်၏။ သူက ၎င်းကို နံရံဆီသို့ ပစ်ပေါက်လိုက်ရာ၊ အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ယခုအခါ အခန်းတွင်း၌ ဆံခြည်မျှင် အက်ကွဲကြောင်းများ ပျံ့နှံ့နေပြီဖြစ်ပြီး၊ ၎င်းတို့မှာလည်း ပို၍ ပို၍ မြန်ဆန်လာခဲ့၏။
ဟာမိုနီသည် သူ၏ နောက်ဆုံး လက်ကျန် မာဒြာ များကို လှည့်ပတ်ကာ မိမိကိုယ်ကို အားဖြည့်လျက် လင်းတုန်း ဆီသို့ ပြေးဝင် တိုက်ခိုက်လာခဲ့သည်။
လင်းတုန်းသည် ဗလာ လက်ဝါး ဖြင့် သူ၏ အမြုတေ ကို ရိုက်ချလိုက်၏။
အာကူရာ လဲကျသွားချိန်တွင်၊ လင်းတုန်း သည် ဝင်ပေါက်ဆီသို့ ပြန်လျှောက်သွားခဲ့သည်။
"သူက အိမ်ပြန်ဖို့ ငါတို့ ကမ်းလှမ်းတာကို ငြင်းပယ်လိုက်ပြီဆိုတော့၊ သူကိုယ်တိုင် ပြန်နိုင်အောင် ငါတို့ သူ့ကို ဒီမှာပဲ ချန်ထားခဲ့ကြတာပေါ့..."
ဒရော့စ်သည် လင်းတုန်း ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် လွင့်မျောဝင်ရောက်သွားပြီး၊ သူ၏ မာဒြာ များက ထို စိတ်ဝိညာဉ် ကို ထပ်မံ တားဆီးနေခြင်း မရှိတော့ပေ။
အော်သို က နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သော်လည်း၊ ဝင်ပေါက်ကို ဖြတ်သန်းသွားခဲ့၏။ ထိုတံခါးပေါက်က သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို မသိကြသော်လည်း၊ အနည်းဆုံးတော့ အပြင်ဘက်ရှိ တစ်နေရာရာတော့ ဖြစ်ပေလိမ့်မည်။
လင်းတုန်းလည်း နောက်မှ လိုက်သွားခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၊ သူတို့သည် ထုထည်ရှိသော အပြာရောင် အလင်းတန်းများဖြင့် အရပ်မျက်နှာ အားလုံးမှ ရိုက်ခတ်ခံလိုက်ရ၏။ ထို့နောက် သူတို့ ပတ်လည်ရှိ လေထုမှာ နောက်တစ်ဖန် စုတ်ပြဲသွားပြီးနောက်၊ သူတို့သည် တိမ်ယောင်ယောင် ဂူတစ်ဂူ အတွင်း၌ ရပ်နေခဲ့ကြသည်။
ရေညှိများနှင့် တောက်ပသော မှိုများက မြက်ခင်းများအလား နေရာအနှံ့ ဖုံးလွှမ်းနေပြီး၊ ကျောက်စိမ်း မုခ်ဦး မှာ နံရံတွင် ကပ်လျက် တည်ရှိနေ၏။ နေရောင်ခြည်က ဂူဝမှတစ်ဆင့် ဖြာကျနေပြီး၊ အဆုံးအစမဲ့သော လှိုင်းတံပိုးများထက်တွင် တောက်ပနေသည်ကို သူ မြင်တွေ့နိုင်ခဲ့သည်။
လင်းတုန်း သည် ဆားငန်ရနံ့ရှိသော လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ ရက်သတ္တပတ်များစွာ အတွင်း ပထမဆုံးအကြိမ်အဖြစ် တွင်းအောင်းရာမှ ထွက်လာရသကဲ့သို့ ခံစားလိုက်ရ၏။
ဤဘက်ခြမ်းမှကြည့်လျှင် ဖောက်ထွင်းမြင်နေရသော ဝင်ပေါက်က သူတို့၏ တိုက်ပွဲအပြီးတွင် ကျန်ရစ်ခဲ့သော ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကြမ်းပြင်ပေါ်၌ ဟာမိုနီ ယက်ကန်ယက်ကန် သွားနေသည့် တဖြည်းဖြည်း အက်ကွဲလာသော မြင်ကွင်းကို ပြသနေခဲ့သည်။ တစ္ဆေရေက ပတ်လည်တွင် ပြိုကျနေစဉ်၊ သူသည် ဝင်ပေါက်ဆီသို့ တွားသွားနေခဲ့၏။
လင်းတုန်း သည် အတွေးများ လွန်ဆွဲနေရင်း စောင့်ကြည့်နေခဲ့သည်။ တစ်ဖက်တွင် ဟာမိုနီ သည် ပူးပေါင်းမည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြသခဲ့ပြီး ဖြစ်၏။ အခြားတစ်ဖက်တွင်မူ...
အော်သိုက လက်ချောင်းတစ်ချောင်းစာခန့် သေးငယ်သော နဂါး အသက်ရှူငွေ့ ကို မုခ်ဦးဆီသို့ မှုတ်ထုတ်လိုက်ရာ၊ ဝင်ပေါက်မှာ ပျောက်ကွယ်သွားခဲ့တော့သည်။
လင်းတုန်းသည် ဝင်ပေါက် ရှိနေခဲ့သော နေရာကို အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့၏။
"သူ ကိုယ်တိုင် ရွေးချယ်သွားတာပါ..."
အော်သို က ပြောလိုက်သည်။
"အဲဒါကိုတော့ ကျွန်တော် မငြင်းနိုင်ပါဘူး..."
လင်းတုန်းသည် သမုဒ္ဒရာဆီသို့ ပြန်လှည့်လိုက်၏။
"ကဲ... ဒရော့စ်၊ ငါတို့ အခု ဘယ်ရောက်နေတာလဲ..."
[အို... ငါ၊ အာ... ငါ မသိဘူး... အဲဒါ နေမင်းကြီးလား…]
***