နောက်ဆုံးတော့ ရောက်လာခဲ့ပြီ…
Vol. 017 Ch. 811
သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ လှမ်းထွက်လာသည့်အခါတွင် သူ့ရှေ့၌ ပေါ်လာသည့်အရာက ကုန်းမြေတစ်ခု ဖြစ်သည်။ ကောင်းကင်က မှောင်ရီနေကာ မိုးကြိုးများနှင့် ပြည့်နေသည်။အကြည့်တစ်ချက်ဖြင့်ပင် သူက သည်နေရာက ကုန်းမြေ၏ အစွန်းပိုင်းမဟုတ်ကြောင်း သိလိုက်သည်။
သည်နေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်း၌သာ ရှိနေသေးသည်။
“လီယွမ်က တော်တော်လေး အရည်အချင်း ရှိတာပဲ…” ဝမ်လင်းက အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ သူက လူတွေအပေါ် လေးစားခဲ၏။ သို့သော် လီယွမ်၏ အတားအဆီးများအသုံးပြုသော စွမ်းရည်ပေါ်တွင်တော့ ဝမ်လင်းသည် လေးစားမိပေသည်။
ကောင်းကင်ဘုံသားတစ်ယောက်၏ သိုလှောင်နေရာလွတ်ထဲကနေ ထွက်ခွာဖို့ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်နိုင်ရန် အတားအဆီးများနှင့် ပတ်သတ်သည့် ကျယ်ပြောသော ဗဟုသုတ လိုပေ၏။ဝမ်လင်းက သူ့အတွက် ထိုသို့ လုပ်နိုင်ရန် ခက်ခဲလွန်းလှသည်ကို သိပေ၏။
သူက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။ ရက်အတော်အတန် ပျံသန်းပြီးသည့်နောက် ဝမ်လင်းသည် ဤဧရိယာကို တိတ်တဆိတ် မှတ်သားလာခဲ့သည်။သူက တောင်တစ်လုံးပေါ်သို့ ဂရုတစိုက် ဆင်းသက်လိုက်သည်။ သည့်နောက် အနီးအတားတွင် ပုံမှန်မဟုတ်သည့်အရာ ဘာမှ မရှိကြောင်း သေချာပြီဆိုမှ သူက မြေအောက်ထဲသို့ တိုးဝင်သွားသည်။ သူက တောင်အနက်ပိုင်းထဲအတွင် တိုးဝင်သွားကာ ယောင်ရှင်းရွှယ်ထံမှ ရခဲ့သော သူဖွင့်လို့မရသည့် သိုလှောင်အိတ်ကို ဖွက်ထားလိုက်သည်။
အတားအဆီးအနည်းငယ် ချမှတ်ပြီးသည့်နောက် ဝမ်လင်းက ဂရုတစိုက် ပြန်ထွက်ခွာလာသည်။
ထိုသိုလှောင်အိတ်ကို ဖွက်ပြီးသည့်နောက် ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ကွင်းပြင်တစ်ခုပေါ်၌ ပြန်ပေါ်လာခဲ့သည်။သူက သူ့နောက်ရှိ တောင်သို့ လှည့်ကြည့်လိုက်သည်။ထို့နောက် အလင်းတန်းတစ်ခုအသွင်ပြောင်း၍ သူက အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။
သူက အလွန်မြန်ဆန်စွာ လှုပ်ရှားနေကာ သည်အစိတ်အပိုင်းမြေ၏ မည်သည့်နေရာပေါ်တွင်မှ ရပ်တန့်ခြင်း မပြုပေ။သိပ်မကြာခင်တွင် သူက သည်အစိတ်အပိုင်းမြေ၏ အစွန်းအနားသပ်သို့ ရောက်ရှိလာခဲ့ကာ မိုးကြိုးကွင်းဆက်များကို မြန်ဆန်စွာ ဖြတ်သန်းလာသည်။
ဟင်းလင်းပြင်ထဲရှိ မိုးကြိုးကွင်းဆက်ပေါ်တွင် သတိထား၍ ပျံသန်းနေရင်း ဝမ်လင်းသည် နောက်ထပ် အစိတ်အပိုင်းမြေတစ်ခုကို ထပ်မံ တွေ့လိုက်သည်။ သူက အသက်ဝဝရှုသွင်းပြီးသည့်နောက် အစိတ်အပိုင်းနယ်မြေအသစ်၏ မြေအောက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားပြန်သည်။ တည်နေရာတစ်ခု ရှာဖွေပြီးသည့်နောက် သူက အတားအဆီးများကို စတင်နေရာချပြန်သည်။
သည်လို ပျံသန်းသွားလာနေမှုတစ်လတာ အတွင်း ဝမ်လင်းသည် လီယွမ်သူ့ကို ပေးခဲ့သော သူ့အော်ရာကို မည်သို့ဖုန်းကွယ်ရမည့် ဆိုသည့်အတားအဆီးများကိုလည်း လေ့လာကြည့်နေသည်။ဝမ်လင်းက အလွန်မြန်ဆန်စွာ လေ့လာနေခဲ့သည်။ထိုသို့လုပ်ရသည့်အကြောင်းရင်း သွေးဘိုးဘေး၏ ခြောက်လန့်မှုသည် သူ့ထံသို့ နီးကပ်လာခြင်းကြောင့် ဖြစ်တော့၏။
သူက သွေးဘိုးဘေးထံမှ သူ့ကိုယ်သူ လုံးဝကွယ်ဝှက်ထားနိုင်ခြင်း မရှိသော်လည်း သူ့ကို ထောက်လှမ်းမိရန်အတွက်တော့ ပို၍ ခက်ခဲစေပေသည်။သူက ခုချိန်တွင် သူ့ကိုယ်သူ တက်နိုင်သမျှ ပုန်းကွယ်နေရန်သာ စီစဉ်ထားသည်။
သူ့ပတ်လည်တွင် အတားအဆီးအမျှင်တန်းများ ပေါ်ထွက်လာကာ အတားအဆီးအလုံးအဖြစ် ဖြစ်တည်သည်။ သူက ၎င်းအလုံးအတွင်း၌ ထိုင်နေ၏။ထို့နောက် ကောင်းကင်ဘုံသက်တော်စောင့်က လှမ်းထွက်လာခဲ့သည်။
ကောင်းကင်ဘုံသက်တော်စောင့်ကို ကြည့်ကာ ဝမ်လင်းသည် ညစ်ပြုံးပြုံးမိသည်။သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် သလင်းကျောက်ကို ကောင်းကင်ဘုံသက်တော်စောင့်ထံသို့ လှမ်းပစ်လိုက်သည်။ထို့နောက် သူက မျက်လုံးဖြည်းဖြည်းချင်း မှိတ်လိုက်တော့၏။ သူ့ခန္ဓာကိုယ်မှ နတ်ဘုရားအာရုံအစိတ်အပိုင်းတစ်ခုကို ခွဲထွက်ကာ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားသည်။
သည်အရာက ကောင်းကင်ဘုံသက်တော်စောင့်၏ မန္တာန်များထဲမှ တစ်ခု ဖြစ်သည်။၎င်းက သူ့ကို သန့်စင်မွန်းမံထားသူ၏ နတ်ဘုရားအာရုံကို ဝင်ရောက်ခွင့်ပြုကာ ထိန်းချုပ်ခွင့်ပေးပေသည်။
ထို့နောက် မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုက ပျံသန်းထွက်လာပြီးသည့်နောက် ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်တော့သည်။ သူက မျက်လုံးမမှိတ်လိုက်ခင်တွင် နောက်ဆုံးအတားအဆီးတစ်ခုသည် သူ့လက်ထဲကနေ ထွက်ပေါ်လာကာ အတားအဆီးအလုံးကို ပြည့်စုံသွားစေသည်။ ထိုအတားအဆီးအလုံးက မြန်ဆန်စွာ ကျုံ့လာခဲ့ပြီးနောက် ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးက ပွင့်လာခဲ့သည်။၎င်း၏ မျက်လုံးက အေးစက်နေ၏။၎င်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် သလင်းကျောက်ကို ကောက်ယူကာ မြိုချလိုက်သည်။ထို့နောက် ၎င်းက မြေအောက်ထဲကနေ တဟုန်ထိုး ထိုးထွက်သွားတော့သည်။
“ငါ့မှာ ကောင်းကင်ဘုံသက်တော်စောင့်သာ မရှိရင် ငါက သွေးဘိုးဘေးကို လှည့်ဖြားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ခုလိုမျိုး ကောင်းကင်ဘုံသက်တော်စောင့်ထဲမှာ မူလစိတ်ဝိညာဉ်အပိုင်းအစတစ်ခုထဲပြီး ငါ့ကိုယ်ငါ တုပထားပေမဲ့လည်း သူက ဒီခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစိတ်ဝိညာဉ်ကို သတိပြုမိလိုက်တာနဲ့ ဒီစွဲဆောင်မှုကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်၏။ ထို့နာက် သူက အကာအဝေးတစ်ခုသို့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ပျံသန်းထွက်သွားတော့သည်။ ခုချိန်၌ ကောင်းကင်ဘုံသက်တော်စောင့် တဖြစ်လည်း ဝမ်လင်းသည် အမှောင်ထဲရှိ အလင်းတစ်ခုလို ထင်းလင်း သိသာနေသည်။ သူ့ကို တစ်ယောက်ယောက်က ရှာလိုပါက ချက်ခြင်း တွေ့သွားနိုင်ပေသည်။
ဝမ်လင်းက လမ်းတစ်လျှောက် ပေါ်တင် ပျံသန်းလာနေသည်။တကယ်တော့ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်လာကတည်းက လွတ်လပ်စွာနေရခြင်း မရှိဘဲ အမြဲသတိထားနေရသည်။ သူက ထိုသို့ သတိထားနေရခြင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းမှ မွန်းစတားအိုကြီးများသည် သူ့နောက်သို့ အချိန်မရွေးလိုက်ပါလာနိုင်သောကြောင့် ဖြစ်သည်။
အခု ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် သူ့မူလခန္ဓာကိုယ်လောက် သန်မာခြင်းမရှိသော်လည်း ကျင့်ကြံသူများထက်တော့ များစွာ သန်မာပေ၏။ ခန္ဓာကိုယ်မွန်းမံခြင်း ကျင့်စဉ်ကို ကျင့်ကြံသူများထက်ပင် သာလွန်သေး၏။
ထို့အတွက်ကြောင့် ဝမ်လင်းသည် ပျံသန်းနေရင်း သူ့မောက်မာသောအော်ရာကို ထုတ်လွှတ်ထားလေ၏။
“သွေးဘိုးဘေး…ခု ငါက သင် ရောက်လာမှာကို စောင့်နေတယ်…” ဝမ်လင်းမျက်လုံးများက အလွန်အေးစက်နေ၏။ သူက သတ်ဖြတ်ချင်နေမိသည်။
သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ခုချိန်၌ သူ့လက်ရှိ ပုံရိပ်ယောင်ယင်ခန္ဓာကိုယ်ကြောင့် ပုံရိပ်ယောင်ယင်အဆင်သို့ ရောက်ရှိနေခဲ့သည်။
ဝမ်လင်းသည် မည်သည့်ရတနာကိုမျှ ရှာဖွေခြင်း မရှိဘဲ အစိတ်အပိုင်းမြေတစ်ခုကနေ အခြားတစ်ခုထံသို့ မြန်ဆန်စွာ ပျံသန်းနေသည်။သူက အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ရောက်လာတိုင်း သူ့နတ်ဘုရားအာရုံကို အရူးအမူး ဖြန့်ကျက်ပေသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ငါးလတာ ကုန်ဆုံးသွားခဲ့လေပြီ။
ဝမ်လင်း၏ နတ်ဘုရားအာရုံမှ မန္တာန်နှင့် အားကောင်းသော ခန္ဓာကိုယ်တို့ကြောင့် သူ့သန်မာမှုသည် အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။
လက်နက်ရတနာများနှင့် နှိုင်းယှဉ်နိုင်သည့် ခန္ဓာကိုယ်၏စွမ်းအားသည် လမ်းတစ်လျှောက်တွင် တွေ့ရသော အာဏာတက်ခြင်းကျင့်ကြံသူများက သူ့ကို ရှောင်ကြဉ်သွားကုန်ကြသည်။ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများပင် မျက်မှောင်ကြုတ်သွားကြကာ သူ့လမ်းမှ ဖယ်ကြဉ်ပေးကြ၏။
သို့ရာတွင် ဝမ်လင်းက မျက်ကန်းတစ္ဆေသဘောနှင့် လှုပ်ရှားနေခြင်းတော့ မဟုတ်ပါ။ သူက သူ့ပုန်းကွယ်နေသောခန္ဓာကိုယ်ရှိသော နေရာနှင့် နီးသည့် အစိတ်အပိုင်းမြေများ ပတ်လည်တွင်သည် လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ထိုသို့ လုပ်ခြင်းက သူ့အတွက် အကျိုးနှစ်ခု ရရှိစေသည်။
ပထမတစ်ခုသည် သူက ကြုံရာကျပန်း လှုပ်ရှားနေခြင်း မဟုတ်တာကြောင့် သွေးဘိုးဘေးနှင့် မတော်တဆ လွဲချော်သွားမှု ရှိတော့မည် မဟုတ်ပေ။ ဒုတိယတစ်ခုက သူသည် သူ့ခန္ဓာကိုယ်ကို သွယ်ဝိုက်ကာကွယ်ထားခြင်း ဖြစ်နေ၏။ တကယ်တော့ သူက ခပ်ဝေးဝေးသို့ သွားပါက သွေးဘိုးဘေးသည် သူ့ပုန်းကွယ်နေသော ခန္ဓာကိုယ်ကို ရှာတွေ့သွားနိုင်၏။ ထိုသို့သာ ဖြစ်ပါက သူက ခံဘက်သပ်သပ် ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက သွေးဘိုးဘေးကို ရှာဖွေနေသလို တစ်ချိန်တည်းမှာလည်း သွေးဘိုးဘေးက သူ့ကို ရှာဖွေနေသည်။ သူတို့နှစ်ယောက်က နီးသထက် နီးလာကြ၏။
သွေးဘိုးဘေးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်းသွားလာနေ၏။
သူ့အသွင်က တည်ငြိမ်လျက် ရှိနေသည်။ သို့ရာတွင် သူ့မျက်လုံးများကတော့ နေ့စဉ်ရက်ဆက် ပို၍ နီရဲလာခဲ့သည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ဘုံ ပြိုကျလျှင်ပင် သူ့စိတ်အခြေအနေက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သို့သော် သူ့သမီးဖြစ်သူ ယောင်ရှင်းရွှယ်သည် သူ့တစ်ခုတည်းသော အားနည်းချက် ဖြစ်လေ၏။
သူက သူ့သမီး လမ်းကြောင်းရှေ့တွင် ရှုပ်နေသော အရာအားလုံးကို ဖယ်ရှင်း သတ်ပစ်ကာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်ပေသည်။ သူက သူ့သမီးနှင့် တတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်ရှိခြင်းနှစ်ခုကြား ရွေးချယ်ရလျှင်ပင် သူ့သမီးကို ရွေးချယ်မိပေလိမ့်မည်။
ထိုအရာက သူသည် ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့နှင့် ခြားနားခြင်းဖြစ်တော့၏။ ရှေ့ဖြစ်ဟောသူပင် တတိယအဆင့်ကျင့်ကြံခြင်းကို ရောက်ရှိဖို့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိနေပေသည်။
သွေးဘိုဘေးကမူ သူ့သမီးအတွက် သူ့ဂုဏ်သိက္ခာအပါအဝင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ဘယ်သောအခါမှ ခြေမချပါ ဆိုသော သူ့အဖေထံသို့ ပေးထားသော ကတိကျိန်ဆိုမှုကိုပါ ဖောက်ဖျက်နိုင်ခဲ့ပေသည်။
“အဖေ…သင်က ငါ့ကို ကျိန်ဆိုခိုင်းခဲ့တုန်းက ငါ့အတွက် အလုံးစုံကောင်းကင်ကျောက်တုံးကို ဘာကြောင့် ချန်ထားခဲ့ရတာလဲ…” ဤမေးခွန်းက သွေးဘိုးဘေး၏ စိတ်နှလုံးထဲ၌ အချိန်အတန်ကြာကတည်းက ရှိနေခဲ့သော အရာ ဖြစ်တော့၏။
သွေးဘိုးဘေးက ခြေတစ်လှမ်းတည်ငြိမ်စွာ လှမ်း၍ အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ခြေချလိုက်သည်။ သူ့နတ်ဘုရားအာရုံကို သည်အစိတ်အပိုင်းမြေတစ်ခုလုံးအား လွှမ်းခြုံဖြန့်ကျက်ထားလေ၏။
ဤအခိုက်အတန့်၌ သူ့နဂိုတည်ငြိမ်နေသော မျက်နှာက အေးစက်လာခဲ့၏။သူက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။သူ့အကြည့်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ပြင်းပြင်းထန်ထန် ပါဝင်နေလေ၏။
“ဝမ်လင်း…”
သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက သူ့ရှေ့ရှိတတောင်တစ်လုံးအပေါ်သို့ သက်ရောက်သွားကာ ထိုတောင်က အနှီစိတ်ဆန္ဒကြောင့် ပြိုကျသွားခဲ့တော့၏။
သွေးဘိုးဘေးက ခြေတစ်လှမ်းလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
သွေးဘိုးဘေး၏ အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ခြေမချခင် ဝမ်လင်းသည် အခြားအစိတ်အပိုင်းမြေပေါ်ရှိ မိုးကြိုးကွင်းဆက်ပေါ်၌ ကြယ်ပျံတစ်စင်းအလား ရွှေ့လျားနေခဲ့သည်။သူက အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာသည့်အခါတွင် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခိုက် ကောင်းကင်သည် ရုတ်တရက် နက်မှောင်လာကာ အနက်ရောင်တိမ်ထုများက ကောင်းကင်ထက်၌ စုစည်းလာတော့၏။
ထိုအစိတ်အပိုင်းမြေပင် စတင် တုန်ခါလာချေသည်။
သည်အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်ထဲက တုန်ယင်မှုကို ချက်ခြင်း ခံစားလိုက်ရတော့၏။ ပုံရိပ်ယောင်ယင်အဆင့်နှင့် အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများပင် တုန်ယင်စွာ ခံစားလိုက်ရသည်။
ဝမ်လင်းက ချက်ခြင်းလှုပ်ရှားလိုက်၏။ သူ့အကြည့်က တောက်ပနေကာ သူက အကွာအဝေးတစ်ခုထံသို့ စူးစိုက်ကြည့်လိုက်သည်။သူက အေးစက်စက်ပြုံး၏။
“နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီ…”
မိုးကြိုးတုန်ဟီးသံများနှင့် တိမ်ထုများက နှစ်ပိုင်းကွဲထွက်သွားတော့၏။ထို့နောက် အနီရောင်အလင်းတစ်ခု ပေါ်ထွက်လာကာ ကုန်းမြေတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။အားကောင်းသော နတ်ဘုရားအာရုံက မုန်တိုင်းတစ်ခုလား သည်အစိတ်အပိုင်းကုန်းမြေအနှံ့ သိမ်းကျုံး ဖြန့်ကျက်လာသည်။
ထိုနတ်ဘုရားအာရုံက အလွန်ပြင်းထန်လွန်းလှ၏။ တိမ်စိုင်တိမ်ထုများထဲကနေ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ၎င်းအလင်းက ဝမ်လင်းရှေ့တွင် ပိုမို တောက်ပလာခဲ့သည်။
ဤအစိတ်အပိုင်းမြေတစ်ခုလုံးသည် သည်အခိုက်အတန့်၌ ထိုအနီရောင်အလင်း၏ လွှမ်းခြုံထားခြင်းကို ခံရကာ သွေးကန်တစ်ခု ပစ်သွင်းထည့်လာသကဲ့သို့ ဖြစ်နေတော့၏။
အနီရောင်အလင်းက ဝမ်လင်းရှေ့ ပေတစ်ထောင်အကွာတွင် သိပ်သည်းလာခဲ့သည်။ ချက်ခြင်းပင် ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွားကာ ဆံပင်အနီရောင်၊မျက်ခုံးမွှေးအနီရောင်၊ ဝတ်စုံအနီရောင်နှင့် သက်လတ်ပိုင်းလူကြီး အဖြစ် ပေါ်ထွက်လာချေသည်။
သည်လူက အလွန်လည်း ကြည့်ကောင်း၏။ သူ့ပတ်လည်၌ သီးသန့်ဆန်သော အော်ရာတစ်ခု ဝန်းရံနေသည်။ သူက ပေါ်ထွက်လာသည်နှင့် ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုသေးပေ။
သို့ရာတွင် ထိုလူ၏ တည်ငြိမ်သောမျက်လုံးထဲ၌ အနီရောင်မီးတောက်တစ်ခု သိုဝှက်နေသည်ကို တွေ့မြင်နေရသည်။ သွေးဘိုးဘေးက ဝမ်လင်းနှင့် အချိန်ဖြုန်းနေခြင်း မရှိဘဲ သူ့ညာလက်ကို ဆန့်ထုတ်ကာ ဝမ်လင်းထံသို့ ညွှန်လိုက်၏။
သူက လက်ညွှန်လိုက်ပြီးသည့်နောက် ကောင်းကင်ထက်မှ အက်ကွဲသံများ ထွက်ပေါ်လာခဲ့တော့၏။ အားတစ်ခုက ဝမ်လင်း၏ နှဖူးထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ဝမ်လင်းက သွေးဘိုးဘေးကို စူးစိုက်ကြည့်နေ၏။ထိုလက်ညွှိုးအား နီးကပ်လာသည့်အခါတွင် သူက တစ်လုံးချင်း ပြောလိုက်၏။
“သင်က ငါ့ကို သတ်ရင် ယောင်ရှင်းရွှယ်မှာ သွေးစိတ်ဝိညာဉ်ဆေးလုံး ရှိနေမယ်ဆိုရင်တောင် သူမက ကျိန်းသေ သေရလိမ့်မယ်…”
***