← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း။ ၇၀

"ဟောင်ဂိုဏ်းလား အဲဒါ တကယ်ရော ရှိတာလား"

"ကျွန်တော်တို့ သိသလောက်တော့ ရှိပါတယ်"

ဟောင်ဂိုဏ်းသည် ဗဟိုမြေပြင်၏ အောက်ခြေအကျဆုံး အလွှာတွင် တည်ရှိသည်ဟု သိထားကြသော သတင်းအချက်အလက် စုဆောင်းရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ထိုအဖွဲ့ဝင်များမှာ ပြည့်တန်ဆာများ၊ သူခိုးငယ်များ၊ လေလွင့်သူများ၊ စားပွဲထိုးများနှင့် တတိယတန်းစား လှည့်လည်သူများကဲ့သို့ ဗဟိုမြေပြင်တွင် အလင်းမရရှိနိုင်သော အခြေခံအကျဆုံး လူတန်းစားများ ဖြစ်ကြသည်။

ထိုကြောင့် လူရှိသည့်နေရာတိုင်းတွင် သူတို့ ရှိနေသည်ဟု ပြေ ကြသည်။

သို့သော် သူတို့၏ စစ်မှန်သော ရုပ်သွင်ကို ဘယ်သောအခါမျှ မပြသခဲ့သဖြင့် ဟောင်ဂိုဏ်း၏ တည်ရှိမှုမှာ ဒဏ္ဍာရီတစ်ခုအဖြစ်သာ သတ်မှတ်ခံထားရသည်။

"ကျွန်တော်တို့ သူတောင်းစားဂိုဏ်းကတော့ ဟောင်ဂိုဏ်း တကယ်ရှိတယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ သူတို့က မိစ္ဆာဂိုဏ်း မဟာမိတ်နဲ့ ချိတ်ဆက်နေတယ်လို့လည်း ယုံကြည်ထားတယ်"

"အင်း... အဲဒီလိုဆိုရင်တော့ ဟုတ်လောက်တာပေါ့..."

ထိုသို့သာ မဟုတ်လျှင် မိစ္ဆာဂိုဏ်းအနေဖြင့် ကလေးလူသတ်သမားများကို ဗဟိုမြေပြင် တစ်ခွင်လုံးတွင် နေရာချထားနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဗဟိုမြေပြင်၏ အစွန်းပိုင်းတွင်သာ လှုပ်ရှားနေသော မိစ္ဆာဂိုဏ်းအနေဖြင့် တရားဝင် သိုင်းလောက၏ လှုပ်ရှားမှုများကို ဤမျှအသေးစိတ် သိရှိနိုင်မည် မဟုတ်ပေ။

"လျှို့ဝှက်စွာ တည်ရှိနေတဲ့ ဟောင်ဂိုဏ်းက မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဟောင်ဂိုဏ်းကို ချဉ်းကပ်ဖို့တောင် မလွယ်ဘူး"

"ဒါဆို မင်းက သူခိုးတစ်ယောက်ဖြစ်တဲ့ ငါ့ကို ဟောင်ဂိုဏ်းဆီ ချဉ်းကပ်ခိုင်းနေတာလား"

"မှန်ပါတယ်။ အကြီးအကဲပဲ အဲဒီအမြစ်ကို ချဉ်းကပ်နိုင်မှာပါ"

"ပြီးတော့ရော"

"အကယ်၍ ကျွန်တော်တို့သာ မိစ္ဆာဂိုဏ်းရဲ့ သတင်းကွန်ရက်ဖြစ်တဲ့ ဟောင်ဂိုဏ်းကို ခဏတာလောက် တုန်လှုပ်အောင် လုပ်နိုင်ရင် မိစ္ဆာဂိုဏ်းရဲ့ လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားလိမ့်မယ်"

"အဲဒါတင်ပဲလား"

ဗီယွန်းဂဲ၏ စကားသံတွင် အဓိပ္ပာယ်ပါဝင်နေသဖြင့် ဂူယုံက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ဖြစ်နိုင်ရင် ဟောင်ဂိုဏ်းကို မြေပြင်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် မီးရှို့ပစ်ချင်တယ်"

"ကောင်းပြီ။ သဘောတူတယ်။ ငါ ဟောင်ဂိုဏ်းကို ချဉ်းကပ်ပြီး သူတို့ရဲ့ အမြစ်ကို ရှာတွေ့ခဲ့ရင် တရားဝင် သိုင်းလောကက ငါ့အတွက် ဘာလုပ်ပေးနိုင်မလဲ"

ဂူယုံ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။

တကယ်တမ်းတွင် အခက်ခဲဆုံးမှာ ဆုလာဘ်ပင်။

ဗီယွန်းဂဲသာ သိုင်းပညာရှင်တစ်ဦး ဖြစ်ပါက သိုင်းလောက မဟာမိတ်၏ အသိအမှတ်ပြုမှုနှင့် ဂုဏ်သတင်းကို အာမခံနိုင်မည် ဖြစ်ပြီး သာမန်လူသာ ဖြစ်ပါက ငွေကြေးအများအပြား ပေးအပ်နိုင်မည်ပင်။

သို့သော် ဗီယွန်းဂဲအတွက် ထိုအရာများမှာ လိုအပ်ချက် မဟုတ်ပေ။

သူခိုးတစ်ယောက်အတွက် ဂုဏ်ပြုခြင်းမှာ အဓိပ္ပာယ်မဲ့ပြီး ပိုက်ဆံမှာလည်း လိုသည်ထက်ပို၍ ရှိနေသည်။

ဂူယုံက သတိကြီးကြီးဖြင့် မေးလိုက်သည်။

"အကြီးအကဲ လိုချင်တာ ဘာမဆို ပြောပါ။ ကျွန်တော့် စွမ်းအားရှိသမျှ လုပ်ပေးပါ့မယ်"

"အင်း"

ခဏတာ စဉ်းစားပြီးနောက် ဗီယွန်းဂဲမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒါဆို ငါနဲ့ ကတိတစ်ခု ပေးရမယ်"

"ဘာကတိလဲ"

"ငါ လိုအပ်တဲ့အချိန်မှာ သိုင်းလောကက ငါ့ကို တစ်ကြိမ်လောက် ကူညီပေးရမယ်"

"အဲဒါကတော့..."

ဂူယုံ၏ မျက်နှာပေါ်တွင် အခက်တွေ့သည့် အရိပ်အယောင်များ ပေါ်လာသည်။

ဗီယွန်းဂဲ၏ ဆန္ဒမှာ အလွန်ကျယ်ပြန့်လွန်းနေသည်။ သူ ဘာလိုချင်မှန်း မသိသောကြောင့် ကြိုတင်ပြင်ဆင်၍ပင် မရပေ။

"မင်း မလုပ်ချင်ရင်လည်း နေပါစေ"

ဗီယွန်းဂဲမှာ ချက်ချင်း ထွက်သွားတော့မည့်အလား ပခုံးကို လှည့်လိုက်သောအခါ ဂူယုံက အလျင်အမြန်ပင် ဆွဲတားလိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော် ကတိပေးပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်ပေးနိုင်တဲ့ ကိစ္စမျိုးကိုပဲ တောင်းဆိုရမယ်"

"မင်းကလည်း ရွေးချယ်နေပြန်ပြီ။ ကောင်းပြီလေ။ ဒါပေမဲ့ ကတိတည်ဖို့တော့ လိုလိမ့်မယ်"

"အကြီးအကဲသာ ဟောင်ဂိုဏ်းရဲ့ အမြစ်ကို ရှာတွေ့ရင် ဘာမဆို ကျွန်တော် လုပ်ပေးပါ့မယ်"

"ကတိကတိပဲနော်"

"ဟုတ်ကဲ့"

ဂူယုံနှင့် ကတိကဝတ်ပြုပြီးနောက် ဗီယွန်းဂဲက လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို ဘယ်ကနေ စရမလဲ"

ဗီယွန်းဂဲ၏ မေးခွန်းကြောင့် ဂူယုံက အခက်တွေ့သည့်အပြုံးဖြင့် ပြုံးလိုက်သည်။

"ဗဟိုမြေပြင်ရဲ့ အောက်ခြေအကျဆုံး နေရာကနေ စရမှာပါ"

……

သည်းမခံနိုင်လောက်အောင်နှင့် ဖော်ပြရန်ပင် ခက်ခဲသော ကြောက်ရွံ့မှုမှာ မစင်များ ပြည့်နှက်နေသော မစင်အိတ်ဖြစ်သည်။ မစင်၏ အစွမ်းမှာ တကယ်ပင် ကြောက်ခမန်းလိလိပင်။

"ငါတော့ ရူးတော့မှာပဲ"

သူတို့က ဒီလောက်များတဲ့ မစင်တွေကို ဘယ်ကနေ ရလာတာလဲ။

ဂျင်ဆိုဟွန်းက ကြမ်းပြင်ပေါ် လူးလိမ့်နေသော မစင်အိတ်များကို ပျင်းရိသော မျက်နှာဖြင့် ကြည့်လိုက်သည်။

သူ၏ ဘေးတွင် ရပ်နေသော ချွန်းယဲရန်း၏ မျက်နှာမှာမူ အရောင်ဖျော့သွားသည်။

သိုင်းလောကထဲသို့ ဝင်လာပြီးနောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းမှာ ဓားချက်မဟုတ်ဘဲ မစင်အိတ် ဖြစ်လိမ့်မည်ဟု မည်သူကမှ မထင်ထားပေ။

"သူတို့က ငါတို့ကို အိပ်ခွင့်မပေးချင်တဲ့ ပုံပဲ"

"သူတို့ကိုပဲ အရင် တိုက်ခိုက်လိုက်ရအောင်"

ချွန်းယဲရန်းမှာ အခုဆိုလျှင် ဒေါသထွက်နေပြီဖြစ်သည်။ သူမလည်း နှာခေါင်းထဲ စူးဝင်နေသော မစင်အိတ်၏ အနံ့ဆိုးများကို ငြီးငွေ့နေပြီ ဖြစ်သည်။

သူတို့ကို လျှို့ဝှက်စွာ နောက်ယောင်ခံ လိုက်နေသော အနက်ရောင်ဝတ်စုံနှင့် လူများကို အရင်ရှင်းထုတ်လိုက်ခြင်းက ပို၍ ကောင်းမွန်မည်ဟု သူမ ယူဆသည်။

"ငါလည်း လုပ်ချင်ပါတယ် ဒါပေမဲ့... ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး"

ဂျင်ဆိုဟွန်း ညည်းညူလိုက်သည့်အတိုင်း သူတို့နှစ်ဦး မစင်များမှ လွတ်အောင် ပြေးလာခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။

သူတို့အနေဖြင့် ယခုအချိန်ဆိုလျှင် ဂွေကျိုးသို့ ရောက်ရှိသင့်ပြီ ဖြစ်သည်။ ထိုမှသာ ဂွေကျိုးရှိ သိုင်းလောက မဟာမိတ်ဌာနခွဲထံမှ အမှတ်တံဆိပ်ကို ရယူပြီး တာအိုကျောင်းသို့ ပြန်နိုင်မည်ပင်။

"နားမနေဘဲပဲ ပြေးကြရအောင်"

"ဟုတ်ကဲ့"

တကယ်တမ်းတွင် အမှောင်ဂူ၌ နံရံကို စိုက်ကြည့်၍ လေ့ကျင့်ရခြင်းမှာ ဂျင်ဆိုဟွန်းအတွက်တော့ ကြိုဆိုရမည့် ကိစ္စဖြစ်သည်။

တစ်နေ့လုံး ငြိမ်ငြိမ်ထိုင်နေခြင်းမှာ ဂျင်ဆိုဟွန်း၏ အထူးကျွမ်းကျင်မှုနှင့် ဝါသနာဖြစ်သောကြောင့်ပင်။ သို့သော် သူကြောင့် ချွန်းယဲရန်းပါ အမှောင်ဂူထဲတွင် ပိတ်မိနေရခြင်းမှာမူ မကောင်းလှပေ။

"သွားကြမယ်"

ဂျင်ဆိုဟွန်းသည် ပြေးရင်းလွှားရင်း မြေပြင်ပေါ်တွင် ကျနေသော ကျောက်စရစ်ခဲလေးတစ်လုံးကို ကောက်ယူလိုက်သည်။

၎င်းကို လက်မနှင့် လက်ညှိုးကြား ညှပ်ကာ ခန္ဓာကိုယ်ကို လှည့်၍ လက်ချောင်းဖြင့် ခပ်ပြင်းပြင်း ပုတ်ထုတ်လိုက်သည်။

ဖျတ်….

အလွန်စူးရှသော အသံကို ထွက်ပေါ်စေကာ ပျံသန်းသွားသော ကျောက်ခဲနှစ်လုံးသည် သူတို့နှစ်ဦးကို နောက်ယောင်ခံ လိုက်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူတို့၏ ခေါင်းနားမှ ကပ်၍ ဝဲပျံသွားသည်။

အ့…..

နဖူးကို ထိမှန်တော့မည့်အခြေအနေမှ ကပ်သီလေး လွတ်သွားကြသော အနက်ရောင်ဝတ်စုံနှင့် လူတို့မှာ အသက်ရှူမှားသွားကြသည်။

ဘယ်လိုလုပ် သူက ငါတို့နေရာကို သိတာလဲ။

သေစမ်း ငါ သေမလို ဖြစ်သွားတာ။

အခုတော့ အကွာအဝေးတစ်ခု ထားပြီးမှ လိုက်ကြရအောင်…

အပြာရောင်နဂါး တာအိုကျောင်းမှ စေလွှတ်လိုက်သော နည်းပြနှစ်ဦးမှာ အသက်ကို ပြန်ရှူကာ သူတို့နှင့် အကွာအဝေးကို ပို၍ ခြားလိုက်ကြသည်။

သူတို့ကို သတိပြုမိလိုက်သည့် ဂျင်ဆိုဟွန်းမှာ ကျေနပ်နေသော မျက်နှာဖြင့် ချွန်းယဲရန်း နောက်သို့ ပြေးလိုက်သွားသည်။

ထိုအချိန်တွင် ရှန်ရှီနှင့် ဂွေကျိုးအကြားတွင် တည်ရှိသော ချုံချင့်မြို့တွင် မိန်းကလေးတစ်ဦး၏ အသည်းအသန် အော်ဟစ်သံကို ကြားလိုက်ရသည်။

"အားးး ဘ…ဘယ်ဘက်"

"အော်တာ ရပ်လိုက်စမ်းပါ"

"အားးး ညာဘက်မှာ နှစ်ခု အမြန် အမြန်"

စီးယုကို ပွေ့ချီထားသော ဂျုံရိုအာမှာ သူ၏ဓားကို အသည်းအသန် ဝှေ့ယမ်းကာ ပျံသန်းလာသော မစင်အိတ်များကို ဓားလေဖြင့် လွှင့်ပစ်လိုက်သည်။ လိုအပ်လျှင် ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ မစင်အိတ်များကိုပင် ဖျက်ဆီးပစ်လိုက်သည်။

"အား ဒီတစ်ခါတော့ နှစ်ခု တစ်ပြိုင်တည်း ပျံလာနေပြီ ဘာလို့ မြန်မြန် မခုတ်တာလဲ"

"ဒီမိန်းမစုတ်တော့"

ဂျုံရိုအာ စီးယုကို ပွေ့ထားရသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။ သူတို့အားလုံး ဂွေကျိုးရှိ သိုင်းလောက မဟာမိတ်ဌာနခွဲသို့ အတူတူ သွားရမည်ဖြစ်ပြီး ပျံသန်းလာသော မစင်အိတ်များကို ကာကွယ်ရန် လူသားဒိုင်းတစ်ခု လိုအပ်သောကြောင့်ပင်။

အမျိုးမျိုးသော အကြောင်းရင်းများဖြင့် ဂျုံရိုအာ၏ လူသားဒိုင်း ဖြစ်သွားရသော စီးယုမှာ မျက်နှာဖြူဖျော့လျက် အော်ဟစ်နေသည်။

ဒါမျိုးထက် လှံတွေ ဓားတွေနဲ့ တိုက်တာကမှ ပိုကောင်းဦးမယ် ဒီမစင်အိတ်တွေက ဘာလဲ

စီးယုအတွက်မူ မစင်အိတ်များက စူးရှသော လက်နက်များထက် ပို၍ ကြောက်စရာ ကောင်းနေသည်။

သူမသည် ဂျုံရိုအာ၏ ဆံပင်များကို ဆွဲကိုင်ကာ မစင်အိတ်များ ပျံလာသည့် လမ်းကြောင်းကို လက်ညှိုးထိုးပြနေသည်။ ဂျုံရိုအာသာ မှားယွင်းသွားပါက သူမပါ မစင်များ ပေကျံသွားမည်ဖြစ်ရာ စီးယုမှာ အသည်းအသန် ဖြစ်နေသည်။

"သခင်လေး နောက်က ပျံလာနေတယ်"

"ဘယ်သူက သခင်လေးလဲ ဒီ..."

"ရှေ့မှာလည်း ရှေ့မှာလည်း"

ဂျုံရိုအာနှင့် စီးယုတို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ယူအူဆွန်းမှာ သူတို့ရှင်းလင်းပေးထားသော လမ်းအတိုင်း ပါးစပ်ကို ပိတ်လျက် ပြေးလာသည်။

တိတ်တိတ်ပဲ နေလိုက်တော့မယ်။

ရန်သူ့လက်ချက် မမိစေရန် ယူအူဆွန်းမှာ ဂျုံရိုအာနောက်မှ တိတ်တိတ်ကလေး လိုက်ပါလာသည်။

အပြာရောင်နဂါး တာအိုကျောင်းမှ သိုင်းပညာရှင်များ ဂွေကျိုးသို့ ရောက်ရန် အသည်းအသန် ပြေးလွှားနေစဉ် ဂွေကျိုး၏ မြောက်ဘက်တွင် တည်ရှိသော ကျုံအန်းမြို့တွင် လူတစ်ယောက် ပေါ်လာသည်။

"မ…မင်းတို့ ငါတို့ကို ဘာတွေလုပ်နေတာလဲ"

စွန်ဒိုဂိုဏ်းဟုခေါ်သော သေးငယ်သည့် ဂိုဏ်းကို ဦးဆောင်သူ ဂျန်းဆော့တေးမှာ မျက်ရည်ပင် မကျနိုင်တော့လောက်အောင် မျက်စိရှေ့တွင် ကြီးမားသော ဘေးဆိုးကို ကြုံတွေ့နေရသည်။

ထိုလူသတ်ပွဲကို ဖန်တီးသူမှာ သူ၏ ရှေ့တွင် ပျော်ရွှင်နေဟန်ဖြင့် ရပ်နေသောကြောင့်ပင်။

"ဂိုဏ်းဝင်တွေက ဒါပဲလား"

"တပည့်တွေက ဒါပဲ ရှိပါတော့တယ်ခင်ဗျာ"

ဂျန်းဆော့တေး၏ နှုတ်ခမ်းများမှာ တုန်ခါနေသည်။

ထိုလူ၏ လက်ချက်ဖြင့် စွန်ဒိုဂိုဏ်း၏ ထိပ်တန်းသိုင်းပညာရှင် ဆယ်ဦးမှာ အချိန်တိုအတွင်းမှာပင် အသတ်ခံလိုက်ရသည်။

မယုံနိုင်စရာ ကျွမ်းကျင်သူပဲ။

ထိုလူမှာ ခေါင်းညိတ်လိုက်ပြီး သူ၏ လက်တစ်ဖက်ဖြင့် ကိုင်ထားသော သတ်လတ်ပိုင်းလူကြီး၏ ခေါင်းကို ခြေမွပစ်လိုက်သည်။

သွေးများ၊ အသားစများနှင့် ဦးနှောက်အမြှေးပါးများ ကြမ်းပြင်ပေါ်သို့ စီးကျလာသည်ကို မြင်ရသောအခါ ဂျန်းဆော့တေးမှာ ကြောက်လန့်တကြား ဖြစ်သွားသည်။

"မကြာခင်မှာ တရားဝင် သိုင်းလောကရဲ့ ဂုဏ်ယူစရာ မျိုးဆက်သစ်တွေ ဂွေကျိုးကို ရောက်လာလိမ့်မယ်။ သူတို့က လမ်းမကြီးတွေကို မသုံးဘဲ သစ်တောလမ်းတွေကပဲ လာကြလိမ့်မယ်။ မင်းတို့လို ကောင်တွေက ဂွေကျိုးမှာ လှုပ်ရှားနေတာဆိုတော့ ပတ်ဝန်းကျင်ကို သိမှာပါ။ သူတို့ထဲကမှ အတော်လေးချောမောလှပတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကို ရှာပြီး ငါ့ကို ချက်ချင်း သတင်းပို့ပါ"

"ဘ…ဘာကို ဆိုလိုတာလဲ..."

ဂျန်းဆော့တေးက နားမလည်စွာ မေးလိုက်သောအခါ ထိုလူ၏ လက်က စွန်ဒိုဂိုဏ်းမှ အပြစ်မဲ့သော သိုင်းပညာရှင်တစ်ဦးကို ညွှန်ပြလိုက်သည်။

ခွပ်…

ချက်ချင်း ထွက်ပေါ်လာသော လက်သီးလေပြင်းကြောင့် သိုင်းပညာရှင်၏ ခေါင်းမှာ ပေါက်ကွဲသွားပြီး ဂျန်းဆော့တေး၏ တုန်ရီမှုမှာ ပိုမို ဆိုးရွားလာသည်။

"မေးနေရင်းနဲ့ပဲ လှုပ်ရှားစမ်း။ ငါပြောတဲ့ ကောင်တွေကို လွတ်သွားရင်... မင်းတို့အားလုံး ငါ့လက်ချက်နဲ့ သေရလိမ့်မယ်။ နားလည်လား"

"ယ…ဟုတ်ကဲ့ အမိန့်အတိုင်း လုပ်ပါ့မယ်"

ဂိုဏ်းချုပ်နှင့် မိသားစုဝင်များသာမက ဂိုဏ်းတစ်ခုလုံး ဓားစာခံဖြစ်သွားသော စွန်ဒိုဂိုဏ်းမှ သိုင်းပညာရှင်များမှာ လေပွေကဲ့သို့ ထွက်ခွာသွားကြသည်။

သူတို့၏ ပစ်မှတ်မှာ ဂွေကျိုးသို့ ပြေးလာနေသော အပြာရောင်နဂါး တာအိုကျောင်းမှ သိုင်းပညာရှင်များပင်။

…..

"ဒီနေရာက ဂွေကျိုးပါ"

ချွန်းယဲရန်း၏

ရှင်းပြချက်ကြောင့် ဂျင်ဆိုဟွန်း ခေါင်းညိတ်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မစင်အိတ်များကို ပစ်ပေါက်နေသော အနက်ရောင်ဝတ်စုံနှင့် လူများမှာ တစ်နေရာအရောက်တွင် ပျောက်ကွယ်သွားပြီး နောက်ယောင်ခံ မလိုက်တော့ပေ။

ဂွေကျိုးကို ရောက်တာနဲ့ ပြီးသွားတာလား။

တကယ်လို့သာ အဲဒီလို ဖြစ်လာခဲ့ရင်... တကယ့်ကို စိတ်အေးသွားရမယ့် ကိစ္စပဲ..

အနည်းဆုံးတော့ မစင်အိတ်တွေရန်ကနေ လွတ်အောင် လိုက်ပြေးနေစရာ မလိုတော့ဘူးလေ...

ထို့ကြောင့် အပျင်းကြီးဖို့ပင် အချိန်မရခဲ့သော ဂျင်ဆိုဟွန်းနှင့် ချွန်းယဲရန်းတို့မှာ မြေပုံတွင် မှတ်သားထားသော သိုင်းလောက မဟာမိတ်၏ ဌာနခွဲကို ရှာဖွေရန် အလုပ်ရှုပ်သွားကြသည်။ ယခုအချိန်မှစ၍ အမှတ်တံဆိပ်ကို အမြန်ဆုံး ရယူပြီး တာအိုကျောင်းသို့ ပြန်သွားရမည်ပင်။

"ဒီနေရာကနေဆိုရင် နောက်ထပ် တစ်နာရီလောက်ပဲ လိုတော့တယ်"

တောက်ပသော မျက်နှာဖြင့် မြေပုံကို ခေါက်သိမ်းလိုက်သော ဂျင်ဆိုဟွန်းမှာ ရုတ်တရက် သူ၏ နှာခေါင်းကို ရှုံ့လိုက်သည်။

အနံ့ကို ရှူရှိုက်ကြည့်လိုက်သော ဂျင်ဆိုဟွန်းမှာ ခေါင်းကို စောင်းလိုက်သည်။

"တစ်ခုခု ဖြစ်လို့လား"

"မဟုတ်ပါဘူး။ ဒါပေမဲ့..."

ဂျင်ဆိုဟွန်း၏ အမူအရာမှာ ရှုပ်ထွေးသွားသည်။

"ဒါ... သွေးနံ့အစစ်ပဲ။ ပြီးတော့ ဒါက လူသားတစ်ယောက်ရဲ့ သွေးနံ့ပဲ"

အခြားသူများထက် အာရုံခံနိုင်စွမ်း ပိုကောင်းသော ဂျင်ဆိုဟွန်းမှာ ထူးချွန်သော အနံ့ခံနိုင်စွမ်းဖြင့် သွေးနံ့လာရာကို နောက်ယောင်ခံကာ လိုက်သွားသည်။

"သခင်မလေးချွန်း"

"ရှင်"

"ဌာနခွဲမှာပဲ တွေ့ကြရအောင်။ ကျွန်တော် စစ်ဆေးစရာ တစ်ခုရှိလို့ ခဏလေး ခွဲသွားလိုက်မယ်"

"သခင်လေးဂျင်"

"မကြာခင် ပြန်လာခဲ့မယ်"

ဂျင်ဆိုဟွန်းမှာ အသာအယာ ပြုံးပြကာ ကိုယ်ကို ပစ်လွှတ်လိုက်သည်။ သူ၏ အပြုံးကို မြင်လိုက်ရသဖြင့် ခန္ဓာကိုယ် တောင့်တင်းသွားသော ချွန်းယဲရန်းမှာ ဂျင်ဆိုဟွန်းနောက်ကို လိုက်မလား၊ ဌာနခွဲဆီ တန်းပြေးမလား ဝေခွဲမရ ဖြစ်နေသည်။

အဆင်ပြေမှာပါ။

ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သော ချွန်းယဲရန်းမှာ မြေပုံတွင် မှတ်သားထားသော သိုင်းလောက မဟာမိတ် ဂွေကျိုးဌာနခွဲဆီသို့ ပြေးသွားတော့သည်။

သွေးနံ့ကို နောက်ယောင်ခံ လိုက်ရင်း တောအုပ်ကို ဖြတ်ကျော်နေသော ဂျင်ဆိုဟွန်းမှာ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေသည့် သိုင်းပညာရှင်နှစ်ဦးကို တွေ့လိုက်ရသည်။

"ခွင့်ပြုပါဦး"

ဂျင်ဆိုဟွန်း၏ ခေါ်သံကြောင့် သိုင်းပညာရှင်နှစ်ဦးမှာ အံ့ဩသွားပြီး မသိလိုက်မသိဘာသာ ဓားများကို ဆွဲထုတ်လိုက်ကြသည်။

"ကျွန်တော် တိုက်ခိုက်ဖို့ မဟုတ်ပါဘူး"

ဂျင်ဆိုဟွန်းက တိုက်ခိုက်လိုစိတ် မရှိကြောင်း ပြသရန် လက်နှစ်ဖက်ကို မြှောက်လိုက်သောအခါ သိုင်းပညာရှင်နှစ်ဦးမှာ တုန်ရီသွားကြသည်။ သို့သော်လည်း ထိုသူတို့နှစ်ဦးက ဂျင်ဆိုဟွန်းကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။

"ချောမောတဲ့ မျက်နှာ... ဒီလူများ ဖြစ်မလား"

"ဒါပေမဲ့ မိန်းကလေး မပါဘူး။ အဲဒီ နတ်ဆိုးလို ကောင်က ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်လို့ ပြောခဲ့တာလေ"

"သေစမ်း... ဒါဆို ဒီလူ မဟုတ်ဘူးပေါ့"

သိုင်းပညာရှင်နှစ်ဦး၏ တိုးတိုးလေး ပြောနေသော စကားကို ဂျင်ဆိုဟွန်းက အံ့ဩသော မျက်နှာဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ"

"မ…မဟုတ်ပါဘူး ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်များနေလို့ သွားတော့မယ်..."

သိုင်းပညာရှင်နှစ်ဦး ထွက်ခွာသွားရန် ပြင်ဆင်သောအခါ ဂျင်ဆိုဟွန်းက လမ်းကို ပိတ်လိုက်သည်။

"ခင်ဗျားတို့ ဘယ်သူ့ကို ရှာနေတာလဲ"

"မ…မပြောပြနိုင်ဘူး"

"ကျွန်တော် လုပ်လိုက်ရင်..."

သိုင်းပညာရှင်နှစ်ဦးမှာ မြင်အပ်သော သရဲကို တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။

ထို့အပြင် မြင်သာသော ဒဏ်ရာများ မရှိသော်လည်း သူတို့ ဝတ်ထားသော ဝတ်ရုံများနှင့် မျက်နှာပေါ်တွင် လတ်ဆတ်သော သွေးစွန်းအရာများ ရှိနေသည်။ ၎င်းမှာ ဂျင်ဆိုဟွန်း ရနံ့ခံမိသော သွေးနံ့၏ ရင်းမြစ်ပင်။

"ခင်ဗျားတို့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကို ရှာနေတာလား"

"ခင်ဗျား သူတို့ကို တွေ့လိုက်မိလို့လား အတော်လေးချောမောလှပတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကိုလေ"

သူတို့ရှာနေသူမှာ သုနှင့် ချွန်းယဲရန်း ဖြစ်ကြောင်း ဂျင်ဆိုဟွန်း ပင်ကိုသိစိတ်ဖြင့် သိလိုက်သည်။

"ခင်ဗျားတို့ သူတို့ကို ဘာလို့ ရှာနေကြတာလဲ"

"မ…မပြောနိုင်ဘူး"

"တစ်ယောက်ယောက် သေသွားတာလား"

ဂျင်ဆိုဟွန်း၏ ဆက်တိုက် မေးမြန်းမှုများကြောင့် ထိုသူတို့နှစ်ဦး၏ မျက်လုံးများမှာ စိုးရိမ်တကြီး တုန်ရီနေသည်။ အဖြေမပေးသော်လည်း သူ အဖြေကို သိနိုင်မည်ဟု ခံစားရသည်။

တစ်ယောက်ယောက်က ငါ့ကို ရှာနေတာလား ပြီးတော့ အဲဒီလူက လူသတ်ထားတာလား

ဂျင်ဆိုဟွန်း ခဏတာ စဉ်းစားပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူတို့တစ်လျှောက်လုံး နောက်ယောင်ခံ လိုက်နေသော အနက်ရောင်ဝတ်စုံနှင့် လူများမှာ ယခု မရှိတော့ပေ။

ဒီအချိန်မှာမှ...

သူ့ကို ကြည့်နေသည့် သိုင်းပညာရှင်တို့၏ မျက်နှာတွင် ဖတ်ရှုနိုင်သော နက်ရှိုင်းသည့် ကြောက်ရွံ့မှုနှင့် သွေးစွန်းအရာများကြောင့် ဂျင်ဆိုဟွန်းမှာ ထိုအခြေအနေကို ငေးကြည့်မနေနိုင်တော့ဘဲ နူးညံ့စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ ရှာနေတဲ့သူက ကျွန်တော် ဖြစ်ပုံပဲ။ ဒါကြောင့် ပြောပြပေးပါ။ ဘာတွေ ဖြစ်ခဲ့တာလဲ"

ဂျင်ဆိုဟွန်း၏ စကားကြောင့် သိုင်းပညာရှင်နှစ်ဦးမှာ မျက်ရည်များ ကျဆင်းလာပြီး ထိုနေရာတွင်ပင် ဒူးထောက်လိုက်ကြသည်။

"သခင်လေး... ကျေးဇူးပြုပြီး... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

ထို့နောက် သိုင်းပညာရှင်နှစ်ဦး၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ဂျင်ဆိုဟွန်းမှာ အတည်ပြုနိုင်သွားသည်။

ငါထင်တဲ့အတိုင်းပဲ သူတို့ ငါ့ကို ရှာနေတာပဲ။ မိစ္ဆာဂိုဏ်းက စေလွှတ်လိုက်တဲ့ လူသတ်သမား ဖြစ်နေမလား

ဂျင်ဆိုဟွန်းမှာ အံကြိတ်လိုက်သည်။

ငါ့ကြောင့် တစ်ယောက်ယောက် သေသွားပြီ။ အပြစ်မဲ့တဲ့ လူတွေ...

"ကျွန်တော်တို့ကို ကူညီပေးပါ။ သခင်လေး မသွားရင်... ကျွန်တော်တို့ရဲ့ တပည့်တွေအားလုံး သေရလိမ့်မယ်"

"အဲဒါ ဘယ်မှာလဲ"

"ဘာကိုလဲ"

ဂျင်ဆိုဟွန်းသည် ဒူးထောက်နေသော သိုင်းပညာရှင်၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။

"အဲဒီကောင် အခု ဘယ်မှာလဲ"

All Chapters