← Chapters

သူ ဘယ်လောက်ထိတောင် ချမ်းသာနေတာလဲ

Vol. 175 Ch. 2471

သူ ဘယ်လောက်ထိတောင် ချမ်းသာနေတာလဲ

Vol. 175 Ch. 2471

“ ဟင်…”

လင်းရီ၏ စကားသံကို ကြားတော့ ဝမ်ရင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက် လင်းရီ၏ လက်ကို တိတ်တိတ်လေး ဆုပ်ကိုင်လိုက်ရင်း သူ့ကို ဤကိစ္စထဲ ဝင်မပါဖို့ရာ အရိပ်အမြွက်ပေးနေသည်။

“ အင်း … အားလုံး ပြည့်စုံနေပြီ … ရှောင်ဝန်က မာစီးတီး တစ်စင်း ရှာထားပေးတယ်လေ …”

“ ယွမ်တစ်သန်းကျော်ပေးရတဲ့ S class လား …”

“ ဟုတ်တယ် … အဲ့တာနဲ့တင် တော်တော် ကောင်းနေပါပြီ …”

“ ငါ ယောက်ဖအတွက် ကားတစ်ချို့ ရှာပေးမယ် … တစ်သက်မှာ တစ်ခါတည်း အိမ်ထောင်ပြုရတာလေ … ခမ်းခမ်းနားနားလေး လုပ်သင့်တာပေါ့ ….”

“ ဒါပေမယ့် ဒီခုက ချန်ဒူးမှာလေ … နောက်ကျလွန်းနေပြီ မဟုတ်ဘူးလား …”

“ ကိစ္စ မရှိဘူး … ဖုန်းဆက်ပြီး တစ်ချက် မေးကြည့်လိုက်မယ် ….” ထိုသို့ ပြောပြိးနောက် လင်းရီ ဖုန်းထုတ်၍ အွန်လိုင်း ဖုန်းနံပါတ်တစ်ခုကို ရှာတွေ့သွားပြီး ခေါ်ဆိုလိုက်၏။

“ ကျွန်တော် Rolls-Royce Phantom တစ်စင်းနဲ့ Cullinans နှစ်စင်း မှာချင်တယ် … stock အသင့် ရှိလားမသိဘူး ….”

“ ဖုန်းနံပါတ်က ဝီချက်နံပါတ်နဲ့ အတူတူပဲ … ကျွန်တော့်ကို အပ်လိုက် … စရံ လွှဲပေးလိုက်မယ် … ပြီးတာနဲ့ ကားတွေ ပို့ပေးလိုက်တော့ …”

“ အမြန်လိုနေတာနော် … ည ဆယ်နာရီအထိမှ လာမပို့ပေးသေးဘူးဆို မယူတော့ဘူး ….”

“ အိုကေ … “

ခေတ္တစကားပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ဘာဖြစ်သွားလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြ၏။

“ ယောက်ဖ … မင်း ဘယ်သူနဲ့ ဖုန်းပြောနေတာ …” ဝမ်ဇီချန်က မေးမြန်းသည်။

“ ကားပွဲစား တစ်ယောက်နဲ့ပါ ….” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ယောက်ဖရဲ့ မင်္ဂလာဆောင်က မနက်ဖြန်ဆိုတော့ ကျိုးဟိုင်က ကားကို သွားယူနေရင် အချိန်မီမှာ မဟုတ်ဘူး … အဲ့တော့ အသစ်ပဲ ဝယ်လိုက်တာပေါ့ ….”

“ အာ … အသစ်ဝယ်လိုက်တာလား ….”

အခန်းထဲရှိ လူများအားလုံး ရှော့ခ်ရသွားခဲ့ကြသည်။

“ Rolls-Royce ဆိုတော့ ဈေးတော်တော်ပေးရမှာပဲနော် …”

“ အဲ့လောက် ငွေနည်းနည်းလေးကတော့ တတ်နိုင်တဲ့ထဲမှာပဲ ရှိပါတယ် … မင်္ဂလာဆောင်ပါဆို လူအထင်ကြီးစရာကောင်းအောင်တော့ လုပ်မှပေါ့ … မဟုတ်ဘူးလား ….”

မကြာမီ ကားပွဲစားက ဝမ်ရင်း၏ အိမ်သို့ ရောက်လာခဲ့ပြီး စာရွက်စာတမ်းများ လာလုပ်ပေးသည်။

ယွမ်သန်း ၂၀ကို ဘာမဟုတ်သည့်အတိုင်း လွှဲပေးလိုက်တာကို မြင်တော့ ဝမ်မိသားစုတစ်ခုလုံး တုန်လှုပ်သွားကြလေသည်။

သူ့အတွက်တော့ … ယင်းက ဧရာမ များပြားလှသည့် ငွေပမာဏကြီးပင်။

အရးကြီးဆုံးကတော့ သူက ဤမျှ ငွေအများအပြားကို ကူညီလိုစိတ် တစ်မျိုးတည်းဖြင့် သုံးဖြုန်းပြနေခြင်းပင်။

သူ့မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် ပေါနေလို့လဲ ….

“ လူကြီးမင်း လင်း … စာချုပ်လည်း လက်မှတ်ထိုးပြီးပြီ … ကားက ခဏဆို ရောက်လာပါလိမ့်မယ် … ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါဦး ခင်ဗျ … ည ဆယ်နာရီ မတိုင်ခင် ရောက်လာစေရမယ်လို့ အာမခံပါတယ် ….” ကားပွဲစားက ယဉ်ကျေးစွာ ဆိုလာသည်။

“ ရောက်လာသရွေ့ အဆင်ပြေတယ် ….”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … သေချာတာပေါ့ … ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး … ပြန်ခွင့် ပြုပါဦးခင်‌ဗျ…”

ပွဲစားပြန်ထွက်သွားသည်နှင့် လင်းရီသည် တစ်ဖန်ပြန်ပြီး လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာသည်။

“ အစ်မကျား … နင့် ယွမ်တစ်သန်းကျော်တန် မာစီးဒီးလေးကို လမ်းနည်းနည်း ဖယ်ခိုင်းလိုက်ဦး … Rolls-Royce က မင်္ဂလာကား လုပ်လို့ အကောင်းဆုံးပဲ ….”

ကျန်းဝန်ကျားမှာ အောင့်သက်သက်နိုင်စွာဖြင့် ထိုင်ခုံတွင် ထိုင်နေရင်း ဘာမျှ မဆိုနိုင် ဖြစ်နေသည်။

နောက်ပြီး သူမတွင် တကယ်လည်း ပြောစရာ စကား မရှိချေ။

Rolls-Royce သုံးစင်းကို ဘာမဟုတ်သည့်အတိုင်း သာမန်လျှံကာ ဝယ်ပစ်ခိုက်ခြင်း၊ ဤအမျိုးသား၏ ကြွယ်ဝမှုက တော်ရုံမဟုတ်သည်မှာ သိသာသည်။

“ ဝမ်ရင်းက တကယ်ကို အောင်မြင်နေတာပဲ …. ကျိုးဟိုင်မှာ နာမည်တစ်လုံး ဖန်တီးနိုင်ရုံတင် မကဘူး … ဒီလောက်ကောင်းတဲ့ ကောင်လေးမျိုးလည်း ရှာတွေ့ထားတယ် …. နင်တို့နှစ်ယောက် နောင်ကျ သက်တောင့်သက်သာ နေနိုင်တော့မှာပဲ ….”

“ ဝမ်ရင်းက ကြီးပွားမယ့် ကလေးပါလို့ ငါ အမြဲထင်နေတာ တကယ်လည်း ငါထင်တဲ့အတိုင်း ဖြစ်လာတာပဲ …..”

လင်းရီက သူ၏ ငွေကြေးတတ်နိုင်စွမ်းပကားကို ထုတ်ပြလိုက်ပြီးနောက် ဝမ်ရင်းမှာ လူတိုင်း၏ ချီးမွမ်းထောပနာ ပြုမှုကို ခံယူနေရလေသည်။

ဤသည်ကလည်း လင်းရီလိုချင်သည့် ရလဒ် အတိအကျပင်။

ညပိုင်း အနားယူရမည့် အချိန်ရောက်တော့ မိသားစုဝင်များက ဟိုတယ်တစ်ခုတွင် တည်းခိုဖို့ စီစဉ်လိုက်ကြ၏။

လင်းရီနှင့် ဝမ်ရင်းတို့လည်း အိမ်တွင် မနေကြပေ။ အပြင်ထွက်ပြီး သီးခြားအခန်းတစ်ခုသပ်သပ် ငှားလိုက်ကြ၏။

“ နင့်မှာ ပိုက်ဆံအများကြီး ရှိမှန်း အစ်မသိတယ် … ဒွပေမယ့် ဒီလိုမျိုးတော့ လျှောက်မသုံးသင့်ဘူးလေ … လိုမှ မလိုအပ်တာ ….” ဝမ်ရင်း ပြောလိုက်သည်။

“ လာတောင် လာပြီးမှတော့ အစ်မရင်း မျက်နှာပန်းလှအောင်တော့ လုပ်ပေးရမှာပဲလေ … ပြီးတော့ ကောင်းကောင်းအလုပ်ဖြစ်သွားတာပဲမလား ….”

“ သူများတွေ ဘယ်လိုပဲ ထင်ထင် အစ်မ ဂရုမစိုက်ဘူး … အစ်မကို ထားမသွားရင် အဆင်ပြေပြီ … ဒီအစ်မက နင့်နားပဲ တစ်သက်လုံး ထာဝရ နေသွားချင်တာ ….”

“ အစ်မရင်းတောင် အဲ့လိုပြောလာနေပြီးမှတော့ ကျွန်တော်က ငွေလေး နည်းနည်း သုံးလိုက်တာ ဘာမှားနေလို့ …..”

“ ဒါပေမယ့် အစ်မကတော့ နင် ငါ့အပေါ် ပိုက်ဆံတွေ အများကြီး သုံးမှာကို မလိုချင်ဘူး … အဲ့လိုက အစ်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မဖြူစင်ဘူး ဖြစ်စေတယ်လေ …”

မည်သူမျှ ရှိမနေသည်ကို အခွင့်ကောင်းယူရင်း လင်းရီသည် မက်မွန်သီးကဲ့သို့ တင်းမှည့်နေသည့် ဝမ်ရင်း၏ တင်ပါးကို ခပ်ဆတ်ဆတ်လေး တစ်ချက် ရိုက်နှက်လိုက်သည်။

“ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အစကတည်းကရော ဖြူစင်နေလို့လား ….”

“ မုန်းစရာကြီး …” ဝမ်ရင်း ရှက်ရွံ့သွားခဲ့၏။

နှစ်ဦးမှာ ဟိုတယ်သို့ ချက်ချင်း မသွားခဲ့ချေ။ အနီးနားရှိ ညဈေးတန်းတွင် ချန်ဒူး၏ ဒေသထွက် စားသောက်ဖွယ်ရာများ မြည်းစမ်းရင်း ဓလေ့ယဉ်ကျေးမှုများကို အတွေ့အကြုံ ယူနေကြလေသည်။

ညသန်းခေါင် အချိန်လောက်ရောက်တော့ အရက်အနည်းငယ်သောက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

မနက်အစောပိုင်း အိပ်ရာထပြီး မင်္ဂလာပွဲတက်ဖို့ ရှိသဖြင့် ရိုးရိုးတန်းတန်း အိပ်ရာဝင်လိုက်ကြသည်။

နောက်တစ်နေ့ မင်္ဂလာပွဲကတော့ အင်မတန် လူစည်ကားနေသည်။

Rolls-Royce Phantom က ရှေ့မှ ဦးဆောင်နေပြီး နောက်တွင် Cullinans နှစ်စင်းက ကပ်လျက် လိုက်ပါနေလျက်ရှိကာ အင်မတန် ခမ်းနားသည့် မြင်ကွင်းမျိုးကို ဖော်ဆောင်နေလျက်ရှိ၏။

လက်ဖွဲ့ငွေ့ထည့်သည့် အခမ်းအနားတွင် လင်းရီက ယွမ်တစ်သိန်းထုတ်၍ လက်ဖွဲ့လိုက်၏။ သာမန် မိသားစု တစ်စုအတွက်တော့ အင်မတန် များပြားသည့် ငွေပမာဏတစ်ခုဟု သတ်မှတ်၍ရသည်။

လက်တွေ့ကျကျ ပြောပြရမည်ဆိုပါက ထိုမျှ ငွေအများကြီး လက်ဖွဲ့ပေးဖို့ရာ မလိုချေ။

သို့သော် လင်းရီ၏ အိုင်ဒီယာကတော့ ရိုးရှင်းသည်။ ဝမ်ရင်းကို ဂုဏ်ယူစေချင်၍ ဖြစ်၏။

သူ့ရင်ဘက်ထဲ သူမသည်လည်း တစ်နေရာ ပိုင်ဆိုင်ထားကြောင်းကို သိစေချင်သည်။

မင်္ဂလာပွဲက အဆင်ပြေချောမွေ့စွာဖြင့် ရှေ့ဆက်နေပြီး နေ့လည်ခင်းလောက်ရောက်တော့ အောင်အောင်မြင်မြင်နှင့် ပြီးဆုံးသွားခဲ့သည်။

“ ဒီကားသုံးစင်းကို ဘယ်လိုလုပ်မှာ ….”

“ ကျိုးဟိုင် ပြန်ယူသွားမယ် …. လင်းယွင်အုပ်စုက အရေးကြီး ဧည့်သည်တွေကို ကြိုဆိုဖို့အတွက် ကားလိုအပ်တယ်လေ … ကုမ္ပဏီရဲ့ ဧည့်ကြိုကားစာရင်းထဲ ထည့်လိုက်မယ် ….”

“ အစ်မ အမှားတွေပါ … နင့်ကို အလဟဿ ပိုက်ဆံတွေ အများကြီး သုံးစေမိပြီ ….”

“ အစ်မရင်း အဲ့လို ဆက်ပြောနေမယ်ဆို ကျွန်တော် ဒေါသထွက်လိုက်တော့မှာနော် ….”

“ ဟုတ်ပါပြီ … စိတ်လေးလျှော့ပါဦး မောင်မောင်ရဲ့ … အမြဲတမ်း သူ့စိတ်ချည်းပဲ …” ဝမ်ရင်းက နှုတ်ခမ်းကို လက်ဝါးလေးဖြင့် အုပ်မိုးလျက် တခစ်ခစ် ရယ်မောလိုက်ပြီး “ ကြည့်ဦး … ဘယ်လောက်တောင် တွန့်တိုနေလိုက်လဲ….”

“ ကျွန်တော် တိုမတိုဆိုတာ အစ်မရင်း ကောင်းကောင်းသိပါတယ် ….”

“ မုန်းစရာကြီး … ဒီမှာ လူတွေ အများကြီး ရှိတယ် … ပေါက်ကရတွေ လျှောက်မပြောနဲ့ ….”

မင်္ဂလာပွဲလည်းပြီးရော ဝမ်မိသားစုနေအိမ်က အတော်လေး တိတ်ဆိတ်သွားခဲ့သည်။

လျိုလီဟွားက လင်းရီကို ဧည့်ခံဖို့ရာအတွက် စာပွဲကြီးနှင့် အပြည့် ဟင်းပွဲများ ချက်ပြုတ်ထားပေး၏။ ဤတစ်ကြိမ်တွင်တော့ အပြင်လူများ လုံးဝ မပါရှိသဖြင့် သူတို့အချင်းချင်း ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေခဲ့ကြသည်။

ထိုနေ့တွင် နှစ်ယောက်သား နောက်တစ်ည အိပ်လိုက်ကြပြီး နောက်တစ်နေ့မှပဲ ကျိုးဟိုင်သို့ ပြန်လာခဲ့ကြ၏။

လေယာဉ်ပေါ်က ဆင်းပြီးနောက် ဝမ်ညီအစ်မတစ်တွေက သူတို့အိမ်သို့ ပြန်သွားကြသည်။

လင်းရီကတော့ တက္ကစီစီး၍ လျန်ရူရွှယ်၏ အိမ်သို့ ရောက်လာသည်။ ထို့ပြင် သူမအတွက် မုန့်များလည်း ဝယ်လာခဲ့ပေး၏။

ရုံးခန်းထဲ၌ လျန်ရူရွှယ်သည် စာရွက်စာတမ်းများ ဖတ်ရှုနေပြီး အဖြူရောင်ရှပ်နှင့် မီးခိုးရောင် အမျိုးသမီး စကတ်ဝတ်စုံကို ဝတ်ဆင်ထားလျက် ရှိကာ သူမ၏ တင့်တယ်ပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက်ကို ကောင်းမွန်စွာ မြင်တွေ့နေရသည်။

“ ဒီအချိန်ကြီး ဘယ်လိုဖြစ်ပြီး ရောက်လာခဲ့တာ … ပြောတော့ နင် အမှုတစ်ခုနောက် လိုက်ရင်း အလုပ်များနေတယ်ဆို …”

လင်းရီ ဝင်လာသည်ကို မြင်တော့ လျန်ရူရွှယ် မတ်တပ်ရပ်ပြီး သူ့အား ကြိုဆိုလိုက်၏။

“ အမှုက ကိုင်တွယ်ပြီးသွားပြီ … ရာဇဝတ်သားကိုလည်း ဖမ်းမိသွားပြီ ….”

“ ဒါဆို နင် နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ … နင် အတွေ့အကြုံ ယူနေတယ်ဆိုလည်း အတော်ကြာနေပြီ မဟုတ်လား ….”

“ အမှန်ပဲ … ငါ မကြာခင် နှုတ်ထွက်ဖို့ စီစဉ်ထားတယ် ….”

လျန်ရူရွှယ်က မေးတစ်ဖက်ထောက်ရင်း လင်းရီကို တောက်ပစွာ ပြုံးကြည့်နေသည်။

“ ဆက်ပါဦး … အဲ့နောက်ရော …”

“ ဘာပြောချင်နေတာ …”

“ နင်က ဖင်ငြိမ်အောင် မထိုင်နိုင်တဲ့ လူစားမျိုးလေ … နှုတ်ထွက်လိုက်တယ်ဆိုရင်တောင် လိမ်လိမ်မာမာလေးနဲ့ လင်းယွင်အုပ်စုသွားပြီး အလုပ်လုပ်နေမှာမှ မဟုတ်တာ … နင် သေချာပေါက် တစ်ခြားဟာတွေ လျှောက်လုပ်ဦးမှာပဲ ….” လျန်ရူရွှယ် ပြောလိုက်သည်။

“ အာ …. ဟီးဟီး …” လင်းရီ ရယ်မောလိုက်ပြီး “ ငါ တာအိုရသေ့ သွားဝတ်တော့မယ်လို့ ပြောရင် မင်း ယုံမှာလား …..”

“ နင် ဘာပြောလိုက်တယ် … တာအိုရသေ့ ဝတ်မယ် ဟုတ်လား …”

“ အင်း … စမ်းကြည့်ရင် စိတ်ဝင်စားဖို့ကောင်းမလားလို့ …..”

လျန်ရူရွှယ် ခေါင်းကိုက်ကိုက်နှင့် သူမ၏ နားထင်များကို နှိပ်နှယ်လိုက်၏။

“ ရိုးရိုးသားသား ပြောရရင် နင် ကျေးလက်ဘက်တွေ သွားပြီး လယ်စိုက်နေရင်တောင် ငါ နားလည်ပေးလို့ရတယ် … ဒါပေမယ့် သောက်ကျိုးနည်းဖြစ်လို့ နင်က တာအိုရသေ့ ဝတ်ချင်နေတယ်လား …. နင် ဘဝကြီးကို တော်တော် သံဝေဂတွေ ရနေတာလား ဟုတ်လား ….”

“ ဒီအတိုင်း အတွေ့အကြုံခံစားချင်ရုံ သပ်သပ်ပါကွာ … ဒါပေမယ့် လောလောဆယ်တော့ ကျိုးဟိုင်းမှာပဲ နေဖြစ်ဖို့ များပါတယ် …”

ပြောပြီးနောက် လင်းရီက လျန်ရူရွှယ်ထံသို့ လျှောက်လှမ်းလာပြီး သူမအနားတွင် ပုပုလေးထိုင်လိုက်သည်။

“ ငါ ထိကြည့်ဦးမယ် …”

“ ငါ့အဝတ်အစားတွေကို လျှောက်မထိနဲ့ … ဒါ ရုံးခန်းထဲနော် ….” လျန်ရူရွှယ် ရှက်သွေးဖြန်းလျက် ပြောဆိုလိုက်၏။

“ ရုံးခန်းထဲရော ဘာဖြစ်နေလို့ … ဒီမှာ ဘယ်သူမှမှ မရှိတာ …”

လင်းရီ ဂရုစိုက်မနေပေ။ လျန်ရူရွှယ်၏ အဖြူရောင်ရှပ်ကို လှန်လိုက်တော့ ဖြူဖွေးသည့် ဗိုက်သားလေးက ပြူခနဲ ထွက်လာသည်။

“ မဆိုးဘူး မဆိုးဘူး … ဗိုက်တင် မဟုတ်ဘဲ တစ်ခြားနေရာတွေလည်း ပြောင်းလဲသွားတာပဲ ….”

All Chapters