← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇: ချင်ဝူယောင်းက ငါ့ရဲ့ဇနီးပဲ

လုရန်က အံ့အားသင့်စွာ မေးလိုက်သည်။

"အမြင့်မားဆုံး ကောင်းကင်မှာ စိတ်ဝိညာဉ်ချီက ဒီလောက်ထိ သိပ်သည်းနေမှတော့ ဒီနေရာမှာရှိတဲ့ လူတိုင်းရဲ့ ကျင့်ကြံခြင်းက အားထုတ်မှု တစ်ဝက်နဲ့ အကျိုးသက်ရောက်မှုနှစ်ဆ မဖြစ်ဘူးလား..."

အမှန်အားဖြင့် အကျိုးသက်ရောက်မှု နှစ်ဆမျှသာ မဟုတ်ဘဲ အဆပေါင်းများစွာ ကွာခြားချက်ပင်။

အင်မော်တယ်တစ်ယောက်အတွက် ကျင့်ကြံခြင်းသည် များသောအားဖြင့် တစ်ကြိမ်လျှင် နှစ်ပေါင်း တစ်သောင်းထိ ကြာမြင့်တတ်သည်။

အဆပေါင်းများစွာ ကွာခြားချက်ဆိုသည်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်ထက်မက သက်သာစေခြင်းပင်။

တစ်စုံတစ်ယောက်က နှစ်ထောင်ပေါင်းများစွာ စုဆောင်းခဲ့သော ကျင့်ကြံခြင်းအခြေခံကို အမြင့်မားဆုံး ကောင်းကင်တွင်ရှိသည့် တစ်စုံတစ်ယောက်က နှစ်တစ်ရာအတွင်း ယှဉ်နိုင်ပေ၏။

ဒါက တရားလွန်ကဲလွန်းတယ်...

တကယ့်ကို တရားလွန်လွန်းတယ်...

ထိုအချိန်မှာပင် လုရန်သည် အနီးအနားရှိ ရင်းနှီးဖော်ရွေပုံရသော အုပ်စုတစ်စုထံမှ လှုပ်ရှားမှုတချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်ရာ သူတို့နှင့် မလှမ်းမကမ်းတွင် တခြား အင်မော်တယ်အနည်းငယ်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုလူများအနက် တစ်ဦးမှာ အင်မော်တယ်ဧကရာဇ်ဖြစ်ပြီး ကျန်လူများမှာ အင်မော်တယ်သခင်များ ဖြစ်ကြ၏။

ယခုအချိန်၌ အဖွဲ့ငယ်လေး တစ်ဖွဲ့က သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်။

အဖွဲ့ကို ဦးဆောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။

"မင်းတို့မှာ ဖိတ်စာ ရှိလား"

လုရန်သည် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် အမှန်အားဖြင့် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေသည်။

အင်မော်တယ်ဧကရာဇ်က သတိထား၍ ပြန်ဖြေလိုက်၏။ သူ၏ လေသံမှာ ယဉ်ကျေးပြီး မြှောက်ပင့်ဖားယားကာ ကြောက်ရွံ့နေပုံပင် ပေါ်နေသည်။

"မရှိပါဘူး... ကျွန်တော်တို့က ခိုလှုံဖို့ လာတာပါ... မေးပါရစေ ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကြီးမြတ်တဲ့ အင်မော်တယ်ကြီးက ဘယ်အင်အားစုကို ကိုယ်စားပြုတာလဲ"

သူ၏စကား အဆုံးသတ်သည်နှင့် တပြိုင်နက်...

မဟာအင်မော်တယ်ဧကရာဇ်က အော်ဟစ်လိုက်သည်။

"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ... ဖိတ်စာမပါဘဲ မြင့်မြတ်သူတော်စင်တောင်ပေါ်ကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့"

ထိုသို့ပြောပြီးနောက် သူ၏မျက်ခုံးများ မြင့်တက်သွားပြီး သူ၏လက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာပေ၏။

ထိုလူအုပ်စု အလွန် ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာများ ဖြူရော်သွားသည်။

သူတို့က ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော်တို့က တကယ်ပဲ ခိုလှုံဖို့ လာတာပါ... ကျွန်တော်တို့ ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်... မြင့်မြတ်သူတော်စင်တောင်ပေါ်မှာ နေခွင့်ပြုပါ"

ခေါင်းဆောင်အမျိုးသားက အလေးအနက်ထားသောလေသံဖြင့် ထပ်မံ၍ ဖြည့်စွက်ပြောဆိုသည်။

"ကျွန်တော်က အင်မော်တယ်ဧကရာဇ်တစ်ယောက်ပါ... ကျွန်တော့်ရဲ့ နယ်ပယ်က အင်မော်တယ်ဧကရာဇ် ပါ... ကျွန်တော်က နွားတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်လို အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်"

ကံမကောင်းစွာဖြင့် ဤသည်က အသုံးမဝင်ပေ။ ဦးဆောင်နေသော မဟာအင်မော်တယ်ဧကရာဇ်သည် သူ၏ ဓားရှည်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ကာ ထက်ရှပြီး ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းနေသော ဓားချီများကို ထုတ်လွှတ်လိုက်၏။

ခိုလှုံရန်လာသော အင်မော်တယ်ဧကရာဇ် သည် ပထမဆုံး တုံ့ပြန်ခဲ့ပြီး ခုခံရန်အတွက် သူ၏မှော်ရတနာကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

မေးခွန်းအနည်းငယ် မေးပြီးနောက် တစ်ဖက်လူသည် တိုက်ရိုက်တိုက်ခိုက်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ သူတို့အားလက်ခံရန် လုံးလုံးလျားလျား ဆန္ဒမရှိသည့်အလားပင်။

သို့သော် ဤသည်မှာ အချည်းနှီးသာ ဖြစ်သည်။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ရှေ့တွင် ဤအမှိုက်မှော်ရတနာများက သူ၏တိုက်ခိုက်မှုကို မည်သို့ တားဆီးနိုင်မည်နည်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချီသည် ဖြတ်သန်းသွားပြီး ထိုလူအုပ်စုသည် သွေးထွက်သံယို အပိုင်းအစများအဖြစ် လှီးဖြတ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

သူသည် ပွဲချင်းပြီး အသတ်ခံလိုက်ရ၏။

မြင့်မြတ်သူတော်စင်တောင်သည် သာမန်အင်မော်တယ်များကို တောင်ထိပ်သို့ တက်ခွင့်မပြုကြောင်း လုရန်က နားလည်သဘောပေါက်လိုက်သည်။

အလယ်ပိုင်းနယ်မြေတစ်ခုလုံးက မြင့်မြတ်သူတော်စင်တောင်တွင် စိတ်ဝိညာဉ်ချီ ကြွယ်ဝကြောင်း သိရှိထားပြီး လာချင်ကြသော်လည်း ဤကဲ့သို့ အဓိက နေရာသည် လူတိုင်းအတွက် ခွဲခြားဆက်ဆံမှုမရှိဘဲ ဖွင့်ထားရန် မဖြစ်နိုင်ပေ။

ထိုနေရာကို အင်အားကြီးမားသော အင်အားစုများက လက်ဝါးကြီးအုပ်ထားမည်မှာ သေချာပေါက်ပင်။ ဤနေရာတွင် ဝေစုရရန်အတွက် လူတစ်ယောက်၏ လက်သီးများသည် လုံလောက်အောင် မာကျောရပေမည်။

ထို့ပြင် ထိုလူသည် စိတ်ဝိညာဉ်နယ်မြေ၏ အချက်အချာဖြစ်သော အလယ်ပိုင်းနယ်မြေတွင် အထွတ်အထိပ်သို့ ရောက်ရှိနေရပေမည်။

ဤသည်က မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် အတွက်သာ ဖြစ်နိုင်ပေမည်။

ချင်ဝူယောင်း အထက်ဘုံသို့ တက်လှမ်းပြီးကတည်းက သူမသည် စိတ်ဝိညာဉ်နယ်မြေတွင် ဤမျှ အတိုင်းအတာအထိ ဖွံ့ဖြိုးလာခဲ့လိမ့်မည်ဟု လုရန် မျှော်လင့်မထားခဲ့ပေ။

သူမသည် အလယ်ပိုင်းနယ်မြေ၏ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ရင်ဘောင်တန်းနိုင်သည်ကို တွေးတောကြည့်လျှင်ပင် အံ့အားသင့်စရာ ကောင်းလှသည်။

ထိုအချိန်မှာပင် ထိုလူများကို သတ်ပြီးနောက် သူတို့အဖွဲ့သည် သူတို့၏အကြည့်ကို လုရန်၏အုပ်စုဆီသို့ လှည့်ကာ လျှောက်လှမ်းလာကြသည်။

ဦးဆောင်နေသော မဟာအင်မော်တယ်ဧကရာဇ်က အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

"မင်းတို့ရဲ့ ဖိတ်စာက ဘယ်မှာလဲ"

သူသည် တခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူက ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်၏။

မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အနေဖြင့် လုရန်မှလွဲ၍ လူတိုင်း၏ နယ်ပယ်များကို သူ တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်သည်။ သူတို့၏ကျင့်ကြံဆင့်များမှာ အလွန်နိမ့်ကျလွန်းသည်။

ယောင်သားရဲနှစ်ကောင်၏ ကျင့်ကြံ​ဆင့်နယ်ပယ်များကမူ လက်ခံနိုင်ခြေရှိသည်။

လင်းပေါင်အာသည် ကျင့်ကြံဆင့် အနိမ့်ဆုံးပင်။ သူမသည် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်း နယ်ပယ်သို့ပင် မရောက်သေးချေ။

လုရန်နှင့် ပတ်သက်၍မူ သူသည် တစ်ဖက်လူကို မည်သို့မျှ ထွင်းဖောက်မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန်ထူးဆန်းလှသည်။

လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ငါတို့မှာ ဖိတ်စာ မရှိဘူး... အဲ့ဒါကို ဘာလို့ လိုအပ်ရမှာလဲ"

သူသည် ဤမဟာအင်မော်တယ်ဧကရာဇ်ကို လုံးလုံးလျားလျား အလေးအနက် မထားခဲ့ချေ။

အမျိုးသားက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။ လုရန်၏သဘောထားကို မြင်ပြီးနောက် သူ၏စွမ်းအားကို အကဲဖြတ်၍ မရနိုင်သည်ကို ပေါင်းစပ်လိုက်သောအခါ သူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ထို့ကြောင့် သူသည် အလျင်စလို မတိုက်ခိုက်ဘဲ မေးလိုက်၏။

"မင်းတို့က မြင့်မြတ်သူတော်စင်တောင်ကို ဘာလုပ်ဖို့ လာတာလဲ"

လုရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"နည်းနည်းပျော်ဖို့လေ... အဲ့ဒါ အဆင်ပြေလား... ပြီးတော့ ငါတို့ ဒီနေရာကို ဘာလုပ်ဖို့ လာတာလဲ ဆိုတာက မင်းနဲ့ ဘာဆိုင်လို့လဲ"

လုရန်၏ ပွင့်လင်းသော တုံ့ပြန်မှုက အမျိုးသား၏ မျက်နှာအမူအရာကို ကြည့်ရဆိုးသွားစေခဲ့သည်။

အမျိုးသား၏နောက်ရှိ လက်အောက်ငယ်သားများထဲမှ တစ်ဦးသည် ပထမဆုံး ဒေါသထွက်သွားပေ၏။

"ရိုင်းစိုင်းလိုက်တာ... ဖိတ်စာမပါဘဲ မြင့်မြတ်သူတော်စင်တောင်ပေါ်ကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့... ဘယ်သူက မင်းကို သတ္တိတွေ ပေးထားတာလဲ... ငါတို့ မင်းကို နေရာမှာတင် ကွပ်မျက်မယ်"

သူ၏စကား မဆုံးခင်မှာပင်...

လုရန်က ထိုလူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

ထို့နောက် သူ၏အင်မော်တယ်ပိုင်နက်နယ်မြေ ပြန့်ကားသွားတော့သည်။

သို့သော် ခေါင်းဆောင်အမျိုးသား၏ တုံ့ပြန်မှုမှာလည်း အလွန်မြန်ဆန်လှသည်။ သူ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လက်တစ်ဖက်ကို မြှောက်လိုက်၏။

လုရန်သည် သူ၏ အင်မော်တယ်ပိုင်နက်နယ်မြေ ကို စွမ်းအားတစ်ခုက ဝင်ရောက်စွက်ဖက်နေသည်ကို ချက်ချင်း ခံစားလိုက်ရပြီး တခဏမျှ တွန့်လိမ်ကာ မတည်မငြိမ် ဖြစ်သွားတော့သည်။

ဤသည်မှာ အမျိုးသား၏ နိယာမ စွမ်းအား ဖြစ်နိုင်ကြောင်း လုရန် ခန့်မှန်းလိုက်သည်။

ဒါပေမဲ့ ဒီစွမ်းအားလေး နည်းနည်းက ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား...

လုရန်က အေးစက်စက် နှာမှုတ်လိုက်သည်။

ဝှစ်..

တွန့်လိမ်နေသော အင်မော်တယ်ပိုင်နက်နယ်မြေသည် အော်ဟစ်နေသော လက်အောက်ငယ်သား၏ခေါင်းကို ဖြတ်တောက်နိုင်ခဲ့ဆဲပင်။

ဘုန်း...

ခေါင်းပြတ်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းဆောင်အမျိုးသားနှင့် သူ၏နောက်ရှိ တခြားသူများအားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။

ထိုလက်အောက်ခံအုပ်စုသည် လွန်ခဲ့သော အချိန်အခိုက်အတန့်က မာနကြီးနေခဲ့သော်လည်း ယခုအချိန်၌ သူတို့အားလုံး တိတ်ဆိတ်သွားကြလေပြီ။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ခေါင်းဆောင်ဖြစ်သော မဟာအင်မော်တယ်ဧကရာဇ်ပင်လျှင် သူတို့ကို မကာကွယ်နိုင်ခဲ့ပေ။ တစ်ဖက်လူ၏အဆင့်အတန်းမှာ တစ်ချက်ကြည့်ရုံဖြင့် သိသာရှင်းလင်းနေလေပြီ။

အမျိုးသား၏မျက်နှာအမူအရာ ပို၍ပင် ပျက်ယွင်းလာတော့သည်။

ဤသည်မှာ မျက်နှာသာပေးခြင်း မပေးခြင်း ပြဿနာ မဟုတ်တော့ပေ။ ဤသည်မှာ သူ့ကို လုံးလုံးလျားလျား ပါးဖြတ်ရိုက်လိုက်ခြင်းပင်။

သူ၏လူကို သူ၏ မျက်စိရှေ့တွင်ပင် သတ်ပစ်လိုက်ပြီး မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သော သူက ထိုကိစ္စကို မတားဆီးနိုင်ခဲ့ချေ။

တစ်ဖက်လူသည် အမှန်တကယ်ကို မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း ဤအချက်က တိုက်ရိုက်သက်သေပြနေသည်။

အမျိုးသားက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"ဒါဆို မင်းက မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက်ပဲ... ဒီလို သဘောထားမျိုး ရှိနေတာ မဆန်းပါဘူး... ဒါပေမဲ့ မင်းက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေရင်တောင် ငါ့လူကို ငါ့မျက်စိရှေ့မှာ သတ်တာက နည်းနည်းတရားမလွန်ဘူးလား"

မဟာအင်မော်တယ်ဧကရာဇ်များ အချင်းချင်း တိုက်ခိုက်ခြင်းသည် နိယာမစွမ်းအားများအပေါ် မူတည်သည်။

သို့သော် သူ၏ မြေဆွဲအားစက်ကွင်း နိယာမသည် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို မတားဆီးနိုင်သဖြင့် ခေါင်းဆောင်အမျိုးသားသည် မဆင်မခြင် မလုပ်ရဲပေ။

မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ကျင့်ကြံရန် မလွယ်ကူပေ။ အကယ်၍ သူ၏နိယာမ ဖိနှိပ်ခံရပြီး သူ ချက်ချင်းသတ်ဖြတ်ခံရပါက ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ပြင် အထက်လူကြီးများက တစ်စုံတစ်ခုကို အမိန့်ပေးထားသည်။

လုရန်က အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

"ဟုတ်လား... သူက ငါ့ကို ပြန်ပြောလို့ သူ့ကို ငါ သတ်လိုက်တာ... မင်းက တရားလွန်တယ်လို့ ထင်ရင် မင်း ဘာလုပ်နိုင်မှာလဲ"

သူသည် တစ်ဖက်လူကို အလေးအနက် လုံးဝမထားခဲ့ပေ။

အကယ်၍ ဤမဟာအင်မော်တယ်ဧကရာဇ်ကို မေးရန် မေးခွန်းတချို့ သူ့ထံတွင် ရှိနေခြင်းကြောင့် မဟုတ်ပါက လုရန်သည် သူ့ကို ကြာမြင့်စွာကတည်းက တိုက်ခိုက်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ယောင်ချီ ဘယ်မှာရှိလဲ၊ ချင်ဝူယောင်း ဘယ်မှာရှိလဲ မမေးမီ သူ၏ကိုယ်ပိုင်ရပ်တည်ချက်နှင့် ဟန်ပန်ကို တည်ဆောက်ရန် လုရန်သည် ပြတ်သားစွာ သတ်ဖြတ်ပြခဲ့သည်။

အမျိုးသားက အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောဆိုသည်။

"ဒါက ငါတို့ရဲ့ ပေါ့ဆမှုပါ... မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အနေနဲ့ မင်းမှာ ဒီအခွင့်ထူး တကယ့်ကို ရှိပါတယ်... မင်း ငါ့လူကို သတ်လိုက်တာက ကိစ္စမရှိဘူး... ဒါပေမဲ့ မြင့်မြတ်သူတော်စင်တောင်ကို မင်း ဘာကိစ္စနဲ့ ရောက်လာတယ်ဆိုတာကို တိတိကျကျ ဖြေပေးပါ..."

သူ အကြိမ်ကြိမ် မေးနေသည်ကို လုရန် သတိထားမိလိုက်သည်။

ယခင်လူအုပ်စု၏ စကားများကို ပြန်အမှတ်ရကာ သူက ပြောဆိုသည်။

"ပျော်ဖို့သက်သက်ပါပဲ... ပြီးတော့ ဘယ်အင်အားစုကများ လူသစ်စုဆောင်းနေလဲဆိုတာ ကြည့်ဖို့လေ"

အို...

လုရန်၏ စကားများကို ကြားသောအခါ အမျိုးသား၏ မျက်နှာအမူအရာ ချက်ချင်းတောက်ပသွားပေ၏။

သူက အပြုံးနှင့် ပြောဆိုသည်။

"အဲ့ဒါက အရမ်းကောင်းတာပေါ့... မြင့်မြတ်သူတော်စင်တောင်မှာ တက်လမ်းရှိနေတာက ငါတို့ရဲ့ ကောင်းကင်စံအိမ်ပဲ... မင်းဆန္ဒရှိရင် မင်း ကောင်းကင်စံအိမ်ကို ဝင်လို့ရတယ်... ငါတို့က မကြာသေးခင်က လူအင်အားစုဆောင်းနေတာနဲ့ အံ့ကိုက်ပဲ"

လုရန် ချက်ချင်းမတုံ့ပြန်ဘဲ ဆက်မေးလိုက်သည်။

"ဒါဆို... ယောင်ချီအကြောင်း မင်း သိလား"

အမျိုးသား ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"သိတာပေါ့... ဒါပေမဲ့ အဲ့ဒီအကြံအစည်ကို မင်း လက်လျှော့လိုက်သင့်တယ်... ယောင်ချီက ယောကျ်ားလေးတွေကို လက်မခံဘူး... ဒါ့ပြင် သူတို့က ဒီအမြင့်မားဆုံး ကောင်းကင်မှာ ရက်စက်တဲ့လုပ်ရပ်တွေကို ပြုမူပြီးတော့ ငါတို့ကောင်းကင်စံအိမ်နဲ့ မကိုက်ညီဘူး... ရက်အနည်းငယ်အတွင်းမှာ ငါတို့ရဲ့ ကောင်းကင်စံအိမ်က ယောင်ချီကို တိုက်ခိုက်တော့မယ်... အဲ့ဒီအချိန်ကျရင် ယောင်ချီ နတ်မိမယ်လေးတွေထဲက မင်းကြိုက်တဲ့လူကို မင်း ရွေးလို့ရတယ်... ငါတို့ ယောင်ချီ ကို သိမ်းပိုက်ပြီးတာနဲ့ ငါတို့ရဲ့ ကောင်းကင်စံအိမ်က အမြင့်မားဆုံး ကောင်းကင်ကို အုပ်စိုးပြီး စိတ်ဝိညာဉ်နယ်မြေကို လွှမ်းမိုးလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လုရန်က သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။

ကောင်းကင်စံအိမ်က ယောင်ချီနဲ့ တိုက်ခိုက်တော့မလို့လား...

အဲ့ဒါက ကွက်တိပဲ...

ကောင်းကင်စံအိမ်နောက်ကို ငါ လိုက်သွားရင် ယောင်ချီ ကို သွားရမှာ မဟုတ်လား...

လုရန်က ချက်ချင်းခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ငါ ဝင်မယ်"

All Chapters