← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉: ဇနီးလေး... ငါ ရောက်လာပြီ

ယခင် မဟာအင်မော်တယ်ဧကရာဇ်က ပြောလိုက်သည်။

"ယောင်ချီက အဲ့ဒီအမျိုးသမီးတွေက မသိရတဲ့ အရာတစ်ခုခုကို လုပ်နေခဲ့ကြတယ်... လွန်ခဲ့တဲ့ နှစ်ငါးရာက စပြီး သူတို့က မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုး တွေကို တိတ်တိတ်လေး စတင်ပြီး စုဆောင်းနေခဲ့ကြတယ်....ငါတို့က အစက သတိမထားမိခဲ့ဘူး... နောက်ပိုင်းမှ မတော်တဆ သိလိုက်ရတာ...မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးက ငါတို့အတွက် အသုံးမဝင်တော့ ငါတို့က ဂရုမစိုက်ခဲ့ဘူး..."

"ဒါပေမဲ့ ယောင်ချီရဲ့ လုပ်ရပ်တွေက ပိုပိုပြီး ရူးသွပ်လာတယ်... စိတ်ဝိညာဉ်နယ်မြေရဲ့ တခြား ပြည်နယ်တွေကိုတောင် အင်မော်တယ်ဧကရာဇ်တွေကို အစုလိုက်အပြုံလိုက်သတ်ဖို့ လူတွေ စေလွှတ်လိုက်သေးတယ်...ဒါကြောင့် ယောင်ချီတောင် ပြင်ပပြည်နယ်တွေမှာ လူတော်တော်များများ ဆုံးရှုံးခဲ့ရတယ်...တပည့်တချို့က ယောင်ချီကနေ ထွက်သွားပြီးတော့ သစ္စာစောင့်သိတဲ့ အမျိုးသမီးတချို့ပဲ ကျန်ခဲ့တယ်...သူတို့ထဲက တချို့က ဘက်ပြောင်းပြီး ကောင်းကင်စံအိမ်နဲ့ အထီးကျန်စစ်တပ်ထဲကို ဝင်သွားကြတယ်....အခုဆိုရင် ယောင်ချီမှာ မဟာအင်မော်တယ်ဧကရာဇ် ငါးဆယ်အောက်ပဲ ရှိတော့တယ်... ဒါက အခွင့်အရေးကောင်း တစ်ခုပဲ..."

"မင်းက ဒီအချိန်မှာ ငါတို့ရဲ့ ကောင်းကင်စံအိမ်ကို ဝင်လာတာဆိုတော့ ငါတို့ အနိုင်ရဖို့ အခွင့်အရေးက ပိုများသွားပြီ...ငါတို့ ယောင်ချီကို သိမ်းပိုက်ပြီးရင် အဲ့ဒီနတ်မိမယ်လေးတွေထဲက မင်းကြိုက်တဲ့လူကို ရွေးပြီး မင်းသဘောကျ ကစားလို့ ရပြီ"

သူ စကားပြောဆိုနေစဉ် အမျိုးသား၏ မျက်နှာပေါ်တွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာတော့သည်။

မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် အမျိုးသမီး များကို လွယ်လင့်တကူ ရနိုင်သော်လည်း သူတို့သည် အဆင့်နိမ့်အမျိုးသမီးကို ငြီးငွေ့နေလေပြီ။

အရေးနိမ့်သွားသော အမျိုးသမီး မဟာအင်မော်တယ်ဧကရာဇ်များသည် သူတို့၏ အစစ်အမှန် ပစ်မှတ်များပင်။ ဤှသည်ကသာ သူတို့အတွက် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

လုရန်သည် နံဘေးမှနေ၍ တိတ်တဆိတ် နားထောင်နေပြီး မည်သည့်ထင်မြင်ချက်မျှ မပေးခဲ့ချေ။

သို့သော် လုရန်သည် တက်ရောက်စာရင်းသွင်းခြင်း အကြောင်းကို တွေးတောနေခဲ့လေ၏။

ဤခရီးစဥ်တလျှောက်လုံး လုရန်သည် နည်းလမ်းအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် တက်ရောက်စာရင်းသွင်းခဲ့သော်လည်း ရလဒ်များမှာ အမြဲတစေ သာမန် တက်ရောက်စာရင်းသွင်းခြင်းများသာ ဖြစ်ပြီး တန်ဖိုးရှိသောအရာများ မရရှိခဲ့ချေ။

သူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေကြောင့် စနစ်မှပေးအပ်သော ကျင့်ကြံမှုမှာ အသုံးမဝင်ပေ။

ထိုအခြေအနေက လုရန်ကို တစ်ခါတစ်ရံ တက်ရောက်စာရင်းသွင်းရန်ပင် အားမထုတ်တော့အောင် ဖြစ်စေခဲ့သည်။

သို့သော် ယခုချိန်တွင် ဤသည်မှာ စိတ်ဝိညာဉ်နယ်မြေ၏ အမြင့်မားဆုံး ကောင်းကင်ပင်။

စိတ်ဝိညာဉ်နယ်မြေတွင် အစွမ်းထက်ဆုံး အင်အားစု နှစ်ခု စစ်မက်ဖြစ်ပွားတော့ပေမည်။

ဤသည်မှာ မဟာအင်မော်တယ်ဧကရာဇ်များအကြားရှိ စစ်ပွဲတစ်ပွဲပင်။

ဤသည်မှာ အရေးကြီးသော အဖြစ်အပျက် တစ်ခုအဖြစ် သတ်မှတ်သင့်သည် မဟုတ်လော...

တက်ရောက်စာရင်းသွင်းခြင်းက သူ့ကို ကောင်းမွန်သောအရာတစ်ခုခု ပေးမည်လောဟု သူ တွေးမိသည်။

လုရန် စဉ်းစားတွေးတောရင်း သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

"တက်ရောက်စာရင်းသွင်းမယ်"

ဒင်...

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်...】

【ဂုဏ်ယူပါတယ် လက်ခံသူ... ဤတက်ရောက်စာရင်းသွင်းခြင်းက အမြင့်ဆုံးရမှတ်ကို ရရှိစေသည်...】

【ဂုဏ်ယူပါတယ် လက်ခံသူ... သင်သည် ကျင့်ကြံခြင်း ဆုလာဘ် ၁၀ဆကို ရရှိသည်...】

【ဂုဏ်ယူပါတယ် လက်ခံသူ... သင်သည် မွေးရာပါ ရှေးဟောင်းရတနာ တစ်ခုဖြစ်သော တောင်တန်းမြစ်ဝှမ်း ယပ်တောင်ကို ရရှိသည်...】

လုရန် ဆွံ့အသွားပြီး အနည်းငယ် အံ့အားသင့်သွားတော့သည်။

တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ် အတွက် လုရန် အလွန်ပျော်ရွှင်နေဆဲပင်။ ဤမျှထိ အလွန်ကြာမြင့်ပြီးနောက် သူ နောက်ဆုံးတွင် နောက်တစ်ခုကို ထပ်မံ၍ ရရှိခဲ့လေပြီ။

လာမည့် မဟာအင်မော်တယ်ဧကရာဇ်များ၏ စစ်ပွဲသည် စနစ်၏ အာရုံစိုက်မှုကို ရရှိစေသော အရေးကြီးသည့် အဖြစ်အပျက်တစ်ခု ဖြစ်သည်ကို အမြင့်ဆုံးရမှတ် ဆုလာဘ်ကို ပေးအပ်သည့် အချက်က သက်သေပြနေသည်။

သို့သော် ထူးဆန်းသည်မှာ အမြင့်ဆုံးရမှတ်က ဆုလာဘ် တစ်ခုတည်းသာ ပေးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

တောင်တန်းမြစ်ဝှမ်းယပ်တောင်....

တောင်တန်းမြစ်ဝှမ်း ယပ်တောင်သည် မွေးရာပါ ရှေးဟောင်းရတနာတစ်ခု ဖြစ်သည့်တိုင် ယခင် အမြင့်ဆုံးရမှတ်များသည်လည်း မွေးရာပါ ရှေးဟောင်းရတနာများကို ပေးခဲ့ဖူးသည်။ သို့သော် မည်သည်ကြောင့် ဤတစ်ကြိမ်တွင် တစ်ခုတည်းသာ ရှိရသနည်း။

လုရန် အနည်းငယ် ဆွံ့အသွားတော့သည်။ ထိုကဲ့သို့သော အရေးကြီးသော အချိန်တွင် စနစ်က ဆုလာဘ်များကို လျှော့ချလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ထိုသို့တွေးရင်း လုရန်၏မျက်နှာအမူအရာ ထူးဆန်းလာတော့သည်။

သူ၏မျက်နှာချင်းဆိုင်ရှိ မဟာအင်မော်တယ်ဧကရာဇ် သည် ဤမျက်နှာအမူအရာကို မြင်သောအခါ လုရန် စိုးရိမ်နေသည်ဟု တွေးထင်သွားပေ၏။

မည်သို့ပင်ဆိုစေကာမူ မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက်အနေဖြင့် အမြင့်မားဆုံး ကောင်းကင်သို့ တက်လှမ်းလာခြင်းမှာ များသောအားဖြင့် သူ၏ အဆင့်အတန်းကို အသိအမှတ်ပြုမှု ရရှိရန်ပင်။ သို့ရာတွင် သူသည် ရောက်ရောက်ချင်း မဟာအင်မော်တယ်ဧကရာဇ်များ၏စစ်ပွဲကို စတင် တိုက်ခိုက်ရမည်ဆိုပါက သေဆုံးနိုင်ခြေ အလွန်မြင့်မားကြောင်း ဆိုလိုခြင်းပင်။

သူတို့၏ အသက်ကို တန်ဖိုးထားသော မည်သည့် မဟာအင်မော်တယ်ဧကရာဇ် အတွက်မဆို ထိုကိစ္စမှာ လက်ခံရန် ခက်ခဲသည်။

ထိုမဟာအင်မော်တယ်ဧကရာဇ်က နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့... အချိန်တန်ရင် ငါတို့က ပွဲကြည့်ရုံပဲ... လင်းဝူယွဲ့ရဲ့ နိယာမ စွမ်းအားက အရမ်းအစွမ်းထက်တယ်... ငါတို့ ယောင်ချီကို ရောက်တာနဲ့ ချင်ဝူယောင်း ကို သူ သတ်နိုင်သရွေ့ အကုန်ရှင်းလင်းသွားမှာပဲ... ဆုလာဘ်တွေကို ခံစားရုံကလွဲပြီးတော့ ငါတို့က လက်ဖျားလေးတောင် လှုပ်ဖို့မလိုဘူး"

အို...

လုရန်က မျက်ခုံးပင့်လိုက်သည်။

ဤလင်းဝူယွဲ့၏နိယာမသည် ထိုမျှထိ အစွမ်းထက်နေသလောဟု လုရန်က တွေးတောလိုက်မိသည်။

သူက တိုက်ရိုက်မေးမြန်းလိုက်သည်။

"ယောင်ချီရဲ့ မဟာအင်မော်တယ်ဧကရာဇ်တွေ အများကြီးကို သူတစ်ယောက်တည်းနဲ့ သုတ်သင်ပစ်နိုင်တယ်ဆိုတော့ အဲ့ဒီနိယာမ စွမ်းအားက အရမ်း အစွမ်းထက်ရမယ်... အဲ့ဒါက ဘာနိယာမလဲ"

ကံမကောင်းစွာဖြင့် လုရန်၏ မေးခွန်းကို ကြားသောအခါ ထိုမဟာအင်မော်တယ်ဧကရာဇ်က ဇဝေဇဝါဖြင့် ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"အဲ့ဒါတော့ ငါ မသိဘူး... လင်းဝူယွဲ့က ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မပြောဖူးဘူး... ဒါပေမဲ့ လူတိုင်း သိရှိထားတာက လင်းဝူယွဲ့က မဟာအင်မော်တယ်ဧကရာဇ် တွေ အားလုံးရဲ့ ရှင်သန်ခြင်းနဲ့ သေခြင်းတရားကို ထိန်းချုပ်ထားတယ်ဆိုတာပဲ... သူ မလိုလားဘူးဆိုရင် သူ့ရဲ့လက်အောက်မှာ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

မောက်မာထောင်လွှားလှသည်။

ဤသည်က အမှန်တကယ်ကို အလွန်မောက်မာထောင်လွှားလှသည်။

သို့သော် ဤလင်းဝူယွဲ့သည် သူ၏စွမ်းအားကို အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားပုံရသည်။

ထိုမဟာအင်မော်တယ်ဧကရာဇ်က လုရန်၏ပခုံးကို ပုတ်ပြီး ပြောဆိုလေ၏။

"ကောင်းပြီ... နည်းနည်း အနားယူပြီး မင်းရဲ့ သူငယ်ချင်းတွေကို နေရာချထားပေးလိုက်... ငါတို့ ယောင်ချီကို သွားတဲ့အချိန်ကျရင် သူတို့ မပါဝင်သင့်ဘူး... သူတို့ကို ဒီနေရာမှာပဲ နေခွင့်ပြုပြီး ငါတို့ အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေခိုင်းလိုက်ပါ"

ထို့နောက် သူ ထွက်ခွာသွားတော့သည်။

လုရန်က သူ၏မျက်လုံးများကို မှေးစင်းကာ အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်သည်။ တိမ်များ နိမ့်ကျနေပြီး မြင့်မြတ်သူတော်စင်တောင် တစ်တောင်လုံးတိမ်လွှာထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ ထိုနေရာမှာ စိတ်ဝိညာဉ်နယ်မြေ၏ အမြင့်ဆုံးနေရာ ဖြစ်ပေမည်။

မိုးကောင်းကင်ယံကို မော့ကြည့်ရင်း လုရန်က ညင်သာစွာ သက်ပြင်းချလိုက်၏။

သူ၏ထူးဆန်းသော ခံစားချက်မှာ ပို၍ပင် ထင်ရှားလာတော့သည်။

စိတ်ဝိညာဉ်နယ်မြေတွင် မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိခြင်းသည် အောက်ဘုံတွင် ရှိနေခြင်းထက် ပို၍မွန်းကြပ်နေသည်ဟု သူ ခံစားရသည်။

အောက်ဘုံတွင် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနှင့် အထက်ဘုံတက်လှမ်းခြင်း၏ အဆင့်တွင် နှစ်ပေါင်း တစ်သိန်းကြာအောင် ပိတ်မိနေခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် သူ့ထံတွင် မျှော်လင့်ချက် ရှိသေးပြီး အနာဂတ်အတွက် ကြိုးစားအားထုတ်စရာ တစ်ခုခု ကျန်ရှိနေဆဲပင်။

သို့သော် စိတ်ဝိညာဉ်နယ်မြေတွင် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ကျင့်ကြံပြီးနောက် ဘာဆက်ဖြစ်မည်နည်း....

အရာအားလုံး ပျောက်ကွယ်သွားလေပြီ။ ကောင်းကင်တာအို၏ လမ်းကြောင်းသည် အဆုံးသတ်သို့ ရောက်ရှိသွားလေပြီ။

ထိုအခြေအနေက ဤမဟာအင်မော်တယ်ဧကရာဇ် များကို အလွန်ပျင်းရိစေသဖြင့် အမြင့်မားဆုံး ကောင်းကင်သို့ လာရောက်ကာ အချင်းချင်း တိုက်ခိုက်နေကြခြင်းပင်။

လုရန်က စဉ်းစားတွေးတောလိုက်သည်။

"ငါ့ရဲ့ဇနီးကို အရင် ရှာရမယ်"

ပျင်းစရာကောင်းသော မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်လာပြီးနောက် သူ့ထံ၌ ကြိုးစားအားထုတ်စရာ ဘာမှမရှိတော့ချေ။ သို့ရာတွင် သူ၏ဇနီးကို ရှာတွေ့ပါက ကျန်ရှိသော နှစ်ပေါင်း သောင်းနှင့်ချီသော အချိန်များတွင် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်းနှင့် စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်ကိုးခု တစ်လျှောက် ခရီးသွားခြင်းသည် အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်နေဆဲပင်။

လုရန်ထံတွင် လုပ်စရာမရှိသဖြင့် တက်ရောက်စာရင်းသွင်းခြင်း အမြင့်ဆုံးရမှတ်မှ ဆုလာဘ်ကို ထုတ်ယူလိုက်သည်။

ထိုအရာမှာ ယပ်တောင်တစ်ချောင်းဖြစ်ပြီး တောင်တန်းမြစ်ဝှမ်း ယပ်တောင်ပင်။

ထိုအချက်က လင်းဝူယွဲ့၏ လက်ထဲရှိ ယပ်တောင်ကို လုရန်အား ချက်ချင်း သတိရသွားစေသည်။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်က ထိုပစ္စည်းကို အမြဲတစေ လက်ထဲတွင် ကိုင်ထားသဖြင့် ဤသည်က ထူးခြားသော မှော်ရတနာ တစ်ခု ဖြစ်နိုင်ပေ၏။ တောင်တန်းမြစ်ဝှမ်း ယပ်တောင်နှင့် နှိုင်းယှဉ်လျှင် မည်သည့်အရာက ပို၍အစွမ်းထက်မည်ကို သူ တွေးမိသည်။

တောင်တန်းမြစ်ဝှမ်း ယပ်တောင်ကို ဖွင့်လိုက်သောအခါ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက သူ့ဆီသို့ ပြေးဝင်လာတော့သည်။

တောင်တန်းမြစ်ဝှမ်း ယပ်တောင်ပေါ်တွင် တောင်များ၊ မြစ်များ၊ ရေကန်များနှင့် ပင်လယ်များကို သက်ဝင်လှုပ်ရှားစွာ ပုံဖော်ထားသဖြင့် ယပ်တောင်အတွင်း၌ ကမ္ဘာငယ်လေး တစ်ခု အမှန်တကယ် ရှိနေသည့်အလားပင်။

လုရန်သည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုအရာအပေါ် စစ်ဆေးလိုက်ရာ သူ အံ့အားသင့်စွာဖြင့် ကမ္ဘာငယ်လေးတစ်ခု အမှန်တကယ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဤတောင်တန်းမြစ်ဝှမ်း ယပ်တောင်အတွင်း၌ ကမ္ဘာငယ်လေး တစ်ခု ဖွဲ့စည်းထားပြီး ဧရိယာမှာ လုံးဝမသေးငယ်ချေ။

လုရန် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ ထိုအတိုင်းအတာသည် ရှပြည်နယ်ခန့်နီးပါး ကြီးမားကြောင်း မြင်တွေ့မိလေ၏။

လုရန်၏ လက်ထဲရှိ တောင်တန်းမြစ်ဝှမ်း ယပ်တောင်အတွင်းရှိ ကမ္ဘာသည် စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်ကိုးခုအနက် တစ်ခုဖြစ်သော ရှပြည်နယ်ခန့် ကြီးမားသည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာပင်။

လုရန်က စဉ်းစားလိုက်သည်။

"ဒီလိုကြည့်ရင် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ထက်တောင် ပိုပြီးသင့်တော်သေးတယ်"

ရှပြည်နယ်မှ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို ဆင့်ခေါ်ရန် သူ မကြိုးစားရသေးချေ။

အကယ်၍ သူသာ ထိုစံအိမ်ကို ဆင့်ခေါ်နိုင်ပါက ယခုအချိန်တွင် အပြာရောင်ဂိုဏ်း တပည့်အများအပြားကို ဤနေရာတွင် စုရုံးနိုင်ပေမည်။

အချိန်တန်လျှင် သူတို့ အားလုံးသည် တောင်တန်းမြစ်ဝှမ်း ယပ်တောင် အတွင်းသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နိုင်ပြီး ထိုယပ်တောင်ကို ဂိုဏ်း၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်သည်။ ထိုနေရာမှာ ဘေးကင်းကာ ဖုံးကွယ်ထားနိုင်ပြီး များစွာပို၍ကြီးမားကျယ်ပြန့်သော နယ်မြေအတိုင်းအတာ ရှိသည်။

တခြားလုပ်ဆောင်ချက်များနှင့် ပတ်သက်၍မူ ထိုယပ်တောင်သည် တိုက်ခိုက်ရန်အတွက်ပင်။ ထိုအရာအတွင်းရှိ တောင်များ၊ မြစ်များ၊ ရေကန်များနှင့် ပင်လယ်များကို တိုက်ခိုက်ရေး နည်းလမ်းများအဖြစ် အသုံးပြုနိုင်သည်။ သို့သော် ယခုအချိန်၌ လုရန်တွင် တိုက်ခိုက်ရေး နည်းလမ်းများ မလိုအပ်သဖြင့် ထိုအရာကို သူ အလေးအနက် မထားခဲ့ပေ။

ရက်အနည်းငယ်အကြာ၌ နံနက်စောစောတွင်...

ကောင်းကင်စံအိမ်သည် ယောင်ချီကို စစ်ဆင်ရန်အတွက် ထွက်ခွာရန် ပြင်ဆင်နေပြီး လူစုရုံးနေကြောင်း လုရန် သတိပေးချက် ရရှိခဲ့သည်။

အတွေးတစ်ချက်ဖြင့် လုရန်သည် တောင်တန်းမြစ်ဝှမ်း ယပ်တောင်ကို ထုတ်ယူကာ လင်းပေါင်အာနှင့်တခြားသူများကို အတွင်းတွင် ထားရှိခဲ့ပြီး သူ တစ်ယောက်တည်း စုဝေးရာသို့ သွားခဲ့သည်။

သူ စိတ်မလှုပ်ရှားဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုရန်သည် ကောင်းကောင်း မစားနိုင် မအိပ်နိုင်ဖြစ်ခဲ့ပြီး ကောင်းကင်စံအိမ်မှ ထွက်ခွာကာ သူ၏ဇနီးကို ရှာဖွေရန်အတွက် ယောင်ချီသို့ တိုက်ရိုက်သွားချင်စိတ်ပင် ပေါက်ဖွားလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤအတွေးသည် သူ၏ စိတ်ထဲတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်း ကြာမြင့်နေခဲ့လေပြီ။

သို့သော် သူ လမ်းမသိသလို ကောင်းကင်စံအိမ်ကလည်း ယောင်ချီကို စစ်ဆင်တော့မည်ဖြစ်သဖြင့် သူသည် ထိုကိစ္စကို သည်းခံကာ ဤကောင်းကင်စံအိမ် တွင် မည်သည့် စွမ်းဆောင်ရည်များ ရှိသည်အား ကြည့်ရန် လိုက်ပါသွားခဲ့သည်။

လုရန်က တီးတိုးရေရွတ်လိုက်၏။

"ဇနီးလေး... ငါ လာနေပြီ..."

All Chapters