အခန်း ၁၇၁
Vol. 12 Ch. 171
အခန်း ၁၇၁ - ရှင်းပြ၍မရသော ပျောက်ဆုံးမှု
"ညစောင့်က နောက်တစ်ယောက်လား။"
လီချင်းမင်အသံမှာ အိပ်ရာကနိုးလာရသည့်အတွက် စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေပြီး အသံမှာလည်း တောက်ရှနေသည်။
"မင်းတို့ ကျွန်တွေအားလုံးက အကုန်လုံး မသင်္ကာစိတ်တွေများနေကြတာလား။"
ကိုယ်ပွားသည် သူ့စကားကို ဂရုမစိုက်ဘဲ အကျဉ်းခန်းပတ်ဝန်းကျင်ကို ခဏတာ သေချာစွာ စစ်ဆေးလိုက်သည်။
ထောင့်စေ့အောင် ကြည့်ရှုစစ်ဆေးသော်လည်း ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။
"ငါများ အလွန်အကျွံ တွေးနေမိတာလား။"
ဘာမျှမတွေ့ရသဖြင့် ကိုယ်ပွားသည် ပြန်ထိုင်နေလိုက်သည်။
လီချင်းမင်သည် စိတ်မကျေမနပ်ဖြစ်ကာ တစ်စုံတစ်ခုကို ရေရွတ်ရင်း ဘက်ပြောင်းလှည့်ကာ ပြန်အိပ်ပျော်သွားသည်။
အချိန်များမှာ တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။
ထို့နောက် ဘာမျှဖြစ်ပျက်လာပုံမရပေ။
ည ၁ နာရီမှ ၃ နာရီ၏ လေးပုံသုံးပုံခန့်ရောက်သည်အထိ အခြေအနေမှာ ထိုအတိုင်းပင်။
ကိုယ်ပွားသည် အကျဉ်းခန်းတံခါးကို ထပ်မံတွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်
စစ်ဆေးသည်။
လီချင်းမင်အနားသို့ ရောက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကိုယ်ပွား ရိပ်မိလိုက်သည်။
လီချင်းမင်မှာ ဟောက်သံတသွင်သွင်နှင့် အိပ်ပျော်နေသော်လည်း အလွန်ထူးဆန်းနေသည်။
သူ၏ အသက်ရှူနှုန်းမှာ အလွန်ပင် ညီညာလွန်းနေပြီး ပို၍ပြောရလျှင် စက်ရုပ်ဆန်နေသည်။
မှတ်တမ်းတင်ထားသော အသံကို ဖွင့်ထားသကဲ့သို့ပင်။
ကိုယ်ပွားသည် လီချင်းမင်၏ ပခုံးကို ဆွဲကိုင်ကာ လှည့်ကြည့်လိုက်သည်။
သို့သော် ထိုသူမှာ လီချင်းမင် လုံးဝမဟုတ်ပေ။
သူ့မျက်နှာမှာ ကောက်ရိုးများဖြင့် ဖုံးလွှမ်းနေပြီး တကယ်တမ်းမှာတော့ ၎င်းမှာ ကောက်ရိုးရုပ်တစ်ခုသာ ဖြစ်နေသည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ကိုယ်ပွားသည် အနည်းငယ် ပြုံးလိုက်မိသည်။
တစ်စုံတစ်ခုသော ဆန်းသစ်မှုကို ခံစားလိုက်ရသည်။
ပြောရမည်ဆိုလျှင် ကမ္ဘာပေါ်ရှိ မှော်အတတ်ပညာများသည် အမြဲတစေ ပြောင်းလဲနေပြီး အံ့ဩဖွယ်ရာများဖြင့် ပြည့်နှက်နေကာ ကာကွယ်ရန်ပင် မဖြစ်နိုင်လောက်အောင်ပင်
သူသည် အလွန်သတိဝီရိယရှိနေခဲ့ပြီး ဖြစ်သည်။
ထို့အပြင် လီချင်းမင်ကို ကယ်တင်ရန် တစ်စုံတစ်ယောက် ရောက်လာနိုင်သည်ကိုလည်း ကြိုတင်မျှော်လင့်ထားခဲ့သည်။
သို့သော်လည်း သူသည် ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရပြီး သူ၏မျက်စိရှေ့တွင်ပင် တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ဝင်
ရောက်လာကာ လီချင်းမင်ကို ခိုးထုတ်သွားနိုင်ခဲ့သည်။
ကိုယ်ပွားသည် အိတ်ကပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်ကာ လက်ဖြင့် အချက်ပေးလိုက်သည်။
ထိုအဆောင်မှာ လေမတိုက်ဘဲ သူ့အလိုလို ရွေ့လျားသွားပြီး စက္ကူကြိုးကြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
"သွား”
ကိုယ်ပွားသည် စက္ကူငှက်ထဲသို့ အသက်စွမ်းအင်အနည်းငယ်ကို မှုတ်သွင်းလိုက်သည်။
စက္ကူငှက်သည် လေထဲသို့ ပျံတက်သွားပြီး လီချင်းမင်အိပ်စက်ခဲ့သည့် အိပ်ရာအပေါ် တစ်ပတ်ပတ်ပျံကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ထွက်သွားသည်။
၎င်းမှာ ရွှမ်ယွင်ဂိုဏ်း၏ စက္ကူကြိုးကြာခြေရာခံအတတ်ပင်ဖြစ်သည်။
စက္ကူငှက်မှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသော်လည်း ဤအတတ်ပညာမှာ ထိုမျှလောက် ရိုးရှင်းသည်မဟုတ်ပေ။
သတ်မှတ်ထားသော အကွာအဝေးအတွင်း ရှိနေသရွေ့ စက္ကူငှက် ပျံသန်းသွားသည့် ဦးတည်ရာကို သိရှိနိုင်သည်။
တွန့်ဆုတ်မနေဘဲ ကိုယ်ပွားသည် အကျဉ်းထောင်ထဲမှ ချက်ချင်း ပြေးထွက်လိုက်သည်။
တစ်ချိန်တည်းမှာပင်။
အခြားသော ကိုယ်ပွားအဖွဲ့ဝင်များသည်လည်း သတင်းကို ချက်ချင်းသိရှိသွားကြပြီး လှုပ်ရှားမှုများ စတင်ကြသည်။
ယခင်က တိတ်ဆိတ်နေသော ချင်းဟယ်ခရိုင်မှာ တိမ်နီတပ်ဖွဲ့ အင်အားစုများ စုရုံးရောက်ရှိလာခြင်းကြောင့် ဆူညံသွားတော့သည်။
အမှန်အတိုင်းပြောရလျှင် လီချင်းမင်ပျောက်ဆုံးသွားသည့်အတွက် ကျောက်ဖေးမှာ အလွန်အမင်း စိတ်ပျက်မနေပေ။
သူ့မျက်စိတွင် လီချင်းမင်ဆိုသည်မှာ အသုံးမလိုတော့သည့် အမှိုက်တစ်ခုကို အသုံးပြုရုံမျှသာ ဖြစ်သည်။
ရှာမတွေ့လျှင်လည်း သူ့အတွက် နစ်နာမှုကြီးကြီးမားမား မရှိပေ။
ဟုတ်ပါတယ်၊ ရှာတွေ့နိုင်လျှင်တော့ ပိုကောင်း၏
အကယ်၍ သူကိုယ်တိုင်က လီချင်းမင်ကို လွှတ်ပေးလိုက်မည်ဆိုပါက သူကတိဖျက်သည်ဟု ယူဆမည်မဟုတ်ပေ။
မိနစ်ဆယ်ကျော်ခန့် အချိန်ကို ပြန်လှည့်ကြည့်ရလျှင်
ထိုအချိန်တွင် အကျဉ်းထောင်နှင့် မီတာအနည်းငယ်သာ ဝေးကွာသည့် အိမ်တစ်လုံးအတွင်း၊ မှိန်ဖျော့နေသော ဖယောင်းတိုင်မီးသည် တုန်ခါနေပြီး အိမ်ထဲရှိ လူနှစ်ဦး၏ အရိပ်များကို ပုံစံအမျိုးမျိုး ဖြစ်ပေါ်စေသည်။
"ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ အကိုကျူ။ အစ်ကိုသာ မကူညီရင် ကျွန်တော် ဒီမကောင်းဆိုးဝါး တိမ်နီဓားပြတွေလက်ထဲမှာ တကယ်ပဲ အဆုံးသတ်သွားမှာ။"
လီချင်းမင်က ကျေးဇူးတင်စကားများကို ပြောကြားလိုက်သည်။
သူ၏ အကျဉ်းသားဝတ်စုံကို လဲလှယ်လိုက်ပြီဖြစ်ပြီး ကြမ်းတမ်းသော လျှော်ထည်အင်္ကျီကို ဝတ်ဆင်ထားသည်။
သို့သော် သူ၏ လက်ကောက်ဝတ်တွင်မူ သံကြိုးကြောင့် ဖြစ်ပေါ်လာသည့် အနီစက်များမှာ ကျန်ရှိနေသေးသည်။
သူ၏မျက်နှာချင်းဆိုင်တွင် ကျူစုန်ယွင်ဟုခေါ်သော အသက်အလယ်အလတ်အရွယ် လူတစ်ယောက် ထိုင်နေသည်။
သူသည် ဝါးလုံးကဲ့သို့ အရပ်ရှည်ပြီး ပိန်ပါးကာ ပါးရိုးများမှာ တောင်ကုန်းငယ်နှစ်ခုကဲ့သို့ ဖောင်းကြွနေသဖြင့် သူ၏မျက်နှာမှာ အလွန်ပင် တင်းမာလှသည်။
ဆံပင်ကို ရိုးရိုးရှင်းရှင်း ထုံးထားပြီး ဆံပင်အချို့မှာ ပါးပြင်ဘေးသို့ ကျနေသဖြင့် သူ၏ ယဉ်ကျေးမှုကင်းမဲ့သည့်ပုံစံကို ပို၍ ထင်ရှားစေသည်။
"အဲဒီအပိုစကားတွေ ရပ်လိုက်စမ်းပါ။ မင်းကို ကယ်ဖို့ ငါ အခက်အခဲတွေ အများကြီး ကျော်ဖြတ်လာခဲ့တာက မင်းရဲ့ ကျေးဇူးတင်စကားတွေကို ကြားချင်လို့ မဟုတ်ဘူး။"
ကျူစုန်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လီချင်းမင်ကို စိတ်ပျက်လက်ပျက်
ဖြင့် ကြည့်လိုက်သည်။
လီချင်းမင်းမှာ ကိုယ်ခံပညာလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ အခြားတစ်ဖက်မှ လူက ဘာကိုဆိုလိုသည်ကို သူ မသိဘဲနေမည်လော။
သူသည် မိမိကိုယ်ကို သက်ပြင်းချလိုက်ပြီး၊ ဤဒုက္ခမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိလိုက်ရသည်။
သူသည် မိမိ၏ ရင်နာမှုကို အတင်းဖိနှိပ်ကာ အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီး၍ အမြန်ပင် ပြောလိုက်သည် - "ညီလေး နားလည်ပါတယ်။ ကျွန်တော့်မှာ ဝိညာဉ်ရေးရာပစ္စည်းလေး နည်းနည်းပါးပါး ကျန်ပါသေးတယ်။ အိမ်ပြန်ပြီး သွားယူလိုက်ပါမယ်၊ ပြီးရင် အစ်ကိုကြီးဆီ ယူလာပေးပါ့မယ်။"
"ဝိညာဉ်ရေးရာပစ္စည်း နည်းနည်းပါးပါး ဟုတ်လား?" ကျူစုန်ယွင်မှာ ထိုမျှနှင့် လှည့်စား၍ ရမည့်သူ မဟုတ်ပေ။
သူသည် မျက်နှာကို တင်းထားကာ အဖြေရရန် ဆက်လက်ဖိအားပေးလိုက်သည်။
လီချင်းမင်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် အခြေအနေကို အတင်းရင်ဆိုင်ရတော့မည်ဟု သိလိုက်သဖြင့် - "ကျွန်တော့်လက်ထဲမှာ ဝိညာဉ်ရေးရာပစ္စည်း နှစ်ခုပဲ ကျန်ပါတော့တယ်။ တစ်ခုက နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ လင်ယွဲ့ဟွာပန်းပွင့်၊ နောက်တစ်ခုက မိုးကြိုးသဲ ငါးကျပ်သားပါ..." ဟု ပြောလိုက်သည်။
ကျူစုန်ယွင်က မဲ့ပြုံးပြုံးကာ - "ပစ္စည်းနှစ်ခုတည်းလား? ညီလေးလီရဲ့ တန်ဖိုးက ဒီလောက်ပဲလား? ဒါမှမဟုတ် အစ်ကိုကြီးကို သူတောင်းစားတစ်ယောက်လို သဘောထားပြီး လှည့်စားဖို့ ကြိုးစားနေတာလား?" ဟု မေးသည်။
စကားပြောရင်းပင် သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ တဒုန်းဒုန်းမြည်အောင် ချလိုက်သည်။
လီချင်းမင်မှာ တုန်ရီသွားပြီး နဖူးပေါ်တွင် ချွေးစက်လေးများ ပြိုကျလာသည်။
သူသည် ဤအစ်ကိုကြီး၏ သဘောသဘာဝကို ကောင်းကောင်းသိသည်။
ဂိုဏ်းတွင်ရှိစဉ်ကပင် ကျူစုန်ယွင်မှာ သူ့၏ လောဘကြီးမှုကြောင့် တပည့်အချင်းချင်းကြားတွင် "ကျူလောဘသမား “ဟု နာမည်ကြီးသည်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ့ကို လာကယ်သူမှာ ကျူစုန်ယွင် ဖြစ်နေသည်။
သူ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။
ခဏတာ တွန့်ဆုတ်နေပြီးနောက် လီချင်းမင်မှာ သွားကိုကြိတ်ကာ - "အမှန်အတိုင်းပြောရရင် အစ်ကိုကြီးရေ၊ ကျွန်တော့်မှာ မီးတောက်မြေဆီလွှာကျောက်တုံး တစ်တုံး ကျန်ပါသေးတယ်။ အဲဒါကို နောင်တစ်ချိန် မီးတောက် ခြေလှမ်းကို ကျင့်ကြံတဲ့အခါ သုံးဖို့ စိတ်ကူးထားတာပါ။ အဲဒါကိုလည်း အစ်ကိုကြီးဆီ ပို့ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တာဆိုတော့ ဒီပစ္စည်းလေးက ဘာမှမဟုတ်ပါဘူး။”
“ ဒါပေမဲ့ ညီလေးအနေနဲ့ တကယ်ပဲ နောက်ထပ် ဘာမှမရှိတော့ပါဘူး။ အစ်ကိုကြီး ဘယ်လောက်ပဲ ထပ်တောင်းတောင်း ကျွန်တော် မပေးနိုင်တော့ပါဘူး။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အစ်ကိုကြီး” ဟု ပြောလိုက်ရသည်။
လီချင်းမင်မှာ မတတ်နိုင်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ တောင်းပန်သည့်မျက်လုံးများဖြင့် ကြည့်နေသည်။
သို့သော် ကျူစုန်ယွင်မှာ သူ့ကို အလွတ်မပေးဘဲ - "ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့။ မင်း မကြာသေးခင်က စုန်ဖျင်ခရိုင်မှာ အမြတ်အများကြီး ရခဲ့တယ်လို့ ငါကြားထားတယ်။ ဘယ်လိုလုပ် ဝိညာဉ်ရေးရာပစ္စည်း သုံးခုပဲ ရှိရမှာလဲ?" ဟု မဲ့ပြုံးပြုံးကာ မေးသည်။
လီချင်းမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မသိစိတ်အရ ရှင်းပြလိုသွားသည် - "အစ်ကိုကြီး ဒီသတင်းကို ဘယ်ကကြားလာတာလဲ? နောက်ဆုံးတစ်ခါ ကျွန်တော် အဲ့ခရိုင်မှာ နတ်ဆိုးနှိမ်နင်းရေးဌာနလူတွေနဲ့ တွေ့တုန်းကဆိုရင် သေကံမရောက် သက်သာရာရပြီး အနိုင်နိုင် လွတ်လာခဲ့ရတာပါ။ ကျွန်တော်က ဘာအကျိုးအမြတ်မှ ရဖို့ စိတ်ကူးတောင် မရှိတော့ပါဘူး..."
ကျူစုန်ယွင်မှာ သူ၏ ညည်းညူသံများကို နားထောင်ရန် အချိန်မရှိပေ။ သူက အေးစက်စွာဖြင့် ဖြတ်ပြောလိုက်သည် - "ညီလေးရေ၊ အစ်ကိုကြီး မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး။ ဝိညာဉ်ရေးရာပစ္စည်း ငါးခုထဲမှာ ခုနကပြောတဲ့ သုံးခုအပြင် နောက်ထပ် နှစ်ခု ထပ်ထည့်ပေးပါ။"
"အစ်ကိုကြီး၊ ကျွန်တော်က..." လီချင်းမင် မျက်နှာမှာ ပျက်ယွင်းသွားသည်။
သူသည် အတွင်းစိတ်ထဲတွင် အော်ဟစ်ငိုကြွေးနေမိသည်။
ဤဝိညာဉ်ရေးရာပစ္စည်း ငါးခုမှာ သူ၏ ပိုင်ဆိုင်မှုအားလုံးနီးပါးဖြစ်ပြီး ယခု သူလက်လွှတ်ရတော့မည် ဖြစ်သည်။ သူ့ရင်ထဲတွင် အလွန်နာကျင်နေရသည်။
"မင်း အကြောင်းပြချက်တွေ ဆက်ပေးနေဦးမယ်ဆိုရင်တော့ မင်းက ကျေးဇူးကန်းရာရောက်မယ်၊ အဲဒီအခါ ငါ့ကို အပြစ်မတင်နဲ့တော့”
ကျူစုန်ယွင်၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားပြီး - "တကယ်လို့ မင်းမှာ တကယ်မရှိရင်လည်း ချေးမလာနိုင်ဘူးလား? လုယူမလာနိုင်ဘူးလား? ခိုးမလာနိုင်ဘူးလား? ဒီလိုရှုပ်ထွေးတဲ့ခေတ်ကာလမှာ ဝိညာဉ်ရေးရာပစ္စည်း နှစ်ခုလောက်က အရေးကြီးတဲ့ ကိစ္စလား?" ဟု ပြောသည်။
လီချင်းမင် မျက်နှာမှာ အလွန်ပင် မကောင်းတော့ဘဲ စိတ်ထဲတွင်လည်း အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။
သို့သော် နောက်ဆုံးတွင် သူသည် ခေါင်းသာ ငြိမ့်လိုက်နိုင်သည် - "အစ်ကိုကြီး ပြောတဲ့အတိုင်း ကျွန်တော် လိုက်နာပါ့မယ်။ ဒါပေမဲ့ ညီလေးအတွက် အဲဒီပစ္စည်းတွေကို စုဆောင်းဖို့ အချိန်လိုပါသေးတယ်။ လာမယ့်နှစ် နွေဦးမတိုင်ခင်မှာ ဝိညာဉ်ရေးရာပစ္စည်း ငါးခုကို အစ်ကိုကြီးလက်ဝယ် အရောက်ပို့ပေးပါ့မယ်။"
ထိုစကားကို ကြားသောအခါ ကျူစုန်ယွင်၏ အမူအရာမှာ ပျော့ပြောင်းသွားသည်။
သူသည် လက်ကိုမြှောက်ကာ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး - "အစ်ကိုကြီးက မင်းကို အတင်းဖိအားပေးနေတာ မဟုတ်ပါဘူး။ ဒီတစ်ခါ မင်းကို ဓားပြတွေ ဖမ်းမိသွားတဲ့အခါ မင်းအတွက် အကြီးအကဲဝမ်က စကားပြောပေးထားရတာ။ အချိန်တန်ရင် အဲဒီ ဝိညာဉ်ရေးရာပစ္စည်း ငါးခုနဲ့ အကြီးအကဲဝမ်ကို လာဘ်ထိုးပေးရမှာ။" ဟု နူးညံ့စွာ ပြောသည်။
"ညီလေး နားလည်ပါတယ်။ ညီလေးက ဘယ်လိုလုပ် အစ်ကိုကြီးကို အပြစ်တင်ရက်ပါ့မလား။ အစ်ကိုကြီးကို ကျေးဇူးတင်နေတာပါ"
လီချင်းမင်သည် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးကာ ခေါင်းငြိမ့်ပြလိုက်သော်လည်း သူ၏စိတ်ထဲတွင်တော့ ကျူစုန်ယွင်ကို ကျိန်ဆဲနေမိသည်။
နှစ်ယောက်သား အချိန်အတော်ကြာ စကားပြောပြီးနောက် အခန်းတွင်းရှိ လေထုမှာ အနည်းငယ် ပြေလျော့သွားသည်။
ကျူစုန်ယွင်သည် လီချင်းမင် တိမ်နီတပ်ဖွဲ့လက်ထဲသို့ မည်သို့ ကျရောက်ခဲ့သည်ကို အသေးစိတ် မေးမြန်းတော့သည်။
လီချင်းမင်သည် ရှင်းပြချက်တစ်ခု ပေးခဲ့သော်လည်း သူ၏ အိပ်မက်နှိမ်နင်းရေးအတတ်အကြောင်းကိုတော့ အခြားသူများက မေးမြန်းခဲ့ကြောင်း ထည့်မပြောရဲပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဂိုဏ်း၏ မှော်အတတ်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားသွားပါက ပြဿနာတက်နိုင်ကာ သူကိုယ်တိုင်လည်း နောက်ထပ် ပြဿနာများကို ထပ်မံဆွဲခေါ်လိုခြင်း မရှိသောကြောင့်ပင်။