← Chapters

အခန်း ၁၇၇

Vol. 12 Ch. 177

အခန်း ၁၇၇

Vol. 12 Ch. 177

အခန်း ၁၇၇ - ပြန်လည်လွတ်မြောက်ခြင်း

ကျူစုန်ယွင်တစ်ယောက် တုန်လှုပ်ချောက်ချားသွားရသည်။

တစ်ဖက်လူမှာ ပြန်လည်အသက်ဝင်လာလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။

အမှန်တကယ်ဆိုလျှင် ၎င်းမှာ ကင်ထားသည့် အသားတုံးတစ်တုံးသာ ဖြစ်သည်။

ထိတ်လန့်သွားသည့်အလျောက် သူကျန်ရှိနေသော မှော်စွမ်းအားအားလုံးကို စုစည်းပြီး အဆိုပါ ပြန်လည်အသက်ဝင်လာသည့် ရုပ်အလောင်းကို မီးအကြီးအကျယ်လောင်ကျွမ်းစေရန် အသုံးပြုလိုက်သည်။

ထိုလူမှာ မည်သို့မျှ တုံ့ပြန်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိဘဲ မီးတောက်များဖြင့် သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသည်။

မီးတောက်များကြားတွင် တစ်ဖက်လူ၏ အသားနှင့် အရိုးများ ပေါက်ကွဲထွက်နေသည့် အသံကိုပင် ကျူစုန်ယွင် ကြားနေရသည်။

သို့သော်လည်း ထိုလူမှာ နာကျင်ပုံမရဘဲ သူ့ကို ကြည့်၍ ပြုံးပြလျက် “ ကျူစုန်ယွင်... ငါ မင်းကို နောက်ဆုံးတော့ ဖမ်းမိပြီ”

ဟု ဆိုလိုက်သည်။

ကျူစုန်ယွင်မှာ ကြောက်လန့်လွန်းသဖြင့် အသိစိတ်လွတ်မတတ် ဖြစ်သွားရသည်။

ဒါ... ဒါက လူပဲလား?

သူ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်သော်လည်း ကိုယ်ပွါးက သူ့ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး လက်မလွှတ်ပေ။

ထိုအချိန်တွင် ပတ်ပတ်လည်၌ ပုန်းနေသည့် ကျန်ရှိသော ကိုယ်ပွါးများမှာလည်း တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြသည်။

ရန်သူအရေအတွက် တိုးပွားလာသည်ကို မြင်လိုက်ရသည့်အခါ သူသည် မျက်စိတစ်မှိတ်အတွင်း လူဆယ်ဂဏန်းဖြင့် ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

ကျူစုန်ယွင်၏ မျက်ဝန်းတို့တွင် စိတ်ပျက်

အားငယ်မှုတို့ လွှမ်းခြုံသွားတော့သည်။

"စိတ်မပူပါနဲ့၊ မင်းက အေးအေးဆေးဆေး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မင်းရဲ့ အသက်ကို မထိခိုက်စေပါဘူး”

ကိုယ်ပွါးတစ်ဦးက ဖရဲသီးကို ရိုက်ချလိုက်သကဲ့သို့ ကျူစုန်ယွင်၏ ဦးခေါင်းကို ရိုက်ချလိုက်ရာ သူ မြေပြင်ပေါ်သို့ ပြိုလဲသွားရသည်။

ကျူစုန်ယွင်မှာ မျက်နှာတွင် သွေးရောင်မရှိတော့ဘဲ နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိသည်။

...

လီချင်းမင်တစ်ယောက် အကျဉ်းခန်းထဲတွင် စိတ်ဓာတ်ကျစွာ ထိုင်နေသည်။

သူ ပြန်လည်အဖမ်းခံရပြီးနောက် နှစ်နာရီခန့် ရှိနေပြီဖြစ်သည်။

ထိုနှစ်နာရီအတွင်းတွင် သူ အရာရာကို တွေးတောနေမိသည်။

သူသာ ကိုယ့်ကိုကိုယ် စွန့်လွှတ်လိုက်မည်ဆိုပါက ကျူစုန်ယွင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်မည်မှာ သေချာသည်။

သို့သော် ဤတစ်ကြိမ် ကျရှုံးပြီးနောက် နတ်ဆိုးတစ်သောင်းဂိုဏ်းအနေဖြင့် သူတို့ကို လာရောက်ကယ်တင်ရန် နောက်ထပ် အချိန်မည်မျှ ကြာဦးမည်နည်း။

အမှန်တကယ်ဆိုလျှင် သူသည် နတ်ဆိုးဂိုဏ်းတွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးမှ မဟုတ်ခဲ့ပေ။

တိမ်နီဓားပြများ လက်ချက်ဖြင့် အသတ်မခံရမီ သူတို့ကို လာရောက်ကယ်တင်နိုင်ပါ့မလား မသေချာပေ။

လီချင်းမင်သည် ရက်စက်ကြမ်းကြုတ်သည့် သူပုန်တပ်ဖွဲ့များစွာကို မြင်ဖူးထားသည်။

တိမ်နီတပ်ဖွဲ့က သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။

ထိုသို့ဖြစ်မည့်အစား တိမ်နီဓားပြများထံတွင် အမှုထမ်းရန် လျှောက်ထားလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

အနည်းဆုံးတော့ သူ၌ အတတ်ပညာအချို့ ရှိနေသေးသည်။

စင်စစ်အားဖြင့် တိမ်နီတပ်ဖွဲ့သို့ ဝင်ရောက်ခြင်းမှာ ဂိုဏ်းကို သစ္စာဖောက်ခြင်းဟု သတ်မှတ်၍မရနိုင်ပေ။

ယနေ့ခေတ်တွင် နတ်ဆိုးဂိုဏ်းဝင် အများအပြားပင် အင်အားစုအသီးသီးကို ထောက်ခံအားပေးနေကြပြီဖြစ်သည်။

ဥပမာအားဖြင့် သူ၏ ဂိုဏ်းတူညီအစ်ကိုများစွာသည်ပင် ခေါင်းဝါတပ်ဖွဲ့တွင် ရှိနေကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာလည်း ထင်ရှားသည်။

လူသားတို့၏ အင်အားကို အသုံးပြု၍ မိမိတို့အတွက် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို လုယက်ရန်ပင် ဖြစ်သည်။

အမြဲတမ်းတော့လည်း ထိုသို့မဟုတ်ပေ။

လီချင်းမင်ကဲ့သို့ပင် လှည့်ဖြားခြင်း၊ အလိမ်အညာ၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းတို့ ပြုလုပ်ကာ မည်သည့်အင်အားစုကိုမျှ တည်တည်တံ့တံ့ အမှုမထမ်းသည့် ကျင့်ကြံသူများလည်း ရှိကြသည်။

ပို၍ဆိုးသည်မှာ နတ်ဆိုးလမ်းစဉ်များတင်မကဘဲ ဖြောင့်မတ်သော ဂိုဏ်းအချို့ပင်လျှင် ဤရှုပ်ထွေးလှသည့် ကမ္ဘာလောကကြီးတွင် အခွင့်အရေးရရန် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။

သာမန်လူသားများအတွက်တော့ ဤရှုပ်ထွေးလှသည့် ခေတ်ကာလသည် အလွန်ရက်စက်ကြမ်းကြုတ်သည့် ခေတ်တစ်ခု ဖြစ်သည်။

သို့သော် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်မူ ၎င်းသည် မိမိတို့၏ အကျိုးစီးပွားအတွက် ရမ်းကားစွာ လုပ်ဆောင်နိုင်မည့် အကောင်းဆုံးခေတ်တစ်ခုပင် ဖြစ်သည်။

ငြိမ်းချမ်းသာယာသည့်ခေတ်တွင် နန်းတော်သည် အာဏာကြီးမားပြီး ကမ္ဘာ့စည်းစိမ်ဥစ္စာအများစုကို ထိန်းချုပ်ထားသည်။

ထိုစည်းစိမ်ဥစ္စာများသည်လည်း နန်းတော်၏ နောက်ကွယ်ရှိ အင်အားကြီးဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်းများဆီသို့ အဓိက စီးဝင်သွားသည်။

သူတို့ကဲ့သို့ အသေးစားဂိုဏ်းငယ်များမှာမူ ကျန်ရစ်သည့် အရိုးကောက်များကိုသာ ရရှိကြသည်။

လီချင်းမင် တစ်ယောက် တိမ်နီတပ်ဖွဲ့ထဲ ဝင်သင့်မဝင်သင့် တွေဝေနေဆဲတွင် ရုတ်တရက် အကျဉ်းခန်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။

လီချင်းမင်သည် နံရံကိုမှီရင်း ခေါင်းမော့ကြည့်လိုက်သည်။

မကြာမီပင် လမ်းတစ်ဖက်ခြမ်းရှိ ထောင့်ချိုးတစ်ခုမှ လူတစ်စု ထွက်ပေါ်လာတော့သည်။

အထဲမှ လူတစ်စု ထွက်လာသည်တွင် တစ်ဦးမှာ သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခြင်းခံထားရပြီး ဖမ်းဆီးခေါ်ဆောင်လာခြင်း ဖြစ်သည်။

"ကျူ... ကျူအစ်ကို”

လီချင်းမင်သည် မယုံကြည်နိုင်စွာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိသည်။

အချိန်အနည်းငယ်မျှသာ ကြာမြင့်သေးသည်မဟုတ်လော။

အပြင်ဘက်မှာလည်း မိုးမလင်းသေးပေ။

သူ၏အမြင်တွင် ကျူစုန်ယွင်မှာ နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ထိုသို့သော အစ်ကိုကျူသည်တိမ်နီဓားပြများ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။

မြေပြင်ခရီးနှင်ခြင်းနည်းကို အသုံးပြုနိုင်ပြီး မြို့ရိုးများပင် မတားဆီးနိုင်သော ကျူစုန်ယွင်ကဲ့သို့သော သူသည် မည်သို့လုပ်၍ အဖမ်းခံလိုက်ရပါသနည်း။

ဤသည်မှာ သူ လုံးဝလက်မခံနိုင်စရာ ဖြစ်သည်။

မလှမ်းမကမ်းတွင် ကျူစုန်ယွင်က လီချင်းမင်ကို မုန်းတီးသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

မိုက်ရူးရဲကောင်

သူသာ ထိုကောင်ကို လာမကယ်ရင် ထိုအခြေအနေမျိုး ရောက်စရာ အကြောင်းမရှိပေ

ကျိန်ဆဲရန် ပြင်ဆင်နေစဉ်မှာပင် အကျဉ်းခန်းတံခါး ပွင့်လာသည်။

အကျဉ်းထိန်းအဖြစ် လုပ်ဆောင်နေသော ကိုယ်ပွါးတစ်ခုက ခေါင်းပြူဝင်လာပြီး အေးစက်စက် လေသံဖြင့် "လီချင်းမင်၊ မင်း လွတ်ပြီ။ ထွက်သွားလို့ရပြီ" ဟု ပြောလိုက်သည်။

"ထွက်... ဘယ်ကိုသွားရမှာလဲ?"

လီချင်းမင် အံ့အားသင့်သွားသည်။

သူ ချက်ချင်းတုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

အကျဉ်းထိန်းကိုယ်ပွါးက "အုပ်ချုပ်ရေးမှူးရဲ့ အမိန့်အရ မင်းကို လွှတ်ပေးလိုက်ပြီ။ မင်းသွားချင်တဲ့နေရာကို သွားလို့ရပြီ" ဟု ပြန်ပြောသည်။

"ဘာ... ငါ... ငါလွတ်ပြီလား? ဒီအတိုင်းပဲ... လွှတ်ပေးလိုက်တာလား?"

မျှော်လင့်မထားသော သတင်းကြောင့် လီချင်းမင်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

တစ်ဖက်လူက သူ့ကို နောက်ပြောင်နေခြင်းလောဟုပင် သူ သံသယဝင်မိသည်။

"ဟုတ်တယ်၊ ငါတို့ အုပ်ချုပ်ရေးမှူးက စကားတည်သူပါ။ လွှတ်ပေးမယ်လို့ ပြောရင် လွှတ်ပေးမှာပဲ၊ မင်းရဲ့ လွတ်လပ်ခွင့်ကို ပေးလိုက်ပြီ”

အကျဉ်းထိန်းကိုယ်ပွါးမှာ စကားများနေရန် အချိန်မရှိချေ။

သူ ခေါင်းညိတ်လိုက်ပြီးနောက် သူ့လူများကို အမိန့်ပေးလိုက်သည်။

လူအုပ်ကြီးသည် ကျူစုန်ယွင်၏ လက်များကို အမြန်ပင် တုပ်နှောင်လိုက်ပြီးနောက် သံကြိုးများဖြင့် တိုင်တွင် ဆွဲချိတ်ထားလိုက်သည်။

ဤသူမှာ နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ သတိထားရမည်

ဖြစ်သည်။

ကျောက်ဖေးသည် ရွှမ်ယွင်ဂိုဏ်း၏ စာကြည့်တိုက်တွင် မြေပြင်ခရီးနှင်ခြင်းနည်းနှင့် ပတ်သက်၍ ဖတ်ရှုမှတ်သားဖူးသဖြင့် အနည်းငယ် နားလည်ထားသည်။

ဤနည်းသည် မြေပြင်ကို အခြေခံပြီး မြေကြီး၏စွမ်းအင်ကို မှီခိုရသည်။

ထို့ကြောင့် ခြေထောက်ကို မြေနှင့်မထိစေဘဲ လေထဲတွင် ဆွဲထားလိုက်ပါက သူလွတ်မြောက်ရန် မလွယ်ကူပေ။

သတိပြန်ဝင်လာသော လီချင်းမင်သည် ကျူစုန်ယွင်ဘက်သို့ လှည့်ကာ "အစ်ကိုကျူ... ကျွန်တော် သွားတော့မယ်၊ မှာစရာရှိသေးလား?" ဟု မေးလိုက်သည်။

အနီးတွင်ရှိနေသော အကျဉ်းထိန်းကိုယ်ပွါးကလည်း သူတို့နှစ်ဦး စကားပြောနေသည်ကို တားမြစ်ခြင်း မပြုပေ။

ကျူစုန်ယွင်က သွားများကိုကြိတ်လျက် "ပြန်သွားပြီး အကြီးအကဲဝမ်ကို လူလွှတ်ပြီး ငါ့ကို အမြန်ဆုံး လာကယ်ခိုင်းလိုက်” ဟု ပြောသည်။

သူသည် လီချင်းမင်ကဲ့သို့ အသုံးမကျသူမျိုးက သူ့ကို လာကယ်လိမ့်မည်ဟု မမျှော်လင့်ပေ။

အမှန်တကယ်တော့ သူ ပြောချင်သည့်စကားအချို့ကို တိမ်နီဓားပြများရှေ့တွင် မပြောနိုင်သဖြင့် နောက်မှသာ ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ"

လီချင်းမင် အမြန်ခေါင်းညိတ်လိုက်သည်။

ထို့နောက် အကျဉ်းထိန်းကိုယ်ပွါးနှင့် တိမ်နီတပ်ဖွဲ့ဝင်များကို အရိုအသေပေးကာ "ကျွန်တော့်အစ်ကိုတော်ကို ကောင်းကောင်း ဆက်ဆံပေးကြပါ၊ အထူးကျေးဇူးတင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

လွတ်မြောက်လာသူတစ်ယောက်အနေဖြင့် ဤစကားသည် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်မှန်း သူသိသော်လည်း ကျူစုန်ယွင်ရှေ့တွင် ပုံစံဖမ်းခြင်းမျှသာ ဖြစ်သည်။

ရင်တထိတ်ထိတ်ဖြင့် လီချင်းမင်သည် အကျဉ်းထောင်တံခါးမှ လမ်းလျှောက်ထွက်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် မည်သူမျှ သူ့ကို တားဆီးခြင်းမပြုပေ။

မကြာမီပင် သူသည် လမ်းမပေါ်သို့ ရောက်ရှိလာပြီး လွတ်လပ်သောလေကို ရှူရှိုက်လိုက်သည်။

သူ၏အိတ်ကပ်ထဲမှ ငွေအနည်းငယ်ကို ထုတ်ကြည့်လိုက်သည်။

တိမ်နီဓားပြများမှာ သူ၏ မှော်ပစ္စည်းများနှင့် ဂါထာစက္ခုများကို သိမ်းယူသွားသော်လည်း ဤငွေအနည်းငယ်ကိုမူ ချန်ထားပေးခဲ့သည်။

သူတို့သည် ဤမျှလောက်အနည်းငယ်သော ငွေကြေးကို ဂရုမစိုက်ခြင်းကြောင့်ဖြစ်ကြောင်း လီချင်းမင် နားလည်လိုက်သည်။

မိုးမလင်းသေးသည့် ကောင်းကင်ကို မော့ကြည့်ပြီးနောက် လီချင်းမင်သည် တည်းခိုခန်းတစ်ခုဆီသို့ ဦးတည် လျှောက်သွားတော့သည်။

မြို့တံခါးများ ပိတ်ထားသဖြင့် သူသည်

ကျူစုန်ယွင်ကဲ့သို့ မြေပြင်ခရီးနှင်ခြင်းနည်းကို အသုံးပြု၍ မြို့ပြင်မထွက်နိုင်ပေ။

ကံကောင်းထောက်မစွာပင် ငွေအနည်းငယ် ကျန်နေသေးသဖြင့် လမ်းဘေးတွင် အိပ်စရာမလိုတော့ပေ။

"မင်းမြင်တဲ့အတိုင်းပဲ၊ မင်းလည်း မင်းရဲ့ညီလိုမျိုး အေးအေးဆေးဆေးပဲ နတ်ဘုရားစွမ်းရည်ကို ပေးအပ်လိုက်မယ်ဆိုရင် မင်းကို လွှတ်ပေးလိုက်မှာပါ"

အကျဉ်းထိန်းကိုယ်ပွါးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူတို့ဘေးတွင်ရှိသော အစောင့်များမှာလည်း ကျောက်ဖေး၏ ကိုယ်ပွါးများပင် ဖြစ်ကြသည်။

နတ်ဘုရားစွမ်းရည်ဆိုင်ရာကိစ္စရပ်များတွင် သာမန်လူများကို ပါဝင်ခွင့်မပြုနိုင်ပေ။

ကျူစုန်ယွင်က ဟက်ခနဲ ရယ်မောလျက် "သူတို့ တကယ်လွှတ်ပေးလိုက်ပြီဆိုတာ ဘယ်သူသိမှာလဲ? သူ အခန်းအပြင်ရောက်တာနဲ့ အသတ်ခံလိုက်ရပြီး အလောင်းတောင် အေးစက်နေလောက်ပြီ" ဟု ဆိုသည်။

သူသည် တိမ်နီဓားပြများက သူတို့ကို ဤမျှလွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည်ဟု လုံးဝမယုံကြည်ပေ။

သူသည် လီချင်းမင်ကဲ့သို့ လူမိုက်မဟုတ်ပေ။

ထို့အပြင် နတ်ဘုရား စွမ်းရည်အစီအရင်များမှာ တန်ဖိုးကြီးလှသည်။

၎င်းတို့မှာ သူ နတ်ဆိုးဂိုဏ်းတွင် အသက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲများစွာဖြင့် သင်ယူခဲ့ရသည့် အခြေခံအုတ်မြစ်များ ဖြစ်သည်။

အပြင်လူတစ်ယောက်ထံသို့ မည်သို့လျှင် အလွယ်တကူ ပေးအပ်နိုင်ပါမည်နည်း။

အကျဉ်းထိန်းကိုယ်ပွါးက ရယ်မောကာ ခေါင်းခါလိုက်ပြီး "မြို့တံခါးတွေ မပွင့်သေးတော့ လီချင်းမင် မြို့ပြင် မရောက်သေးပါဘူး။ မင်း မယုံရင် သူ ပြန်လာအောင် ငါ ခေါ်ခိုင်းပေးနိုင်ပါတယ်" ဟု ပြောသည်။

ကျူစုန်ယွင်မှာမူ နှာခေါင်းရှုံ့လျက်သာ ရှိနေတော့သည်။

All Chapters