← Chapters

စုန့်ဝမ် ပြေးရပြန်ပြီ

Vol. 32 Ch. 327

စုန့်ဝမ် ပြေးရပြန်ပြီ

Vol. 32 Ch. 327

ထိုအချိန်တွင် စုန့်ဝမ်လည်း မိုးကြိုးလှုပ်ရှားမှုနည်းစနစ် အသုံးပြုကာ ချိုင့်ဝှမ်းနှင့် ဝေးရာသို့ ခြေကုန်သုတ် ပြေးနေခဲ့သည်။

သို့သော် ထိုလှုပ်ရှားမှုပုံစံနှင့် အော်ရာကို အလွတ်ရနေသော ရှင်းယီရွှမ်းက မြင်ဖြစ်အောင် မြင်သွားသည်။

“သူခိုး... ထွက်ပြေးဖို့ မကြိုးစားနဲ့”

ရှင်းယီရွှမ်းလည်း ဒီတစ်ကြိမ် အမိဖမ်းမည်ဟု ဆုံးဖြတ်ကာ အတင်းလိုက်လံဖမ်းဆီးတော့သည်။ လိုက်ဖမ်းနေရင်း လှိုင်းတံပိုးအလံကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ရေစီးကြောင်းအချို့ စုန်ဝမ်ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

စုန်ဝမ် ခေါင်းပင်ကိုက်လာတော့သည်။ မည်သို့သော ရေစက်ဆိုးကြောင့်ရယ် မသိ၊ ဤမိန်းမ သူ့ကို ပစ်မှတ်ထားပြန်ချေပြီ။ စုန့်ဝမ် အသက်လုပြေးနေရင်း ကောင်းကင်ထက်မှနေ၍ သွေးရောင်အရာဝတ္ထုတစ်ခု သူ့ရှေ့ဘက် မလှမ်းမကမ်းသို့ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာမှာ သူ ယခင်က ရရှိခဲ့ဖူးသည့် မြင့်မြတ်သွေးတံခါးဂိုဏ်း၏ တံဆိပ်ပြားနှင့် တစ်ပုံစံတည်း တူညီနေသည်။ စုန့်ဝမ် လိုချင်နေသော်လည်း ရှင်းယီရွှမ်းက ထပ်ချပ်မကွာ လိုက်ဖမ်းနေသဖြင့် အခွင့်မသာ ဖြစ်နေသည်။

ချက်ချင်းပင် အကြံတစ်ခု ရလာပြီး အရိပ်ကူကို လွှတ်ကာ သွေးနီရောင်တံဆိပ်ကို ကိုက်ချီပြီး ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးစေလိုက်သည်။ ရှင်းယီရွှမ်းလည်း သူ့ကို ဖမ်းဖို့ထက် လျှို့ဝှက်နယ်မြေက ရတနာတစ်ပါးကို ပိုအလေးထားကာ အရိပ်ကူနောက် လိုက်စေပြီး လွှတ်မြောက်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း စုန့်ဝမ်ကို မျှော်လင့်သလို ဖြစ်မလာခဲ့။ ရှင်းယီရွှမ်းက ကောင်းကင်ဝိညာဥ်ဆေးလုံးကို မဖြစ်မနေ ရယူလိုသလို၊ သူ့လက်မှ အကြိမ်ကြိမ် လွတ်သွားသော စုန့်ဝမ်ကို အမိဖမ်းလိုစိတ်ကလည်း ပြင်းထန်နေသဖြင့် အမျိုးအမည်မသိ မှော်ရတနာကို လက်လွှတ်ခံပြီး တောက်လျှောက် လိုက်လံဖမ်းဆီးတော့သည်။

ကပ်ပါလာသော ရေလှိုင်းများနှင့် ရှင်းယီရွှမ်းကြောင့် အခက်တွေ့သွားသော စုန့်ဝမ်လည်း ဝှက်ဖဲထုတ်သုံးရန် ဆုံးဖြတ်လိုက်ရသည်။ ချက်ချင်းဆိုသလို စုန့်ဝမ်၏ နဖူးရှေ့တွင် ဝိညာဥ်စွမ်းအင်ဓားလေးသုံးစင်း ရုတ်တရက် ပေါ်ထွက်လာပြီး၊ ကွေ့ဝိုက်ကာ နောက်မှ လိုက်လာသော ရှင်းယီရွှမ်းဆီသို့ တည့်တည့် ဦးတည်သွားတော့သည်။

တပြိုင်နက်တည်းမှာပင် အရှိန်ကို လျှော့ချလိုက်ပြီး ရုပ်သေးအစားထိုးနည်းစနစ် အသက်သွင်းကာ ရေလှိုင်းများ၏ ဝါးမြိုမှုကို ခံလိုက်သည်။ အားပြင်းသော ရေလှိုင်းများက အလောင်းရုပ်သေးကို တစ်စစီ ဆွဲဖြဲနေချိန်တွင် ရှင်းယီရွှမ်းမှာ သူ့ထံသို့ ဦးတည်လာသော ဝိညာဥ်စွမ်းအင်ဓားသုံးစင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီး စုန့်ဝမ်ကို ရှာဖွေရန် စိတ်မကူးနိုင်တော့ပေ။

ထိုသူ့ထံတွင် ရှင်းမိသားစု၏ လျှို့ဝှက်အတတ်ဖြစ်သော ဝိညာဥ်ထိုဖောက်နည်းစနစ် ရှိနေမည်ဟု လုံးဝထင်မထားမိခဲ့။ ယခုမူ တစ်ဖက်လူက ကောင်းကင်ဝိညာဥ်ဆေးလုံးကို သောက်သုံးပြီး ထိုနည်းစနစ်၏ ဒုတိယအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည် မဟုတ်ပါလား။

ရှင်းယီရွှမ်းလည်း စိတ်ကို ချက်ချင်း ပြန်စုစည်းပြီး သိစိတ်ပင်လယ်ကို ကာကွယ်ရန် ဝိညာဥ်မြေခွေး၏ မျက်ခုံးရိုးကို ထုတ်ယူပြီး အသက်သွင်းလိုက်ရသည်။ သားရဲအရိုးမှ ထွက်ပေါ်လာသော ဝိညာဥ်စွမ်းအင်ဒိုင်းကာက ဓားမြှောင်နှစ်စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသော တစ်စင်းမှာ ထိုးဖောက်ဝင်နိုင်ခဲ့သော်လည်း စွမ်းအားများစွာ လျော့နည်းသွားခဲ့သဖြင့် မည်သည့်ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။

အန္တရာယ်မှ လွတ်မြောက်သွားပြီးနောက် ထိုသူကို လှမ်းကြည့်လိုက်ရာ ရေလှိုင်းများ၏ ဆွဲဖြဲမှုကြောင့် ခန္ဓာကိုယ် ပျက်စီးသွားသည်ကို မြင်တွေ့လိုက်သော်လည်း ရှင်းယီရွှမ်း ဝမ်းမသာနိုင်သေး။ ထိုသူမှာ ဥာဏ်နီဥာဏ်နက် များသလို၊ ယခင်ကလည်း ရုပ်သေးအစားထိုးနည်းစနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ထွက်ပြေးလေ့ရှိသည်ကို ကောင်းကောင်းသိထားပြီး ဖြစ်သည်။

အနီးကပ် သွားကြည့်သောအခါ သူမ ထင်ထားသလို အစားထိုးရုပ်သေးတစ်ခု ဖြစ်နေသဖြင့် အတော်လေး စိတ်တိုးသွားသည်။

“ဒီကောင်က အလောင်းရုပ်သေး ဘယ်လောက်တောင် ဖန်တီးထားတာလဲ။ ဝိညာဥ်ထိခိုက်ပျက်စီးမှာ မကြောက်ဘူးလား။ ဒါမှမဟုတ် ဝိညာဥ်ကို အားဖြည့်နိုင်တဲ့ နည်းလမ်း ရှိနေလို့လား”

မိမိဝိညာဥ်မှ အပိုင်းအစတစ်ခု ထုတ်ယူထည့်သွင်းရသော အစားထိုးရုပ်သေး ဖန်တီးမှုကို အကြိမ်ကြိမ် သုံးရဲနေသဖြင့် ထိုသူ့ထံတွင် လျှို့ဝှက်နည်းစနစ်တစ်ခု ရှင်းယီရွှမ်း တွက်ဆမိသဖြင့် လက်လျှော့ရန် စိတ်မကူးဘဲ အနီးဝန်းကျင်သို့ လှည့်ပတ်ရှာဖွေတော့သည်။ ခဏအကြာတွင် ထိုသူမှာ အရှေ့ဘက် ဆယ်မိုင်ကျော်အကွာရှိ သွေးနီရောင်တံဆိပ်ပြားနှင့် ကူပိုးကောင်ရှိရာ နေရာသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိသွားသည်။

ရှင်းယီရွှမ်း လိုက်လံဖမ်းဆီးရန် ပြင်လိုက်စဥ်မှာပင် စုန့်ဝမ်က အရိပ်ကူကို သိမ်းဆည်းပြီး သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းကာ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပြန်သည်။

ခြေလှမ်းပြင်နေသော ရှင်းယီရွှမ်းမှာ ဘယ်လိုက်ရမှန်း မသိဘဲ ယောင်တောင်တောင် ဖြစ်သွားသည်။ နောက်ဆုံး အရှေ့ဘက်တွင် ကြီးမားသောတောအုပ်ကြီး ရှိနေသဖြင့် ထိုနေရာတွင် ခိုအောင်းရန် ထွက်ပြေးခြင်းဖြစ်မည်ဟု ယူဆပြီး ရှာဖွေရန် ထွက်ခွာသွားတော့သည်။

သို့သော် စုန့်ဝမ်က ရှင်းယီရွှမ်းနှင့် ပြောင်းပြန်တွေးနေခြင်း ဖြစ်သည်။ လျှို့ဝှက်နယ်မြေမှ ထွက်လာသူတိုင်း ကိုယ်စီဦးတည်ရာဆီ ထွက်သွားပြီဖြစ်သဖြင့် ချိုင့်ဝမ်းမှာ လူသူကင်းမဲ့ပြီး ဘေးကင်းမည်ကို တွက်ဆမိပြီး နောက်ကြောင်းပြန်လှည့်ခဲ့ခြင်း ဖြစ်သည်။

ချိုင့်ဝှမ်း၏ အနောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ တောင်ခြေတစ်နေရာတွင် စုန့်ဝမ် ပြန်ပေါ်ထွက်လာခဲ့သည်။ လူသူကင်းရှင်းသော်လည်း ဤနေရာတွင် ကြာကြာနေရန် စိတ်မကူးချေ။ ကျောက်စိမ်းပုလင်းနှစ်လုံးကို ထုတ်ယူကာ အတွင်းရှိ သွေးအဆီအနှစ်များကို သောက်သုံးလိုက်ပြီး သွေးလွတ်မြောက်နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင်မူ အနောက်ဘက် မိုင် ၃၅၀ အကွာရှိ လျှိုမြောင်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဝယ်ယူခဲ့သောမြေပုံ၏ တန်ဖိုးမှာ အမှန်တကယ် ပေါ်လွင်လာတော့သည်။ ဖန်ကျူးကျွန်းမြေပုံကို အလွတ်ရသည်အထိ မှတ်သားထားခဲ့သဖြင့် လူသူရှင်းရာ နေရာများဆီသို့ ပြောင်းရွေ့ရှောင်တိမ်းနိုင်ခြင်း ဖြစ်သည်။

စုန့်ဝမ်လည်း သွေးအဆီအနှစ် နှစ်ပုလင်း ထပ်မံသောက်သုံးပြီး အဘိုးအိုတစ်ဦးအဖြစ် ရုပ်ဖျက်ကာ အ​နောက်ဖက်သို့ ထွက်လာခဲ့သည်။ အနောက်ဘက် မိုင်တစ်ထောင်အကွာတွင် ဖန်မြို့တော် တည်ရှိနေသည်။ ဖန်မြို့တော် ရောက်ရှိပါက ရှင်းယီရွှမ်းသာမက ရှင်းမိသားစုတစ်ခုလုံး လိုက်လံရှာဖွေလျှင်ပင် သူ့ကို တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။

၁၅ မိနစ်ခန့် ကြာပြီးနောက် ဖန်မြို့တော် အပြင်ဘက် မိုင်သုံးရာအကွာရှိ လမ်းဆုံတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် ဖန်မြို့တော်သို့သွားရာ လမ်းဆုံဖြစ်သဖြင့် သွားလာနေသော ကျင့်ကြံသူများဖြင့် စည်ကားလှသည်။ စုန့်ဝမ်လည်း ကျင့်ကြံမှုကို ချီစုစည်းခြင်း အထွတ်အထိပ်ထိ ဖိနှိပ်ဖုံးကွယ်ပြီး လှေပျံကို ထုတ်ယူကာ ဖန်မြို့တော်ဆီ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။

ရှင်းယီရွှမ်းမှာမူ ထိုအချိန်ထိ မိုင်ထောင်ချီဝေးသော အရှေ့ဘက်​တောအုပ်ထဲတွင် တဝဲလည်လည်ဖြင့် ရှာဖွေနေဆဲပင်။

……

ဖန်မြို့တော်သို့ ရောက်ချိန်တွင် ညဦးပိုင်းရောက်ပြီး မှောင်မိုက်နေပြီ ဖြစ်သည်။ စုဝေးပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ပြင်ပမှ ရောက်ရှိလာသော ကျင့်ကြံသူများစွာ ရှိနေသေးသဖြင့် စည်ကားနေသည်။ စုန့်ဝမ်လည်း တောင်ဘက်စွန်းပိုင်းရှိ တည်းခိုခန်းငယ်တစ်ခုတွင် ဝင်ရောက်တည်းခိုလိုက်သည်။

အခန်းတွင်း ရောက်သည်နှင့် ရှင်းလီယန်ထံမှ ရရှိလာသော ပစ္စည်းများကို သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းပြီး နှလုံးအိမ်ထဲ ထည့်သွင်းလိုက်သည်။ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသလို၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသဖြင့် ယခင်လို ထိခိုက်နာကျင်မှု သိပ်မရှိတော့။

ထို့နောက် ကျင့်ကြံမှု စတင်လိုက်သည်။ ညသန်းခေါင်ချိန်တွင် အားကောင်သော ဝိညာဥ်အာရုံတစ်ခုက တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ဖြန့်ကြတ်လာသည်ကို ခံစားမိလိုက်ရသည်။

“ဒါက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူရဲ့ ဝိညာဥ်အာရုံပဲ။ ရှင်းမိသားစုက ရှင်းလီယန်ကို သတ်တဲ့တရားခံ ရှာဖို့ ကြိုးစားနေတာ ဖြစ်ရမယ်”

ထိုညတွင် ဖန်မြို့တော်သည် အေးချမ်းခြင်း မရှိခဲ့ပေ။ ထိုဝိညာဥ်အာရုံက တစ်မြို့လုံးသာမက မြို့ပြင်ဘက်ထိပါ အကြိမ်ကြိမ် အထပ်ထပ် ဖြတ်သန်းရှာဖွေနေခဲ့သည်။ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်းကြောင့် ဖြစ်နိုင်သည်၊ နေရာအချို့တွင် တိုက်ပွဲများပင် ဖြစ်လာသည်။ သို့သော်လည်း နှစ်ဖက်အင်အားကွာခြားချက် ကြီးမားသဖြင့် ခဏအတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။

……

နောက်တစ်နေ့ နံနက် ၅ နာရီခန့်တွင် ရှင်းမိသားစုမှ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဦးဆောင်သောအဖွဲ့ တည်းခိုခန်းအတွင်း ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးပြန်သည်။

သိုလှောင်လက်စွပ်ကို နှလုံးအိမ်အတွင်း သိမ်းပြီးဖြစ်ရာ အခြေတည် ကျင့်ကြံသူဝေးစွ၊ ရှင်းကောင်းဟန် ကိုယ်တိုင်လာလျှင်ပင် ရိပ်မိမည် မဟုတ်ပေ။ စုန့်ဝမ် ရှာဖွေမှုကို ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့သည်။ ထိုကဲ့သို့သော အဆင့်နိမ့် တည်းခိုခန်းတွင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ရှိသဖြင့် အထွေအထူး မရှိဘဲ၊ စစ်ဆေးမှုမှာ မကြာမီမှာပင် ပြီးဆုံးသွားသည်။

ရှင်းမိသားစုဝင်များ ထွက်ခွာသွားပြီးနောက် ဧည့်သည်များ အခန်းထဲသို့ ပြန်မသွားကြဘဲ ဧည့်ခန်းမတွင် စုဝေးကာ စကားစမြည် ပြောဆိုနေကြသည်။

“သူဌေး... ဘာတွေဖြစ်နေတာလဲ။ ရှင်းမိသားစုက ဘာလို့ ဒီလောက်တောင် အကြီးအကျယ် လှုပ်ရှားနေရတာလဲ”

“ငါက မြို့တော်မှာ အဆက်အသွယ်တချို့ ရှိတယ်ဆိုပေမယ့် ချီစုစည်း အဆင့်ရှစ်ပဲ ရှိသေးတာ၊ ဒီဖြစ်ရပ်က အရေးကြီးပုံရလို့ ငါ လက်လှမ်းမမီဘူး။ ကြားရသလောက်ဆို ရှင်းမိသားစု အဓိကရှာနေတာ မြို့ထဲမှာမဟုတ်ဘဲ မြို့ပြင်မှာတဲ့။ အခြေတည်အဆင့်သာမကဘူး၊ ရွှေအမြုတေအဆင့်တွေပါ လှုပ်ရှားခိုင်းထားတယ်လို့ သိရတယ်။ ဖန်ကျူးကျွန်းတစ်ခုလုံးကို ဇောက်ထိုးလှန်ပြီး ရှာဖွေတော့မယ့်ပုံပဲ။ သူတို့ ဘာကို ရှာနေကြမှန်းတော့ ငါလည်း မသိဘူး”

“ဖန်းကျူးကျွန်းဟာ အနည်းဆုံး မိုင်တစ်သိန်းလောက် ကျယ်တာ၊ မြေမျက်နှာသွင်ပြင်က ဒီလောက် ရှုပ်ထွေးတာကို ရှင်းမိသားစုအနေနဲ့ တစ်လက်မမကျန် လိုက်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား”

“အဲဒါကိုတော့ ငါလည်း မသိဘူး။ ဒါပေမယ့် ဒီရက်ပိုင်း သတိထားပြီး နေကြတာ ပိုကောင်းလိမ့်မယ်၊ ရှင်းမိသားစုကို သွားပြီး မပြစ်မှားမိစေနဲ့ပေါ့”

အခြားဧည့်သည်များလည်း အခြေအနေကို ကောင်းစွာနားလည်သဖြင့် ခေါင်းငြိမ့်ပြကြသည်။

…

ခုနစ်ရက်တိုင်တိုင် ရှာဖွေပြီးနောက် ရှင်းမိသားစုက သူတို့ရှာဖွေနေသောအရာကို ရှာမတွေ့သဖြင့် ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ရတော့သည်။

ထိုအချိန်တွင် လက်သည်တရားခံစုန်ဝမ်မှာ ပိရှောင်ကျွန်းသို့ ဦးတည်မောင်းနှင်မည့် ဧရာမလှေပျံကြီးပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပိရှောင်ကျွန်းသည် ဖန်ကျူးကျွန်းမှ မိုင်သုံးသိန်းခန့် ကွာဝေးပြီး မိုင်တစ်သောင်းခန့် ကျယ်ဝန်းသော အလယ်အလတ်အဆင့် ကျွန်းတစ်ကျွန်း ဖြစ်ကာ ရွှေအမြုတေအဆင့် မိသားစုတစ်စုက ထိန်းချုပ်ထားသည်။

ပိရှောင်ကျွန်းသည် ဖန်ကျူးကျွန်းသို့ သွားရာလမ်းတွင် အဓိက အကူးအပြောင်းနေရာတစ်ခု ဖြစ်သဖြင့် မဖြစ်မနေ ဖြတ်သန်းသွားလာကြသည်။ ထို့ကြောင့် ပိရှောင်ကျွန်းနှင့် ဖန်ကျူးကျွန်းအကြား ကျင့်ကြံသူများကို သယ်ယူပို့ဆောင်ပေးသည့် ကြီးမားသော သင်္ဘောပျံကြီးများ သီးသန့် တည်ရှိနေခြင်း ဖြစ်သည်။

စုန်ဝမ်အနေဖြင့် အရိပ်ကူ၊ သွေးလွတ်မြောက်နည်းစနစ်နှင့် ရုပ်သေးအစားထိုးနည်းစနစ်များကို ထုတ်သုံးခဲ့ပြီး ဖြစ်သဖြင့် ဖန်ကျူးကျွန်းတွင် ဆက်နေ၍ မဖြစ်တော့။ အကယ်၍ ဆက်လက်နေထိုင်ပါက တိုက်ပွဲတွင် ဤနည်းစနစ်များကို အသုံးပြုမိသည်နှင့် သရုပ်မှန်ပေါ်သွားပြီး ရှင်းမိသားစု၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။

ထို့ကြောင့် ဝူကျိကျွန်းဆီ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝူကျိကျွန်းမှာ နာမည်အရ ဂိုဏ်းတစ်ခုအဖြစ် ခေါ်ဆိုသော်လည်း အမှန်တကယ်တွင်မူ ကျင့်ကြံသူများ၏ မဟာမိတ်အဖွဲ့အစည်းတစ်ခုနှင့် ပို၍ တူညီသည်။ ဝူကျိကျွန်းကို အတွင်းဂိုဏ်းနှင့် ပြင်ပဂိုဏ်းဟူ၍ ခွဲခြားထားသည်။ အတွင်းဂိုဏ်းတွင် အဓိကတပည့်များ ပါဝင်ပြီး အရေအတွက် နည်းပါးသော်လည်း၊ ပြင်ပဂိုဏ်းကိုမူ ဝူကျိကျွန်းသို့ ဝင်ရောက်လာသော လေလွင့်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အရေအတွက် အလွန်များပြားသည်။ ထိုလေလွင့်ကျင့်ကြံသူများက ဝူကျိကျွန်းအပေါ် အမှန်တကယ် သစ္စာစောင့်သိကြခြင်း မဟုတ်ဘဲ၊ ဝူကျိကျွန်း၏ ကြီးမားလှသော သြဇာအာဏာကို မှီခိုလျက် ဂိုဏ်း၏ အဓိကအဖွဲ့ဝင်များနှင့် အပြန်အလှန် အကျိုးစီးပွား ဖလှယ်နေကြခြင်းသာ ဖြစ်သည်။

ထို့အပြင် ဝူကျိကျွန်းတွင် အလောင်းချီလမ်းစဥ် ကျင့်ကြံမှုကို လိုက်စားသူများသဖြင့် ထိုလမ်းစဥ်နှင့် သက်ဆိုင်သော ဝိညာဥ်ပစ္စည်းများစွာ ရှိမည်မှာ ကျိန်းသေပင်။ စုန့်ဝမ်လည်း ထိုပစ္စည်းများ လိုအပ်နေသဖြင့် ဝူကျိကျွန်းသို့ မဖြစ်​မနေ သွားရောက်ရခြင်းပင် ဖြစ်ပါတော့သည်။

……………

All Chapters