← Chapters

ဝူကျိကျွန်းတွင်

Vol. 32 Ch. 329

ဝူကျိကျွန်းတွင်

Vol. 32 Ch. 329

“စီနီယာက ဝူကျိကျွန်းကို ပထမဆုံးအကြိမ် ရောက်ဖူးတာလားဗျ”

ကျင့်ခိုင်က စုန့်ဝမ်ကို သေချာစူးစိုက်ကြည့်ရင်း ချိုသာသောလေသံဖြင့် မေးလာသည်။

“မှန်တယ်။ ငါက အရှေ့ဘက်ပင်လယ်ဒေသက လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ။ ဝူကျိကျွန်းရဲ့ ကျော်စောလှတဲ့ ဂုဏ်သတင်းကို ကြားသိရကတည်းက အမြဲတမ်း ကြည်ညိုလေးစားခဲ့ရတာ။ ဒါပေမဲ့ ကျယ်ပြောတဲ့ ပင်လယ်ပြင်နဲ့ အတားအဆီးမျိုးစုံကြောင့် ရွှေအမြုတေအဆင့်ကို တက်လှမ်းပြီးမှ လာရောက်လည်ပတ်နိုင်တော့တယ်”

ကျင့်ခိုင် အံ့အားသင့်သွားသည်။

“ဩော်... စီနီယာက အရှေ့ဘက်ပင်လယ်ဒေသက လာတာလား။ ကျနော့်ဆရာက အရှေ့ဘက်ပင်လယ်ပြင်က ဖန်ကျူးကျွန်းဟာ ဝိညာဥ်စွမ်းအင် ထူထပ်ပြီး အခွင့်အလမ်းတွေ ပေါများတဲ့ ကျင့်ကြံခြင်းမြေမြတ်တစ်ခုလို့ တစ်ခါက ပြောဖူးတယ်”

“ဖန်ကျူးကျွန်းက ဝိညာဥ်ရင်းမြစ်တွေ ပေါများတာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒါက လမ်းမှန်ကျင့်ကြံသူတွေအတွက်ပဲ ပြောတာ။ ဖန်ကျူးကျွန်းပေါ်က ရှင်းမိသားစုက ငါတို့လို နတ်ဆိုးလမ်းစက် ကျင့်ကြံသူတွေကို မျက်နှာသာ မပေးဘူးလေ။ ဒါနဲ့ မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား”

“ကျနော့်ဆရာက ယူချီပါ”

ကျင့်ခိုင်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဖြေလိုက်သည်။

ထိုသူကို စုန့်ဝမ် သိသည်၊ ယူချီသည် ရွှေအမြုတေ အလယ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဝူကျိကျွန်း၏ ဘိုးဘေးတစ်ဦးဖြစ်သော ယင်ရှို့၏ တပည့်တစ်ဦး ဖြစ်သည်။ စုန့်ဝမ်သည် ချိုင့်ဝှမ်းအတွင်းသို့ မဝင်ရောက်မီကတည်းက ဝူကျိကျွန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို ကြိုတင်စုံစမ်းထားခဲ့ပြီး ဖြစ်သည်။

“ဩော်... ဒါဆို မင်းက ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်”

စုန့်ဝမ်က မျက်နှာထားကို ဖြေလျော့လိုက်ပြီး ယဥ်ကျေးပျူငှာဟန်ဖြင့် ဆိုလိုက်သည်။

“ဘိုးဘေးက ဆရာ့ကို တိုက်ရိုက်တပည့်အဖြစ် လက်မခံသေးတော့ ကျနော့်အနေနဲ့ ဘိုးဘေးရဲ့ မြေးတပည့်လို့တော့ မသတ်မှတ်နိုင်သေးပါဘူး”

ကျင့်ခိုင်က နှိမ့်ချသောလေသံဖြင့် ပြောနေသော်လည်း သူ့မျက်နှာတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အထင်အရှား ရှိနေဆဲပင်။

စုန့်ဝမ် လက်ကို အသာအယာ ဝှေ့ယမ်းလျက် ကျောက်စိမ်းပုလင်းနှစ်ပုလင်း ထုတ်ယူကာ ကျင့်ခိုင်ထံ ပေးလိုက်သည်။

“ဒါက ငါတို့ပထမဆုံး ဆုံတွေ့ခြင်း လက်ဆောင်ပါ”

ထိုပုလင်းများအတွင်း၌ အဆုံးမဲ့ပင်လယ်ပြင်ရှိ အခြေတည်အဆင့် ကျင့်ကြံသူများ ကျင့်ကြံမှု မြှင့်တင်ရန် သုံးစွဲကြသော ဝိညာဥ်ငါးပါးဆေးလုံးများ ရှိနေသည်။ ပုလင်းတစ်ပုလင်းစီတွင် ဆေးလုံး တစ်ဆယ့်ငါးလုံးစီ ပါရှိပြီး စုစုပေါင်းတန်ဖိုးမှာ ဝိညာဥ်ကျောက်တုံး ၂၅၀၀ ခန့် ရှိသည်။ ဤဆေးလုံးများသည် စုန့်ဝမ် ဖန်မြို့တော်သို့ စတင်ရောက်ရှိစဥ်က အဆုံးမဲ့ပင်လယ်၏ ဆေးဖော်စပ်နည်းစနစ်များကို ကျွမ်းကျင်စေရန်အတွက် ကိုယ်တိုင် စမ်းသပ်ဖော်စပ်ထားခဲ့သော ဆေးလုံးများ ဖြစ်ကြသည်။

ကျင့်ခိုင်သည် ခဏမျှ ကြောင်အသွားသည်၊ စုန့်ဝမ်ကဲ့သို့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက သူ့အား လက်ဆောင်ပေးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။

“ဒီလို အဖိုးတန်လက်ဆောင်မျိုးကို မယူဝံ့ပါဘူး။ စီနီယာ့ဆီက ပစ္စည်းကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ”

စုန့်ဝမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျောက်စိမ်းပုလင်းများကို ကျင့်ခိုင်၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

“ဒါတွေက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ဝိညာဥ်ငါးပါးဆေးလုံး တချို့ပါပဲ၊ မငြင်းပါနဲ့။ ငါက ရွှေအမြုတေအဆင့် တက်လှမ်းပြီးပြီဆိုတော့ ဒီဆေးလုံးတွေက ငါ့အတွက် အသုံးမဝင်တော့ပါဘူး”

“ဒါဆိုရင်လည်း ဂျူနီယာက ဝမ်းမြောက်စွာနဲ့ပဲ လက်ခံပါ့မယ်။ စီနီယာ့ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

ကျင့်ခိုင် ဝမ်းသာအားရဖြင့် ဆေးလုံးများကို လက်ခံလိုက်သည်။

လက်ဆောင်ပစ္စည်း လက်ခံပြီးနောက် ကျင့်ခိုင်မှာ ပိုမို၍ နွေးထွေးပျူငှာလာတော့သည်။

“စီနီယာ့ရဲ့ ဘွဲ့အမည်ကို သိပါရစေ”

“ကျိယင်”

“စီနီယာကျိယင်ကို ဂါရဝပြုပါတယ်”

ကျင့်ခိုင်က လေးလေးစားစား ဦးညွှတ်လိုက်သည်။

ထို့နောက် မြေပုံတစ်ခုကို ထုတ်ယူ၍ ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်ရာ၊ မြေပုံသည် ရုတ်ချည်းပင် ပေသုံးဆယ်ခန့်အထိ ကြီးမားကျယ်ပြန့်သွားပြီး လေထဲတွင် ပြန့်ကားသွားသည်။

“စီနီယာ... ကြည့်ရှုပေးပါ။ ဒါက ဝူကျိကျွန်း ပတ်ပတ်လည်မှာရှိတဲ့ ကျွန်းတွေရဲ့ မြေပုံပါ။ မိုင်ပေါင်း တစ်သိန်း ပတ်လည်အတွင်းမှာ ကျွန်းပေါင်း ထောင်ချီ ရှိပါတယ်။ ဒီကျွန်းတွေကို ကောင်းကင်၊ မြေပြင်နဲ့ လူသားဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအနေနဲ့ စီနီယာက ကောင်းကင်အဆင့် ကျွန်းတစ်ကျွန်းကို ကိုယ်ပိုင်နယ်မြေအဖြစ် ရွေးချယ်ပိုင်ဆိုင်ခွင့် ရှိပါတယ်”

စုန့်ဝမ် မြေပုံကို ကြည့်လိုက်ရာ ဝူကျိကျွန်း၏ အရှေ့၊ တောင်နှင့် အနောက်ဘက် အရပ်ရပ်တွင် ကျွန်းကြီးကျွန်းငယ် ထောင်ချီ၍ ပြန့်ကျဲနေသည်ကို မြင်တွေ့ရသည်။ ၎င်းကျွန်းများကို အနက်၊ အဖြူနှင့် အဝါရောင် ဟူ၍ အရောင်သုံးမျိုးဖြင့် မှတ်သားထားပြီး ကျွန်းအများစုတွင် အမည်များ ရှိကြသော်လည်း အချို့မှာမူ အမည်မရှိကြချေ။

“အမည်ရှိတဲ့ ကျွန်းတွေကတော့ ပိုင်ရှင်ရှိပြီးသား ဖြစ်ပြီး၊ အမည်မရှိသေးတဲ့ ကျွန်းတွေကတော့ လောလောဆယ် လွတ်နေတဲ့ကျွန်းတွေပါ”

ကျင့်ခိုင်က ရှင်းပြလိုက်သည်။

စုန့်ဝမ်သည် မြေပုံ၏ မြောက်ဘက်ပိုင်းကို လက်ညှိုးထိုးပြရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဒီကျွန်းက ဒီလောက်အထိ ကြီးမားနေတာကို ဒါလည်း လွတ်နေတာပဲလား”

ဝူကျိကျွန်း၏ မြောက်ဘက်ပိုင်းတွင် အလွန်တရာ ကျယ်ပြောလှသော ကျွန်းကြီးတစ်ကျွန်းသာ တည်ရှိပြီး ၎င်း၏ အကျယ်အဝန်းမှာ အနည်းဆုံး မိုင်ပေါင်း နှစ်သိန်းခန့် ရှိသည်။ သို့သော် မြေပုံပေါ်တွင် ထိုကျွန်း၏ အမည်ကို ဖော်ပြထားခြင်း မရှိချေ။

ကျင့်ခိုင်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“အဲဒါက သိုးကျွန်းလို့ ခေါ်ပါတယ်”

“သိုးကျွန်းဟုတ်လား... သိုးတွေ မွေးမြူတဲ့ ကျွန်းလား”

စုန့်ဝမ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ ကျင့်ကြံသူများ အသားစားရန် မွေးမြူရေးလုပ်သည်ကို သူ မကြားဖူးပေ။

ကျင့်ခိုင်က ခေါင်းညိတ်ပြသည်။

“အတိအကျပါပဲ။ ဒါပေမဲ့ ဒီသိုးဆိုတာက စီနီယာ ထင်သလို သိုးတွေကို ပြောတာ မဟုတ်ဘူး။ အဲဒီကျွန်းက ခြေနှစ်ချောင်းပါတဲ့သိုးတွေကို မွေးမြူတဲ့နေရာပါ”

စုန့်ဝမ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သိုးကျွန်းဆိုသည်မှာ လူသားများကို မွေးမြူထားသည့် နေရာတစ်ခု ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ကျင့်ခိုင်က ဆက်လက် ရှင်းပြသည်။

“သိုးကျွန်းက ကျယ်ပြောပေမဲ့ ဝိညာဥ်စွမ်းအင်ကတော့ အလွန်တရာ ကျဲပါးပါတယ်။ ကျင့်ကြံသူတွေအတွက် ကျင့်ကြံဖို့ မသင့်တော်ပေမဲ့ လူသားတွေ နေထိုင်ပြီး မျိုးပွားဖို့အတွက်တော့ အကောင်းဆုံး နေရာပါပဲ။ တစ်ကျွန်းလုံးမှာ ခြေနှစ်ချောင်းပါသိုးပေါင်း သန်းနဲ့ချီပြီး ရှိကြပါတယ်။ စီနီယာ... အထူးသတိထားရမှာက သိုးကျွန်းရဲ့ ကောင်းကင်ယံနဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ ကျင့်ကြံသူတွေအတွက် တားမြစ်နယ်မြေ ဖြစ်ပါတယ်။ ဘယ်တော့မှ ကျူးကျော်ဝင်ရောက်ခြင်း မပြုရပါဘူး”

“ကျင့်ကြံသူတွေအတွက် တားမြစ်နယ်မြေ ဟုတ်လား”

ဤဝေါဟာရကို စုန့်ဝမ် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ကျင့်ခိုင်က ခေါင်းညိတ်ပြသည်။

“ကျွန်းပေါ်မှာ အလုပ်လုပ်တဲ့ သိုးထိန်းတွေကလွဲလို့ ဘယ်ကျင့်ကြံသူမှ ခြေချခွင့် မရှိပါဘူး။ ဘယ်လိုကျင့်စဥ်နည်းလမ်း၊ မှော်လက်နက် ဒါမှမဟုတ် ဆေးလုံးတွေကိုမှ ယူဆောင်ခွင့် မရှိသလို ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို ခွင့်မပြုပါဘူး”

“ဘာဖြစ်လို့လဲ”

စုန့်ဝမ် ထပ်မံ စပ်စုလိုက်သည်။

“အဲဒါက ခြေနှစ်ချောင်းပါသိုးတွေကို လူပြိန်းတွေ၊ လူအတွေအဖြစ်ပဲ ဆက်ရှိနေစေဖို့၊ မျိုးဆက်တစ်ခုပြီးတစ်ခု ဘာမှမသိဘဲ ရှင်သန်မျိုးပွားသွားစေပြီး ကျင့်ကြံသူတွေအတွက် မကုန်ခမ်းနိုင်တဲ့ သွေးနဲ့ ဝိညာဥ်တွေကို အမြဲမပြတ် ထောက်ပံ့ပေးနိုင်ဖို့အတွက်ပါပဲ။ သူတို့တွေကတော့ သူတို့ဘဝတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတယ်လို့ ထင်နေကြပြီး သိုးကျွန်းဟာ ကမ္ဘာကြီးတစ်ခုလုံးလို့ ယုံကြည်နေကြတာ။ တကယ်ရယ်ရတယ်”

“ငါ့စိတ်ထဲမှာ မရှင်းတာတချို့ ရှိနေလို့ ရှင်းပြပေးနိုင်မလား”

“စီနီယာ... ပြောပါဗျာ”

“ဝူကျိကျွန်းက နှစ်စဥ်နှစ်တိုင်း ခြေနှစ်ချောင်းပါသိုး အမြောက်အမြား ရိတ်သိမ်းနေပြီး လူတွေ အများကြီး ပျောက်ဆုံးနေတာကို အဲဒီခြေနှစ်ချောင်းပါသိုးတွေက မရိပ်မိကြဘူးလား”

“အဲဒါအတွက်က နည်းလမ်း ရှိပါတယ်။ အဲဒီမှာ သဘာဝအတားအဆီးတွေ၊ လူလုပ်မြေပြင်အနေအထားတွေနဲ့ မာယာအစီအရင်တွေ သုံးပြီး သိုးကျွန်းတစ်ခုလုံးကို အပိုင်းပေါင်း ရာနဲ့ချီ ခွဲခြားထားတယ်။ အပိုင်းတစ်ခုမှာရှိတဲ့ ခြေနှစ်ချောင်းပါသိုး အရေအတွက် အထွတ်အထိပ်ကို ရောက်လာတဲ့အခါ အဲဒီအပိုင်းက ရိတ်သိမ်းခြင်းကာလကို ရောက်ရှိလာတာပါ။ အဲဒီအပိုင်းက သိုးအားလုံးကို ရိတ်သိမ်းပြီးတဲ့နောက် တခြားအပိုင်းက သိုးတွေကို ရွှေ့ပြောင်းပြီး အစားထိုး ဖြည့်တင်းလိုက်ပါတယ်။ ပြီးတော့ သူတို့တွေ ပြန်မျိုးပွားလာပြီး အထွတ်အထိပ် ရောက်တဲ့အခါ နောက်ထပ် ရိတ်သိမ်းခြင်းကို စတင်ပါတယ်။ သိုးကျွန်းပေါ်မှာ သာမန်ကိုယ်ခံပညာ သင်ကြားခြင်းကိုသာ ခွင့်ပြုပြီး ကျင့်ကြံခြင်းနည်းစနစ်တွေကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ သိုးထိန်းတွေရဲ့ တာဝန်က သိုးတွေကို ရိတ်သိမ်းဖို့တင်မကဘဲ ကျွန်းကို စောင့်ကြည့်ဖို့လည်း ပါဝင်ပါတယ်။ အကယ်၍ ကိုယ်ခံပညာ ဒါမှမဟုတ် ကျင့်ကြံခြင်းအတွက် ထူးခြားတဲ့ ပါရမီရှိတဲ့ ခြေနှစ်ချောင်းပါသိုးတစ်ကောင်ကိုတွေ့ရှိခဲ့ရင် ကျင့်ကြံမှု မပြုနိုင်ခင် ချက်ချင်း သုတ်သင်ရှင်းလင်းရပါတယ်”

စုန့်ဝမ်က ခေါင်းညိတ်လိုက်သည်။

“ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“စီနီယာ... အားနာစရာ မလိုပါဘူးဗျာ။ လွတ်နေတဲ့ကျွန်းတွေထဲက စီနီယာ ကြိုက်နှစ်သက်ရာကျွန်းကို ရွေးချယ်နိုင်ပါတယ်”

“ကောင်းကင်၊ မြေပြင်နဲ့ လူသားအဆင့်ကျွန်းတွေရဲ့ ကွဲပြားချက်က ဘာလဲ”

စုန့်ဝမ်က အလောတကြီး မရွေးဘဲ သိလိုသည်ကို ထပ်မေးလိုက်သည်။ လက်ဆောင်ဆိုသည်မှာ အခမဲ့နေ့လည်စာမှ မဟုတ်တာ။

“ကောင်းကင်အဆင့်ကျွန်းတွေက ဝိညာဥ်စွမ်းအင် အထူထပ်ဆုံးဖြစ်ပြီး မြေပြင်အဆင့်က ဒုတိယနဲ့ လူသားအဆင့်ကျွန်းတွေက အနည်းဆုံး ဖြစ်ပါတယ်”

“ဒါဆို ငါက ဘာပြန်ပေးရမလဲ”

စုန့်ဝမ်သည် ဤလောကတွင် အလကားရသည့် နေ့လယ်စာ မရှိကြောင်း ကောင်းစွာ နားလည်ထားသည်။ ဝူကျိကျွန်းအနေဖြင့် အကြောင်းပြချက်မရှိဘဲ ကျွန်းတစ်ကျွန်း ပေးအပ်လိမ့်မည် မဟုတ်ချေ။

“ကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ပြီးတာနဲ့ စီနီယာအနေနဲ့ ဝူကျိကျွန်းအတွက် နှစ်စဥ် ဂိုဏ်းတာဝန်အချို့ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီး လုံလောက်တဲ့ ဂိုဏ်းထောက်ပံ့မှုအမှတ်တွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ လူသားအဆင့်ကျွန်းအတွက် အမှတ်တစ်ထောင်၊ မြေပြင်အဆင့်ကျွန်းအတွက် အမှတ်တစ်သောင်းနဲ့ ကောင်းကင်အဆင့်ကျွန်းအတွက်ကတော့ အမှတ်တစ်သိန်း လိုအပ်ပါတယ်”

“အကယ်၍ တာဝန်တွေကို ပြီးမြောက်အောင် မထမ်းဆောင်နိုင်ရင် ဘာဖြစ်မလဲ”

“ဝိညာဥ်ကျောက်တုံးတွေနဲ့ အစားထိုး ဖြည့်တင်းနိုင်ပါတယ်။ ထောက်ပံ့မှုအမှတ် ၁ မှတ်ကို ဝိညာဥ်ကျောက်တုံး ၁ တုံးနဲ့ လဲလှယ်နိုင်ပါတယ်။ အကယ်၍ စီနီယာ့မှာ ပိုလျှံတဲ့ အမှတ်တွေ ရှိနေရင်လည်း အဲဒါတွေကို ဝိညာဥ်ကျောက်တုံးတွေအနေနဲ့ ပြန်လဲလှယ်နိုင်ပါတယ်”

“စျေးက သင့်တော်ပါတယ်။ ဒါဆို ငါ ကောင်းကင်အဆင့်ကျွန်းကိုပဲ ရွေးချယ်မယ်”

“အနက်ရောင်ကျွန်းတွေက ကောင်းကင်အဆင့်ကျွန်းတွေ ဖြစ်ပါတယ်၊ စီနီယာ ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်နိုင်ပါတယ်”

စုန့်ဝမ်သည် မြေပုံကို အတန်ကြာ သေချာစွာ စစ်ဆေးပြီးနောက် ကျွန်းတစ်ကျွန်းကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ ဒီကျွန်းကိုပဲ ရွေးမယ်”

စုန့်ဝမ် ရွေးချယ်လိုက်သော ကျွန်းသည် လဆန်းကွေးပုံသဏ္ဍာန်ရှိပြီး အရှည်ဆုံးအပိုင်းမှာပင် မိုင်တစ်ရာခန့်ထက် မပိုချေ။ ၎င်းသည် ဝူကျိကျွန်းနှင့် မိုင်ပေါင်း လေးသောင်းခန့် ကွာဝေးပြီး ပတ်ပတ်လည်ရှိ ကျွန်းများအားလုံးမှာ လူသားအဆင့်ကျွန်းများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူ၏ကျွန်းပေါ်တွင် လျှို့ဝှက်လှုပ်ရှားမှုများ ပြုလုပ်ပါက အခြားလူများ သတိပြုမိရန် ခက်ခဲပေလိမ့်မည်။

“ကောင်းပါပြီ... အခုပဲ မှတ်ပုံတင်ပေးပါ့မယ်”

ကျင့်ခိုင်က လက်ကို မြှောက်၍ မြေပုံအတွင်းသို့ ဝိညာဥ်စွမ်းအင်အချို့ သွန်းလောင်းလိုက်ရာ၊ မြေပုံသည် ချက်ချင်း ပြောင်းလဲသွားပြီး စုန့်ဝမ် ရွေးချယ်လိုက်သော ကျွန်းပေါ်တွင် ကျိယင်ကျွန်းဟူသော စာသားတစ်ခု ပေါ်လာသည်။

ထို့နောက် ကျင့်ခိုင်က လက်ဖဝါးအရွယ်အစားခန့်ရှိသော ကျောက်စိမ်းပြားတစ်ခုနှင့် ငွေရောင်အလံငယ် ကိုးခုကို ထုတ်ယူလိုက်သည်။

“စီနီယာ... ဒါက ကြယ်စုတန်းအစီအရင်ပါ။ စီနီယာအနေနဲ့ ဒီအစီအရင်ကို ကျိယင်ကျွန်းပေါ်မှာ ခင်းကျင်းထားနိုင်ပါတယ်။ ဒါက ပြင်ပလူတွေကို ဒီကျွန်းမှာ ပိုင်ရှင်ရှိကြောင်း အသိပေး တားဆီးနိုင်သလို၊ အဝေးသတင်းပို့စနစ်လည်း ပါရှိပါတယ်။ အကယ်၍ ဂိုဏ်းကနေ တာဝန်တစ်ခုခု ပေးအပ်စရာရှိရင် ဒီအစီအရင်ကတဆင့် သတင်းပို့မှာ ဖြစ်ပါတယ်”

စုန့်ဝမ်က ခေါင်းညိတ်လျက် ကျောက်စိမ်းပြားနှင့် အလံငယ်များကို လက်ခံလိုက်သည်။

ကျင့်ခိုင်က လက်ဝါးအရွယ်အစားခန့်ရှိသော တံဆိပ်ပြားတစ်ခုကိုပါ စုန့်ဝမ်ကို ထပ်မံပေးလိုက်သည်။

“ဒါက စီနီယာ့ရဲ့ အမှတ်အသားတံဆိပ်ပြားပါ။ စီနီယာရဲ့ အော်ရာကို မှတ်တမ်းတင်ပြီးတာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုကစပြီး စီနီယာဟာ ဝူကျိကျွန်းရဲ့ ရွှေအမြုတေအဆင့် အပြင်စည်းအကြီးအကဲ ဖြစ်ပါပြီ”

ဝူကျိကျွန်းသည် လေလွင့်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုဖြစ်ရာ လေလွင့်ကျင့်ကြံသူများနှင့် ဝူကျိကျွန်း၏ ဆက်ဆံရေးမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျိုးသာ ဖြစ်သည်။ စုန့်ဝမ်ကဲ့သို့သော လေလွင့်ကျင့်ကြံသူများသည် ဝူကျိကျွန်းအပေါ် သစ္စာစောင့်သိရန် မလိုအပ်သလို၊ ဝူကျိကျွန်းကလည်း ၎င်းတို့အား အဓိကအဖွဲ့ဝင်များအဖြစ် သတ်မှတ်ခြင်းမရှိဘဲ လျှို့ဝှက်နည်းစနစ်များကို လက်ဆင့်ကမ်း သင်ကြားပေးလေ့မရှိချေ။ ထို့ကြောင့် ဝူကျိကျွန်းအနေဖြင့် စုန့်ဝမ်၏ မူလအမှတ်အသားကို စစ်ဆေးခြင်း သို့မဟုတ် ဝိညာဥ်အမှတ်အသား ချန်ထားစေခြင်းမျိုးကို ပြုလုပ်ရန် မလိုအပ်ခြင်း ဖြစ်သည်။

.................

All Chapters