← Chapters

အခန်း ၂၇၉

Vol. 24 Ch. 279

အခန်း ၂၇၉

Vol. 24 Ch. 279

အခန်း (၂၇၉) ကျည်ဆန်ရထားပေါ်က ထူးဆန်းတဲ့ကိစ္စများ

"ကောင်းပြီ... အခုပဲ လက်မှတ်တွေ ကြိုမှာလိုက်မယ်..."

စုယွမ်က ပြောလိုက်လေ၏။

သူသည် လက်မှတ်ကြိုမှာသည့် အက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်ရာ ကျန်းချန်မှ ကျင်းတူးသို့ သွားမည့် ယနေ့အတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရပေသည်။

ပထမတန်း လက်မှတ်များပင် မကျန်တော့ချေ။

"အခုတော့ ကျည်ဆန်ရထားပဲ စီးရတော့မယ်ထင်တယ်..."

"အခုခေတ်မှာ ကျည်ဆန်ရထားတွေက မြန်လာပြီလေ... ပြီးတော့ လေယာဉ်ပေါ်က ရိုးရိုးတန်းထက်တောင် ပိုသက်တောင့်သက်သာ ရှိမယ်လို့ ထင်တယ်..."

စုယွမ်က ပြောလိုက်၏။

"လေယာဉ်လက်မှတ်တွေ မကျန်တော့ဘူးလား..."

စုဖူချန်နှင့် ချန်ချွေ့ဖန်တို့မှာ အနည်းငယ် စိတ်ပျက်သွားကြလေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် တောနယ်မှ လူများအတွက် လေယာဉ်ပျံများနှင့် ပတ်သက်၍ စိတ်ကူးယဉ်ဆန်သော အမြင်တစ်ခု ရှိနေကြပေ၏။

လူတိုင်းသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ဤသတ္တုသေတ္တာကြီးကို အမှန်တကယ် စမ်းစီးကြည့်ချင်ကြလေသည်။

သေချာသည်မှာ စီးပြီးနောက်တွင် အမြန်နှုန်းမှလွဲ၍ အများပြည်သူသုံး ဘတ်စ်ကားနှင့် သိပ်မကွာခြားလှကြောင်း သိရှိသွားကြမည်သာ ဖြစ်၏။

"အဲဒါဆိုလည်း ရပါတယ်... ငါတို့ ကျည်ဆန်ရထားကို တစ်ခါမှ မစီးဖူးသေးဘူးဆိုတော့ အဲဒါလေး စီးရတာလည်း အဆင်ပြေပါတယ်..."

စုဖူချန်က ပြောလိုက်လေသည်။

"ကောင်းပါပြီ... အဖေတို့ ပြန်လာရင်တော့ ပထမတန်း လေယာဉ်လက်မှတ်တွေ ဝယ်ပေးမယ်နော်..."

စုယွမ်က ပြောလိုက်၏။

"ဟားဟားဟား... သိပ်ကောင်းတာပေါ့..."

စုဖူချန်က ရယ်မောလိုက်လေသည်။

ထို့နောက် စုယွမ်သည် ကျည်ဆန်ရထား လက်မှတ်များကို စတင်စစ်ဆေးလိုက်ပြီး ပထမတန်း ထိုင်ခုံအချို့ကို ဝယ်ယူလိုက်၏။

စုယွမ်၏ မိသားစု၊ ပိုင်ချန်၊ လီဟူနှင့် အခြား သက်တော်စောင့် နှစ်ဦးတို့ အပါအဝင် စုစုပေါင်း လူခုနစ်ဦး ရှိပေသည်။

ယခုအချိန်မှာ ၇ နာရီခွဲခန့် ရှိနေပြီဖြစ်ပြီး အနည်းငယ် ပြင်ဆင်ပြီးချိန်တွင်မူ ၈ နာရီခွဲ ရှိသွားလေ၏။

လူစုသည် ကျည်ဆန်ရထား ဘူတာရုံဆီသို့ မောင်းနှင်သွားကြတော့သည်။

သက်တော်စောင့် သုံးဦးမှာမူ အိမ်၌ ကျန်ရစ်ခဲ့ပေ၏။

နာရီဝက်ခန့် ခရီးနှင်ပြီးနောက် သူတို့သည် ကျည်ဆန်ရထား ဘူတာရုံသို့ ချောမွေ့စွာ ရောက်ရှိသွားကြလေသည်။

"ဒီခေတ်က ရထားဘူတာရုံတွေက တကယ့်ကို ကြီးမားပဲ..."

ခမ်းနားထည်ဝါသော ကျည်ဆန်ရထား ဘူတာရုံကြီးကို ကြည့်ရင်း စုဖူချန်က ပြောလိုက်၏။

သူတို့၏ ထိုင်ခုံများတွင် အချိန်တိုအတွင်း စောင့်ဆိုင်းပြီးနောက် ကျည်ဆန်ရထားမှာ အချိန်မီ ဆိုက်ရောက်လာခဲ့ပြီးနောက် သူတို့ ခုနစ်ဦးစလုံးသည် တွဲတစ်တွဲတည်းသို့ ဝင်ရောက်သွားကြလေသည်။

ပထမတန်း ထိုင်ခုံများမှာ တစ်တန်းလျှင် လူနှစ်ဦးသာ ထိုင်ရပေသည်။ ဈေးနှုန်းမှာ ဒုတိယတန်း ထိုင်ခုံများထက် အနည်းငယ် ပိုများသော်လည်း ၎င်းတို့သည် ပိုမိုကျယ်ဝန်းပြီး သက်တောင့်သက်သာလည်း ရှိလှ၏။

မည်သို့ပင်ဆိုစေကာမူ ကျန်းချန်မှ ကျင်းတူးသို့ သွားရန် လေးနာရီ ကြာမြင့်မည်ဖြစ်ရာ ယင်းမှာ ဝေးလွန်းခြင်းလည်း မဟုတ်သကဲ့သို့ နီးလွန်းခြင်းလည်း မဟုတ်ချေ။

စုဖူချန်နှင့် ချန်ချွေ့ဖန်တို့ နှစ်ဦးစလုံးမှာ ကျည်ဆန်ရထားကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်ရာ သူတို့သည် အလွန် သိချင်စိတ်ပြင်းပြကာ စိတ်လှုပ်ရှားနေကြပြီး ဘယ်ညာ လှည့်ပတ်ကြည့်ရှုနေကြလေ၏။

"အိုက်ရာ.. ဒါကြောင့် ငါတို့နိုင်ငံက ဒီလောက် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောကြတာပေါ့... စောစောက အဲဒီကားခေါင်းခန်းကို မြင်လိုက်လား... အဲဒါကို ကျည်ဆန်ရထားလို့ ခေါ်တယ်လို့ ကြားဖူးတယ်..."

"ပြီးတော့ ဒီကျည်ဆန်ရထားက အရမ်းမြန်တယ်တဲ့... တစ်နာရီကို ကီလိုမီတာ နှစ်ရာ သုံးရာလောက် သွားနိုင်တယ်လို့ ပြောတယ်..."

စုဖူချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ်... ဒီရထားကြီးက အရမ်းကြီးပြီး အရမ်းလည်း မြန်တာပဲ... တကယ့်ကို အံ့သြစရာ ကောင်းတယ်... ဒုံးပျံတစ်စင်းလိုပဲ..."

ချန်ချွေ့ဖန်က ပြောလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် သူတို့၏ ထိုင်ခုံများကို ရှာဖွေလိုက်ကြသော်လည်း ထိုနေရာသို့ ရောက်ချိန်တွင် တစ်စုံတစ်ယောက်က ထိုနေရာ၌ ထိုင်နေနှင့်ပြီးဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိသွားကြလေသည်။

"မင်္ဂလာပါ... ဒီနေရာက ခင်ဗျားနေရာလား..."

စုဖူချန်က ယဉ်ကျေးစွာ မေးလိုက်၏။

"ဟင်..."

"ရှင် ဖတ်မတတ်ဘူးလား..."

"ဒီမှာ လမ်းတစ်လျှောက်လုံး ကျွန်မ ထိုင်လာတာကို ရှင်က ဒါ ကျွန်မနေရာလားလို့ လာမေးနေသေးတယ်..."

အမျိုးသမီးတစ်ဦးက စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"အာ... တောင်းပန်ပါတယ်..."

စုဖူချန်က အလျင်အမြန် တောင်းပန်လိုက်ပြီး သူ၏ ထိုင်ခုံနံပါတ်ကို တစ်ချက်ကြည့်လိုက်ချိန်တွင် သူ နေရာမှားရှာမိကြောင်း သဘောပေါက်သွားပေ၏။

"ငါတို့နေရာက ဘေးဘက်က ထိုင်ခုံတွေမှာ..."

စုဖူချန်က ချန်ချွေ့ဖန်အား ပြောလိုက်သည်။

"ရှင် ဘာတွေဖြစ်နေတာလဲ

ချန်ချွေ့ဖန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးခုံမှ အမျိုးသမီးကို ကြည့်ကာ ပြောလိုက်လေ၏။ "တောင်းပန်ပါတယ် ညီမလေး... အစ်မတို့ မှားသွားလို့ နှောင့်ယှက်မိသလို ဖြစ်သွားတယ်..."

"ဘယ်သူ့ကို ညီမလေးလို့ ခေါ်နေတာလဲ... ရှင်တို့ အသက်အရွယ်နဲ့ ဒီလို ပြောထွက်သေးတယ်နော်..."

"မြေကြီးထဲ တစ်ဝက်လောက် ရောက်နေတဲ့ လူတွေနဲ့ ကျွန်မက ဘယ်လိုလုပ် အသက်ရွယ်တူ ဖြစ်နိုင်မှာလဲ..."

"တကယ်လို့ ရှင့်မျက်လုံးတွေ မကောင်းဘူးဆိုရင် သွားကုသင့်တယ်..."

ထိုအမျိုးသမီးသည် ရှင်းလင်းစွာပင် ဒေါသထွက်နေခဲ့၏။ သူမသည် ယနေ့တွင် အလွန်ဈေးကြီးသော အလှကုန်များကို အသုံးပြုကာ လှပအောင် မိတ်ကပ်လိမ်းခြယ်လာခဲ့သော်လည်း ဤသို့ အပြောခံလိုက်ရပေသည်။

တကယ့်ကို ကံဆိုးတာပဲ။

"ဟုတ်ပါတယ် ဟုတ်ပါတယ်... ဒါက အစ်မတို့ ကျည်ဆန်ရထားကို ပထမဆုံး စီးဖူးတာဆိုတော့ ဘယ်လိုလုပ်ရမလဲ သိပ်မသိလို့ပါ..."

ချန်ချွေ့ဖန်က အနေခက်စွာ ပြုံးလိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူမတို့က အရင် မှားယွင်းခဲ့ခြင်းဖြစ်ရာ ဘာမျှ ပြန်ပြော၍ မရနိုင်ချေ။

"ကျည်ဆန်ရထားကို ပထမဆုံးအကြိမ် စီးဖူးတာလား... ဘုရားရေ... တကယ့် တောသားတွေပဲ..."

"တကယ်ပြောတာနော်... ရှင်တို့ နေရာမှားဝယ်လာတာလား... ရှင်တို့က ခေတ်ဟောင်းက အစိမ်းရောင် ရထားကိုပဲ စီးသင့်တာ..."

"သိလား..."

အမျိုးသမီးက မျက်လုံးလှန်ပြလိုက်လေ၏။

ထို့နောက် သူမ၏ ဘေးရှိ ကလေးတစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။ "သား မြင်တယ်မလား... နောင်ကျရင် သား ဘယ်တော့မှ အဲဒီလိုလူမျိုး မဖြစ်စေနဲ့နော်..."

"အခုကစပြီး ဒီတောသားတွေနဲ့ ဝေးဝေးနေတော့မယ်... သူတို့အကုန်လုံးက ဆင်းရဲသားတွေ... သူတို့ ရထားပေါ်တက်လာတာနဲ့ ဆင်းရဲနွမ်းပါးတဲ့ အနံ့ကို ကျွန်မ ရနေပြီ..."

"ပြီးတော့ ဘက်တီးရီးယားတွေ ဘာတွေဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ဘူး..."

“မင်းတို့ရဲ့ တောမှာနေတဲ့ အဘိုးအဘွားတွေဆီ ပြန်သွားပြီး သူတို့လိုပဲ နေကြတော့...”

အမျိုးသမီး ပြောဆိုပြီးသွားချိန်တွင် သူမ၏ ဘေးရှိ ကလေးက အလွန် သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလေ၏။

"အမေပြောတာ မှန်တယ်... ကျွန်တော် အဲဒီလိုလူမျိုးတွေကို လုံးဝ ကြည့်မရဘူး... အဲဒီလိုလူတွေက ကျည်ဆန်ရထားကို ဘယ်လိုများ စီးနိုင်ရတာလဲ... သူတို့က ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံ သက်သက်ပဲ..."

ကလေးက သူတို့နှစ်ဦးအား မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီးနောက် လျှာထုတ်ပြလေသည်။

"ဒါက..."

စုဖူချန်နှင့် ချန်ချွေ့ဖန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းယမ်းလိုက်ကြ၏။

ဒီကလေးရဲ့ ဘဝကတော့ သူတို့ ပြုစုပျိုးထောင်တဲ့ပုံစံကြောင့် ပျက်စီးသွားပြီပဲ...

"ဦးလေးစူး... အန်တီချန်... ဘာဖြစ်လို့လဲ..."

ဤအချိန်တွင် ရှေ့တွင်ရှိနေသော လီဟူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြင်လိုက်ရသဖြင့် အနီးသို့ လာရောက်ကာ မေးမြန်းလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး ရှောင်ဟူ... မင်း ပြန်သွားလို့ ရပါပြီ... ဒီမှာ ဘာမှမဖြစ်ပါဘူး..."

စုဖူချန်က ပြောလိုက်၏။

သူသည် ပြဿနာရှာတတ်သူ တစ်ဦးမဟုတ်သော်လည်း ဤအမျိုးသမီးမှာမူ အနည်းငယ် လွန်ကျူးလွန်းနေပေသည်။

"ကောင်းပါပြီ... တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို အချိန်မရွေး ခေါ်လိုက်ပါ..."

လီဟူက ပြောလိုက်ပြီး သူ၏ ဘေးရှိ အမျိုးသမီးနှင့် ကလေးကို တစ်ချက်ကြည့်လိုက်လေ၏။

သူသည် စုဖူချန်၏ စရိုက်ကို ကောင်းစွာ သိထား၏။

စုဖူချန်က ပြဿနာမဖြစ်လို၍သာ နှုတ်ဆိတ်နေခြင်းဖြစ်ကြောင်း သူနားလည်သဖြင့် ထိုသူ မှားနေသည်ကိုလည်း ထုတ်ဖော်မပြောခဲ့ချေ။

သို့သော် သူ၏ ထက်မြက်သော အကဲခတ်နိုင်စွမ်းဖြင့် ဤကိစ္စသည် ထိုလူနှစ်ဦးနှင့် သက်ဆိုင်နေကြောင်းကို တစ်ချက်ကြည့်ရုံနှင့်ပင် သဘောပေါက်သွားခဲ့သည်။

လီဟူ၏ အကြည့်ကို သတိထားမိသွားသည့် အမျိုးသမီးက ဖုန်းကို အလျင်အမြန် သိမ်းလိုက်ပြီး မျက်လုံးတစ်ချက်လှန်ကာ မကျေမနပ် လေသံဖြင့် ပြောလိုက်၏။

“ဘာကြည့်နေတာလဲ...

ရှင့်ရဲ့ အဆက်အသွယ်ကို ကျွန်မ မထည့်ချင်ဘူး...

ကျွန်မမှာ ကလေးတောင် ဒီလောက်အရွယ် ရှိနေပြီ...

ရှင်က ကျွန်မကို လာစိတ်ဝင်စားနေသေးတာလား...

ရှင် မရှက်ဘူးလား...

လူကြီးတစ်ယောက် ဖြစ်နေပြီကို ယဉ်ကျေးမှုနဲ့ ရှက်တတ်တဲ့စိတ်ဆိုတာ နည်းနည်းလေးတောင် မရှိဘူးလား...

ကျွန်မအနားကနေ ခပ်ဝေးဝေး သွားစမ်း...”

အမျိုးသမီးက လီဟူကို ရွံရှာစက်ဆုပ်သော အကြည့်ဖြင့် စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

အကြောင်းမှာ လီဟူသည် ကိုယ်လုံးကိုယ်ပေါက် သန်မာတောင့်တင်းပြီး တောင်တစ်လုံးသဖွယ် ကြံ့ခိုင်လွန်းနေသောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ သူဌေးများသည် အဝတ်အစားနှင့် အဆင်အပြင်ကို ကြည့်ရုံဖြင့်ပင် ချမ်းသာကြောင်း သိသာနေသော်လည်း၊ လီဟူမှာမူ ငွေကြေးပေါများသူတစ်ယောက်ဟု လုံးဝ မထင်ရချေ။

“ခေါင်းကြီးကြီး၊ လည်ပင်းတုတ်တုတ်နဲ့ လူဆိုရင် သူဌေးကြီး မဟုတ်ရင် နောက်လိုက်ပဲ ဖြစ်တတ်တယ်” ဟူသော စကားကို သူမ ရုတ်တရက် သတိရလိုက်သည်။

သူမအမြင်တွင် လီဟူက သူဌေးကြီးတစ်ယောက် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။

ထို့ကြောင့် သူသည် နောက်လိုက်တစ်ယောက်သာ ဖြစ်ရမည်ဟု သူမ စိတ်ထဲတွင် အခိုင်အမာ ကောက်ချက်ချလိုက်၏။

အမျိုးသမီးသည် တွေးကြည့်ရုံဖြင့်ပင် ကြက်သွန်မြိတ်၏ ပြင်းထန်သော အနံ့ကို ရလုနီးပါး ဖြစ်သွားလေ၏။

"ဖားပြုတ်ကများ ငန်းသား စားချင်နေသေးတယ်..."

အနီးရှိ ကလေးတစ်ဦးက လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"မဟုတ်ဘူး... ငါ..."

လီဟူ လုံးလုံးလျားလျား အားကိုးရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဤသားအမိမှာ တကယ့်ကို ထူးဆန်းလွန်းလှပေသည်။

ဆိုးတာပဲ ငါ သူတို့ကို ရိုက်လို့ မရဘူး...

တကယ့်ကို စိတ်ပျက်ဖို့ ကောင်းလိုက်တာ။

ဤအချိန်တွင် စုယွမ်နှင့် ပိုင်ချန်တို့လည်း ရောက်ရှိလာကြ၏။ သူတို့သည် ခရီးစဉ်အတွင်း အချိန်ဖြုန်းရန် သရေစာအချို့ ဝယ်ယူရန်အတွက် နောက်တွဲတစ်ခုသို့ သွားရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။

"ဘာဖြစ်လို့လဲ..."

စုယွမ်က မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး..."

လီဟူက စုယွမ်အနီးသို့ တိုးသွားကာ သူ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်၏။ "သူဌေး... ဒီအမျိုးသမီးက လွယ်လွယ်နဲ့ အလျှော့ပေးမယ့်သူ မဟုတ်ဘူး..."

စုယွမ်က ပြုံးလိုက်ပြီးနောက် သူ၏ ဘေးရှိ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်လေသည်။

ထိုအမျိုးသမီးကလည်း စုယွမ်၏ ဘေးရှိ ပိုင်ချန်ကို ကြည့်လိုက်၏။ သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ချန်မှာ မိတ်ကပ်မလိမ်းထားသော်လည်း သူမထက် များစွာ ပိုမိုလှပနေသောကြောင့်ပင်။ မနာလိုဝန်တိုမှုလှိုင်းလုံးကြီးတစ်ခုက သူမ၏အပေါ်သို့ ရိုက်ခတ်သွားလေတော့သည်။

ဤအချိန်တွင် ကျည်ဆန်ရထားမှာ စတင်ရွေ့လျားလာခဲ့ပြီ ဖြစ်၏။ လီဟူက ရှေ့သို့ လျှောက်သွားပြီး စုယွမ်နှင့် ပိုင်ချန်တို့မှာ စုဖူချန်နှင့် အခြားသူများ၏ ရှေ့တွင် ရှိနေကြသည်။ ထို့နောက် သူတို့သည် ထိုင်ရန် ပြင်ဆင်လိုက်ကြလေ၏။

ထိုအချိန်မှာပင် အမျိုးသမီးသည် ပိုင်ချန် ခြေလှမ်းလှမ်းမည့် အချိန်ကို စောင့်ဆိုင်းကာ သူမ၏ ခြေထောက်တစ်ဖက်ကို လမ်းအလယ်သို့ တိတ်တဆိတ် ဆန့်ထုတ်လိုက်လေတော့သည်။

All Chapters