အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄) လူဖမ်းခြင်း
"နားလည်ပါပြီ..."
ရှန်ကျွင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
ထိုအချိန်တွင် သူ အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်လေသည်။ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီသည် မူလက ကုမ္ပဏီငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ယနေ့မှစ၍ ၎င်း၏တန်ဖိုးသည် လျင်မြန်စွာ တက်လာတော့မည် ဖြစ်၏။
အထူးသဖြင့် ချန်ဖုန်း ယခုလေးတင် ပြောခဲ့သော စကားများကို ကြားပြီးနောက်တွင် ဖြစ်ပေသည်။
အဆင့်မြင့် ဈေးကွက်ကို သွားမည်။
နှစ်နှစ်အတွင်း ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် သေချာပေါက် ယွမ် ဘီလီယံ ၁၀ ကျော်သွားမည်ဟု ရှန်ကျွင်း ယုံကြည်နေခဲ့သည်။
ထို့ထက်ပင် မြင့်မားနိုင်သေး၏။
သူသည် တံခါးအပြင်ဘက်ရှိ ဖြန့်ချိရေးကိုယ်စားလှယ်များကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ယခင်က သူသည် ဤလူများကို အလုပ်လုပ်ပေးရန် တောင်းဆိုခဲ့ရသူဖြစ်သော်လည်း ယခုအခါတွင်မူ ၎င်းတို့က သူ့ကို အရှက်မရှိ ဖားယားနေကြပေပြီ။
ကုမ္ပဏီက ထုတ်ကုန်တစ်ခုမျှ မထုတ်လုပ်ရသေးလျှင်ပင် လူများက ကုမ္ပဏီ၏ အကောင့်ထဲသို့ ငွေကို တိုက်ရိုက် လွှဲပြောင်းပေးရန် ဆန္ဒရှိနေကြလေ၏။
ဒီခံစားချက်က...
တော်တော်လေး ကောင်းတာပဲ…
သူသည် အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့... ကျွန်တော် သူဌေးကြီးနဲ့ တိုင်ပင်ပြီးပါပြီ... ထုတ်ကုန်တွေကို ဒီနေ့ပဲ စတင်ထုတ်လုပ်တော့မှာပါ..."
"ဒါပေမဲ့ အစပိုင်းမှာ ထုတ်လုပ်မှုက နည်းနေဦးမှာပါ..."
"ဒါက ခင်ဗျားတို့ အားလုံးကို စိတ်ကျေနပ်မှု မပေးနိုင်လောက်ဘူး... ဒါကြောင့် ကျေးဇူးပြုပြီး ငွေတွေ ပြန်ယူသွားကြပါ..."
"ဥက္ကဋ္ဌရှန်... ရပါတယ်... ကျွန်တော်တို့ စောင့်နိုင်ပါတယ်..."
"ဟုတ်တယ် ဟုတ်တယ်... ကျွန်တော်တို့ နည်းနည်းလောက် ထပ်စောင့်ရလည်း အဆင်ပြေပါတယ်... ထုတ်လုပ်မှု ပြီးတဲ့အချိန်မှ ကုန်ပစ္စည်းတွေကို ပို့ပေးလို့ ရပါတယ်..."
ဖြန့်ချိရေးကိုယ်စားလှယ်များက ယဉ်ကျေးစွာ ပြောဆိုကြ၏။
ယခင်က စစ်ဝေ့ နည်းပညာကုမ္ပဏီတွင် မန်နေဂျာခုံးက ၎င်းတို့ကို ငွေအမြန်ဆုံးပေးချေရန် ဆန္ဒစောနေခဲ့သည်။
အခု ဥက္ကဋ္ဌရှန်ကို ကြည့်လိုက်စမ်းပါဦး…
သူတို့ကိုယ်တိုင် ငွေပေးချေချင်တာတောင် ဥက္ကဋ္ဌရှန်က လက်မခံဘူးလေ...
ဒါကမှ စစ်မှန်တဲ့ စရိုက်လက္ခဏာပဲ…
…
[ သတင်းထူး... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ အဓိက အချက်အလက်တွေ ခိုးယူခံလိုက်ရပြီး မန်နေဂျာဝေ့တာယဲ့ က အလုပ်ကထွက်ကာ ပြိုင်ဘက်ကုမ္ပဏီကို ကူးပြောင်းသွားခဲ့ပါတယ်…]
ချန်ဖုန်းသည် သူ၏ရှေ့ လေဟာပြင်ထဲတွင် ဗီဒီယိုတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။သူ ခဏတာ မှင်တက်သွားသည်။
"လခွမ်းပဲ... ဒါက မနေ့က ဖြစ်ခဲ့တဲ့ကိစ္စ မဟုတ်ဘူးလား..."
နောက်တစ်ခဏတွင် သူ ချက်ချင်း သဘောပေါက်သွားလေ၏။
ဒီစနစ်က အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရုံသာမက အတိတ်ကိုပါ ပြန်ကြည့်နိုင်တာပဲ...
အရင်ကလည်း အတိတ်က ဗီဒီယိုတွေ ပေါ်လာဖူးတာပဲ။
၎င်းမှာ လွန်ခဲ့သော ဆယ့်ငါးနှစ်က ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ရှယ်ယာများ ရောင်းချခဲ့သည့် သတင်းသက်သက်သာ ဖြစ်ပေသည်။
ဒီတစ်ကြိမ်မှာတော့...
သို့သော် မန်နေဂျာ ဝေ့တာယဲ့ သည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီမှ ထွက်ခွာပြီးနောက် စစ်ဝေ့ နည်းပညာကုမ္ပဏီ သို့ မည်သို့သွားရောက်ခဲ့သည်ဆိုသော လုပ်ငန်းစဉ်တစ်ခုလုံးကို တိုက်ရိုက် မှတ်တမ်းတင်ထားခြင်း ဖြစ်ပေ၏။
ဒါ တကယ်မိုက်တာပဲ...
တစ်စုံတစ်ယောက်က ကင်မရာတစ်လုံးကို အထူးကိုင်ဆောင်ကာ မြင်ကွင်းတစ်ခုလုံးကို ရိုက်ကူးနေသည့်အလား ပင်။
"ချစ်လှစွာသော ဦးလေး... ဦးလေးက ကျွန်တော့်ကွယ်ရာမှာ ဒါတွေကို လုပ်ခဲ့တာကိုး..."
ချန်ဖုန်းသည် ဗီဒီယိုထဲတွင် မြင်တွေ့လိုက်ရသည်။
သူ၏ ဦးလေးဖြစ်သူ မန်နေဂျာ ဝေ့တာယဲ့ သည်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေပြီး ၎င်းမှနေ၍ ယွမ် သုံးသန်း အမြတ်ရခဲ့ပေ၏။
သူက ဖျော့တော့စွာ ပြုံးလိုက်ပြီး ဗီဒီယိုကို တိုက်ရိုက် ပို့လွှတ်လိုက်သည်။
...
စစ်ဝေ့ နည်းပညာကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ရုံးခန်းအတွင်း၌။
မာထျန်ကျူးသည် ဖုန်းကို ခုံးဝူ၏ နဖူးပေါ်သို့ တိုက်ရိုက် ပစ်ပေါက်လိုက်လေ၏။
သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"မန်နေဂျာခုံး... မနေ့က မင်းမှာ ယုံကြည်မှု ဘယ်လောက်ရှိလဲလို့ ငါမေးတော့ မင်းက ရာခိုင်နှုန်း ရှစ်ဆယ်လို့ ပြောခဲ့တယ်... ဒါက မင်းပြောတဲ့ ရာခိုင်နှုန်း ရှစ်ဆယ် ယုံကြည်မှုဆိုတာလား..."
"ကုမ္ပဏီက ပိုက်ဆံဘယ်လောက် ဆုံးရှုံးသွားလဲဆိုတာ မင်းသိလား... သန်းတစ်ရာကျော်တောင်ကွ..."
"မစ္စတာမာ..."
"ပါးစပ်ပိတ်ထားစမ်း..."
မာထျန်ကျူးသည် နောက်တစ်ကြိမ် ဒေါသပေါက်ကွဲသွားပြန်၏။
"အခု ပတ်ဝန်းကျင် လုပ်ငန်းတွေက ငါ့ကို ရယ်မောနေကြပြီဆိုတာ မင်းသိလား... ဒီပရောဂျက်ကို တာဝန်ယူဖို့ မင်းကို ခန့်အပ်ခဲ့တာ ငါ တကယ်ကို ရူးသွားလို့ပဲ ဖြစ်ရမယ်..."
"မစ္စတာမာ... ဒါက တကယ်ကို ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ..."
"ပေါ့ဆမှု ဟုတ်လား..."
မာထျန်ကျူးသည် ဒေါသကြောင့် တုန်ရီသွား၏။
"ပေါ့ဆမှု တစ်ခုတည်းနဲ့ တာဝန်ကနေ ရှောင်လွှဲနိုင်မယ်လို့ မင်း ထင်နေတာလား... မင်း ခေါင်းထဲမှာ ဝက်အူချောင်နေပြီလို့ ငါ ထင်တယ်..."
"ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို ဖန်တီးခဲ့တာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ဆိုတာ မင်း သိလား..."
"ဘာ..."
ခုံးဝူမှာ များစွာ လန့်ဖြတ်သွားခဲ့၏။
ထိုစက္ကန့်အတွင်းမှာပင် အရာများစွာကို သူ သတိရသွားသည်။
မာထျန်ကျူးက လှောင်ပြောင်လိုက်၏။
"မန်နေဂျာ ဝေ့တာယဲ့ က ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီရဲ့ အဓိက အချက်အလက်တွေကို ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ရနိုင်ခဲ့တာလဲ... အဲဒါက ရှန်ကျွင်း ချထားတဲ့ ထောင်ချောက် မဟုတ်ဘူးလား..."
"ဖြစ်နိုင်တာက ဒီ မန်နေဂျာ ဝေ့တာယဲ့ က သူတို့နဲ့ ပူးပေါင်းကြံစည်ထားတာပဲ..."
"ပြီးတော့ အဲဒီ ညွန်ကြားရေးမှူးစွန်း...တောက်… တကယ်ကို အကြံအစည်ကောင်းပဲ..."
"ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့အတွက် သူတို့က ဒီထောင်ချောက်ကြီးကို ဆင်ထားခဲ့တာပဲ..."
"ခုံးဝူ... မင်းက ဦးနှောက်သေနေတာလား... မင်းက အဲဒီထဲကို တကယ်ကြီး ဝင်သွားခဲ့တယ်ပေါ့လေ..."
"အခု ဘာဖြစ်သွားပြီလဲ ကြည့်လိုက်စမ်း... ကုမ္ပဏီက ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီ... ဒီအတွက် မင်း တာဝန်ယူနိုင်လား..."
"ကျွန်တော်..."
ခုံးဝူ၏ မျက်နှာသည် ချက်ချင်းပင် သွေးဆုတ်သွားတော့၏။
သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ အဓိက အချက်အလက်များကို ခိုးယူရန် လူတစ်ဦးကို ရှင်းလင်းစွာ ငှားရမ်းခဲ့ခြင်း ဖြစ်ပေသည်။ ဘာလို့ အခုကျမှ တစ်ယောက်ယောက်က သူ့အတွက် ထောင်ချောက်ဆင်ပြီး အဲဒီထဲ ဝင်သွားအောင် လုပ်ရတာလဲ...
ဒါက တကယ်ပဲ ဒီလောက် ရှုပ်ထွေးနေတာလား...
သူ၏ ဦးနှောက်သည် ကောင်းမွန်စွာ အလုပ်မလုပ်တော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။
ဘုရားရေ...
အခုခေတ် ထိပ်တန်း အမှုဆောင်တွေ အကုန်လုံးက ဒီလောက်တောင် စွမ်းဆောင်နိုင်နေကြပြီလား...
သူတို့က အဆင့်များစွာပါဝင်တဲ့ အကြံအစည်တွေကိုတောင် စတင်အသုံးပြုနေကြပြီလား...
သူ ပိုတွေးလေလေ ပို၍ လန့်ဖြတ်လာလေလေ ဖြစ်ပေသည်။
မာထျန်ကျူးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ နောက်တစ်ကြိမ် ရေခဲတမျှ အေးစက်သွားပြန်၏။
"မင်း ဘယ်လိုနည်းလမ်းတွေ သုံးသုံး ငါ ဂရုမစိုက်ဘူး... ကုမ္ပဏီရဲ့ ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် မင်း လုပ်ရမယ်..."
"ညွှန်ကြားရေးမှူးစွန်း နဲ့ မန်နေဂျာ ဝေ့တာယဲ့ ကိုတော့ သူတို့ကို အခုချက်ချင်း ဒီကနေ ထွက်သွားခိုင်းလိုက်စမ်း..."
"ပြီးတော့ သူတို့ကို ပေးထားတဲ့ ယွမ် ခြောက်သန်းကိုလည်း အခုချက်ချင်း ပြန်တောင်းလာခဲ့..."
"ကျွန်တော်... နားလည်ပါပြီ..."
ခုံးဝူသည် သူ၏ နဖူးမှ ချွေးအေးများကို သုတ်ဖယ်လိုက်သည်။
သူ သိပေ၏။ အကယ်၍ ဤကိစ္စကို သူ ကောင်းစွာ မဖြေရှင်းနိုင်ပါက မစ္စတာမာက သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ချေ။
ထိုစဉ်မှာပင်… လက်ထောက်တစ်ဦး ဝင်လာခဲ့သည်။
"မစ္စတာမာ... ခေါင်းဆောင်ချန် က ခင်ဗျားကို လာရှာနေပါတယ်..."
"ခေါင်းဆောင်ချန်..."
မာထျန်ကျူးက အကြည့်ကို လွှဲလိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဦးဆောင်လာသော ဝတ်စုံပြည့် ရဲအရာရှိ အချို့ ဝင်ရောက်လာကြသည်။ ကပ္ပတိန်ချန် ပင် ဖြစ်ပေ၏။
"မစ္စတာမာ... စီးပွားရေးဆိုင်ရာ ခိုးမှုတစ်ခုကြောင့် ဒီနေ့ ကျွန်တော်တို့ လာခဲ့တာပါ..."
ခေါင်းဆောင်ချန်က လိုရင်းကို တိုက်ရိုက် ပြောဆိုလိုက်သည်။
သူသည် အဓိကအားဖြင့် ဤဧရိယာကို တာဝန်ယူရပြီး စစ်ဝေ့ နည်းပညာကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ မာ နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။
"ခေါင်းဆောင်ချန်... ကျေးဇူးပြုပြီး ထိုင်ပါဦး..."
မာထျန်ကျူးက လူတစ်ဦးအား လက်ဖက်ရည်တစ်ခွက် အလျင်အမြန် ငှဲ့ခိုင်းလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေလို့လား... ကျွန်တော်တို့ စစ်ဝေ့ နည်းပညာကုမ္ပဏီ က လူတိုင်းက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေပါ... ကျွန်တော်တို့ ဘာအမှားမှ မလုပ်နိုင်ပါဘူး..."
"မစ္စတာမာ... ကျွန်တော် စကားကို လှည့်ပတ်မပြောတော့ဘူး... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး သက်သေအထောက်အထားတွေလည်း တင်ပြထားပြီးပြီ... ဒါကြောင့် မှားယွင်းနိုင်စရာ မရှိပါဘူး..."
ခေါင်းဆောင်ချန်က စကားပြောနေစဉ် ဗီဒီယိုတစ်ခုကို ကမ်းပေးလိုက်၏။
၎င်းမှာ ချန်ဖုန်း ပေးပို့ခဲ့သော ဗီဒီယိုပင် ဖြစ်သည်။
တစ်ဝက်ခန့်သာ ကြည့်ရသေးသည်။ ခုံးဝူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။
အဘယ်ကြောင့်ဆိုသော် ထိုဗီဒီယိုတွင် မန်နေဂျာ ဝေ့တာယဲ့ သည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီမှ မည်သို့ ထွက်ခွာလာခဲ့ပြီး သူနှင့် အဓိက အချက်အလက်များကို မည်သို့ အရောင်းအဝယ် လုပ်ခဲ့သည်ဆိုသည်ကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်ပေသည်။
သူ့ကို ပို၍ ထိတ်လန့်သွားစေသောအရာမှာ...
ဒီဗီဒီယိုက တစ်စုံတစ်ယောက်က သီးသန့် ရိုက်ကူးထားသလိုပဲ…
သို့သော် သူ ရှင်းလင်းစွာ မှတ်မိနေခဲ့၏။ အဲဒီအချိန်တုန်းက ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိခဲ့ပါဘူး...
မန်နေဂျာ ဝေ့တာယဲ့ ကများ ရိုက်ထားတာလား...
ဒါ မဖြစ်နိုင်ဘူး…
မန်နေဂျာ ဝေ့တာယဲ့ သည်လည်း ဗီဒီယိုထဲတွင် ပါဝင်နေသောကြောင့် ရိုက်ကူးရန် မဖြစ်နိုင်ချေ။
ဒါက တွေးကြည့်ရင်တောင် ကြောက်စရာကောင်းတယ်…
သူ၏မျက်နှာသည် ချက်ချင်းပင် သွေးဆုတ်သွားပြီး အလျင်အမြန် ရှင်းပြလိုက်၏။
"ခေါင်းဆောင်ချန်... ဒီဗီဒီယိုက အတုဖြစ်မှာ သေချာပါတယ်..."
"ဗီဒီယိုရဲ့ အစစ်အမှန် ဟုတ်မဟုတ်ကို ကျွန်တော်တို့ဘာသာ စစ်ဆေးပါ့မယ်... မန်နေဂျာခုံး မဟုတ်လား... စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ... ပြီးတော့ မန်နေဂျာ ဝေ့တာယဲ့ နဲ့ ညွှန်ကြားရေးမှူးစွန်း တို့လည်း ပါပါတယ်..."
"သူ အခု မစ္စတာမာ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတယ် မဟုတ်လား..."
"ခေါင်းဆောင်ချန်... ဖမ်းသွားလိုက်ပါ..."
မစ္စတာမာက ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။
"မန်နေဂျာခုံး က ဒီလောက် တရားမဝင်တဲ့ ကိစ္စတွေ အများကြီး လုပ်ထားမှန်း ကျွန်တော် တကယ် မသိခဲ့ဘူး... အကုန်လုံး ကျွန်တော့်အမှားပါ... ကျွန်တော် သူ့ကို အခွင့်အာဏာတွေ အရမ်း ပေးမိသွားတယ်..."
"ခေါင်းဆောင်ချန်... ဒီလို မှုခင်းကျူးလွန်တဲ့ သူမျိုးတွေကို ကျွန်တော်တို့ လုံးဝ သည်းမခံသင့်ဘူး..."
"ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်..."
ယခုအချိန်၌ သူသည် အပြစ်အားလုံးကို ခုံးဝူ၏ အပေါ်သို့ ပုံချလိုက်လေ၏။
တစ်ချိန်တည်းမှာပင် သူ အလွန် သိချင်နေခဲ့သည်။ မန်နေဂျာ ဝေ့တာယဲ့ နှင့် သူ၏ အပေါင်းအပါများသည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ နှင့် ပူးပေါင်းကြံစည်ထားခြင်း မဟုတ်ဘူးလား...
ထိုသို့မဟုတ်ပါက ၎င်းတို့ နှစ်ဦးစလုံးကို အဘယ်ကြောင့် ဖမ်းဆီးသွားရသနည်း။
ခေါင်းဆောင်ချန်က ခေါင်းညိတ်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ကျွန်တော်တို့ သွားလိုက်ပါဦးမယ်... ကျန်တဲ့ နှစ်ယောက်ကိုလည်း ကျွန်တော်တို့ ခေါ်သွားပါ့မယ်..."
မကြာမီပင် မန်နေဂျာ ဝေ့တာယဲ့ နှင့် ညွှန်ကြားရေးမှူးစွန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။
ထိုသူနှစ်ဦးမှာ ဘာဖြစ်သွားသည်ကို သိလိုက်ရချိန်တွင်... သူတို့ အလွန်အမင်း ထိတ်လန့်သွားကာ မြေပြင်ပေါ်သို့ ပြိုလဲသွားကြတော့၏။
သွားပီ… ပြီးသွားပြီ… ဒါက တကယ်ပဲ အဆုံးသတ်လား…