← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) အဒေါ်ဖြစ်သူက ကရုဏာသက်ရန် တောင်းပန်ခြင်း

ထိုဗီဒီယိုကို သက်သေအဖြစ် အသုံးပြုလိုက်သဖြင့် စုံစမ်းစစ်ဆေးမှု ရလဒ်များမှာ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပေသည်။

မန်နေဂျာ ဝေ့တာယဲ့ သည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ အဓိက အချက်အလက်များကို ယူဆောင်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

မန်နေဂျာ ဝေ့တာယဲ့ နှင့် ခုံးဝူ တို့တွင် အဓိက တာဝန်ရှိပြီး ညွန်ကြားရေးမှူးစွန်း ၏ တာဝန်မှာ နည်းပါးသော်လည်း သူသည်လည်း ပါဝင်ပတ်သက်နေပေသည်။

စစ်ဝေ့ နည်းပညာကုမ္ပဏီပင်လျှင် ဒဏ်ကြေးများ ချမှတ်ခံရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ လက်ရှိထုတ်လုပ်နေသော ချစ်ပ်ပြားများသည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီမှ ဖြစ်သဖြင့် ၎င်းတို့သည် သက်သေနှင့်တကွ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပေ၏။

တာဝန်ရှိသူများကို မည်သို့ သတ်မှတ်မည်ဆိုသည်နှင့် ပတ်သက်၍ အထက်အာဏာပိုင်များထံမှ နောက်ထပ် ညွှန်ကြားချက်များကို စောင့်ဆိုင်းရန် လိုအပ်သေးသည်။

မည်သို့ပင်ဖြစ်စေ ဤလူသုံးဦးမှာ လက်ရှိတွင် အချုပ်ကျနေလေပြီ။

သတင်းကို လက်ခံရရှိပြီးနောက် ချန်ရှားသည် ရဲစခန်းသို့ ချက်ချင်း ပြေးသွားခဲ့၏။ နောက်ဆုံးတွင် သူမသည် အချုပ်ခံထားရသော မန်နေဂျာ ဝေ့တာယဲ့ ကို မြင်တွေ့ခွင့် ရရှိသွားခဲ့သည်။

သူမခင််မျာ အလွန်အမင်း ငိုကြွေးနေခဲ့သဖြင့် သူမ၏ မိတ်ကပ်များပင် ပျက်စီးနေခဲ့ပေပြီ။

"ငိုနေ... ငိုပဲ ငိုနေ... မင်း တစ်နေကုန် လုပ်တတ်တာဆိုလို့ ငိုဖို့ပဲ ရှိတယ်..."

မန်နေဂျာ ဝေ့တာယဲ့ မှာ အလွန်အမင်း စိတ်တိုနေခဲ့၏။

"တကယ်လို့ မင်းသာ ပိုက်ဆံရှာဖို့ကိုပဲ အချိန်တိုင်း တွေးမနေခဲ့ဘူးဆိုရင် ငါ အဖမ်းခံရပါ့မလား... ဒီပိုက်ဆံကို ငါတို့ ယူလို့မရဘူးလို့ ငါ ပြောခဲ့သားပဲ... ဒါပေမဲ့ မင်းက အတင်းယူဖို့ တိုက်တွန်းခဲ့တာလေ..."

"အခု ဘာဖြစ်သွားပြီလဲ ကြည့်လိုက်စမ်း... ငါ အဖမ်းခံရပြီဆိုတော့ မင်း ပျော်သွားပြီလား..."

"ကျွန်မ... ကျွန်မက ဒါကို လိုချင်ခဲ့တယ်လို့ ရှင် ထင်နေတာလား... ရှင် အဖမ်းခံရတာကို ကျွန်မလည်း မလိုလားပါဘူး..."

ချန်ရှားက သူမ၏ မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်ကာ ရှိုက်ငိုရင်း ပြောဆိုလိုက်သည်။

"အခု ကျွန်မတို့ဆီမှာ ပိုက်ဆံလည်းမရှိဘူး... လူလည်း အဖမ်းခံရပြီ... တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်မ ကြိုသိခဲ့ရင် သူတို့ ဘယ်လောက်ပဲ ပေးပေး ကျွန်မ သဘောတူခဲ့မှာ မဟုတ်ဘူး..."

"ကောင်းပြီ... ကောင်းပြီ... မငိုနဲ့တော့..."

မန်နေဂျာ ဝေ့တာယဲ့ သည် ဤမိန်းမကို ကြည့်ရုံဖြင့် စိတ်တိုလာသလို ခံစားလိုက်ရ၏။

သူမက အမြဲတမ်း ပြဿနာရှာတတ်သူပင်။ သူ၏ အတိတ်ဘဝက ဤမိန်းမကို အကြွေးတင်ခဲ့သလားဟုပင် သူ တွေးတောနေမိသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီဆီက အချက်အလက်တွေကို အဓိက ခိုးယူပြီးအသုံးပြုတာက ခုံးဝူ ဆိုတော့ ငါ့တာဝန်က နည်းပါတယ်... ဒါက ပြဿနာကြီးကြီးမားမား ဖြစ်မှာမဟုတ်ဘူး... မင်း အစ်ကိုကြီးဆီ သွားပြီး တောင်းပန်လိုက်ပါ..."

"တကယ်လို့ သူက ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ လွတ်ပြီ..."

"ကျွန်မ အစ်ကိုကြီး ဟုတ်လား..."

ချန်ရှား ခဏတာ မှင်တက်သွား၏။

အစ်ကိုကြီးက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ…

သူမက နှုတ်ခမ်းစူကာ ခေါင်းမာစွာ ပြောဆိုလိုက်သည်။

"ကျွန်မ မသွားဘူး... ပြီးခဲ့တဲ့တစ်ခေါက်က သူ့အိမ်မှာ ကျွန်မ အရှက်ကွဲခဲ့တာ မလုံလောက်သေးဘူးလား..."

"မင်း..."

မန်နေဂျာ ဝေ့တာယဲ့ မှာ ဒေါသထွက်သွား၏။

"တကယ်လို့ မင်း သူ့ကို မတောင်းပန်ရင် ငါ ဒီမှာ ဆက်ပြီး အချုပ်ကျခံရလိမ့်မယ်... ငါ ဒီမှာ နှစ်ဘယ်လောက်ကြာကြာ အချုပ်ကျခံနေရတာကို မင်း လိုချင်နေတာလဲ..."

"မင်းအစ်ကိုကြီးက စိတ်ထားနူးညံ့ပါတယ်... မင်း သွားတောင်းပန်လိုက်ရင် သူ သေချာပေါက် ကူညီပေးမှာပါ..."

"ချန်ဖုန်း ဝင်ပါလိုက်ရင် ငါ့ပြဿနာက ပြေလည်သွားမှာပဲ မဟုတ်ဘူးလား..."

"မမေ့နဲ့နော်... ချန်ဖုန်း က ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတာ..."

"ဟင်..."

ခနအကြာတွင် ချန်ရှားက ဆုံးဖြတ်ချက်ချလိုက်သည့်အလား အံကိုကြိတ်လိုက်သည်။

"ကောင်းပြီလေ... ကျွန်မ သူ့ကို သွားတောင်းပန်ပါ့မယ်..."

ထို့နောက် သူမသည် ရဲစခန်းမှ ချက်ချင်းထွက်လာပြီး ကျေးလက်ဒေသဆီသို့ တိုက်ရိုက် ကားမောင်းသွားခဲ့၏။ လင်မယားနှစ်ယောက် မကြာခဏ စကားများလေ့ရှိသော်လည်း ၎င်းတို့သည် လင်မယားများ ဖြစ်ကြသဖြင့် သူမ၏ ခင်ပွန်းဖြစ်သူကို ထောင်ထဲတွင် တစ်သက်လုံး နေသွားရမည်ကို သူမ မလိုလားခဲ့ချေ။

နာရီဝက်ခရီး ဖြစ်ပေသည်။ ပုံမှန်အားဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားတတ်သော်လည်း ယခုအခါတွင်မူ အဆုံးမရှိသော အချိန်တစ်ခုအဖြစ် ခံစားနေရ၏။

နောက်ဆုံးတွင် သူမ ဇာတိရွာသို့ ရောက်ရှိချိန်၌ ချန်ဖုန်း၏ မိဘများသည် ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းနေကြပေသည်။ အိမ်ပုံစံကြမ်းများ ပြီးစီးသွားပြီဖြစ်ရာ ၎င်းတို့က ဖြိုဖျက်ကာ ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။

ချန်ရှားက တိုက်ရိုက် ပြေးသွားပြီး ချန်ဖုန်း၏ ဖခင်လက်မောင်းကို ဆွဲကိုင်ကာ ငိုကြွေးလိုက်သည်။

"အစ်ကိုကြီး... ကျွန်မ ယောကျာ်းကို ကယ်ပါဦး..."

"အရင်တုန်းက အကုန်လုံး ကျွန်မ အမှားတွေချည်းပါပဲ... ကျွန်မ အစ်ကိုကြီးကို အထင်မသေးသင့်ဘူး... အချိုးမပြေတာတွေ မလုပ်ခဲ့သင့်ဘူး..."

"ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးရဲ့ ညီမပါ... အခု ကျွန်မ ယောကျာ်းက ဒုက္ခရောက်နေပြီ..."

"အစ်ကိုကြီးမှ မကူညီရင် ဘယ်သူမှ ကူညီနိုင်မှာ မဟုတ်ဘူး..."

သူမ ယခု တကယ်ကို နောင်တရနေခဲ့ပြီ ဖြစ်သည်။

အတိတ်က သူမ လုပ်ခဲ့သမျှ အရာအားလုံးအတွက် နောင်တရနေခဲ့၏။ ယခင်က သူမ ဤသို့ မတွေးခဲ့ဖူးချေ။ သို့သော် သူမ ယောကျာ်း ပြဿနာတက်ပြီးနောက်တွင် ချန်ရှားသည် သူမ၏ ပတ်ဝန်းကျင်မှ မည်သူကမျှ သူမကို ကူညီနိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။

သူမ၏ ရင်းနှီးသော သူငယ်ချင်းအချို့ပင်လျှင် သူမ၏ ခင်ပွန်း အဖမ်းခံရကြောင်း ကြားသိချိန်တွင် ၎င်းတို့ပါ ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်သဖြင့် အဝေးသို့ ထွက်ပြေးချင်နေခဲ့ကြ၏။

အရေးကြီးသော အခိုက်အတန့်တွင် မိသားစုဝင်များသာလျှင် သူမကို ကူညီရန် ဆန္ဒရှိပေလိမ့်မည်။

"တတိယညီမ... အရင်ထပါဦး..."

ချန်ဖုန်း၏ဖခင်ဖြစ်သူသည်လည်း လုံးလုံးလျားလျား တွေဝေသွားခဲ့၏။ ဘာတွေဖြစ်သွားသည်ကို သူ လုံးဝ မသိရှိဘဲ ချန်ရှားအား အလျင်အမြန် ဆွဲထူလိုက်သည်။

"ဖြည်းဖြည်းပြောပါ... ညည်း ယောကျာ်းက ဘာဖြစ်လို့လဲ..."

"သူ... သူ အဖမ်းခံလိုက်ရပြီ အစ်ကိုကြီး... အခု အစ်ကိုကြီးပဲ သူ့ကို ကယ်နိုင်တော့မှာ... ကျွန်မ အစ်ကိုကြီးကို တောင်းပန်ပါတယ်... သူ့ကို အပြင်ရောက်အောင် အစ်ကိုကြီး သေချာပေါက် ကူညီပေးပါ..."

အကယ်၍ သူမယောကျာ်းတာ ထောင်ကျသွားပါက သူမ တစ်ယောက်တည်း မည်သို့ ရှင်သန်ရမည်ကို ချန်ရှား မတွေးဝံ့ချေ။

ချန်ဖုန်း၏ ဖခင်က မျက်မှောင်ကြုတ်လိုက်သည်။

"သူ တစ်ခုခု အမှားလုပ်ခဲ့လို့လား... တကယ်လို့ သူ အမှားလုပ်ခဲ့တယ်ဆိုရင်တော့ သူ့ကို ကယ်ဖို့ ငါ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး..."

"တတိယညီမ... ငါတို့ ဘာလုပ်ပေးရမလဲဆိုတာသာ ပြောပါ... ငါတို့ ကူညီနိုင်မယ်ဆို အစွမ်းကုန် ကူညီဖို့ ကြိုးစားပေးပါ့မယ်..."

ချန်ဖုန်း၏မိခင်ဖြစ်သူမှာမူ အပြောသာရှိပြီး လက်တွေ့မရှိချေ။ သူမက ချန်ရှား၏ မိသားစုကို မည်မျှ မုန်းတီးကြောင်း ယခင်က ပြောခဲ့ဖူးသော်လည်း တစ်ဖက်လူ အမှန်တကယ် ဒုက္ခရောက်နေချိန်တွင်မူ သူမက ကူညီပေးရန် ဆန္ဒရှိနေဆဲပင် ဖြစ်လေ၏။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..."

ပထမဆုံးအကြိမ်အဖြစ် ချန်ရှားသည် ကျေးဇူးတင်စကားများ ပြောဆိုလာခဲ့သည်။ သူမ မျက်နှာပျက်မည်ကို ဂရုမစိုက်တော့ချေ။

သူမက အလျင်အမြန် ပြောဆိုလိုက်၏။

"ချန်ဖုန်း ကို ရှာပေးပါ... ချန်ဖုန်းပဲ ကျွန်မ ယောကျာ်းကို ကယ်တင်နိုင်မှာပါ... ချန်ဖုန်း က ကျွန်မကို မကျေနပ်ဘူးဆိုတာ ကျွန်မသိတယ် အစ်ကိုကြီး... အစ်ကိုကြီးနဲ့ မရီးပဲ ကျွန်မကို ကူညီပေးနိုင်မှာပါ..."

"ဒီလောကမှာ ကျွန်မမှာ တခြားဆွေမျိုးတွေ မရှိတော့ဘူးလေ..."

"ကျွန်မတို့က သွေးမတော်စပ်ပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတူတူ နေလာခဲ့ကြတာပဲလေ..."

"ကောင်းပြီ... ငါ ဖုန်းဆက်လိုက်မယ်..."

ဖခင်ဖြစ်သူက သက်ပြင်းချလိုက်ပြီး ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်သည်။

...

[ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေးအနေနဲ့ စနစ်ပွိုင့် +၅၀]

[ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့် : ၄၄၀၆၃]

[ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ ပိုင်ရှင် ပါဝင်ပတ်သက်ခဲ့တဲ့အတွက် စနစ်ရဲ့ ခန့်မှန်းချိန် ပြောင်းလဲသွားပါတယ်... လက်ရှိ ခန့်မှန်းချိန်က ၁၄၉၀-၂၀၇၉ ဖြစ်ပါတယ်...]

ချန်ဖုန်းသည် လေဟာပြင်ထဲရှိ ဟိုလိုဂရမ် ရုပ်လုံးကြွ မျက်နှာပြင်ကို စိုက်ကြည့်နေခဲ့၏။

ညွှန်ကြားရေးမှူးစွန်း နှင့် သူ၏ အပေါင်းအပါများ အဖမ်းခံရပြီးနောက် ဗီဒီယိုတာဝန် ပြီးမြောက်သွားပုံရပေသည်။

ခန့်မှန်းနိုင်သော အချိန်ကာလသည် ငါးနှစ် ထပ်မံတိုးလာခဲ့လေပြီ။

ယခုအချိန်တွင် စနစ်ပွိုင့် ဆုကြေးများကို သူ သိပ်ပြီး စိတ်မဝင်စားတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးတင်စကားများ စုဆောင်းခြင်းဖြင့် စနစ်ပွိုင့်များ ရရှိနိုင်ပြီး ၎င်းက တာဝန်များ ပြီးမြောက်ခြင်းဖြင့် စနစ်ပွိုင့်များ ရယူခြင်းထက် ပိုမိုမြန်ဆန်သောကြောင့် ဖြစ်ပေသည်။

ထိုအချိန်၌ ဖခင်ဖြစ်သူထံမှ ဖုန်းဝင်လာခဲ့၏။

ချန်ဖုန်းက လေဟာပြင်တွင် သူ၏ လက်ချောင်းဖြင့် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။

ဖုန်းချိတ်ဆက်သွားလေပြီ။

"အဖေ... ဘာဖြစ်လို့လဲ..."

"ဖုန်းဇီ... မင်းဦးလေး အဖမ်းခံရတယ်လို့ မင်းအဒေါ် ပြောတယ်... သူ့ကို အပြင်ရောက်အောင် ကူညီပေးဖို့ မင်းမှာ နည်းလမ်းရှိလား..."

ထိုအချိန်မှသာ အဒေါ်ဖြစ်သူက သူ၏ မိဘများကို အသနားခံရန် အိမ်သို့ ပြန်သွားခဲ့ကြောင်း ချန်ဖုန်း သဘောပေါက်သွားလေ၏။

သူ သက်ပြင်းချကာ ပြောဆိုလိုက်သည်။

"အဖေ... ဦးလေး ဘာလုပ်ခဲ့လဲဆိုတာ အဖေ သိလား... သူက ကျွန်တော့် ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ခိုးဖို့ တခြားသူတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တာ... ကုမ္ပဏီကို ပြန်လည်ကုစားလို့မရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လုနီးပါးအထိပဲ..."

"ဟင်... အဲဒီလောက်တောင် ဆိုးရွားတာလား..."

ဒီ ဝေ့တာယဲ့ က တကယ့် လူယုတ်မာပဲ...

ဖခင်ဖြစ်သူမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့၏။

တစ်ဖက်တွင် သားဖြစ်သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ရှိနေသည်။ တစ်ဖက်တွင် ညီမဖြစ်သူ၏ မိသားစု ရှိနေ၏။

အထူးသဖြင့် ချန်ရှား၏ အသည်းအသန် တောင်းပန်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်ပေသည်။ သူ အလွန် ဒေါသထွက်နေသော်လည်း ဘာလုပ်ရမည်ကို မသိခဲ့ချေ။

အချိန်အတော်ကြာပြီးနောက်…

သူက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။

"အခြေအနေ ဆိုးရွားသလား မဆိုးရွားဘူးလားဆိုတာ အရင်စုံစမ်းကြည့်လိုက်ပါ... တကယ်လို့ မဆိုးရွားဘူးဆိုရင်လည်း မေ့လိုက်ပါ... ဘာပဲဖြစ်ဖြစ် ငါတို့က ဆွေမျိုးတွေလေ... ပြီးတော့ မင်းအဒေါ်ကလည်း အခု နောင်တရနေပြီ..."

"သူက တောင်းပန်ပြီး သက်ညှာပေးဖို့လည်း အသနားခံနေတယ်လေ..."

"နားလည်ပါပြီ..."

ချန်ဖုန်းသည် မူလက ဤကိစ္စတွင် ဝင်မပါချင်ခဲ့ချေ။

မန်နေဂျာ ဝေ့တာယဲ့ သည် အဓိက တရားခံ မဟုတ်သော်လည်း... ဒါက သူ့ကို ဒုက္ခရောက်စေဖို့ လုံလောက်ပါတယ်...

သို့သော်… မိဘများ၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားကာ ရှန်ကျွင်းထံ ဖုန်းခေါ်ဆို၍ ပြောလိုက်၏။

"ဥက္ကဋ္ဌရှန်... မန်နေဂျာ ဝေ့တာယဲ့ ရဲ့ ကိစ္စကို မေးကြည့်ပြီး ရဲတွေ ဘယ်လို ကိုင်တွယ်လဲဆိုတာ သိအောင်လုပ်ပေးပါ..."

"တကယ်လို့ ဒဏ်ကြေးလောက်ပဲဆိုရင်တော့..."

"သူကို တရားစွဲလိုက်... ကြီးလေးတဲ့ ဒဏ်ကြေး ချမှတ်ပြီး နောက်ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာပေးလိုက်..."

"နားလည်ပါပြီ..."

ရှန်ကျွင်းက ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီသည် ကြီးမားသော ဆုံးရှုံးမှု တစ်စုံတစ်ရာ မခံစားခဲ့ရသဖြင့် မန်နေဂျာ ဝေ့တာယဲ့ ၏ အခြေအနေမှာ အလွန်အမင်း မဆိုးရွားချေ။

ဒဏ်ကြေးနှင့် ပတ်သက်၍မူ... အမှားလုပ်ရင် အပြစ်ပေးခံရမှာပဲလေ…

All Chapters