← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) သဝန်တိုမှုနှင့် ပြိုင်ဆိုင်မှု

ရှန်ယန်းယန်း သည် အဖြူရောင် ဂါဝန်ရှည်နှင့် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ကာ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော်လည်း သူမသည် ဆွဲဆောင်မှုရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင် ဖြစ်၏။

သူမသည် ချန်ဖုန်း၏ ဘေးရှိ ခုံဆီသို့ တိုက်ရိုက် လျှောက်သွားပြီး ထိုင်လိုက်သည်။

ဤမြင်ကွင်းကြောင့်... ဘေးတွင် ထိုင်နေသော ယန်ချီ ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေ၏။

“ချန်ဖုန်း... မင်းတို့ စကားပြောကြလေ... ငါ နေရာပြောင်းလိုက်ဦးမယ်..."

သူသည် အနှောင့်အယှက်ပေးသူတစ်ဦး မဖြစ်ချင်ခဲ့ချေ။

ရှန်ယန်းယန်း ရောက်ရှိလာမှုနှင့်အတူ လူတိုင်း၏ အာရုံစိုက်မှုသည် သူမထံသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ အတော်လေး ထူးဆန်းနေခဲ့ကြသည်။

ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ယန်းယန်း... မင်း အတန်းမှားဝင်လာတာလား... ငါတို့က အတန်းတူတူ မဟုတ်ဘူးလေ... ပြီးတော့ ဒီနေ့က အထွေထွေ ပညာရေး အတန်းလည်း မဟုတ်ဘူး..."

"ငါ အတန်းမှားဝင်လာတာ မဟုတ်ပါဘူး... ဒီအတန်းပဲ..."

ရှန်ယန်းယန်း က ချိုသာစွာ ပြုံးလိုက်သည်။

"ငါက နင့်အတန်းထဲက မဟုတ်ပေမဲ့ နင့်အတန်းတွေကို လာနားထောင်လို့ ရပါတယ်... ဒါ့အပြင် ငါတို့ အကုန်လုံးက အဆင့်မြင့်သင်္ချာ အတန်းကို တက်ရတာပဲလေ..."

"တကယ်လို့ နင် နားမလည်ရင် ငါ သင်ပေးလို့ ရတယ်..."

သူမသည် အမြဲတမ်း အသုံးမကျသူတစ်ဦးဟု ခံစားခဲ့ရပြီး ချန်ဖုန်းအား ကူညီချင်ခဲ့သော်လည်း သူ့ကို လုံးဝ ကူညီနိုင်မည် မဟုတ်ကြောင်း သူမ တွေ့ရှိခဲ့ရ၏။

ယခုအခါ နောက်ဆုံးတွင် သူ့ကို ကူညီနိုင်ပြီ ဖြစ်သည်။ ရှန်ယန်းယန်း အလွန် ဝမ်းသာနေခဲ့၏။

ငါက နောက်ဆုံးတော့ ရုပ်လေးလှရုံ သက်သက် မဟုတ်တော့ဘူးပေါ့…

"ချန်ဖုန်း... အတန်းမစသေးဘူးဆိုတော့ နင့်ရဲ့ ဖတ်စာအုပ်ကို ကြည့်လိုက်... တကယ်လို့ နားမလည်တာရှိရင် ငါ ရှင်းပြပေးမယ်... စိတ်မပူပါနဲ့... ငါက ထိပ်တန်း ကျောင်းသူတစ်ယောက်ပါ..."

"ငါ ဒီမှာရှိနေသရွေ့ ဒီစာသင်နှစ်မှာ နင် ဘယ်ဘာသာမှ ကျမှာ မဟုတ်ဘူး..."

ရှန်ယန်းယန်း သည် သူမ၏ နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာ ဖတ်စာအုပ်ကို လေးလေးနက်နက် ဖွင့်လိုက်သည်။

အဆင့်မြင့်သင်္ချာ အတန်း။

တကယ်တမ်းတွင် မေဂျာ မည်သို့ပင် ကွဲပြားစေကာမူ အဆင့်မြင့်သင်္ချာ အတန်းများ၏ ပါဝင်သော အကြောင်းအရာများမှာ အတော်လေး တူညီကြပေသည်။

"ငါ့ကို ဒီပုစ္ဆာလေး ရှင်းပြပေးပါ..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးကာ ပုစ္ဆာတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်၏။

ရှန်ယန်းယန်း က အလွန် လေးလေးနက်နက် ရှင်းပြနေသည်ကို ကြည့်ရင်း... အထူးသဖြင့် သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ဘေးတိုက် မြင်ကွင်းကို ကြည့်ရင်း...

သူ၏ နှလုံးသားများ စတင်ခုန်ပေါက်လာသည်ကို သူ ခံစားလိုက်ရသည်။

သူ ရှန်ယန်းယန်း ကို သိလာတာ ကြာပြီဖြစ်သည်။

...

သို့သော် ဤသည်မှာ ချန်ဖုန်းက တစ်ဖက်လူအား အနီးကပ် လေ့လာကြည့်ရှုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမသည် မည်သည့်ထောင့်မှကြည့်ကြည့် အပြစ်အနာအဆာကင်းသော ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦး ဖြစ်ပေ၏။

တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်...

သူသည် ရှန်ယန်းယန်း ၏ လက်ကို အလိုအလျောက် ဆွဲကိုင်လိုက်မိသည်။

ရှန်ယန်းယန်း အနည်းငယ် တုန်ရီသွားပြီး သူမ၏ ရှင်းပြမှုသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သူမ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားတော့သည်။

သို့သော် သူမက ငြင်းဆန်ခြင်း မရှိဘဲ ချန်ဖုန်း ဆွဲကိုင်ထားသည်ကို ခွင့်ပြုထားလိုက်လေသည်။

အချိန်တိုအတွင်းမှာပင် လေထုမှာ အတော်လေး သိမ့်မွေ့သွားခဲ့၏။

၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ လှုပ်ရှားမှုများကို လျှို့ဝှက်ထားရန် ကြိုးစားနေသော်လည်း အတန်းဖော်များ၏ မျက်လုံးများကိုမူ မလွတ်ကင်းနိုင်ခဲ့ချေ။

ကောင်လေးတစ်စုက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"ချီးပဲ... ချန်ဖုန်း က နတ်သမီး ယန်းယန်း ကို တကယ်ကြီး ချိတ်သွားတာပဲ... ဟိုမှာကြည့်... သူတို့ လက်တောင် ကိုင်ထားသေးတယ်..."

"ဒုက္ခပါပဲ... ငါက မျှော်လင့်ချက်လေး ထားနေသေးတာ... အခုတော့ သေချာသွားပြီ... ကျောင်းရဲ့အလှလေး ရှန်ယန်းယန်း နဲ့ တွဲရဖို့ အခွင့်အရေး လုံးဝ မရှိတော့ဘူးထင်တယ်..."

"သူတို့ တွဲနေတယ်ဆိုတဲ့ သတင်းက ပြီးခဲ့တဲ့အပတ်ကတည်းက ထွက်နေတာ... မင်းတို့က အခုမှ သိတာလား..."

"ညီအစ်ကိုတို့... စိတ်ဓာတ်မကျကြနဲ့... ငါတို့ကျောင်းမှာ နောက်ထပ် ကျောင်းရဲ့အလှလေး သုံးယောက် ကျန်သေးတယ်လေ... အခွင့်အရေး ရှိသေးတယ်..."

ထိုလူစုသည် တိုက်ခိုက်လိုစိတ်များ ချက်ချင်း ရရှိသွားကြ၏။ ယခု ရှန်ယန်းယန်း ကို ချန်ဖုန်းက အပိုင်သိမ်းသွားပြီဖြစ်ရာ ၎င်းတို့က ပစ်မှတ်များကို ပြောင်းလဲကြမည် ဖြစ်သည်။

ချန်ဖုန်းက ကျောင်းရဲ့အလှလေး လေးယောက်စလုံးကို တကယ်ကြီး အပိုင်သိမ်းနိုင်မယ်လို့များ မင်းတို့ ထင်နေတာလား...

၎င်းတို့ ဆွေးနွေးနေကြစဉ်မှာပင်...

လူအုပ်ထဲတွင် ရပ်နေသော ရှန်ချင် မှာ အလွန် စိတ်ဓာတ်ကျနေပုံရပေသည်။

သူမသည် ချန်ဖုန်း၏ ရည်းစားဟောင်း ဖြစ်လေ၏။

ချန်ဖုန်းနှင့် ကျောင်းရဲ့အလှလေး တစ်ဦးဦးတို့အကြောင်း သတင်းကြားရတိုင်း သူမ၏ ပိုင်ဆိုင်မှု တစ်ခုခုကို တစ်စုံတစ်ယောက်က လုယူသွားသကဲ့သို့ သူမ ခံစားရလေ့ရှိသည်။

သူမ မကျေနပ်သလို ခံစားရပြီး တစ်ချိန်တည်းမှာပဲ ဘာမှမလုပ်နိုင်သလို ခံစားနေရတယ်...

ရွေးချယ်စရာ မရှိဘူးလေ...

ချန်ဖုန်းက သူမကို တစ်ချက်တောင် လှည့်မကြည့်တော့ဘူး…

သူမ၏ အခန်းဖော် ဝမ်ယောင်ယောင် က တီးတိုးပြောဆိုလိုက်၏။

"ချင်အာ... တကယ်ပဲ နင်က အဲဒီတုန်းက ချန်ဖုန်း ကို ဘာလို့ လမ်းခွဲခဲ့တာလဲ... တကယ်လို့ နင်သာ သူနဲ့ ဆက်တွဲခဲ့ရင်..."

"နင် အခု ချမ်းသာနေပြီလေ... ချန်ဖုန်း မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ နင် သိလား..."

"ကောင်းပြီ... တော်တော့..."

ရှန်ချင်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

တကယ်လို့ သူ ဒီလောက် ချမ်းသာမှန်း ငါသာ ကြိုသိခဲ့ရင် အစကတည်းက သူ့ကို လမ်းခွဲခဲ့မှာ မဟုတ်ဘူး...

နင်က ငါ့ကိုတောင် ပြောပြနေဖို့ လိုသေးလို့လား…

ထိုအချိန်၌ လူအုပ်ထဲမှ နောက်ထပ် အုတ်အော်သောင်းနင်း အသံများ ထွက်ပေါ်လာခဲ့ပြန်၏။

လူမှုသိပ္ပံ ဌာနမှ ရှောင်မန်ချီ သည် စာသင်ခန်း တံခါးဝတွင် ပေါ်လာခဲ့သည်။

သူမသည် ထုံးစံအတိုင်း အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထား၏။ နူးညံ့ပြီး ချစ်စရာကောင်းပုံရပေသည်။

သူမက စာသင်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

ချန်ဖုန်းကို မြင်လိုက်ချိန်တွင် သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ရှင်းလင်းစွာ ပေါ်လာခဲ့၏။

သို့သော်... သူ၏ ဘေးရှိ ရှန်ယန်းယန်း ကို မြင်လိုက်ချိန်တွင် သူမ၏ မျက်နှာအမူအရာ ခဏတာ ရပ်တန့်သွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် ရှောင်မန်ချီ သည် သူမ၏ ခြေတံရှည်ကြီးများဖြင့် အလျင်အမြန် လျှောက်ဝင်လာခဲ့ပြီး

ချန်ဖုန်း၏ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

ထိုမြင်ကွင်းကို လူတိုင်းက မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။

သူတို့ လုံးလုံးလျားလျား တွေဝေသွားပြီ...

သူတို့ လုံးလုံးလျားလျား တုန်လှုပ်သွားလေပြီ…

သောက်ကျိုးနည်း... ဘာတွေဖြစ်နေတာလဲ...

ဘာလို့ ကျောင်းရဲ့အလှလေး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှောင်မန်ချီ တောင် ဒီကို ရောက်လာရတာလဲ…

အထူးသဖြင့် ရှောင်မန်ချီ ၏ လက်ထဲတွင် ကဲကုလပ် (Calculus) ဖတ်စာအုပ်ကို ကိုင်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခု ရှိလာကြပေသည်။

သူကရော ချန်ဖုန်း ကို စာလာသင်ပေးတာလား...

ငါ့ဖင်ကြီးထဲမှ... လခွမ်းပဲ...

ဒါက နည်းနည်း လွန်မနေဘူးလား...

ကျောင်းရဲ့အလှလေး စုစုပေါင်းမှ လေးယောက်ပဲ ရှိတာကို မင်းက နှစ်ယောက်တောင် ရထားတာလား

ချန်ဖုန်း...

တကယ်လို့ သူတို့သာ အတန်းဖော်တွေ မဟုတ်ခဲ့ဘူးဆိုရင် အခုချက်ချင်း ချန်ဖုန်း ကို ပြေးထိုးချင်နေကြမှာ အသေအချာပင်။

တကယ်ပါပဲ…

ရှောင်မန်ချီ သည် သူမ၏ လက်ထဲရှိ ဖတ်စာအုပ်ကို ဝှေ့ယမ်းကာ ချန်ဖုန်းအား ပြောဆိုလိုက်၏။

"ချန်ဖုန်း... ငါက အဆင့်မြင့်သင်္ချာကို တော်တော်လေး ကျွမ်းကျင်တယ်... နင့်ကို စာသင်ပေးဖို့ လိုသေးလား..."

"ဒါပေမဲ့ သဘောတူညီချက် တစ်ခုတော့ ရှိတယ်... ငါက နင့်ကို စာသင်ပေးမယ်... နင်က ငါ့ကို ယင်ယန် အပ်ကိုးချောင်း အကြောင်း သင်ပေးရမယ်..."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ကို ယင်ယန် အပ်ကိုးချောင်း အကြောင်း သင်ပေးမယ်လို့ နင် ကတိပေးခဲ့ပေမဲ့ အဲဒီအချိန်ကတည်းက နင့်ဆီက ဘာသံမှ မကြားရတော့ဘူး..."

"ဟွန့်... နင်က ငါ့ကို လိမ်ဖို့ ကြိုးစားနေတာလား..."

သူမ၏ လေသံတွင် ချွဲနွဲ့မှုအချို့ ပါဝင်နေသဖြင့် လူတိုင်း၏ မျက်လုံးများကို နောက်တစ်ကြိမ် ပြူးကျယ်သွားစေခဲ့ပြန်၏။

ချီးပဲ...

ဒီလေသံကို ကြည့်ရတာ သူတို့ရဲ့ ဆက်ဆံရေးက သူငယ်ချင်းထက် ပိုနေတယ်ဆိုတာ ရှင်းနေတာပဲ…

ဘုရားရေ...

ချန်ဖုန်းက ဘယ်သူမှ မသိလိုက်ဘဲနဲ့ ကျောင်းရဲ့အလှလေး နှစ်ယောက်ကို ဘယ်လိုများ အပိုင်သိမ်းနိုင်ခဲ့တာလဲ...

ဒါ တကယ်မိုက်တာပဲ...

တကယ်လို့ အခြေအနေကသာ ခွင့်ပြုမယ်ဆိုရင် သူတို့ အကုန်လုံးက အခုချက်ချင်း ပြေးသွားပြီး တပည့်ခံကာ ပညာတွေ သင်ယူချင်နေကြမှာ အသေအချာပင်။

ကောင်လေးတစ်စုက အားကျနေကြစဉ် ချန်ဖုန်းမှာမူ အနည်းငယ် မှင်တက်နေခဲ့၏။

ရှောင်မန်ချီ ရောက်လာမည်ကို သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ချန်ဖုန်းက အလျင်အမြန် ရယ်မောကာ ပြောဆိုလိုက်သည်။

"မန်ချီ... နောက်တစ်ခါပေါ့... နောက်တစ်ခါကျရင် နင့်ကို ယင်ယန် အပ်ကိုးချောင်း အကြောင်း သေချာပေါက် သင်ပေးပါ့မယ်..."

ဘေးတွင် ရပ်နေသော ရှန်ယန်းယန်း က နှုတ်ခမ်းစူကာ အနည်းငယ် မပျော်မရွှင်ဖြင့် ပြောဆိုလိုက်၏။

"ရှောင်မန်ချီ... နင်က ပုံမှန်ဆို အရမ်း အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား... ချန်ဖုန်း ကို စာသင်ပေးဖို့ ဘယ်လိုလုပ် အချိန်ရနေတာလဲ..."

"ငါက ပုံမှန်ဆို အရမ်း အလုပ်ရှုပ်ပေမဲ့ ဒီနေ့တော့ မရှုပ်ဘူးလေ..."

ရှောင်မန်ချီ က ပြန်လည်ချေပလိုက်သည်။

"ရှန်ယန်းယန်း... ဒီနေ့ နင့်မှာ အတန်းတွေ အများကြီးရှိတယ်လို့ ငါ မှတ်မိတယ်... တကယ်လို့ နင် အရမ်း အလုပ်ရှုပ်နေရင် ချန်ဖုန်း ကို ငါ စာသင်ပေးလို့ ရပါတယ်... နင့်အလုပ်တွေကိုသာ နင် သွားလုပ်ပါ..."

"မလိုပါဘူး... ငါအလုပ် မရှုပ်ပါဘူး..."

ရှန်ယန်းယန်း က ရင်ကော့လိုက်ပြီး သူမ၏ ဖတ်စာအုပ်ကို ချန်ဖုန်း၏ အရှေ့တွင် ချထားကာ ချိုသာစွာ ပြောဆိုလိုက်၏။

"ချန်ဖုန်း... ငါ့ဖတ်စာအုပ်ကို ကြည့်ပါဦး... အဲဒီထဲမှာ ငါ မှတ်စုတွေ ရေးထားတယ်..."

ရှောင်မန်ချီ ကလည်း သူမ၏ ဖတ်စာအုပ်ကို တွန်းပေးလိုက်သည်။

"ချန်ဖုန်း... ငါ့ဟာကို ကြည့်... ငါ့ထဲမှာလည်း မှတ်စုတွေ ရှိတယ်..."

"ငါ့ဟာကို ကြည့်ပါ..."

"ငါ့ဟာကို ကြည့်ပါ..."

(စာအုပ်ကိုပြောတာနော် ဟီးဟီးး)

ကျောင်းရဲ့ထိပ်တန်း အလှလေး နှစ်ယောက် အချင်းချင်း ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသောအခါ ချန်ဖုန်းသာမက အခြားသူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ၎င်းတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေ၏။

ဘာတွေဖြစ်နေတာလဲ...

အလှလေး နှစ်ယောက်က ကောင်လေးတစ်ယောက်အတွက် ရန်ဖြစ်နေကြသလိုပဲ...

ဘုရားရေ...

ချန်ဖုန်းက အဲဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ…

ရှန်ယန်းယန်း ရော ရှောင်မန်ချီ ပါ ကျောင်းတွင် လိုက်နေသူ မရေမတွက်နိုင်အောင် ရှိကြပြီး လူ့အဖွဲ့အစည်းမှ အောင်မြင်သော လူအများအပြားပင် ၎င်းတို့ကို လိုက်နေကြလေ၏။

အခုကျတော့... ကျောင်းသူလှလေး နှစ်ယောက်က ချန်ဖုန်း အတွက် တကယ်ကြီး ရန်ဖြစ်နေကြတာလား…

All Chapters