← Chapters

ယောင်မိသားစု(၁)

Vol. 017 Ch. 821

ယောင်မိသားစု(၁)

Vol. 017 Ch. 821

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်း၏အမြန်နှုန်းသည် ပို၍ပို၍ မြန်ဆန်လာသည်။သူက သူ့အထည်ဒြပ်ယန်အဆင့်ကျင့်ကြံမှုနှင့် ပို၍ အသားကျကျလာခဲ့သည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် သိပ်သည်းလာခဲ့သည်။ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေကာ သူ့ကို အနည်းငယ်လောက်တော့ မသက်မသာ ဖြစ်စေ၏။ သူက မူလစွမ်းအင်ပါဝင်သော ခြေလှမ်းကို လှမ်းလိုက်တိုင်း သူ့ကို ဟင်းလင်းပြင်အား ချိုးဖျက်နေသလို ခံစားရစေ၏။

ထိုအရာက အရင်နှင့် အလွန်ခြားနားသွားခဲ့လေပြီ။သည်အခိုက်အတန့်၌ ဝမ်လင်းသည် အနည်းငယ် ပုံပန်းမကျ ဖြစ်သွားကာ သူ့ခန္ဓာကိုယ်က နည်းနည်း တုန်ယင်သွားသည်။

သူက ကမ္ဘာလောကနှင့်တစ်သားတည်း ဖြစ်လာသည်ဟု ယောင်ယောင်လေး ခံစားမိလိုက်သည်။

ထိုခံစားချက်က သန်မာလာကာ သူ့စိတ်ထဲ၌ ပြင်းပြသောစိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။အဆုံးသပ်၌ ထိုစိတ်ဆန္ဒက ပို၍ အားကောင်းလာခဲ့သည်။သူက ဟင်းလင်းပြင်ထဲ၌ ကြည့်နေရင်း ကမ္ဘာလောကထဲ အမှန်တကယ် နစ်မြောသွားသလား ခံစားနေရသည်။

လောက၏ဟင်းလင်းပြင်က သူ့ခန္ဓာကိုယ် ဖြစ်လာသကဲ့သို့ သူက ခံစားနေရသည်။ထိုခံစားချက်က ဖြစ်နိုင်ချေမရှိသည့်အရာမျိုးပင်။ဝမ်လင်း၏ တည်ငြိမ်သောစိတ်နှင့်ဉာဏ်ရည်တို့က သည်ခံစားချက်မှာ မဖြစ်နိုင်ကြောင်း ပြောနေ၏။သို့သော် သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့မှ ထွက်ပေါ်နေသည့် သည်ခံစားချက်သည် အလွန်အစစ်အမှန် ဖြစ်နေသည်ဟု ခံစားနေရသည်။

သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။ခဏတာစဉ်းစားပြီးနောက် ဝမ်လင်းက သူ့ကျိုးကြောင်းဆင်ခြင်မှုကို လက်လွှတ်လိုက်၏။သူက မျက်လုံးမှိတ်လိုက်ရာ သူ့မူလစိတ်ဝိညာဉ်ကလာသည့် ခံစားချက်အတိုင်း ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ထိုခြေလှမ်းကို လှမ်းလိုက်သည့်အခါတွင် ဟင်းလင်ပြင်မှာ ရုတ်တရက် တုန်ခါသွားသည်။ဟင်းလင်းပြင်က ရေကန်တစ်ခုကဲ့သို့ ဝမ်လင်းခြေလှမ်းကြောင့် လှိုင်းတွန့်လေးများ ပျံ့နှံ့သွားခဲ့သည်ဟုပင် ထင်ရသည်။

တစ်ချိန်တည်းမှာလည်း ဝမ်လင်း၏မူလစွမ်းအင်က စတင်လှည့်ပတ်လာ၏။၎င်းစွမ်းအင်က သူ့ခန္ဓာကိုယ်ကနေ ခွဲထွက်ကာ ကမ္ဘာလောကနှင့် စတင်ပေါင်းစပ်သွားကာ ထူးဆန်းအံ့ဖွယ် ဆက် နွှယ်ချက်တစ်ခု ဖြစ်ပေါ်သည်။

ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားလေသည်။

ဤအရာက အာဏာတက်ခြင်းအဆင့်၌ တည်နေရာရွှေ့ပြောင်းခြင်း၏ အမြန်နှုန်းထက် သာလွန်သောအဆင့်ဖြစ်ကာ သူက မဟာတည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်ကို အကြိမ်ပေါင်းစွာ တစ်ခါတည်းအသုံးပြုလိုက်သကဲ့သို့ ဖြစ်သည်။သို့ရာတွင် ယခုမန္တာန်က ပို၍ပင် မြန်ဆန်နေသေး၏။

သည်မန္တာန်ကို အကွာအဝေးကွေးညွတ်ခြင်း မန္တာန်ဟု ခေါ်တွင်၏။

သည်မန္တာန်ကို ရှေးဟောင်းကျင့်ကြံသူများ သူတို့၏ မူလစိတ်ဝိညာဉ် ဖြစ်ပေါ်ခဲ့သည့်အခါတွင်သာ အသုံးပြုနိုင်သည့် မန္တာန်မျိုး ဖြစ်သည်။ခုလက်ရှိ ကျင့်ကြံခြင်းကမ္ဘာတွင် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ရောက်နေသည့်သူများသည် ဤမူလမန္တာန်ကို အသုံးပြုနိုင်ပေ၏။

ဒုတိယအဆင့်ရှိ ကျင့်ကြံသူတိုင်းပင် အနှီမန္တာန် အကွာအဝေးကွေးညွတ်ခြင်းကို နားမလည်နိုင်ကြပေ။ထိုအရာက ပါရမီနှင့် မဆိုဘဲ လူတစ်ယောက်၏ မူလစွမ်းအင်အပေါ် နားလည်မှုနှင့်သာ သက်ဆိုင်ပေသည်။

သွေးဘိုးဘေးသည် ဝမ်လင်းပျောက်ကွယ်သွားသောနေရာနှင့် မရေမတွက်နိုင်သောကီလိုမီတာများစွာ အကွာတွင် မြန်ဆန်စွာ ပျံသန်းနေ၏။ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်သည် အထည်ဒြပ်ယန်အဆင့်ထိ လျော့ကျနေခဲ့သည့်အတွက် သူက မန္တာန်များစွာကို အသုံးပြုနိုင်ခြင်း မရှိပေ။အခုအချိန်၌ သူ့မူလစိတ်ဝိညာဉ်ကလည်း ထိခိုက်နေပြီ ဖြစ်ကာ သူ့ကို ပို၍အားနည်းနေစေသည်။

“ဝမ်လင်း…ငါပြန်ကောင်းလာတာနဲ့…ငါမင်းကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်…”

သွေးဘိုးဘေးက အလွန်မြန်နေသောနှုန်းဖြင့် ရွှေ့လျားနေ၏။အချိန်အတန်ကြာမြင့်ပြီးမှ သူက နောက်ဆုံးတွင် စိတ်သက်သာရာရကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီကောင်စုတ်ဝမ်လင်းက ခုချိန်မှာ ငါ့ကို မမှီလာသင့်တော့ဘူး။ငါက လျှို့ဝှက်နေရာတစ်ခုရှာပြီး ငါ့ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ပြန်ရောက်ဖို့ တက်နိုင်သမျှ မြန်အောင် လုပ်ရမယ်…”

ခဏတာစဉ်းစားပြီးသည့်နောက် သွေးဘိုးဘေးသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။သို့ရာတွင် သည်အခိုက်အတန့်၌ သူ့အသွင်က ကြီးစွာပြောင်းလဲသွားကာ သူက တုံ့ဆိုင်းခြင်းမရှိ နောက်တစ်ဖန် ထွက်ပြေးလိုက်သည်။သူ့နောက်တွင် လှိုင်းတွန့်တစ်ခုပေါ်လာကာ ဝမ်လင်း၏ပုံရိပ်က လှမ်းထွက်လာတော့၏။

ဝမ်လင်းက ညာခြေလှမ်းချလိုက်သည်နှင့် သူ့မျက်လုံးက ပြူးကျယ်သွားသည်။အကွာအဝေးတစ်ခု၌ သွေးဘိုးဘေးသည် သူ့အသိဉာဏ်ပင်ဆုံးရှုံးလုနီး ဖြစ်သွားကာ လုံးဝ တုန်လှုပ်နေတော့၏။

“အကွာအဝေးကွေးညွတ်ခြင်း…။ဒီလူက ခုထိနိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကိုတောင် မရောက်သေးဘူးလေ။ သူက ဘယ်လိုလုပ် အစစ်အမှန်ဒုတိယအဆင့်ကျင့်ကြံသူတွေပဲ သုံးနိုင်တဲ့ မန္တာန်ကို အသုံးပြုနိုင်နေရတာလဲ…။မဟုတ်သေးဘူး…”

သွေးဘိုးဘေးသည် မြန်ဆန်စွာ ထွက်ပြေး၍ သူ့စိတ်နှလုံးထဲ၌ ခါးသီးမှုတို့ ပြည့်နေခဲ့သည်။

သူသည် သည်အခိုက်အတန့်၌ ပင့်သက်ရှိုက်မိနေ၏။သူ့ကျင့်ကြံမှုအဆင့် မလျော့ကျခင်တုန်းကပင် သူက အကွာအဝေးကွေးညွတ်ခြင်းမန္တာန်ကို ထိတွေ့နိုင်ရုံသာ ရှိခဲ့ကာ နားလည်ရုံနားလည်ခဲ့ပြီး သေချာတက်မြောက်ခဲ့ခြင်း မရှိပေ။

ထို့အပြင် သူက လင်းထျန်ဟူပင် ဤမန္တာန်ကို ပြည့်ပြည့်ဝဝနားမလည်ကြောင်းကို သိခဲ့ပေသည်။သူတို့လိုလူများအဖို့ သည်မန္တာန်က တတိယအဆင့်၏မန္တာန်တစ်ခုနှင့် နီးကပ်မှုရှိသော အရာတစ်ခုဖြစ်နေခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် သွေးဘိုးဘေးသည် ဝမ်လင်းအပေါ် ကြောက်ရွှံ့မှုအရိပ်အမြွက် ခံစားလိုက်ရ၏။ထိုကြောက်ရွှံ့မှုက သူကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အဖြစ်ကနေ ဖြစ်ပေါ်လာခဲ့ခြင်းပင်။သူက ဝမ်လင်းသည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကနေ အခုအဆင့်ထိ ရောက်လာချိန်၌ ဖြစ်ပျက်ခဲ့သမျှကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့သူ မဟုတ်လား။

“ဒီကောင်စုတ်က တော်တော်ကံကောင်းခဲ့ရမယ်။ ဟုတ်တယ် သူက အကွာအဝေးကွေးညွတ်ခြင်းမန္တာန်ကို အသုံးပြုနိုင်ဖို့ တော်တော်လေး ကံကောင်းမှ ဖြစ်မယ်…” သွေးဘိုးဘေးသည် အလွန်ခါးသီးစွာ ခံစားမိနေ၏။သူက သူ့ခေါင်းကို နောက်သို့ပင် ပြန်မလှည့်ကြည့်တော့ဘဲ မြန်ဆန်စွာ ပျံသန်းထွက်ပြေးတော့၏။

ဝမ်လင်းက သူမျက်လုံးဖွင့်လာသည့်အခိုက်တွင် သူ့မျက်လုံးထဲ၌ ကြည်လင်မှုတို့ ဖြစ်ပေါ်နေ၏။သူက ဖြစ်ပျက်ခဲ့သမျှကို အနည်းငယ်ရှုပ်ထွေးမိနေဆဲတော့ ရှိနေသေး၏။သူ့အတွက် သူက ညာခြေတစ်ဖက် မြှောက်လိုက်ရုံဖြင့် ခုလိုနေရာထိ ခြေကျပြီး ဖြစ်သွားသည်ဟုသာ ခံစားနေရသည်။

သို့ရာတွင် သည်ဖြစ်စဉ်အတွင်း သူက အချိန်စီးဆင်းမှုရပ်တန့်သွားသကဲ့သို့ အရာရာကသူ့အား ကျော်ဖြတ်သွားသကဲ့သို့ ဖြစ်ပျက်သွားခဲ့သည်။သူက ခြေချလိုက်သည်နှင့် သည်နေရာသို့ ရောက်နေကာ သူ့ရှေ့တွင် သူလိုက်လံနေသော သွေးဘိုးဘေး ရှိနေသည်ကို တွေ့မြင်လိုက်ရတော့သည်။

“ငါက ဒီနေရာကို ရောက်လာဖို့ တိုင်းတာလို့မရတဲ့အကွာအဝေးကို ထူးဆန်းအံ့ဖွယ် ဖြတ်ကျော်လာခဲ့တာပဲ…”

ဝမ်လင်းက အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားသော သွေးဘိုးဘေးနောက်သို့ လိုက်ပါသွားခြင်း မပြုပေ။သူက စောနပိုင်းက ရရှိခဲ့သည့် ခံစားချက်အကြောင်းကို တိတ်ဆိတ်စွာ စဉ်းစားကြည့်နေသည်။သွေးဘိုးဘေးနောက်သို့ လိုက်ပါခြင်းနှင့် ယှဉ်လျှင် ဝမ်လင်းသည် သည်အဖြစ်ကို နားလည်ဖို့က ပို၍ တန်ဖိုးရှိလိမ့်မည်ဟု သိနေခဲ့သည်။

အချိန်က အလွန်နှေးကွေးစွာ ကုန်ဆုံးသွားသည့်ပုံပင်။သို့သော် အလွန်မြန်ဆန်စွာ ရွေ့လျားသွားသည်ဟုလည်း ခံစားရပြန်သည်။အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာချိန်ပြီးနောက် ဝမ်လင်း၏မျက်လုံးထဲ၌ ဉာဏ်အလင်းရသည့်အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။သူက ဟင်းလင်းပြင်အောက်သို့ ငုံ့ကြည်ကာ သူ့ညာခြေကို မြှောက်၍ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။

ထိုခြေတစ်လှမ်းနှင့်အတူ လှိုင်းတွန့်က နောက်တစ်ဖန် ပေါ်လာခဲ့သည်။သို့သော် သူ့ခန္ဓာကိုယ်ကတော့ ယခုနေရာတွင်သာ ရှိလို့နေစမြဲပင်။သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာလောကနှင့် တစ်သားတည်း ဖြစ်လာခဲ့သည်ဆိုသော ခံစားချက်က အခုထပ်မံ ပေါ်မလာခဲ့တော့ချေ။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။သူက သွေးဘိုးဘေးထွက်ပြေးသွားသော နေရာသို့ ကြည့်ကာ နောက်ကနေ စတင်လိုက်လံသည်။သွေးဘိုးဘေးနောက်သို့ လိုက်လံခြင်းက အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။အမှန်တော့ သည်အခုက်အတန့်၌ ဝမ်လင်းအတွက် သူစောနပိုင်းက အမှတ်မထင်ရရှိခဲ့သည့် ကမ္ဘာလောကနှင့် တစ်သားတည်း ပေါင်းစပ်သည့် ခံစားချက်က ပို၍ အရေးကြီးနေပေသည်။ဝမ်လင်းက စောနပိုင်းက အဖြစ်အပျက်ကို ပြန်တွေးမိလိုက်သည်နှင့် သူ့နှလုံးက ရုတ်တရက် ခုန်ပေါက်သွားမိချေ၏။

“ငါသာ ဒီလိုမန္တာန်မျိုးကို ကျွမ်းကျင်နိုင်ရင် ငါက မမြင်ရတဲ့၊ပုံသဏ္ဌာန်မဲ့တဲ့ အဖြစ်ကို လုပ်ဆောင်နိုင်မယ်လို့ ဆိုလိုတာမလား…” ဝမ်လင်းက ရှေ့သို့ ဆက်ရွှေ့လျားလာနေရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အချိန်ကုန်လာသည်နှင့်အမျှ သူက ပို၍မြန်သထက်မြန်လာခဲ့ကာ နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ဖျပ်ခနဲ ပြောင်းလဲသွားသည့်အထိ မြန်ဆန်လာခဲ့သည်။

ကမ္ဘာလောကနှင့်တစ်သားတည်းဖြစ်ခြင်း ခံစားချက်က ဝမ်လင်း၏ စိတ်နှလုံးထဲ၌ ထပ်မံ ပေါ်လာခဲ့တော့သည်။သူက သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ၎င်းခံစားချက်ကို စတင်နားလည်အောင် လုပ်နေ၏။သို့ရာတွင် သည်လိုခံစားချက်မျိုးက အလွန်ပင် သိမ်မွေ့ကာ အပြည့်အဝ သိရှိကျွမ်းကျင်သွားဖို့ မဖြစ်နိုင်လှပေ။

ထိုခံစားချက် စတင် ပျောက်ကွယ်သွားသည့်အခါ ဝမ်လင်းသည် သက်ပြင်းချလိုက်၏။ သွေးဘိုးဘေးသည် သူ့စိတ်ထဲ၌ ပေါ်လာခဲ့ကာ သူက ခြေတစ်လှမ်းအတူ ပျောက်ကွယ်သွားလေ၏။

ထွက်ပြေးပျံသန်းနေသော သွေးဘိုးဘေးသည် သူ့စိတ်ထဲ၌ မသက်မသာခံစားနေရသည်။

သည်အခိုက်အတန့်၌ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။သူက နောက်သို့ စဉ်းစားခြင်းပင် မပြုဘဲ ချက်ခြင်း ဆုတ်လိုက်သည်။သို့ရာတွင် ချက်ခြင်းပင် ကျာပွတ်အရိပ်တစ်ခုက ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာကာ သူ့ထံသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာလေ၏။

သွေးဘိုးဘေးက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သွေးအလင်းတန်းတစ်ခုအသွင် ပြောင်း၍ ကျာပွတ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ထို့နောက် သူက နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်၏။

ကျာပွတ်ရိုက်ချက်နောက်၌ လှိုင်းတွန့်များ ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာခဲ့လေ၏။

သွေးဘိုးဘေး၏စိတ်နှလုံးက အကြီးအကျယ် တုန်ယင်နေသည်။သူ့ရှေ့ရှိမြင်ကွင်းက သူ့အမြင်ကိုပါ လှုပ်ခါသွားစေခဲ့သည်။ ဝမ်လင်းက ဆက်တိုက်ဆိုသလို အကွာအဝေးကွေးညွတ်ခြင်းမန္တာန်ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီးနောက် သူသည် ဝမ်လင်း ထိုသို့လုပ်နိုင်ခြင်းမှာ ကြက်ကန်းဆန်အိုးတိုး ဖြစ်သည်ဟု မလိမ်နိုင်တော့ချေ။

ဝမ်လင်းပေါ်လာသည့်နောက် သူက ရှေ့သို့ ထိုးတက်လာ၏။ သူ့လက်ချောင်းဖြင့် ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ထိုအခါ တစ္ဆေလောကမြစ်သည် ရုတ်တရက် ပေါ်လာပြီး စူးရှရှနှင့် မကျေမချမ်းညီးတွားသံများသည် ဟင်းလင်းပြင်ထဲ၌ မြည်ဟီးလာသည်။

သည်တစ္ဆေလောကမြစ်သည် အရင်နှင့် ခြားနားသွားခဲ့ပြီ ဖြစ်၏။ခုလက်ရှိတွင် တစ္ဆေလောကမြစ်သည် မူလစွမ်းအင်နှင့် ပြည့်လို့နေသည်။ဝမ်လင်းက ပို၍ သန်မာလာလေလေ သူ့မန္တာန်များပါ အခြေခံအားဖြင့် ပြောင်းလဲလာခဲ့သည်မှာ သိသာနေတော့၏။

ဝမ်လင်းက သွေးဘိုးဘေးကို အေးစက်စွာကြည့်၍ ပြောလိုက်၏။ “မူလစွမ်းအင်…တစ္ဆေလောကမြစ်…”

ချက်ခြင်းပင် တစ္ဆေလောကမြစ်သည် တုန်ခါလာကာ စတင်၍ ချဲ့ထွင်လာ၏။ ၎င်းက ဝမ်လင်းနှင်သွေးဘိုးဘေး အပါအဝင် အရာအားလုံးကို ခြုံငုံလွှမ်းလာခဲ့သည်။

ထိုတစ္ဆေလောကမြစ်၏ ကမ္ဘာအတွင်း၌ အတောမသပ်နိုင်သည့် မူလစွမ်းအင်များ ပြည့်နေကာ မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည်လည်း အတူတကွစတင်စုစည်းလာပြီး သွေးဘိုးဘေးထံသို့ အရပ်မျက်နှာအနှံ့ကနေ တိုးဝင်လာကြတော့သည်။

သွေးဘိုးဘေး၏အသွင်က အလွန်အမင်း သုန်မှုန်နေ၏။ခုချိန်၌ သူ့တွင် မူလစိတ်ဝိညာဉ်သာလျှင် ရှိ၍ အလွန်လည်း အားနည်းနေခဲ့လေပြီ မဟုတ်လား။သည်တစ္ဆေလောကမြစ်သည် သူ့ကို ပို၍ပင် အားနည်းသွားအောင် လုပ်နေခဲ့သည်။သို့သော် သွေးဘိုးဘေးသည် သွေးဘိုးဘေးသာ ဖြစ်ချေ၏။မည်သို့ပင်ဖြစ်စေ ဝမ်လင်းအတွက် သွေးဘိုးဘေးကို သတ်နိုင်ဖို့က ခက်ခဲလွန်းနေမြဲသာ ဖြစ်တော့သည်။

တစ္ဆေလောကမြစ်၏ ဝန်းရံထားခြင်းခံရစဉ်တွင် သူ့မျက်နှာထဲ၌ စွမ်းအားတစ်ခုက ဖျပ်ခနဲ ပေါ်ထွက်လာခဲ့သည်။သူ့လက်နှစ်ဖက်ဖြင့်လည်း ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေပြီးနောက် သူ့ခန္ဓာကိုယ်ကနေ တောက်ပကျိန်းစပ်သော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ပြင်းထန်သောဖိအားက သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာခဲ့သည်။

“သွေးအသွင်ပြောင်းခြင်း…” သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်က ချက်ခြင်းလိုလို ဧရာမသွေးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။

တစ်ချက်လွှဲရိုက်ချက်မှုနှင့်အတူ အက်ကွဲကြောင်းငါးခုသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ ထိုအက်ကွဲကြောင်းများ နီးကပ်လာသည့်အခါတွင် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောင်ကာ ၎င်းတို့အား ရိုက်ချလိုက်၏။ထိုအခါ‌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ဝမ်လင်းက တစ္ဆေလောကမြစ်အတွင်းကနေ နောက်ဆုတ်၍ အော်ပြောလိုက်၏။ “တစ္ဆေလောကမြစ်…စိတ်ဝိညာဉ်သိပ်သည်းခြင်း…”

မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည် သိပ်သည်းလာကာ ၎င်းတို့အထဲ၌လည်း မူလစွမ်းအင်များပြည့်နှက်လာခဲ့သည်။မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည် ယောင်ရှင်းရွှယ်၏ပုံပန်းအသွင်ကဲ့သို့ ဖြစ်ပေါ်ကာ သွေးဘိုးဘေးထံသို့ တိုးတင်သွားကြတော့သည်။

သွေးဘိုးဘေးသည် မာန်သွင်းက သူ့နောက်သို့ လက်သည်းများဖြင့် ရိုက်ချပစ်လိုက်သည်။သူက သည်တစ္ဆေလောကမြစ်ကို စုတ်ဖြဲပစ်ချင်နေသည်ဟု ထင်ရ၏။သည်စိတ်ဝိညာဉ်များက ယောင်ရှင်းရွှယ်၏ ပုံပန်းအသွင်ဖြစ်နေသော်လည်း သူက ၎င်းတို့သည် အတုအယောင်များဖြစ်နေမှန်း သိနေရလျှင်ပင် တိုက်ခိုက်ပစ်ဖို့ ဆန္ဒမရှိ ဖြစ်နေ၏။

လက်သည်းတိုက်ချက်၏ စွမ်းအားကြောင့် သူက တစ္ဆေလောကမြစ်ထဲ၌ အဟတစ်ခုကို ဖွင့်လှစ်နိုင်လိုက်ကာ ထိုးထွက်လိုက်၏။ သို့သော် ယောင်ရှင်းရွှယ်အသွင်ဖြစ်ပေါ်နေသော မရေမတွက်နိုင်သောစိတ်ဝိညာဉ်များသည် သူ့အား ပိတ်ဆို့ထားလေ၏။

သွေးဘိုးဘေးသည် ဝမ်းနည်းစွာ အော်ဟစ်မိလိုက်၏။သည့်နောက် သူက သွေးလက်သည်းများဖြင့် ကုတ်ဆွဲချလိုက်၏။ မရေမတွက်နိုင်သော ယောင်ရှင်းရွှယ်အသွင်စိတ်ဝိညာဉ်များသည် အလွန်ဝမ်းနည်းစွာ မြည်တမ်း၍ ပျက်စီးသွားကြ၏။ထိုအသံများက အစစ်အမှန် ငိုငြီးသံများကဲ့သို့ သွေးဘိုးဘေး၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ထို့ကြောင့် သူ့ဒဏ်ရာရပြီးဖြစ်သော စိတ်သည် တုန်ယင်လို့သွားခဲ့ရပြန်သည်။

သွေးဘိုးဘေး၏တိုက်ခိုက်မှုအောက်၌ တစ္ဆေလောကမြစ်သည် စတင်ပျက်စီးလာခဲ့ကာ အဟအက်ကြောင်းကလည်း ပိုပိုကြီးမားလာသည်။နောက်ဆုံးတွင် သွေးဘိုးဘေးက ပြောမပြနိုင်သည့်အမုန်းတရားမျိုးဖြင့် ထိုးထွက်လာနိုင်ခဲ့သည်။

“ဝမ်လင်း...မင်းနဲ့ငါက ဘယ်လိုမှ အတူတွဲမရှိနိုင်တဲ့လူတွေပဲ…” သူက အတင်းထိုးထွက်လာပြီးသည့်နောက် သူ့မျက်နှာက ကြမ်းတမ်းနေသော်လည်း သူ့နှလုံးသားကတော့ မောပန်းနေတော့သည်။ယောင်ရှင်းရွှယ်၏ ဝမ်းနည်းဖွယ်အော်ငြီးသံများက သူ့စိတ်ထဲတွင် ခုထိပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

သူထွက်လာသည့်အခိုက်အတန့်မှာပင် ဝမ်လင်းသည် လက်ထဲတွင် စိတ်ဝိညာဉ်အလံကို ကိုင်ဆောင်၍ သူ့ရှေ့သို့ ရောက်နှင့်နေခဲ့သည်။ ထိုစိတ်ဝိညာဉ်အလံကနေ အနက်ရောင်တိမ်ထုထွက်ပေါ်နေကာ ချက်ခြင်းလိုလို သွေးဘိုးဘေးအား လွှမ်းခြုံလာခဲ့တော့သည်။

ထိုအနက်ရောင်အခိုးငွေ့များကြားထဲသို့ ကံကြမ္မာကျာပွတ်ကလည်း တိုးဝင်လာကာ တရွှီရွှီကျာပွတ်သံများ ပဲ့တင်ထပ်နေတော့သည်။

ဝမ်လင်းက အော်ပြောလိုက်၏။ “စုစည်းစမ်း…” အနက်ရောင်တိမ်ထုများ အားလုံးသည် အရူးအမူး ချိတ်ဆက်လာခဲ့သည်။သို့သော် သွေးဘိုးဘေးသည်လည်း ၎င်တိမ်ထုအတွင်းထဲ၌ ခုခံလို့နေဆဲ ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူက သွေးဘိုးဘေး ဖြစ်လို့နေသေးသည် မဟုတ်လော။

***

All Chapters