← Chapters

အခန်း ၉၂၇

Vol. 88 Ch. 927

အခန်း ၉၂၇

Vol. 88 Ch. 927

အခန်း (၉၂၇) - နှစ်တစ်ရာကြာပြီးနောက် ဖုန်းရှီးကျွန်း၊ လူတိုင်း ဝိညာဉ်အသားကို စားသုံးနိုင်ပြီး ကျင့်ကြံသူများ အဆက်မပြတ် ပေါ်ထွက်လာခြင်း (၂)

သာမန်စုံစမ်းရုံမျှဖြင့် သူသည် ပြင်ပလူတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူ သိရှိသွားနိုင်ပေသည်။ နောင်မှ ပြင်ပလူဖြစ်ကြောင်း ဖော်ထုတ်ခံရမည့်အစား ယခုအချိန်မှာပင် တိုက်ရိုက် ဝန်ခံလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့ဆိုလျှင် တစ်ဖက်လူ၏ သဘောကျမှုကိုလည်း ရရှိနိုင်သေးသည်။ မရိုးသားမှုကသာ အစစ်အမှန် သေစေနိုင်သော လုပ်ရပ်ဖြစ်ပေ၏။

မှန်ပေသည်၊ အရေးအကြီးဆုံးအချက်မှာ သူ့ရှေ့ရှိ ဤလူသားကျင့်ကြံသူအုပ်စုက အမှန်တကယ်ပင် စေတနာကောင်းများ ပြည့်ဝနေကြောင်း သူ ခံစားသိရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤနေရာသည် မိစ္ဆာလမ်းစဉ်လိုက်သူများ စုဝေးရာနေရာမျိုး မဟုတ်ပေ။

ဤသည်မှာလည်း ပြေးလုံးဝူတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သူ၏ အတွေ့အကြုံများပင် ဖြစ်လေသည်။ ဒေသခံ သက်ရှိများ၏ သဘောသဘာဝကို အကဲခတ်နိုင်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခြင်း ဖြစ်၏။ ဤအချက်က သူ၏ ရှင်သန်ရေးဗီဇတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

အတွေးများစွာကို တွေးတောနေခဲ့သော်လည်း တကယ်တမ်းတွင်မူ မျက်စိတစ်မှိတ်အတွင်းသာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။ ဝူတိက လူအများကို ချက်ချင်းပင် ဂါရဝပြုလိုက်သည်။

"စီနီယာ... တကယ်တော့ ကျုပ်က ဒီကျွန်းပေါ်က လူသားကျင့်ကြံသူ မဟုတ်ပါဘူး..."

"ချန်လုံကုန်းမြေတိုက်က လာတဲ့ လူသားတစ်ယောက်ပါ... မတော်တဆ ဒီနေရာကို ရောက်လာတာပါ..."

"ရိုင်းစိုင်းသွားတာများရှိရင် ခွင့်လွှတ်ပေးပါ..."

(စကားချပ် - ယခင် နဂါးပြာတိုက်ကြီးကို ချန်လုံတိုက်လို့ ပြောင်းလဲသုံးစွဲပါမည်။)

'ဘာ...'

ဤစကားကို ကြားလိုက်ရသောအခါ ထိုနေရာရှိ လူသားကျင့်ကြံသူများ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး ဝူတိကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုလိုက်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ချန်လုံကုန်းမြေတိုက်မှ လာသော လူသားကျင့်ကြံသူတစ်ယောက်နှင့် ဤနေရာ၌ တွေ့ဆုံရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့သောကြောင့်ပင်။ ဤသည်မှာ အမှန်တကယ်ပင် စိတ်ကူးနှင့်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေပေသည်။

သို့သော်ငြား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က တည်ငြိမ်သွားခဲ့ပြီး မျက်လုံးများကို မှေးကျဉ်းကာ ဝူတိကို ကြည့်လိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် ချန်လုံကုန်းမြေတိုက်က လာတဲ့ လူသားကျင့်ကြံသူလို့ ပြောနေတာပဲ... အဲဒါကို သက်သေပြနိုင်မယ့် အထောက်အထား တစ်ခုခုရှိလား..."

"အင်း... ဒါက သက်သေပြနိုင်မလားဆိုတာတော့ ကျုပ်လည်း မသိဘူး..."

"ကျုပ်က ယွင်ဇီမြို့တော်က လာတာပါ... ဒါက ယွင်ဇီမြို့တော်ရဲ့ အထောက်အထားကိုဖော်ပြတဲ့ အမှတ်အသားပြားပါ..."

"ဒါကလွဲရင် ကိုယ့်ဇာတ်မြစ်ကို သက်သေပြနိုင်မယ့် တခြားအရာတော့ ကျုပ် တကယ် ရှာမတွေ့တော့ဘူး..."

ဝူတိက အလွန်အမင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

အခြားသူများကို မိမိ မည်သည့်နေရာမှ လာသည်ကို သက်သေပြရန်ဆိုသည်မှာ အတော်လေး ခက်ခဲသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေ၏။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ့၌ မည်သည့် သက်သေအထောက်အထားမှ မရှိဘဲ တစ်ကောင်ကြွက် တစ်ယောက်တည်းသာ ကျန်ရစ်တော့သောကြောင့် ဖြစ်သည်။

သို့ရာတွင် သူက ခန္ဓာကိုယ်ပေါ်မှ ယွင်ဇီမြို့တော်၏ အမှတ်အသားပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။

"မှန်တယ်... ဒါက ယွင်ဇီမြို့တော်ရဲ့ အမှတ်အသားပြား အစစ်ပဲ..."

"မင်းက တကယ်ပဲ ချန်လုံကုန်းမြေတိုက်က လာတဲ့ လူသားကျင့်ကြံသူ ဖြစ်ပုံပဲ..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က ယူ၍ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် နှစ်ပေါင်း ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ရှင်သန်ခဲ့ပြီး ဖြစ်သည်။

ဤမျှ ရှည်လျားသော အချိန်ကာလအတွင်း၌ လူသားမြို့တော်များစွာသို့ ရောက်ရှိခဲ့ဖူးသည်မှာ သဘာဝပင် ဖြစ်၏။

ထိုအထဲတွင် ယွင်ဇီမြို့တော်သည်လည်း လူသားများ၏ မြို့တော်ကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်ကာ နှစ်ပေါင်းတစ်သန်း သမိုင်းကြောင်းရှိခဲ့ပေသည်။

ထို့ကြောင့် သူက ယွင်ဇီမြို့တော်၏ အမှတ်အသားပြားကို လက်ဖဝါးပေါ်က အရေးအကြောင်းများပမာ ကျွမ်းကျင်စွာ သိရှိနေခြင်း ဖြစ်လေသည်။

"စီနီယာက ယွင်ဇီမြို့တော်ရဲ့ အမှတ်အသားပြားကို မှတ်မိတယ်လား... ဒါမှမဟုတ် ဒီနေရာကလည်း ချန်လုံကုန်းမြေတိုက်က လူသားမျိုးနွယ်တွေနဲ့ အဆက်အသွယ် ရှိနေတာများလား..."

ဝူတိတစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။

မူလက ဤနေရာတွင် နေထိုင်ကြသော လူသားများမှာ ကြယ်ကွဲပင်လယ်၌ အထီးကျန်စွာ တည်ရှိနေသော မျိုးနွယ်စုခွဲတစ်ခုဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

ဤသည်မှာလည်း အလွန်ပုံမှန်ဖြစ်သော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။

မျိုးနွယ်စုတစ်ခု လုံးဝ မျိုးတုံးပျောက်ကွယ်သွားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် မျိုးနွယ်စုတစ်ခုက သတ်မှတ်ထားသော အရေအတွက်တစ်ခုအထိ ကြီးထွားလာသောအခါ စစ်တပ်များ စေလွှတ်၍ ကမ္ဘာတစ်ဝန်းရှိ နေရာအနှံ့အပြား၌ ပြန့်ကျဲကာ ရှင်သန်ပေါက်ပွားလေ့ ရှိကြသည်။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် မမျှော်လင့်ထားသော အခြေအနေများကြောင့် မျိုးနွယ်စုတစ်ခုလုံး သေဆုံးပျက်စီးသွားရခြင်းကို ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

ကြယ်ကွဲပင်လယ်တွင် နေထိုင်ကြသော လူသားများက ဤနေရာ၌ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေလောက်ပြီဖြစ်ရာ ချန်လုံကုန်းမြေတိုက်၌ လူသားကျင့်ကြံသူများ ရှိနေသေးကြောင်းကို စောစောစီးစီးကပင် သိရှိနိုင်တော့မည်မဟုတ်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခု ကြည့်ရသလောက်မူ သူ့ရှေ့ရှိ ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက ယွင်ဇီမြို့တော်အကြောင်းကို သိရှိနေခြင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။

ဤသည်က ဤနေရာတွင် နေထိုင်ကြသော လူသားများသည် လူသားမျိုးနွယ် ဧကရာဇ်မြို့တော်နှင့် အဆက်အသွယ် ရှိနေနိုင်သည်ဟု ကိုယ်စားပြုနေခြင်းပင်။

"အဆက်အသွယ် ရှိတယ် ဟုတ်လား… ဘာတွေ ပြောနေတာလဲ... ငါတို့ကိုယ်တိုင်က ချန်လုံကုန်းမြေတိုက်က လူသားမျိုးနွယ်စုဝင်တွေချည်းပဲ..."

"လွန်ခဲ့တဲ့ နှစ်ရာအနည်းငယ်လောက်က ဘေးအန္တရာယ်ကြီးနဲ့ ကြုံတွေ့ခဲ့ရလို့ ရှင်သန်ဖို့အတွက် ကြယ်ကွဲပင်လယ်ကို ရောက်လာခဲ့ကြတာ..."

"ဒါနဲ့ အရင်တုန်းက ချန်လုံကုန်းမြေတိုက်မှာ ငါတို့ နေထိုင်ခဲ့တဲ့ မြို့တော်နာမည်က ဖုန်းရှီးမြို့တော်လို့ ခေါ်တယ်... မင်း ကြားဖူးလားတော့ မသိဘူး..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က ပြုံးလိုက်ပြီး သူတို့၏ ဇာတ်မြစ်ကို ရိုးရှင်းစွာ ပြောပြလိုက်လေသည်။

"ကြားဖူးတာပေါ့... သေချာပေါက် ကြားဖူးတာပေါ့... ဒါက နားထဲမှာ မိုးကြိုးပစ်ချလိုက်သလိုပဲ..."

"ကျုပ်တို့ လူသားမျိုးနွယ်တွေ ဘေးအန္တရာယ်ကြီးနဲ့ ကြုံတွေ့ရတာက ဖုန်းရှီးမြို့တော်ကနေ စတင်ခဲ့တာပဲ... ဘယ်လိုလုပ်ပြီး မကြားဖူးဘဲ နေမှာလဲ..."

"ဒါပေမဲ့ ဖုန်းရှီးမြို့တော်က စောစောစီးစီးကတည်းက ပျက်စီးသွားပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ..."

ဤစကားကို ကြားလိုက်ရသောအခါ ဝူတိ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး အမှန်တကယ် မယုံကြည်နိုင်ဖြစ်ကာ စိတ်ထဲတွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဖုန်းရှီးကျွန်းဟူသော အမည်နာမက အဘယ်ကြောင့် ဤမျှရင်းနှီးနေရသနည်းဆိုသည်မှာ မဆန်းကျယ်တော့ပေ။

ယခင်က သူ များစွာ မတွေးတောမိခဲ့ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်းသာဟု ထင်မှတ်ထားခဲ့သည်။

သို့ရာတွင် ယခု ကြည့်ရသလောက်မူ မည်သည့် ထင်ယောင်ထင်မှားမှ မဟုတ်ဘဲ ယခင်ချန်လုံကုန်းမြေတိုက်ရှိ ဖုန်းရှီးမြို့တော် ဖြစ်နေသည်မှာ ထင်ရှားလွန်းလှပေ၏။

သိထားရမည်မှာ လူသားမျိုးနွယ်များက မျိုးနွယ်စုများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရကာ လူသားမြို့တော်များ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်မှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများက ဖုန်းရှီးမြို့တော်အနီးရှိ မိုးကြိုးတောင်တန်းရှိ အင်မော်တယ်စံအိမ်တော်၌ အင်မော်တယ်ရတနာတစ်ပါးကို ရရှိခဲ့သောကြောင့်ပင် ဖြစ်၏။

ထို့နောက် ဤကိစ္စက မျိုးနွယ်စုကြီးများ၏ လောဘကို လှုံ့ဆော်ပေးခဲ့ပြီး လူသားမြို့တော်များကို စတင်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်လေသည်။

မျိုးနွယ်စုကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လူသားမျိုးနွယ်အနေဖြင့် မည်သို့ တောင့်ခံနိုင်မည်နည်း။ အခြေခံအားဖြင့် အရှုံးကြီးရှုံးကာ အကြီးအကျယ် ကျရှုံးခဲ့ရသည်။ မြို့တော်ကြီးများက တစ်ခုပြီးတစ်ခု ဖောက်ထွင်းဖျက်ဆီးခံခဲ့ရ၏။

ဒဏ္ဍာရီထဲမှ အစောဆုံးမြို့တော်ဖြစ်သော ဖုန်းရှီးမြို့တော်သည် ပထမဆုံး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကာ မြို့တော်တစ်ခုလုံးမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖုန်းရှီးမြို့တော်က ဖျက်ဆီးမခံရရုံသာမက ကြယ်ကွဲပင်လယ်တွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ထို့ပြင် ကြည့်ရသည်မှာ သူတို့၏ ရှင်သန်မှုက အတော်လေး ကောင်းမွန်နေပုံပေါ်သည်။

"စောစောစီးစီးကတည်းက ပျက်စီးသွားပြီ ဟုတ်လား... မင်းတို့ တခြားမြို့တော်တွေက ငါတို့အကြောင်းကို ဘယ်လို ပြောနေကြတာလဲ..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်နှင့် အခြားသူများက ဝူတိကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြလေသည်။

ယခုအချိန်တွင် သူတို့သည် လူသားမျိုးနွယ်၏ အခြေအနေကို အလွန်အမင်း သိချင်နေကြပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကြယ်ကွဲပင်လယ်၌ ရှိနေသရွေ့ ဤတစ်သက်တွင် ချန်လုံကုန်းမြေတိုက်သို့ ပြန်သွားနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်တော့သောကြောင့်ပင်။

ထို့ကြောင့် ယခု လူသားမျိုးနွယ်၏ အခြေအနေမှာ မည်သို့ရှိနေသည်ကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။

မှန်ပေသည်၊ ဤသတင်းများကို သိရှိလျှင်ပင် ဘာမှ လုပ်နိုင်မည် မဟုတ်သော်လည်း သူတို့၏ သိချင်စိတ်ကိုမူ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါလော။

"ဒီလိုပါ... ဖုန်းရှီးမြို့တော် တစ်ခုလုံးက မိုးကြိုးတောင်တန်းမှာ ပျောက်ကွယ်သွားခဲ့တာလေ..."

"အဲဒီတော့ ကျုပ်တို့ လူသားမြို့တော်တော်များများက ခင်ဗျားတို့ကို မျိုးနွယ်ခြား ကျင့်ကြံသူတွေ ဖျက်ဆီးပစ်လိုက်ပြီလို့ သဘာဝကျကျ ထင်မှတ်ခဲ့ကြတာပေါ့..."

"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က အသစ်တည်ဆောက်ထားတဲ့ မြို့တော်တစ်ခုပဲလေ... မျိုးနွယ်ခြား မဟာမိတ်တပ်တွေကို မခုခံနိုင်တာကလည်း အရမ်းပုံမှန်ဖြစ်တဲ့ ကိစ္စပဲကို..."

"ယခုကြည့်ရသလောက် လူသားမျိုးနွယ် အထက်ပိုင်းတွေက ခင်ဗျားတို့ ထွက်ခွာသွားတဲ့ သတင်းကို ဖုံးကွယ်ထားပြီး ခင်ဗျားတို့ဟာ စောစောစီးစီးကတည်းက သေသွားပြီလို့ အပြင်ကို ကြေညာခဲ့တာပဲ... ဒါကလည်း ခင်ဗျားတို့ကို ကာကွယ်ပေးဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်..."

ဝူတိသည်လည်း ယခုအခါ နားလည်သွားခဲ့ချေပြီ။

ဤသည်မှာ လူသားမျိုးနွယ် အထက်ပိုင်းများက ဖုန်းရှီးမြို့တော်၏ အခြေအနေကို တမင်သက်သက် ဖုံးကွယ်ထားခဲ့ခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ် ဧကရာဇ်မြို့တော်က မျိုးနွယ်စုကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို တောင့်မခံနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ဖုန်းရှီးမြို့တော်သည် ရှင်သန်ကျန်ရစ်နိုင်ဦးမည် ဖြစ်သောကြောင့်ပင်။

All Chapters