← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း

အပိုင်း ၃၃

လဝက်ကြာ ကျင်းပခဲ့သည့် ပြိုင်ပွဲကြီး တရွေ့ရွေ့ တိုးတက်လာသည်နှင့်အမျှ တပ်ရင်းမှူး ဝမ်သည်လည်း လျန်မေ့ယွင်၏ ရှေ့တွင် ဟန်ဆောင်မနေနိုင်တော့ချေ။ သူ၏ မျက်နှာထက်ရှိ အပြုံးမှာ တစ်ရက်ထက်တစ်ရက် ပို၍ကြီးမားလာခဲ့သည်။

စစ်ရေးပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်အခါ စစ်သည်မိသားစုဝင်းနှင့် စစ်စခန်းနှစ်ခုလုံးတွင် ပြည်သူ့စစ်ပြိုင်ပွဲ၌ စစ်သည်မိသားစုများ ပြည်သူ့စစ်တပ်ဖွဲ့၏ အောင်မြင်မှုများကို ဂုဏ်ပြုသည့် စာတန်းများကို ချိတ်ဆွဲထားကြသည်။

စစ်တပ်မိသားစုဝင်းတွင် ပြိုင်ပွဲအတွင်းမှ မြင်ကွင်းများကို သရုပ်ဖော်ထားသည့် နံရံဆေးရေးပန်းချီအသစ်တစ်ခုပင် ရှိနေခဲ့သည်။

ပြိုင်ပွဲအမျိုးအစား စုစုပေါင်း ခုနစ်ခုရှိပြီး ဘက်စုံပြိုင်ပွဲ အပါအဝင်ဆိုလျှင် ရှစ်ခု ဖြစ်သည်။ ပြည်သူ့စစ်တပ်ဖွဲ့သည် ချန်ပီယံဆု ရှစ်ခုလုံးကို သိမ်းပိုက်ကာ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

အမျိုးသမီးအဆင့်တွင်မူ— ဒေသခံကွန်မြူနစ်မှ မိန်းကလေးတစ်ဦး ဆွတ်ခူးသွားခဲ့သည့် ငါးကီလိုမီတာ အပြေးပြိုင်ပွဲမှလွဲ၍ အတားအဆီးကျော်ဖြတ်ခြင်းပြိုင်ပွဲတွင် ငန်းမလေးတစ်ကောင်ကဲ့သို့ နွဲ့နှောင်းဖျတ်လတ်လှသည့် လင်းဝမ်ရွေ့က အနိုင်ရရှိခဲ့သည်။

အလေးမပြေးပွဲတွင် ကျောက်မေ့ယွီက အနိုင်ရရှိခဲ့ပြီး လှံစွပ်ထိုးပြိုင်ပွဲတွင် နယ်စပ်ပြည်နယ်မှ လာသည့် အန်ကုလီက ဆုဆွတ်ခူးသွားခဲ့သည်။ လက်ပစ်ဗုံးပြိုင်ပွဲတွင်မူ မွန်ဂိုလီးယားအတွင်းပိုင်းမှ လာသည့် ယူယာ့က ရရှိခဲ့ပြီး သူမသည် အမျိုးသား၊ အမျိုးသမီး ရောယှက်အဆင့်ပြိုင်ပွဲတွင်လည်း ဒုတိယဆု ရရှိခဲ့သည်။

အန်းမင်ဟွာအနေဖြင့်မူ အမျိုးသား၊ အမျိုးသမီး ရောယှက်အဆင့် သေနတ်ပစ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည့်အပြင် အမျိုးသမီးအဆင့် လက်ဝှေ့သိုင်းပြိုင်ပွဲနှင့် ဘက်စုံပြိုင်ပွဲတို့တွင်လည်း ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့သည်။ သူမသည် အမျိုးသား၊ အမျိုးသမီး ရောယှက်အဆင့် လက်ဝှေ့သိုင်းပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ သံမဏိစက်ရုံမှ လတ်တလော စစ်မှုထမ်းသက်ကုန်၍ နှုတ်ထွက်လာသည့် ရေတပ်ရဲဘော်ဟောင်းတစ်ဦးနှင့် ဆုံတွေ့ခဲ့သော်လည်း သူက သူမကို အနိုင်မယူနိုင်ခဲ့ချေ။

ဤကဲ့သို့ ထူးချွန်ပြောင်မြောက်လှသည့် ရလဒ်များကြောင့် တပ်ရင်းမှူးဝမ်အနေဖြင့် တစ်စုံတစ်ရာ ညည်းညူစရာ မရှိတော့ချေ။ သူသည် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေခဲ့ပြီး မပြုံးဘဲ မနေနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။

စစ်တပ်မိသားစုဝင်းအတွင်းတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ကြသည့် သူတို့ခြောက်ဦးကို "ရွှေကြာပန်း ခြောက်ပွင့်" ဟုပင် တင်စားခေါ်ဝေါ်ကြသည်။

အန်းမင်ဟွာနှင့် အခြားသူများအတွက်မူ အနိုင်ရရှိမှုကြောင့် ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဘောပင်များအပြင် အထိရောက်ဆုံး ဆုလာဘ်များမှာ ပြန်ရောက်လာပြီးနောက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

တပ်ရင်းက ဆုရရှိသူ တစ်ဦးလျှင် ရိက္ခာကူပွန် ၂၀ ကျင်း၊ အပိုဆောင်းစားသောက်ကုန်ကူပွန် ၅ ကျင်း၊ စက်မှုကုန်စည်ကူပွန် ၅ စောင်၊ ကြွေရည်သုတ်ဖန်ခွက်တစ်ခုနှင့် ကြွေရည်သုတ်ဇလုံတစ်ခုစီ ပေးခဲ့သည်။

အန်းမင်ဟွာသည် ချန်ပီယံဆု သုံးခု ဆွတ်ခူးခဲ့သဖြင့် ဆုသုံးစုံ ရရှိခဲ့သည်။

သူမသည် အိမ်သို့ အလွန်စိတ်အားထက်သန်စွာဖြင့် ပြန်လာခဲ့ပြီး သူမ၏ ဆုပစ္စည်းများကို ပွေ့ပိုက်ကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ကိုင်ဆောင်လျက် အိမ်ထဲတွင် လှည့်နေခဲ့သည်။ ၎င်းတို့ကို ချိတ်ဆွဲရန် အကောင်းဆုံးနေရာကို သူမ ရှာဖွေရမည် မဟုတ်ပါလား။

ပင်းအန်းသည် ကျောင်းမှ အိမ်သို့ ပြန်ရောက်လာပြီး သူမ၏ အနောက်မှ လိုက်ရင်း ပြောလိုက်သည်။ "မေမေ... အလှပြင် မှန်တင်ခုံအပေါ်က နံရံမှာ ချိတ်ထားရင် ပိုကောင်းမယ်လို့ သားထင်တယ်!"

"အမြင့်ကြီးမှာ ချိတ်ထားလိုက်!"

ပင်းအန်းက သူ၏ လက်မောင်းလေးကို မြှောက်လျက် အလေးအနက် ပြောလိုက်သည်။ "ဒါဆိုရင် ဖေဖေ မီးဖိုချောင်မှာ ထမင်းဟင်းချက်နေတဲ့အချိန်ကျရင် ချက်ချင်း လှမ်းမြင်ရမှာ!"

"ကောင်းပြီလေ!"

အန်မင်ဟွာက ပင်းအန်း၏ အကြံပြုချက်ကို လက်ခံလိုက်သည်။

"ဒါဆိုရင် အမေတို့ ဒီနေရာမှာပဲ ချိတ်ကြတာပေါ့!"

သူမသည် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချိတ်ဆွဲရန် ခုံတန်းလျားတစ်ခုပေါ်တွင် မတ်တပ်ရပ်လိုက်ရင်း ပင်းအန်းကို ကတိပေးရန် မမေ့ခဲ့ချေ။

"မေမေ ဒီနေ့ ဆုတွေ အများကြီး ရခဲ့တယ်၊ အဲဒီအထဲမှာ အပိုဆောင်း စားသောက်ကုန်ကူပွန်တွေလည်း ပါတယ်လေ။ မနက်ဖြန်ကျရင် မေမေတို့ ကုန်စုံစိုင်ကြီးကို သွားပြီး သားအတွက် မုန့်တွေအများကြီး ဝယ်ပေးမယ်၊ ဟုတ်ပြီလား။ ပင်းအန်း ဘာစားချင်လဲ။"

ပင်းအန်းက သူ၏ နှုတ်ခမ်းကို သပ်ရင်း "ကိတ်မုန့်!" ဟု ပြောလိုက်သည်။

အခုထိ ကိတ်မုန့်အကြောင်း တွေးနေတုန်းပါလား။

ယခင်က ကွမ်ချန်တွင် ရှိစဉ်က သူမ ထောပတ်အချို့ ဝယ်ယူခဲ့ဖူးပြီး ဈေးရှိ ဆိုင်ခန်းတစ်ခုတွင် ခရင်မ်ဘူးတစ်ဘူး ရှိနေခဲ့သည်။ သူမ အမှန်တကယ်ပင် ကိတ်မုန့် လုပ်ပေးနိုင်သည်။

လတ်တလောတွင် သူမရော ချင်လဲ့ပါ လေ့ကျင့်ရေးများဖြင့် အလုပ်ရှုပ်နေခဲ့ကြသဖြင့် ပင်းအန်းနှင့်အတူ အချိန်များစွာ မကုန်ဆုံးခဲ့ရချေ။ အန်းမင်ဟွာက ခေါင်းညိတ်ပြရင်း ဆိုလိုက်သည်။

"ကောင်းပြီ... မနက်ဖြန်ကျရင် မေမေ သားအတွက် လုပ်ပေးမယ်!"

"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ။"

ချင်လဲ့သည် လိုက်ကာကို ပင့်မလိုက်ရင်း ခုံတန်းလျားပေါ်တွင် ရှိနေသည့် မိခင်နှင့် ၎င်းကို တွဲကူကိုင်ပေးထားသည့် သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူသည် နံရံတွင် ကပ်ထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို စူးစမ်းကြည့်ရှု့ရင်း ပြောလိုက်သည်။ "ပင်းအန်း... မေမေက ချန်ပီယံဆု သုံးခုတောင် ရခဲ့တာ။ တကယ့်ကို အံ့ဩဖို့မကောင်းဘူးလား။"

"အံ့ဩဖို့ ကောင်းတယ်!"

ပင်းအန်းက ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။ "မေမေက တကယ့်ကို တအားတော်တာပဲ!"

ချင်လဲ့ အန်းမင်ဟွာကို လှမ်းကြည့်လိုက်ပြီး သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်သည်။

"မေမေတော့ သားတို့သားအဖနှစ်ယောက်ရဲ့ အပြောချိုချိုတွေအောက်မှာ စိတ်အာရုံတွေ လုံးဝ မျောပါသွားတော့မှာပဲ!"

ခုံတန်းလျားပေါ်တွင် မတ်တပ်ရပ်နေရင်း အန်းမင်ဟွာသည် သူမ၏ လက်နှစ်ဖက်ကို ခါးတွင် ထောက်လိုက်ပြီး ချင်လဲ့ကို မာန်ပါသော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

"ချင်လဲ့... ကျွန်မ လက်ဝှေ့သိုင်းပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့တာနော်! ကျွန်မ ရှင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြည့်ချင်တယ်!"

"တကယ်လို့ ကျွန်မ နိုင်ရင်... ကျွန်မကိုယ်ကျွန်မ ရှင့်ရဲ့ အစီအမံအတိုင်း အဆုံးအဖြတ် ခံယူမယ်! တကယ်လို့ ရှင် နိုင်ရင်... ရှင့်ကိုယ်ရှင် ကျွန်မရဲ့ အစီအမံအတိုင်း အဆုံးအဖြတ် ခံရမယ်!"

"မင်း စကားတွေ မှားပြောနေတာ သေချာရဲ့လား။"

"မမှားဘူး!"

အန်းမင်ဟွာက သူမ၏ မေးစေ့ကို မြှင့်လိုက်သည်။ သူမအနေဖြင့် ချင်လဲ့ကို အနိုင်မယူနိုင်သည်ကို သူမကိုယ်တိုင် ကောင်းစွာ သိရှိနေခဲ့သည်။ သူမသည် သူ မည်သို့ ပြန်လည်တုံ့ပြန်မည်ကိုသာ မြင်တွေ့ချင်ခြင်း ဖြစ်သည်။

ပင်းအန်း အိပ်ပျော်သွားခဲ့ပြီးနောက် ဇနီးမောင်နှံနှစ်ဦးသည် အိမ်ရှေ့ဝင်းထဲတွင် ရင်ဆိုင်လိုက်ကြသည်။ အန်းမင်ဟွာက ဦးစွာ စတင်လှုပ်ရှားလိုက်ပြီး ချင်လဲ့ထံသို့ ဦးတည်ကာ တိုက်ခိုက်လိုက်တော့သည်။

ချင်လဲ့က သူ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း သူမ၏ တိုက်ကွက်ကို ဆီးကြိုရန် သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ ဇနီးသည်မှာ လွန်ခဲ့သော အချိန်ကာလများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်၊ အနည်းဆုံးတော့ သူမ အပြင်သို့ ထွက်ခွာသည့်အခါ သူမ၏ ဘေးကင်းလုံခြုံမှုအတွက် သူ အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်တော့ချေ။

သူတို့နှစ်ဦးသည် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။ အန်းမင်ဟွာ၏ လက်သီးချက်များမှာ ကျားတစ်ကောင်၏ အရှိန်အဟုန်ကဲ့သို့ လေထုကို ဖြတ်သန်းသွားခဲ့ပြီး ချင်လဲ့ကမူ တိုက်ကွက်တိုင်းကို တည်ငြိမ်စွာဖြင့် ကာကွယ်ပယ်ဖျက်နေခဲ့သည်၊ သူ၏ နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် ကွေးညွတ်နေခဲ့ပြီး ၎င်းမှာ သူမကို စနောက်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

ရုတ်တရက် အိမ်ဝင်းနံရံအပေါ်မှ ခေါင်းတစ်ခု ပြူထွက်လာခဲ့သည်။ ကျန်းကျန့်ဟွာက လေချွန်လိုက်သည်။ "မင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကလည်း... သန်းခေါင်အချိန်ကြီး အိမ်ဝင်းထဲမှာ ရိုမန့်တစ်ဆန်ဆန် ရန်ဖြစ်နေကြတာလား။"

"တပ်ခွဲမှူး။"

ချင်လဲ့သည် အန်းမင်ဟွာ၏ လက်သီးချက်ကို ဖမ်းဆွဲလိုက်ပြီး သူမ၏ အရှိန်ကို ထိန်းချုပ်ပေးကာ သူမ ဟန်ချက်ပျက်သွားသည့်အခါ မလဲကျအောင် တွဲကူပေးလိုက်သည်။ ထို့နောက် သူသည် ကျန်းကျန့်ဟွာရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"အရေးပေါ် တာဝန်ရှိတယ်။ မင်းရဲ့ ပစ္စည်းတွေ သိမ်းဆည်းလိုက်တော့။ နာရီဝက်အတွင်း စုရပ်ကို လာခဲ့။"

ကျန်းကျန့်ဟွာ စကားပြောဆိုပြီးသည်နှင့် အန်းမင်ဟွာသည် ဘေးအိမ်၏ ဝင်းတံခါးကို လာရောက်ခေါက်သည့် အသံကို ကြားလိုက်ရကာ လုကျန့်၏ အသံက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

"အရေးပေါ် တာဝန်..."

မသက်မသာ ဖြစ်ရသော ခံစားချက်တစ်ခုမှာ အန်းမင်ဟွာ၏ ရင်ထဲသို့ နစ်ဝင်သွားခဲ့ရသည်။

အကယ်၍ ပထမတပ်ခွဲနှင့် ဒုတိယတပ်ခွဲ နှစ်ခုလုံး လှုပ်ရှားရခြင်း ဖြစ်ပါက— ထို့ပြင် ၎င်းမှာ အရေးပေါ် တာဝန်တစ်ခု ဖြစ်နေခဲ့လျှင်— သူမအနေဖြင့် မည်သို့လျှင် စိတ်ပူပန်ခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

အန်းမင်ဟွာသည် နောက်သို့ လှည့်ကာ အိမ်ထဲသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ သူမသည် ချင်လဲ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့် ဆေးလုံးများကို ပိုထည့်သွင်းပေးရန် လိုအပ်သည်။

"အနီရောင်အဖုံးပါတဲ့ ပုလင်းက သွေးတိတ်စေဖို့အတွက်။ အစိမ်းရောင်အဖုံးပါတဲ့ ပုလင်းကတော့ အသက်ကယ်ဆေးပဲ။"

ချင်လဲ့က သူ၏ ပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်းနေစဉ် အန်းမင်ဟွာက ဆေးပုလင်းများကို သူ၏ လွယ်အိတ်ထဲသို့ ထိုးထည့်ပေးနေခဲ့သည်။

"ဒါတွေက ကွမ်ချန်မှာတုန်းက ကျွန်မတို့ ဆုံတွေ့ခဲ့တဲ့ တရုတ်တိုင်းရင်းဆေးဆရာကြီးဆီက ရခဲ့တာ။ အသက်ရှူရုံလေးပဲ ကျန်တော့ရင်တောင် အသက်ကို ဆက်ထိန်းထားပေးနိုင်တယ်။ ကျွန်မ ပြန်ရောက်ကတည်းက ဆေးနှစ်လုံးပဲ ဖော်စပ်နိုင်သေးတာ။ ရှင် သေချာလေး သယ်ဆောင်သွားပါ။"

ချင်လဲ့သည် သူ၏ လက်ကို ဆန့်ထုတ်ကာ အန်းမင်ဟွာကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ နဖူးကို အသာအယာ နမ်းရှိုက်လိုက်သည်။

"ဟွာဟွာ... စိတ်မပူပါနဲ့။ ကိုယ် ဂရုစိုက်ပါ့မယ်။"

"စောစောက ပွဲမှာ ကျွန်မ နိုင်ခဲ့တာနော်။"

အန်းမင်ဟွာက ဆိုလိုက်ရင်း သူ၏ နှုတ်ခမ်းကို နမ်းရှိုက်ရန် ခြေဖျားထောက်လိုက်သည်။

"ရှင် ပြန်လာတဲ့အခါ... ကျွန်မကိုယ်ကျွန်မ ရှင့်ရဲ့ အစီအမံအတိုင်း အဆုံးအဖြတ် ခံယူပါ့မယ်။"

"ဒီလို အချိန်မျိုးမှာ အဲဒီလို စကားမျိုး မပြောပါနဲ့!"

…

ချင်လဲ့သည် ပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်း၍ ထွက်ခွာသွားခဲ့သည်။ ထိုညက အန်းမင်ဟွာသည် ကောင်းစွာ အိပ်မပျော်ခဲ့ချေ။ နောက်တစ်နေ့မနက်တွင် သူမ နိုးထလာခဲ့ပြီး မှန်ထဲရှိ မိမိ၏ ပုံစံကို ကြည့်လိုက်သည့်အခါ သူမသည် အလွန်ပင် ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခမ်းနေသည့် ပုံစံ ဖြစ်နေခဲ့ရသည်။

လင်းဝမ်ရွေ့၏ အခြေအနေမှာလည်း များစွာ သက်သာလှသည် မဟုတ်ချေ။ သူမသည် မျက်ကွင်းညိုလျက် ရောက်ရှိလာခဲ့သည်။

"မြို့တော်မှာတုန်းက ဖူချင်းရှန် မရှိတဲ့အချိန်တွေမှာ ငါ ဘာမှ မခံစားရဘူး။ ဒါပေမဲ့ အခု သူ ထွက်သွားတဲ့အခါကျတော့ ငါ လုံးဝ အိပ်လို့မရဘူး ဖြစ်နေတယ်!"

အန်းမင်ဟွာ သမ်းဝေလိုက်မိသည်။ သူမ၏ စိတ်ထဲတွင် ဆွေးမြည့်ဖွယ်ရာ အသံတစ်ခုက အဆုံးမရှိ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။

"ချင်လဲ့ ထွက်သွားတဲ့ ပထမဆုံးနေ့... ငါ သူ့ကို လွမ်းတယ်..."

"ငါလည်း ကောင်းကောင်း အိပ်မပျော်ဘူး။"

အန်းမင်ဟွာ စိတ်တင်းထားလိုက်သည်။ အမျိုးသားတစ်ဦးက တာဝန်ဖြင့် ထွက်ခွာသွားခဲ့ရုံမျှနှင့် ဘဝက ဆက်လက် မလည်ပတ်ဘဲ နေမည်မဟုတ်ချေ။

"ငါ ဒီနေ့ ကုန်စုံဆိုင်ကြီးကို သွားမလို့ ပြင်ထားတာ။ လိုက်ခဲ့မလား။"

"သေချာပေါက် လိုက်မှာပေါ့!"

လင်းဝမ်ရွေ့က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ငါ့မှာ စက်ဘီးလည်း ပါတယ်လေ။ စုစု(စုချင်) နဲ့ မေ့ယွီ (ကျောက်မေ့ယွီ) တို့ကိုပါ မေးပြီး အတူတူ သွားကြမလား"

သေချာပေါက် ဖြစ်သည်။ လေ့ကျင့်ရေးဆင်းနေစဉ် အချိန်များတွင်ပင် သူတို့အားလုံးသည် သန့်စင်ခန်းသို့ အုပ်စုဖွဲ့၍ သွားလေ့ရှိကြသည်။ အန်းမင်ဟွာ ခေါင်းညိတ်လိုက်စဉ်မှာပင် ပွင့်နေသည့် အိမ်ဝင်းတံခါးကို လာရောက်ခေါက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ စစ်တပ်၏ ဝါဒဖြန့်ချိရေးဌာနခွဲမှ အရာရှိ ဖြစ်သည်။ ရာထူးအဆင့်အတန်းအရ ဆိုလျှင် သူသည် ချင်လဲ့နှင့် တန်းတူ ဖြစ်သည်။ သူ၏ ပုံစံမှာ ပညာတတ်အသွင်မျိုး ဖြစ်ပြီး ယဉ်ကျေးပျူငှာကာ နူးညံ့သိမ်မွေ့လှသည်။

"မင်္ဂလာပါ အမျိုးသမီးတို့!"

ယင်းကျန့်က စစ်တပ်စည်းကမ်းအတိုင်း အလေးပြုလိုက်ရင်း ဆိုလာသည်။

"ပြည်သူ့စစ်ပြိုင်ပွဲမှာ မင်းတို့နှစ်ဦးလုံး ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပါရစေ! ဒီနေ့မနက် စောစောစီးစီး လာရောက်နှောင့်ယှက်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်"

အန်းမင်ဟွာက သူ့ကို အိမ်ထဲသို့ အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။

လင်းဝမ်ရွေ့သည် ယင်းကျန့်က အန်မင်ဟွာ၏ အိမ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်ကို မြင်တွေ့ရသည့်အခါ သူမ ပြန်သွားရန် ပြင်ဆင်လိုက်သော်လည်း ယင်းကျန့်က သူမကို ချက်ချင်း လှမ်းတားလိုက်သည်။

"ကျွန်တော် ဒီကိုလာတာ မင်းနှစ်ဦးလုံးနဲ့ စကားပြောဆိုဖို့အတွက်ပါ။"

သူသည် အလုပ်အကိုင် အခွင့်အလမ်းများ ကမ်းလှမ်းရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ဤစိတ်ကူးမှာ နှစ်သစ်ကူးကာလကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်၊ ထိုစဉ်က ယင်းကျန့်သည် အန်းမင်ဟွာနှင့် လင်းဝမ်ရွေ့တို့ ပူးပေါင်းဖန်တီးထားခဲ့သည့် နံရံကပ်သတင်းစာကို မြင်တွေ့ခဲ့ရသည်။ သူသည် ထိုပန်းချီကားများနှင့် ကြွေးကြော်သံ စာသားများအပေါ် အလွန်ပင် အထင်ကြီးလေးစားမိခဲ့သည်။ ထိုညက တပ်ရင်းမှူးကိုယ်တိုင်ပင် ထိုအနုပညာလက်ရာကို ချီးမွမ်းစကား ဆိုခဲ့သေးသည်။ ယင်းကျန့်သည် ဝါဒဖြန့်ချိရေးဌာနခွဲအတွင်း၌ ပါရမီရှင်အသစ်တစ်ဦး ပေါ်ထွက်လာခဲ့ပြီဟု ထင်မှတ်ခဲ့မိသည်— သို့သော် အနည်းငယ် စုံစမ်းကြည့်ပြီးနောက်မှသာ ထိုသတင်းစာကို စစ်တပ်မိသားစုမှ ဇနီးသည်နှစ်ဦးက ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဝါဒဖြန့်ချိရေးဌာနခွဲတွင် စစ်တပ်မိသားစုဝင်များအတွက် အလုပ်အကိုင်နေရာ အနည်းငယ် ရှိနေခဲ့သော်လည်း ၎င်းတို့မှာ လူပြည့်နေခဲ့ပြီ ဖြစ်သည်။

ထိုစဉ်က ယင်းကျန့်အနေဖြင့် ထိုအမျိုးသမီးနှစ်ဦးမှာ မိမိ၏ ဌာနတွင် မပါဝင်ခဲ့သဖြင့် နှမြောတသရုံမျှသာ တတ်နိုင်ခဲ့သည်။ သို့သော် မကြာမီ အချိန်ကာလအတွင်းမှာပင် သူတို့နှစ်ဦးလုံးသည် ပြည်သူ့စစ်ပြိုင်ပွဲ၌ ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့ကြပြီး သူ၏ အမြင်အာရုံထဲသို့ ထပ်မံရောက်ရှိလာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။

ဤကဲ့သို့သော အရည်အချင်းမျိုး ရှိနေကြသဖြင့် သူတို့အား အလုပ်အကိုင်နေရာနှစ်ခု ကမ်းလှမ်းခြင်းမှာ အလွန်ပင် သဘာဝကျလှပေသည်။

ဒီနေ့တွင် သူသည် သူတို့၏ သဘောထားအမြင်ကို မေးမြန်းရန်အတွက် လာရောက်ခဲ့ခြင်း ဖြစ်သည်။

အန်းမင်ဟွာ၏ စိတ်ထဲတွင်မူ ကြီးမားသော စကားလုံးတစ်ခုသာ ထပ်ခါတလဲလဲ ထွက်ပေါ်နေခဲ့သည်— ငြင်းလိုက်!

သူမသည် သက်တောင့်သက်သာနှင့် အေးချမ်းလှသော ဘဝကို စတင်ခံစားရုံမျှသာ ရှိသေးသည်။ သူမအနေဖြင့် ၎င်းကို ဤမျှ စောစီးစွာ လက်လွှတ်ပစ်ရန် အစီအစဉ် မရှိချေ။

All Chapters