အခန်း ၄၁
Vol. 5 Ch. 41
အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း
အပိုင်း ၄၁
ထိုနေ့ညနေတွင် ယခုတလော အိမ်သို့ စောစောစီးစီး ပြန်လာခဲလှသော ချင်လဲ့သည် အချိန်မတိုင်မီ ကြိုတင်၍ ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် မိသားစုသုံးယောက်သား ညစာအတူတူ စားသောက်ရန် ထိုင်လိုက်ကြသည်။
စားပွဲပေါ်တွင် မုန်လာဥချဉ်တစ်ပန်းကန်၊ အာလူးနှင့် ရောချက်ထားသော ရေညှိဟင်းတစ်ပန်းကန်၊ ပဲငပိအနှစ်တစ်ပန်းကန်နှင့် အနုဆုံးအချိန်ဖြစ်သော ဒုဓလီရွက် သုပ်တစ်ပန်းကန်တို့ ရှိနေသည်။
အဓိကစားစရာမှာမူ အန်းမင်ဟွာ ထိုနေ့က အသစ်အဆန်းအဖြစ် စမ်းသပ်ချက်ပြုတ်ထားသော ပြောင်းဖူးမှုန့်နှင့် ဂျုံမှုန့်ကို တစ်ချိုးသုံး အချိုးအစားဖြင့် ရောနှောပြုလုပ်ထားသည့် ပေါက်စီ ဖြစ်သည်။
ထိုမုန့်များမှာ ရွှေဝါရောင်သန်းနေပြီး ပြောင်းဖူးနံ့သင်းပျံ့နေသော်လည်း ပုံမှန်ပြောင်းဖူးမှုန့် စားရသကဲ့သို့ လည်ချောင်းထဲတွင် ကြမ်းတမ်းတမ်းဖြစ်သော ခံစားချက်မျိုး လုံးဝမရှိပါချေ။
ဟင်းခွက်များကို စားပွဲပေါ်သို့ ပြင်ဆင်ပြီးခါစမှာပင် ခြံရှေ့တံခါးကို တစ်စုံတစ်ယောက်က လာရောက်ခေါက်တော့သည်။ တံခါးဝတွင် တည်တင်းသောမျက်နှာထားများနှင့် လက်မောင်းတွင် အနီရောင်လက်ပတ်များ ပတ်ထားကြသည့် လူငယ်အချို့ ရပ်နေကြသည်။ သူတို့၏ ဘေးတွင်မူ မျက်နှာတစ်ပြင်လုံး မည်းမှောင်တင်းမာနေသော တပ်ရင်းမှူးဝမ် ရပ်နေပေသည်။
ထိုလူငယ်များ၏ နောက်ကွယ်တွင်မူ တရားမျှတမှုအတွက် ဒေါသပုန်ထနေသော မျက်နှာထားဖြင့် ကောရှင်းဟွာ ရပ်နေသည်။
အန်းမင်ဟွာက သူမ၏မျက်ခုံးကို အနည်းငယ်ပင့်လိုက်မိသည်။ ဪ... သူတို့က ဒီအကွက်အတွက် စောင့်နေကြတာကိုး။
"ရဲဘော် ကောရှင်းဟွာက လာရောက်တိုင်ကြားထားပါတယ်"
ကောရှင်းဟွာက မေးကိုပင့်လိုက်ပြီး တရားမျှတမှုအပြည့်ရှိသော အမူအရာဖြင့် အသံကိုမြှင့်ကာ ကြေညာလိုက်သည်။
"ဒီလထဲမှာတင် ရဲဘော်အန်းမင်ဟွာ မုန့်လုပ်တာကို ကျွန်မ စုစုပေါင်း ခုနစ်ကြိမ်တောင် တွေ့ခဲ့ရပါတယ်..."
သူမသည် အန်းမင်ဟွာ၏ ငွေကြေးသုံးစွဲမှုပမာဏနှင့် ပတ်သက်၍ ခိုင်လုံလှသည်ဟု ထင်ရသော သံသယဖြစ်ဖွယ် အချက်အလက်များကို တင်ပြတော့သည်။
လူငယ်တစ်ယောက်က အိမ်ရာဝင်းထဲရှိ ယောက်သွားများအပြည့်ရှိသော ဇလုံကြီးကို လက်ညှိုးထိုးပြရင်း ဆိုသည်။
"ဒီမှာ ယောက်သွား အနည်းဆုံး ဆယ်ဂျင် (၁၀ ကျင်း) ကျော်လောက် ရှိမယ်။ အခုလောလောဆယ် ယောက်သွားတစ်ကျင်းကို ဆယ်ပြား (၁၀ ပြား) ပေးရတယ်။ ဒါဆိုရင် ဒီဇလုံတစ်ဇလုံစာတင် တစ်ယွမ်ထက်မက တန်ဖိုးရှိနေပြီ"
"အဲဒီယောက်သွားတွေကို ကမ်းခြေသွားတဲ့ ကလေးတွေ လာပေးတာပါ!"
အန်းမင်ဟွာ စကားမပြောရသေးမီမှာပင် ကောရှင်းဟွာက ကြားဖြတ်ဝင်ပြောလိုက်သည်။
"အဲဒါကိုတော့ ကျွန်မ အာမခံနိုင်ပါတယ်။ ကျွန်မက ဘက်မလိုက်ဘဲ မျှမျှတတပြောတာပါ။ ကိုယ်သိတာကိုပဲ ကိုယ်ပြောတာ!"
အန်းမင်ဟွာ - နင့်ရဲ့ အမူအရာက... နင် ငါ့ကို ကြည့်မရလို့ သက်သက်မဲ့ လုပ်နေတာလို့ပဲ ငါ့ကို တရစပ် သံသယဝင်စေတယ်...
သူမကိုယ်သူမ တော်တော်လေး အရောင်ဖျောက်ပြီး ရိုးရိုးရှင်းရှင်း နေထိုင်ခဲ့တယ်လို့ ထင်ထားတာ။ သူမရဲ့ သုံးစွဲမှုပမာဏက လက်ရှိစီးပွားရေးအခြေအနေအရ အများစုနဲ့ ထပ်တူကျနေတာပဲဥစ္စာ။ ဒါကိုတောင်မှ ဘယ်လိုဖြစ်ပြီး လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားရတာလဲ။
"ကျွန်မတို့အိမ်မှာ ကလေးတစ်ယောက်ရှိတော့... ယောက္ခမတွေက သူတို့မြေးလေးကို အလွန်အမင်း ချစ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကို ထောက်ပံ့ဖို့အတွက် လစဉ်လတိုင်း ငွေတွေ လှမ်းပို့ပေးကြပါတယ်"
အန်းမင်ဟွာက နွေးထွေးသော အပြုံးဖြင့် ရှင်းပြလိုက်သည်။ သူမသည် ယောက္ခမဖြစ်သူ လှမ်းပို့ပေးသော ငွေလွှဲဖြတ်ပိုင်းများကိုသာမက... ဝါဒဖြန့်ချိရေးဌာနအတွက် နံရံကပ်ပိုစတာများ ဒီဇိုင်းဆွဲပေးခြင်းကြောင့် ရရှိသော ထောက်ပံ့ကြေး လစာဖြတ်ပိုင်းများကိုပါ ထုတ်ယူပြသလိုက်သည်။ ထို့ပြင် သူတို့အား အိမ်ထဲသို့ဝင်၍ သေသေချာချာ စစ်ဆေးရန်လည်း ဖိတ်ခေါ်လိုက်သေးသည်။
သဘာဝအတိုင်းပင် သူတို့အနေဖြင့် မည်သည့် သံသယဖြစ်ဖွယ် အထောက်အထားကိုမျှ ရှာမတွေ့ခဲ့ကြချေ။
ခဏမျှအတွင်း ကောရှင်းဟွာ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။ မည်သူကမျှ ပြောစရာမလိုဘဲ သူမသည် အန်းမင်ဟွာနှင့် ချင်လဲ့တို့ထံသို့ ဦးညွှတ်ကာ အသံကိုမြှင့်၍ အနူးအညွတ် တောင်းပန်တော့သည်။
"ကျွန်မ ရဲဘော်အန်းမင်ဟွာနဲ့ ဒုတိယတပ်ခွဲမှူးချင်တို့ကို အထင်လွဲမိသွားပါတယ်။ ရှင်တို့နှစ်ယောက်လုံးကို ကျွန်မ စိတ်ရင်းမှန်နဲ့ အလေးအနက် တောင်းပန်ပါတယ်!"
တပ်ရင်းမှူးဝမ်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားခဲ့ကာ ကောရှင်းဟွာအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
သို့သော် အန်းမင်ဟွာသည် ဒေါသ မထွက်ခဲ့ပါချေ။ အကယ်၍ ကောရှင်းဟွာသည် ကိုယ်ရေးကိုယ်တာ မုန်းတီးမှုကြောင့် မဟုတ်ဘဲ တကယ့်ကို ပြဿနာတစ်ခုရှိနေသည်ဟု ယူဆကာ လာရောက်တိုင်ကြားခြင်းဖြစ်ပါက... သူမတွင် အပြစ်ရှိသည်ဟု ဆိုရန် မသင့်တော်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ ငွေကြေးသုံးစွဲမှုကို မရိုးမသားဖြစ်နေသည်ဟု သံသယဝင်ကာ အဂတိလိုက်စားမှုရှိမရှိ လာရောက်တိုင်ကြားခြင်းသည် တရားဝင်လုပ်ပိုင်ခွင့်တစ်ခုပင် ဖြစ်သည်။ ထို့ပြင် သူတို့ မှားယွင်းသွားသည့်အခါတွင်လည်း စိတ်ရင်းမှန်ဖြင့် ပြန်လည်တောင်းပန်ကြသည်ဖြစ်ရာ... ဝေဖန်ပြစ်တင်စရာ အကြောင်းမရှိတော့ချေ။
သို့သော်ငြားလည်း အန်းမင်ဟွာအနေဖြင့် ကောရှင်းဟွာ၏ စိတ်ထဲတွင် အဘယ်အရာ ဖြစ်ပျက်နေသည်ကို အတိအကျ မသိရှိနိုင်ချေ။ ထို့ကြောင့် သူမသည် အစ်မကြီးတစ်ဦး၏ သဘောထားကြီးမှုမျိုးဖြင့် ကောရှင်းဟွာကို ညင်သာစွာ ထူမပေးလိုက်ရင်း ချီးမွမ်းစကားနှင့် နှစ်သိမ့်စကားများကိုသာ ဆိုလိုက်တော့သည်။
လူစုကွဲသွားပြီးနောက် တပ်ရင်းမှူးဝမ်သည် အိမ်သို့ ဒေါသတကြီး ပြန်လာကာ သူ၏ဇနီးဖြစ်သူကို ဆူပူကြိမ်းမောင်းတော့သည်။
"အဲဒီကောရှင်းဟွာက ဘာတွေဖြစ်နေတာလဲ။ အသက်ကလည်း ဒီလောက်ရှိနေပြီကို မိန်းကလေးပျိုတွေလို ပြဿနာလိုက်ရှာနေတာ ဘာအဓိပ္ပာယ်လဲ။ မင်းကော စစ်သည်မိသားစုဝင်တွေကို ဘယ်လို စိတ်ဓာတ်ရေးရာ လမ်းညွှန်မှုတွေ လုပ်နေတာလဲ။ အခုတော့ သူမက ချင်လဲ့ကိုပါ ပစ်မှတ်ထားလာပြီ။ အဲဒီကောင်လေး... အကယ်၍ ဒီကိစ္စကြောင့် တစ်ခုခုဖြစ်သွားရင် သူကတော့ အဆင်ပြေလိမ့်မယ်၊ ငါကတော့ စိတ်ဖိစီးမှုတွေနဲ့တင် သေရလိမ့်မယ်! မင်းတို့အားလုံးကိုပဲ ကြည့်ဦး— တော်လွန်းကြလို့ တိုင်စာက ဒေသခံအာဏာပိုင်တွေဆီအထိ တိုက်ရိုက်ရောက်သွားရတယ်!"
လျန်မေ့ယွင်သည်လည်း ဒေါသထွက်နေခဲ့သည်။ သို့သော် ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ခြင်းမှာ သူမ၏ အပြစ်သာ ဖြစ်နေသဖြင့်... သူမအနေဖြင့် ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ တပ်ရင်းမှူးဝမ်ကို ကြည့်နေခဲ့ရတော့သည်။
စစ်တပ်မိသားစုဝင်တွေက စစ်သားတွေမှ မဟုတ်တာ! အကယ်၍ စစ်သားတစ်ယောက်က စည်းကမ်းဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလို့ ရပေမယ့်... စစ်သည်မိသားစုဝင်တစ်ယောက်ကိုကျတော့ သူမက အဲဒီလိုမျိုး သွားဆူလို့ ရမလား။
ကောရှင်းဟွာသည် သူမအနေဖြင့် တကယ့်ကို မှားယွင်းသွားခဲ့ခြင်းလားဟု တွေးတောရင်း မျက်ခုံးများတွန့်ချိုးကာ အိမ်သို့ ပြန်လာခဲ့သည်။
သူမ ထိုသို့တွေးတောရင်း အိမ်တံခါးဝအတွင်းသို့ ခြေလှမ်းလှမ်းလိုက်ရုံမျှရှိသေးစဉ်... ပြင်းထန်လှသော ပါးရိုက်ချက်တစ်ခုက သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။ ရိုက်ချက်က ပြင်းထန်လွန်းသဖြင့် သူမသည် ဟန်ချက်ပျက်ကာ မြေကြီးပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားခဲ့ရသည်။
ထို့နောက်တွင်မူ လက်သီးချက်များနှင့် ခြေကန်ချက်များက ချက်ချင်းဆိုသလို ကျရောက်လာတော့သည်။
သူမသည် ထိုသို့ အရိုက်အနှက်ခံရမှုကြောင့် လုံးဝ ဆွံ့အမှင်သက်သွားခဲ့ရသည်။
"မင်း ကောင်းကောင်းမွန်မွန် မနေနိုင်ဘူးလား၊ ကောင်းကောင်းမွန်မွန် နေထိုင်ရမှန်းကော သိရဲ့လား။ ငါ မင်းကို ဒီကိုခေါ်လာတာ ကလေးမွေးဖို့နဲ့ အိမ်ထောင်မှုကို ထိန်းသိမ်းဖို့အတွက်ပဲ။ သူများအသက်ရှူတာကို လိုက်ပြီး နှာခေါင်းရှုံ့ဖို့ မဟုတ်ဘူး! မင်းရဲ့ယောက်ျားက အဲဒီ တပ်စုမှူး ရာထူးမှာပဲ နေလာတာ ဘယ်နှစ်နှစ်ရှိနေပြီလဲ။ ငါ ဒီနှစ်မှာ အသက် ၃၅ နှစ် ရှိပြီ! အခု ဒုတိယတပ်ခွဲမှူးကျန်း အနားယူသွားတော့မှ ငါ့အတွက် အခွင့်အရေးတစ်ခု ရလာတာကို... မင်း ငါ့ကို ဒါမျိုး လုပ်ပေးတာလား။ ဒီလိုအချိန်မျိုးမှာမှ အပြင်ထွက်ပြီး လူတွေကို လိုက်ပြစ်မှားနေရတယ်လို့!"
"ငါ မင်းကို ကောင်းကောင်းမွန်မွန် ပြောပြနေတာကို မင်း နားမလည်ဘူး မဟုတ်လား"
ကောရှင်းဟွာအနေဖြင့် သတိပြန်ဝင်လာရန် အချိန်အတော်ကြာအောင် စောင့်ဆိုင်းလိုက်ရပြီးနောက်... အော်ဟစ်ငိုကြွေးတော့သည်။
သူမ တကယ့်ကိုပဲ မှားသွားခဲ့တာလား။ အိမ်ထောင်ကျကတည်းက သူမ၏ ယောက်ျားသည် သူမအပေါ် တစ်ခါမျှ လက်ပါခဲ့ဖူးခြင်း မရှိချေ။ လူတိုင်းက သူမသည် ယောက်ျားကောင်းတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်ဟု ပြောကြပြီး သူမကိုယ်တိုင်လည်း ကံကောင်းသည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့တွင်မူ သူမ အရိုက်ခံလိုက်ရပြီ ဖြစ်သည်။
….
"ချင်လဲ့... ကျွန်မ ရေချိုးလို့ ပြီးပြီ!"
စောစောက လာရောက်စစ်ဆေးမှုကြောင့် အနှောင့်အယှက် အဖြစ်ရဆုံး ဖြစ်သင့်သော အန်းမင်ဟွာမှာမူ... ထိုသို့ဖြစ်မည့်အစား အချိန်အကြာကြီး ဇိမ်ခံကာ ရေချိုးခဲ့ပြီး ယခုအခါတွင် စိတ်ရွှင်လန်းနေခဲ့သည်။ သူမသည် အိမ်သို့ စောစောပြန်ရောက်နေသော သူမ၏ ယောက်ျားကို ဖမ်းဆီးလိုက်ပြီး ထိုညတွင် ဆိုးနွဲ့ကစားရန် ပြင်ဆင်လိုက်တော့သည်။
"ကျွန်မ အခုမှ သတိရတယ်။ ရှင် နောက်ဆုံးအကြိမ် တာဝန်နဲ့ မထွက်ခွာခင်တုန်းက စကားတစ်ခု ပြောခဲ့သေးတယ် မဟုတ်လား။ ရှင်က ကျွန်မ စိတ်ကြိုက် ရှင်နဲ့ပတ်သက်ပြီး ဘာမဆို လုပ်လို့ရတယ်လို့ ပြောထားတာလေ။ ကျွန်မ အဲဒီကတိကို အခုထိ အကောင်အထည် မဖော်ရသေးဘူးနော်!"
ချင်လဲ့၏ စိတ်အခြေအနေမှာလည်း ထိခိုက်မှုမရှိပါချေ။ သူ ယခင်က ပြောခဲ့ဖူးသကဲ့သို့ပင် ဖြစ်ပျက်ခဲ့သမျှအရာများတွင် မည်သည့် အမှားအယွင်းမျှ မရှိခဲ့ပေ။ သူသည် ကောရှင်းဟွာ၏ စိတ်ရင်းမှန် ရည်ရွယ်ချက်အစစ်အမှန်နှင့် ပတ်သက်၍ သံသယများကိုသာ စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။
အန်းမင်ဟွာ၏ တက်ကြွလှသော အသံကို ကြားလိုက်ရသည့်အခါ သူသည် ရေချိုးခန်းတံခါးကို ပိတ်ရင်း မေးလိုက်သည်။ "တပ်မှူးကြီး... ကျွန်တော့်ကို ဘယ်လိုမျိုး အပြစ်ပေးဖို့ အစီအစဉ်ရှိပါလဲ"
အန်းမင်ဟွာသည် သူမ မှီဝဲနေကျဖြစ်သော အားဆေးများနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများကြောင့် ယုံကြည်မှုများ အပြည့်အဝ ရှိနေပြီး... မိမိကိုယ်ကိုယ် အားအင်ပြည့်ဝနေသည်ဟု ခံစားနေရသည်။
သူမသည် သူမ၏ မေးကို ပင့်လိုက်ပြီး လက်ညှိုးလေးဖြင့် ချင်လဲ့၏ လည်ပင်းမှတစ်ဆင့် တင်းမာသော ရင်အုပ်ကျယ်ကြီးပေါ်သို့ ညင်သာစွာ ဆွဲချကာ ပြောလိုက်သည်။ "ဒီညကျရင်... ကျွန်မက တော်တော့လို့ မပြောမချင်း၊ ရှင် ဘယ်လိုမှ မရပ်ရဘူးနော်"
ချင်လဲ့၏ မျက်ဝန်းအစုံတွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့တော့သည်။
….
မနက်ခင်း စစ်ခရာသံက အချိန်ကိုက်ပင် ထွက်ပေါ်လာခဲ့သည်။
အန်းမင်ဟွာသည် သူမ၏ လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရင်း မျက်လုံးတစ်ဖက်ကို ဖွင့်ကာ... ခန် ရှေ့တွင် စစ်ဝတ်စုံ ကြယ်သီးများကို တပ်ဆင်နေသော အမျိုးသားကို လှမ်းကြည့်လိုက်သည်။
"ချင်လဲ့... ရှင် ပြီးခဲ့တဲ့အကြိမ်တုန်းက အိပ်ရာခင်းကို လျှော်ရင်းနဲ့ အပေါက်တစ်ပေါက် ဖြစ်အောင် ဆုတ်ဖြဲပစ်ခဲ့သေးတယ်။ ဒီတစ်ခါတော့... ရှင် အပျက်အစီး မခံရဘူးနော်!"
နွေးထွေးသော အထိအတွေ့တစ်ခုက သူမ၏နဖူးပေါ်သို့ ကျရောက်လာခဲ့သည်။ ၎င်းမှာ ချင်လဲ့၏ နမ်းရှိုက်မှုပင် ဖြစ်သည်။ သူ၏ အသံထဲတွင် ရယ်မောရိပ်သန်းလျက် ပြောလိုက်သည်။ "သဘောအတိုင်းပါ တပ်မှူးကြီး"
ထို့နောက် သူသည် သူမ၏ နှုတ်ခမ်းလွှာများကို ထပ်၍ နမ်းရှိုက်လိုက်ပြန်သည်။ အန်းမင်ဟွာသည် မျက်လုံးများကို မှိတ်ထားလိုက်ရင်း လက်မောင်းများနှင့် ခြေထောက်များကို ဆန့်လိုက်သည်။
ထို "မရပ်မနားစတမ်း" ကစားပွဲတွင်... အဆုံးသတ်၌ သူမသာလျှင် ရှုံးနိမ့်သွားခဲ့ရသည်!
သောက်ကျိုးနည်း... ဒီယောက်ျားမှာ အမောခံနိုင်ရည် ကန့်သတ်ချက်ဆိုတာ လုံးဝ မရှိတာလား။
သူတို့ရဲ့ အိမ်ရာဝန်းတစ်ခုလုံးမှာ... အိပ်ခန်းထဲ၌ အပေါ်စီးကနေ အောင်မြင်စွာ ပြန်လည်လွှမ်းမိုးနိုင်ခဲ့သူများ ရှိဖူးပါ့မလား။
"မင်ဟွာ... နင် အဲဒီကောရှင်းဟွာကို ဘယ်တုန်းက သွားပြီး ပြစ်မှားမိလိုက်တာလဲ"
စုချင်က စက်ဘီးကို နင်းနေခြင်းဖြစ်ပြီး အန်းမင်ဟွာမှာမူ စုချင်၏ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ထားရင်း နောက်ကနေ လိုက်ပါလာခြင်း ဖြစ်သည်။
ထိုနေ့မနက် အပြင်ထွက်ကြသည့်အချိန်တွင် အန်းမင်ဟွာသည် စုချင်အား စက်ဘီးနင်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းအရင်းအချာနှစ်ယောက်ကြား မျက်လုံးတစ်ချက် အကြည့်ချင်းဆုံလိုက်ရုံမျှဖြင့်... တစ်ဦးစီ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့ကြသည်။
စုချင်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွတ်သွားခဲ့ပြီး သူမအား ဘေးစောင်းကြည့်လိုက်ကာ သူမ၏ မျက်ဝန်းများတွင် နားလည်မှုအပြည့် ရှိနေခဲ့သည်။
အန်းမင်ဟွာ အနည်းငယ် ချောင်းဟန့်လိုက်သည်။ ယခုအချိန်တွင်မူ သူမသည် ရှက်တတ်လွန်းသော ဇနီးသည်လေးဘဝမှသည်... အစ်မများ၏ လေ့ကျင့်ပေးမှုကြောင့် မည်သည့်အရာကိုမျှ တုန်လှုပ်ခြင်းမရှိသော အခြေအနေသို့ ရောက်ရှိပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင် သူတို့ရဲ့ အိမ်ရာဝန်းထဲမှာ... ဘယ်သူကမှ တခြားသူတစ်ယောက်ကို လှောင်ရယ်ပိုင်ခွင့် မရှိကြပါချေ။
"ငါတို့ အနည်းငယ်လောက်ပဲ ဆုံဖူးတာပါ၊ နှုတ်ဆက်ရုံသက်သက်ပဲ။ သေသေချာချာ စကားတောင် မပြောဖူးပါဘူး"
အန်းမင်ဟွာက ခေါင်းခါလိုက်ရင်း ပြောလိုက်သည်။
"ငါက သူမကို ဘယ်လိုမျိုး သွားပြီး ပြစ်မှားနိုင်မှာလဲ"