← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း

အပိုင်း ၅၀

"ဖေဖေ... မနက်ဖြန် ကျောင်းသွားရင် သားရဲ့ သစ်သားသေနတ်လေး ယူသွားလို့ရမလားဟင်။"

ညရှစ်နာရီ ရှိနေပြီ ဖြစ်သည်။ ချင်လဲ့သည် သူ၏ သားဖြစ်သူအတွက် သစ်သားပစ္စတိုသေနတ်လေးတစ်လက်ကို ထုဆစ်ပေးနေသော်လည်း ယခုအချိန်အထိ ပုံကြမ်းပင် မထွက်သေးဘဲ ရိုးရိုးသစ်သားတုံးသက်သက်သာ ရှိနေသေးသည်။

အန်းမင်ဟွာက ကိုယ်ကိုကိုင်း၍ လှမ်းကြည့်လိုက်သည်။ သစ်သားတုံးသက်သက်သာ ရှိသေးသည့်အရာကို သူက မနက်ဖြန်ကျောင်းယူသွားဖို့ စဉ်းစားနေပြီလား။

"အခု ဘယ်နှစ်နာရီရှိပြီလဲ သိလား ပင်းအန်း။ အိပ်ရမယ့် အချိန်ရောက်ပြီ။"

စစ်ယူနီဖောင်းအသေးလေးကို ဝတ်ဆင်ထားသော ပင်းအန်းသည် ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး အန်းမင်ဟွာအား စနစ်တကျ အလေးပြုလိုက်သည်။ သူ၏ ပုံစံမှာ တည်ကြည်ပြီး ပြတ်သားမှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ တပ်မှူးကြီး!"

"ဖေဖေ... သား အရင်သွားအိပ်တော့မယ်နော်။ မနက်ဖြန် ကျောင်းကို သစ်သားသေနတ် ယူမသွားရလည်း ရပါတယ်။"

ပင်းအန်းက လက်တစ်ဖက်ဖြင့် သူ့ဖခင်၏ ပုခုံးကို ခပ်ဖွဖွပုတ်ရင်း၊ ကျန်လက်တစ်ဖက်ကိုမူ ကျောနောက်မှာ ကပ်ပစ်ထားရာ ၎င်းမှာ တပ်ရင်းမှူးဝမ်၏ ဟန်ပန်ကို ကွက်တိအတုခိုးနေခြင်း ဖြစ်သည်။

"သား နည်းနည်းတော့ စိတ်ပျက်မိမှာ ဖြစ်ပေမဲ့ ကိစ္စမရှိပါဘူး။"

"ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတတ်ဘူးလေ။"

ပင်းအန်းက လက်ကို နောက်ပစ်ထားဆဲဖြင့် နိုင်ငံရေးမှူးကျင်းကဲ့သို့ စကားလုံးများကို တမင်အသံဆွဲပြီး ဆက်ပြောလိုက်သည်။

"ဆယ်ပုံပုံရင် ရှစ်ပုံကိုးပုံလောက်ကတော့..."

ချင်လဲ့သည် သူ၏ သားဖြစ်သူကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ လူကြီးပိုင်းတွေ ပြောလေ့ရှိတဲ့ တရားဝင် စကားကြီးစကားကျယ်တွေကို အကုန်လျှောက်သုံးနေသည်ကို ကြည့်ရုံဖြင့် မနက်ဖြန် ကျောင်းကို သစ်သားသေနတ် အမှန်တကယ် ယူသွားချင်နေမှန်း သိသာလှသည်။ ကောင်းပြီလေ... သူ ဒီနေ့ည အပြီးလုပ်ပေးလိုက်တော့မည်။

အန်းမင်ဟွာသည် ပြတင်းပေါက်ဘောင်ကို မှီလျက်၊ လက်တစ်ဖက်ဖြင့် မေးထောက်ကာ သစ်သားပြတင်းပေါက်မှတဆင့် ခြံဝင်းထဲရှိ ချင်လဲ့ကို လှမ်းကြည့်နေခဲ့သည်။

ထိုအရပ်ရှည်ရှည်နှင့် အမျိုးသားသည် ခုံတန်းလျားအသေးလေးပေါ်တွင် ထိုင်ကာ ခြေထောက်ရှည်ကြီးများကို ဆန့်ထားလျက်၊ အင်္ကျီလက်စက္ကူများကို တံတောင်ဆစ်အထိ လိပ်တင်ထားသည်။ သူသည် ခွန်အားအပြည့်ဖြင့် သစ်သားကို တိကျစွာ ထုဆစ်နေစဉ် သူ၏ လက်ဖျံကြွက်သားများမှာ တင်းမာနေပြီး၊ ထင်ရှားလှသော လက်ဆစ်များမှတဆင့် အကြောပြာကြီးများမှာ လက်မောင်းတလျှောက် ရုန်းကြွနေသည်။ သူ အလုပ်လုပ်နေစဉ် သစ်သားစလေးများသည် သူ၏လက်ပေါ်တွင် ကပ်ငြိနေပြီး ရုန်းကြွနေသော အကြောကြီးများနှင့်အတူ လိမ့်ဆင်းနေကြသည်။

"ချင်လဲ့!"

အန်းမင်ဟွာက သူ့ကို လှမ်းခေါ်လိုက်သည်။ သေနတ်... သူမလည်း အဲဒီလိုမျိုး တစ်လက် လိုချင်မိသည်...

"ဘာဖြစ်လို့လဲ။"

ချင်လဲ့သည် လက်ကို ဆေးကြောကာ ရေစက်များကို ခါထုတ်ပစ်လိုက်ရင်း အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

သူ အထဲသို့ ဝင်လာသည့် ခဏတွင် အန်းမင်ဟွာ သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

“ကျွန်မ အိပ်ချင်ပြီ ချင်လဲ့။ အိပ်ကြရအောင်နော်၊ ဟုတ်ပြီလား။"

"အိပ်မလို့လား။"

ချင်လဲ့က အချိန်ကို လှမ်းကြည့်လိုက်သည်။ သူက အန်းမင်ဟွာကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း သူမ၏ ခါးလေးကို ညင်သာစွာ ဆုပ်နယ်ပေးလိုက်သည်။

"ဒါက ဆက်တိုက် ဖြစ်နေတာ ဘယ်နှစ်ညရှိပြီလဲ။ မင်း မပင်ပန်းဘူးလား။"

ပင်ပန်းတယ်ဟုတ်လား။ ဘာပင်ပန်းတာလဲ။ ထိုဆေးဖက်ဝင် စမ်းရေကို အလကား သောက်ခဲ့တာ မဟုတ်ပါချေ။

အန်းမင်ဟွာက ချင်လဲ့၏ ရင်ဘတ်ကို လက်ညှိုးဖြင့် တို့လိုက်သည်။

"ရှင်... အားမထုတ်နိုင်တော့တာတော့ မဟုတ်ပါဘူးနော်။"

သူမ မျက်ခုံးပင့်လျက် စနောက်လိုက်သည်။ "ဒါမှမဟုတ် မနက်ဖြန် စစ်ရေးလေ့ကျင့်ရင် ခြေထောက်တွေ ခွေလဲသွားမှာ ကြောက်လို့လား။"

'အားမထုတ်နိုင်တော့ဘူး။ ခြေထောက်ခွေလဲမယ်။'

ချင်လဲ့သည် စိန်ခေါ်မှုနှင့် ပြောင်စပ်စပ်ပုံစံ ဖြစ်နေသော ဇနီးဖြစ်သူ၏ မျက်နှာလေးကို ကြည့်ကာ ရယ်လည်းရယ်ချင် စိတ်လည်းမချနိုင် ဖြစ်သွားရသည်။

"ဟွာဟွာ... ဒီနေ့ညတော့— ငိုတာမရှိ၊ အသနားခံတာမရှိ၊ ပြီးတော့ လုံးဝ အိပ်ရမှာ မဟုတ်ဘူး။"

အန္တရာယ်ရှိမှန်း မသိသေးသော အန်းမင်ဟွာက ချင်လဲ့၏ နှုတ်ခမ်းကို ခပ်ဆတ်ဆတ်လေး ကိုက်လိုက်သည်။

"တောင်းဆိုချက်တွေ အများကြီးပဲ။ ရှင်က အောက်ကနေရမှာနော်။"

........

ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာသည်နှင့်အမျှ မိသားစုဝင်းကြီးသည်လည်း ပို၍စည်ကား သက်ဝင်လာခဲ့သည်။

လင်းဝမ်ရွေ့သည် သောင်းပြောင်းထွေလာ သတင်းများကို ရရှိပြီးနောက် မြို့တော်သို့ ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့သည်။ သူ၏ ယောက္ခမဖြစ်သူသည် ထိုဇနီးမောင်နှံတွင် အတွေ့အကြုံမရှိသဖြင့် တစ်ခုခုဖြစ်လာပါက စနစ်တကျ မကိုင်တွယ်တတ်မည်ကို စိုးရိမ်သောကြောင့် အထုပ်အပိုးများကို အလျင်အမြန်ပြင်ဆင်ကာ ရောက်ရှိလာခဲ့သည်။

အဒေါ်စွင်း ရောက်ရှိလာသည်နှင့် တပြိုင်နက် စစ်မှန်ပြီး သဟဇာတဖြစ်လှသော ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးကို ပြသနိုင်ခဲ့ရာ ၎င်းက အရှေ့ဘက်တွင် နေထိုင်သော ဟဲဝမ်ဝမ်နှင့် ဝမ်ရှု့ချင်တို့ကြားမှ ဟန်ဆောင်ယဉ်ကျေးမှုများကို ပို၍သိသာထင်ရှားစေခဲ့သည်။

ယောက္ခမထံမှ စစ်မှန်သော ဂရုစိုက်မှု မရှိသကဲ့သို့၊ ချွေးမထံမှလည်း စစ်မှန်သော ရိုသေလေးစားမှု မရှိပါချေ။

အန်းမင်ဟွာသည် ချင်လဲ့ကို တစ်ပတ်ခန့် ကပ်တွယ်နေခဲ့ပြီးနောက် နောက်ထပ် လဝက်ခန့် စောင့်ဆိုင်းခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ မျှော်လင့်ထားသည့်အတိုင်း ကိုယ်ဝန်ရှိကြောင်း သွေးခုန်နှုန်း စမ်းသပ်ချက် ရလဒ် ထွက်ပေါ်လာခဲ့တော့သည်။

ပင်းအန်းသည် ကလေးပြုစုရေးသင်တန်းမှ ပြန်လာသောအခါ အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ သုံးပေလောက်အထိ အထက်သို့ ခုန်တက်သွားခဲ့သည်။ သူသည် သူ၏ ပိုက်ဆံအိတ်လေးကို ဆွဲကာ စာတိုက်နှင့် ကြေးနန်းရုံးဆီသို့ သုတ်ခြေတင် ပြေးသွားတော့သည်။

"အဒေါ်လျန်... အဒေါ်လျန်! သား အဘွားဆီ ကြေးနန်းစာ ပို့ချင်လို့!!"

လျန်မေ့ယွင်သည် အလုပ်ဆင်းခါနီး ဖြစ်နေသည်။ သူမက လက်လှမ်း၍ ပင်းအန်း၏ ပါးလေးကို ဆွဲရင်း ပြေယလိုက်သည်။

"ဘာစာ ပို့ချင်လို့လဲ။"

"ဒီအတိုင်းပဲ... 'မင်ဟွာ ကိုယ်ဝန်ရှိပြီ။ မြန်မြန်လာခဲ့ပါ!'"

လျန်မေ့ယွင်သည် ထိုနေရာတင် အားရပါးရ ရယ်မောမိတော့သည်။ အမျိုးသမီးထုအပေါ် သူတို့ လုပ်ဆောင်ခဲ့သော အလုပ်များကို ကြည့်ပါဦး— ကလေးများပင် ဝမ်းသာအားရ ခုန်ပေါက်နေရသည်အထိ အစွမ်းထက်လှသည်။ ၎င်းက ဘာကို ဆိုလိုသနည်း။ မိသားစုဝင်းအတွင်းရှိ လင်မယားများအားလုံး စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်နေကြသည်ကို ဆိုလိုခြင်း ဖြစ်သည်။

ထိုနေ့ည အိမ်သို့ ပြန်ရောက်သောအခါ လျန်မေ့ယွင်သည် တပ်ရင်းမှူးဝမ်ထံသို့ ဆုလာဘ်တောင်းရန် လက်ဝါးဖြန့်လိုက်သည်။

တပ်ရင်းမှူးဝမ်က သူမ၏ လက်ကို အသာအယာ ပုတ်လိုက်သည်။

"ကောင်းပြီလေ... ရဲဘော်လျန်ရဲ့ အလုပ်တွေက တကယ်ကို ပြောင်မြောက်ပါတယ်။ ချီးကျူးဖို့ ထိုက်တန်ပါတယ်။ ဘယ်လို ဆုလာဘ်မျိုး လိုချင်လို့လဲ။"

လျန်မေ့ယွင်သည် သူ၏ စိတ်မပါတပါ လေသံကို ကြားရသည်နှင့် သူမအား ထပ်၍ လှည့်ပတ်ပြောဆိုနေမှန်း သိလိုက်သည်။ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အကြည့်ချင်းဆုံကာ အဓိပ္ပာယ်ပါပါဖြင့် ‌ပြောလိုက်သည်။

"ရိုးရိုးလေးပဲ။ ကျွန်မလည်း တစ်ခု လိုချင်တယ်။"

"ဘာတစ်ခုလဲ။ ပြောသာပြောစမ်းပါ။ ပိုက်ဆံအားလုံးကလည်း မင်းဆီမှာပဲ ရှိတာကို။ တစ်ခုခု ဝယ်ချင်ရင် ဝယ်လိုက်လေ—"

တပ်ရင်းမှူးဝမ်သည် သူ၏ ပုံမှန် ပေါ့ပျက်ပျက် စကားလုံးများကို ပြောဆိုနေစဉ် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။

"တစ်ခု လိုချင်တယ်ဟုတ်လား။ ကလေးလား?!"

"အင်းလေ။ ဘာဖြစ်လို့လဲ... မရဘူးလား။"

တပ်ရင်းမှူးဝမ်သည် သွားကိုက်သကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ဒါကတော့ သူ့အောက်က အရာရှိတွေ အားလုံးက ငယ်ရွယ်နုပျိုနေကြတဲ့ ဘေးထွက်ဆိုးကျိုးပဲ။ "ငါ အားမထုတ်နိုင်တော့ဘူး" လို့ ပြောဖို့ကျတော့လည်း... သူ ဘယ်လိုမျက်နှာမျိုးနဲ့ ပြောရပါ့မလဲ။

All Chapters