← Chapters

အခန်း ၁၂၆၈

Vol. 106 Ch. 1268

အခန်း ၁၂၆၈

Vol. 106 Ch. 1268

အခန်း ၁၂၆၈ -

ရစ်ခွေနဂါးတောင်ထိပ်။

ကျိုးဖန်နှင့် ကျန်ရှိသော အင်မော်တယ်ဘုရင်သုံးဦးသည် လေထုထဲ၌ အသည်းအသန် ထွက်ပြေးခဲ့ကြသော်လည်း မကြာမီမှာပင် ရပ်တန့်သွားခဲ့ရသည်။

ရုပ်ဆိုးဆိုးနှင့် ရက်စက်ကြမ်းကြုတ်သော ခြင်သားရဲများသည် စစ်တပ်ကြီးအလားလမ်းကို ပိတ်ဆို့နေခဲ့၏။

ထိုခြင်သားရဲ တစ်ကောင်ချင်းစီသည် ကြိတ်ဆုံကျောက်တုံးကြီး အရွယ်အစားမျှရှိပြီး အတောင်ပံ ခြောက်စုံစီ ပါရှိကြသည်။

အရေအတွက်အရ ကောင်းကင်နှင့် မြေကြီးကြားပြည့်နှက်နေကာ မိုးကုပ်စက်ဝိုင်း အစပ်သို့ ဝင်ရောက်ပျောက်ကွယ်နေ၏။

“ ဒီဘက် ... မြန်မြန် ... ။ ”

ထို့ကြောင့် ကျိုးဖန်းနှင့် အဖွဲ့သည် တုံ့ဆိုင်းမနေဘဲ လမ်းကြောင်း ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားပြန်၏။

များမကြာမီမှာပင် သူတို့၏ မျက်နှာအမူအရာများ ထပ်မံ ပျက်ယွင်းသွားခဲ့ရ ပြန်သည်။ သွေးနီရောင် လျှပ်စီးမုန်တိုင်းများ ဝန်းရံနေသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲ ဝိညာဉ်အုပ်စုကြီးတစ်ခုက ရှေ့တွင် ပေါ်လာနေပြန်၏။

တစ်ကောင်ချင်းစီသည် ပေတစ်ထောင်ခန့် မြင့်မားကြပြီး မကောင်းဆိုးဝါး အရှိန်အဝါများ ထွက်ပေါ်နေကြသည်။

ဤနည်းဖြင့် လမ်းကြောင်းများကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ကြသော်ငြားလည်း ထူးဆန်းပြီး ကြောက်စရာကောင်းသော သတ္တဝါများကို တွေ့ရှိလာရလေသည်။

လေးဦးသားကျောပြင်၌ ချွေးစေးများ စီးကျလာပြီး နှလုံးသားများ အောက်ခြေသို့ ပြုတ်ကျသွားခဲ့ရတော့၏။

“ ငါတို့ ထောင်ချောက်ထဲ မိပြီ ငါတို့ ဒီလွင်ပြင်ထဲ ခြေချမိကတည်းက လွတ်လမ်း မရှိတော့ဘူး။ ”

“ ဒီကောင် ရှန့်မူ လူယုတ်မာ ... ငါတို့အားလုံးကို ဒီမြူနက်တောင်ကြားထဲဝင်ပြီး ကြိုတင်စီစဉ်ထားတာပဲ။ ”

ကျိုးဖန်တစ်ယောက် မျက်နှာမှာ ပြာနှမ်းသွားကာ ထိုစီနီယာမျောက်ဝံအိုကြီးက ဝင်ပေါက်ကို ပိတ်ပစ်ခဲ့ရသည့်အကြောင်းကို လုံးဝသဘောပေါက်သွားတော့သည်။

ထိုစီနီယာမျောက်အိုကြီးသည် ဤထူးဆန်းသော သားရဲသတ္တဝါများနည်းတူ ရှန့်မူအတွက် သူတို့ကို ကျုံးသွင်းပေးလိုက်ခြင်း ဖြစ်လေသည်။

“ မင်း မှားတယ် ... ငါက ရန်သူကို သတ်ဖို့အတွက် ပြင်ပအင်အားကို အသုံးချတာ ရွံရှာတယ် ပြီးတော့ ငါ့ဘာသာ ဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုအတွက် သူတစ်ပါးဆီက အကူအညီ တောင်းလေ့မရှိဘူး ...

... ငါ စောစောက ပြောခဲ့သလိုပဲ ... မင်းတို့တွေ ထွက်မပြေးဘူးဆိုရင် ဒီသားရဲတွေ အကုန်လုံးက ရပ်ကြည့်နေလိမ့်မယ်။ ”

စုရီက ဝိုင်အိုးကို မော့သောက်လျက် လေထုအလယ်ထွက်ပေါ်လာ၏။ အင်မော်တယ် ဘုရင်တစ်ပါးမှ သံသယများဖြင့် ပြန်ကြည့်ကာ၊

“ မင်းတကယ် ပြောတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟမ့် ... မင်းတို့မှာ အခြား ရွေးချယ်စရာ ရှိသေးလို့လား။ ”

“ မင်း ... ။ ”

အင်မော်တယ်ဘုရင်များမျက်နှာမှာ ကြည့်ရဆိုးရွားသွာသော်လည်း ဤစကားမှာ ကွင်းကွင်းကွက်ကွက် မှန်ကန်နေ၏။

“ ဘာပဲဖြစ်ဖြစ် ... ငါတို့အစွမ်းရှိသမျှကို သုံးပြီးခုခံပါ မကြာခင်အခြားသူတွေရောက်လာ ကြလိမ့်မယ် ... သူ့ကို ဖမ်းနိုင်ရင်တော့ အကောင်းဆုံးပဲ။ ”

ကျိုးဖန်က စိတ်ချင်းဆက်သွယ်ကာ ကျန်သူများကို အမြန် အမိန့်ပေးလိုက်သည်။

အင်မော်တယ်ဘုရင်များမှာ မျက်ဝန်းထဲ၌ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ခေါင်းညိတ်လိုက်ကြသည်။

အကယ်၍သာ သူတို့သည် ရှန့်မူကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ပါက မကောင်းဆိုးဝါး သတ္တဝါကြီးများမှ ဝင်ရောက် စွက်ဖက်ဝံ့မည် မဟုတ်ချေ။

“ သတ် ... ။ ”

ကျိုးဖန်တစ်ယောက် ဟိန်းဟောက်လျက် ရှေ့ဆုံးမှ ဦးဆောင်ကာ တိုက်စစ်စတင်လိုက်၏။ သူ့အဖော်သုံးဦးသည်လည်း ရတနာများကို ထုတ်ယူကာ လိုက်ပါလာကုန်သည်။

စုရီက အဝေးတစ်နေရာမှနေပြီး အေးအေးလူလူ လေထုအလယ်လျှောက်လှမ်း လာကာ ဓားဖြင့် ပိုင်းချလိုက်တော့၏။

များမကြာခင် ပြင်းထန်လှသော အသက်လုတိုက်ပွဲကြီးတစ်ခု ပေါ်ထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းဆန်သွားသည်။

ထူးဆန်းသော သတ္တဝါကြီးများစွာမှာ အဝေးမှနေ၍ ငြိမ်သက်စွာဝိုင်းဝန်းကြည့်ရှုနေပြီး မည်သူမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိကြချေ။

သို့သော် သူတို့တည်ရှိနေခြင်းကြောင့်ပင် ကျိုးဖန်တို့ကိုထွက်ပြေးရန် အကြံအစည်အပေါ် လုံးဝစွန့်လွှတ်စေကာ စုရီထံသို့သာ အာရုံစိုက် ထားစေခဲ့သည်။

များမကြာခင် အင်မော်တယ် ဘုရင်တစ်ပါးသည် စုရီ၏ဓားချက်အောက်တွင် ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားတော့၏။

နောက်ထပ် လက်ဖျစ်ဆယ့်သုံးတွတ် ကြာချိန်၌ ဒုတိယမြောက်အင်မော်တယ်ဘုရင် တစ်ပါး ဦးပြတ်သွားသည်။

ဤနည်းဖြင့် တတိယမြောက် အင်မော်တယ်ဘုရင်သည်လည်း အသားစများ အပိုင်းပိုင်းအတစ်တစ်ဖြစ်ကုန်ပြန်၏။

အဆုံးတွင် ကျိုးဖန်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ သူ့မျက်နှာတွင် စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်လာပြီး လုံးဝ ပြိုလဲလုနီးပါးပေပင်။

သူ့ပြိုင်ဘက်သည် ထိုသတ္တဝါကြီးများ၏ အကူအညီကို လုံးဝမလိုအပ်ဘဲ သူတို့ကဲ့သို့သော အင်‌မော်တယ်ဘုရင်များအပေါ် လွယ်လွယ် သတ်နိုင်ကြောင်း သိခွင့်ရလိုက်သည်။

“ ရှန့်မူ ... ငါ ... ။ ”

ကျိုးဖန်တစ်ယောက် တောင်းပန်ရန်ပြင်လိုက်သော်လည်း စကားပင် မဆုံးသေးမီ သူ့မျက်ခုံးနှဏ်ဖက်ကြား အေးစက်သော ခံစားချက်ဝင်လာ၏။

မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရပြီး နာကျည်းမှုများနှင့် ပြည့်နှက်လျက် ခန္ဓာကိုယ် တစ်ခုလုံး အမှုန်များအဖြစ်သို့ ကြေမွသွားကာ လေထုထဲ လွင့်စင်သွားတော့၏။

ဤသို့ဖြင့် မိုးပြာနန်းတော်မှ အင်မော်တယ်ဘုရင်လေးပါးလုံး ပျောက်ကွယ် သွားခဲ့ကြတော့၏။

“ ကနဦး အင်‌မော်တယ်ဘုရင် သုံးပါးနဲ့ အလယ်အလတ် အင်‌မော်တယ်ဘုရင်တစ်ပါးတို့ ပူးပေါင်းမှုက တာအိုနယ်မြေပိုင်ဆိုင်ထားတဲ့ ဝူထျန်းကို မမီသေးဘူး။ ”

စုရီမှ ခေါင်းခါယမ်းလိုက်သည်။ ဤတိုက်ပွဲသည်မြန်ဆန်လွန်းလှပြီး သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်ခဲ့ချေ။

ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း အပေါ်ယံပြတ်ရှဒဏ်ရာများသာ ဖြစ်နေသည်။ သဖြင့် အရေးမကြီးလှပေ။

စုရီက တိုက်ပွဲကို အဆုံးသတ်လိုက်ပြီး ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်ရာ ထိုသားရဲ များစွာတို့သည် ဦးခေါင်းများ ချက်ချင်း ငုံ့သွားကြတော့၏။

အချို့သည် သူတို့တောင်ပံများကို ရုပ်သိမ်းလိုက်ကြကာ အချို့မှာမူ မြေပြင်ပေါ်၌ ဝပ်စင်းလျက် တုန်လှုပ်နေခဲ့သည်။

စုရီမှ မည်သည့်စကားမျှမဆိုဘဲ လှည့်ထွက်သွား၏။ ပျောက်ကွယ်သွားသည့်တိုင် မည်သူမျှ မလှုပ်ဝံ့ကြချေ။

“ အားလုံးပဲ ရတနာတွေကို လုံးဝမထိနဲ့ ကျန်ဘယ်အရာမဆို ငါတို့စားသုံးနိုင်တယ်။ ”

လူပုလေးတစ်ယောက် ချက်ချင်း ပေါ်လာပြီးနောက် ရုတ်တရက် အမိန့်ပေး လိုက်တော့၏။

သူ့စကားဆုံးသည်နှင့် ထူးဆန်းသော သားရဲများသည် တိုက်ပွဲမြေပြင်သို့ ရုတ်ချည်း တိုးဝင်ကုန်ကာ အကြွင်းအကျန်များကို စားသုံးကြ‌တော့သည်။

အင်မော်တယ်ဘုရင်များ သွေးသားအပိုင်းအစများနှင့် ဝိညာဉ်အပိုင်းအစ များသည် သူတို့အတွက် အရသာအရှိဆုံးသော ပွဲတော်ကြီးပေပင်။

များမကြာခင် အရိုးငှက်ကြီးနှင့် သွေးပုရွက်ဆိတ်များ ရောက်ရှိလာကြကာ ရတနာများကို စုရီအတွက် သိမ်းယူကြ၏။

လေးနာရီခန့် ကုန်လွန်ပြီးနောက် ဓားရောင်ဝါမုန်တိုင်းတစ်စင်းသည် တောင်နှင့် မြစ်များကို ဖျက်ဆီးနေခဲ့သည်။

တိုက်ပွဲအပြီးသတ်သွားချိန်တွင် စုရီခန္ဓာကိုယ်ပေါ်၌ ပြင်းထန်သော သွေးထွက် ဒဏ်ရာကြီးများစွာ ရရှိထား၏။ အချို့နေရာ များ၌ အရိုးများပင် မြင်တွေ့နေရသည်။

မြေပြင်တွင်မူ အင်မော်တယ်ဘုရင် ငါးပါးလုံး၏ ပျက်စီးနေသောရုပ်အ‌လောင်းကို မြင်နိုင်သည်။

“ ဓားသမားတစ်ယောက်ရဲ့ စရိုက်နဲ့ ခွန်အားက တကယ်ပဲ ထူးခြားထက်မြက်ပြီး ငါ့ရဲ့လေးစားမှုကို ခံယူထိုက်ပါတယ်။ ”

ပါးပြင်ပေါ်ရှိ သွေးစွန်းနေသော ပြတ်ရှဒဏ်ရာကိုလက်ဖြင့် တို့ထိလိုက်ကာ သက်ပြင်းချလိုက်သည်။

ယခု သတ်ဖြတ်ခဲ့သော အင်‌မော်တယ် ဘုရင်ငါးပါးသည် ဓားသမားအိုကြီးများဖြစ်၏။ ထို့ကြောင့် တိုက်ပွဲသည် အခြားသော တိုက်ပွဲများထက် ပို၍ပြင်းထန်သည်။

ထိုသူများထဲမှ တစ်ဦးသည် အင်မော်တယ်ဓားအာကာသကိုပင် ပြီးပြည့်စုံ လုနီးပါး ပိုင်ဆိုင်ထားချေ၏။

ယင်းကြောင့် ဤတိုက်ပွဲအတွင်း စုရီသည်လည်း ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။

အဆုံး၌ သူ့ကျင့်ကြံမှုကုန်ခမ်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နှက်သွား လေသည်။ ဒဏ်ရာများကို ကုသရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုသို့ ချက်ချင်း ဦးတည်လိုက်တော့သည်။

တစ်ရက်မျှ ကြာမြင့်ပြီးနောက် တရားထိုင်ခြင်းမှ နိုးထလာကာ ကျင့်ကြံမှုတွင် တိုးတက်မှုရှိလာကြောင်း ခံစားမိလိုက်၏။

ပြင်းထန်သော ဤတိုက်ပွဲများသည် သူ့အတွက်များစွာ အကျိုးရှိခဲ့ချေပြီ။ သို့သော် သေရှင်တိုက်ပွဲမျိုး လိုအပ်နေသေး၏။

အကြောဆန့်လျက် အမဲလိုက်ခြင်း လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရန် ထွက်ခွာ လာခဲ့တော့သည်။

တစ်ဖက်လူများ လွတ်မြောက်သွားမည်ကို စိုးရိမ်နေစရာမလိုချေ။ ဤမြူခိုးများအတွင်းတွင် ပိတ်မိနေသော် မြင့်မြတ်သူတစ်ဦးပင် အချိန်များစွာ ယူရပေမည်။

နောက်ထပ် သုံးရက်ကုန်လွန်သွား၏။ ဤကာလအတွင်း ပြင်းထန်သောတိုက်ပွဲဝင်များ ဆင်နွှဲခဲ့ရသည်။ ဒဏ်ရာများ ကုသခြင်းကို မကြာမကြာ ပြုလုပ်လာရ၏။

သုံးရက်မြောက်နေ့တွင် အင်အားစုကြီး ငါးခုမှ အင်မော်တယ်ဘုရင်များ သေဆုံးသွား ခဲ့ရသည်။ ထိုသူများထဲတွင် အထွတ်အထိပ် အလယ်အလတ်အဆင့် အင်‌မော်တယ်ဘုရင် မန်ကျဲသည်လည်း ပါဝင်လာသည်။

နတ်မီးတောက်ဂိုဏ်းမှ အနက်ဝတ် လုပ်ကြံသတ်ဖြတ်သူမှာမူ လှိုဏ်ဂူနှင့်အမှောင် အောက်တွင် ရောင်ဝါကို ရုတ်သိမ်းလျက် လုံးဝ ထွက်မလာတော့ချေ။

လိပ်တစ်ကောင်ကဲ့သို့ ပုန်အောင်းကာ ရှင်သန်ရန်ကြံစည်နေကြောင်း မြင်သာနေ၏။ သို့သော် မြူနက်တောင်ကြားအတွင်းမှ သားရဲ ပေါင်းစုံသည် နေရာအနှံ့အပြားမှ စောင့်ကြည့်ပြီး စုရီထံ သတင်းများ ပေးပို့နေသည်ကိုမူ သူ မသိခဲ့ချေ။

ထို့ကြောင့်ပင် ဤမြူနက် တောင်ကြားကြီးသည် စုရီအတွက် ကိုယ်ပိုင် ခြံဝန်းငယ်တစ်ခုလို အရာအားလုံးကို မြင်နိုင်ကြားနိုင်နေချေပြီ။

အဆုံး၌ စုရီ၏ ဓားချက်သည် ထိုအနက်ဝတ်လုပ်ကြံသတ်ဖြတ်သူထံ ဝုန်းခနဲ ကျရောက်သွားသည်။

ထိုအနက်ဝတ် လုပ်ကြံသတ်ဖြတ်သူခမျာ အံ့အားသင့်လျက် စကားမဆိုနိုင်မီမှာပင် အမှုန် ဖြစ်သွားတော့၏။

လုပ်ကြံသတ်ဖြတ်မှု ဘဝတလျှောက် သူသည်သာ ဆန္ဒမရှိသော် ထိုအထွတ်အထိပ် အင်မော်တယ်ဘုရင်များပင် လက်လျော့ရ၏။

ယခုမူ စုရီမျက်နှာပင် မမြင်လိုက်ရဘဲ သေဆုံးရချေပြီ။ ဤသည်မှာ သူ့ဝိညာဉ်အတွက် ခါးသီးဖွယ် ခံစားချက်ဖြစ်၏။

သားကောင် လက်အောက်၌ သေဆုံးခဲ့ရသော မုဆိုးတစ်ယောက်အနေဖြင့် လောကကြီးသည် အမှန်ရက်စက်လွန်းချေပြီ။

ခရီးစဉ်တလျှောက် စုရီသည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် လူတိုင်းထံမှ ထိတ်လန့်တကြားနှင့် အချင်းချင်း အကူအညီ တောင်းကြသည့်သတင်းများ ပျံ့နှံ့နေချေပြီ။

မည်သူမဆို ယခုအချိန်၌ တစ်ဖက်လူ၏အမဲလိုက်ခြင်းကို ခံနေရကြောင်း နားလည်ကုန်ကြသည်။

ထို့ကြောင့် အချို့သော အင်မော်တယ်ဘုရင်များသည် စုရီကိုမြင်သော် သူတို့ကိုယ်သူတို့ ဖောက်ခွဲလျက် ဆွဲချရန် ကြိုးစားလာ၏။

တိုက်ပွဲများမှာ ပို၍ ရက်စက်လာပြီး မြူနက်တောင်ကြား၌ သွေးရောင်မြူများပင် ဖြစ်ပေါ်လာတော့သည်။

ယင်းသည် အသက်လုပွဲများအဖြစ် ပြောင်းလဲကုန်ပြီဖြစ်သဖြင့် လူတိုင်းမှ ဝှက်ဖဲများ ထုတ်ဖော်နေရာ စုရီအတွက် မလွယ်ကူခဲ့ချေ။

ထိုအခြေအနေသည်ပင် စုရီ တောင်းတနေသော အရာဖြစ်သည်။ အကယ်၍ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက လူတိုင်းကို သူအနိုင်ယူနိုင်၏။

လိုအပ်နေသည်မှာ သေရှင်တိုက်ပွဲများ ဖြစ်သောကြောင့် အင်မော်တယ်ဘုရင်များကို ထပ်မံပူးပေါင်းနိုင်ရန် ကျုံးသွင်းစုရုံးစေလျက် တိုက်ပွဲများဆင်နွှဲနေခဲ့ရသည်။

ဤနည်းဖြင့် သူ့ ကျင့်ကြံမှုသည်လည်း ဗလာနယ်ပယ်နှောင်းပိုင်းသို့ ချည်းနင်းလာသည့် အရိပ်အယောင်များ ပြသလာ၏။

ထိုစဉ် အရိုးငှက်သည် အဝေးမှ ပျံသန်းရောက်ရှိလာပြီး၊

“ ဧကရာဇ်သခင် ... အင်မော်တယ် ဘုရင်တွေအားလုံး ရစ်ခွေနဂါးတောင်ကြားဆီ စုရုံးရောက်ရှိသွားပါပြီ။ ”

-ဟု သတင်းပို့လာ၏။

ရစ်ခွေနဂါးတောင်ထိပ်သည် အလွန် မတ်စောက်ပြီး မြူနက်တောင်ကြားဒေသတွင် အန္တရာယ်ကြီးမားလှသည်။

“ ကောင်းပြီ ... ကစားပွဲကို အဆုံးသတ်ဖို့အချိန်ကျပြီ။ ”

***

All Chapters