← Chapters

အခန်း ၁၂၇၁

Vol. 106 Ch. 1271

အခန်း ၁၂၇၁

Vol. 106 Ch. 1271

အခန်း ၁၂၇၁ -

လုံလောက်ပြီလား ... ။

ကောင်းကင်အောက်တွင် ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်နေသော ပုံရိပ်တစ်ခု တရွေ့ရွေ့ လျှောက်လှမ်းလာနေသည်။

ချက်ချင်းဆိုသလိုပင် လူတိုင်း စိတ်လှုပ်ရှားလာပြီး ဝမ်းမြောက်လွန်းသော အရိပ်အမြွက်များ ပြသလာ၏။

“ အလျင်စလို မလှုပ်ရှားကြနဲ့ ... သူတောင်ထိပ်ကိုရောက်လာပါစေ မဟုတ်လို့ လန့်ပြီး ထွက်ပြေးသွားခဲ့ရင် ဒုက္ခရောက်လိမ့်မယ်။ ”

ထိုက်ကျန်းမှ လေးနက်သောအသံဖြင့် သတိပေးလိုက်ရာ လူတိုင်းတည်ငြိမ်သည့်ဟန် ချက်ချင်းပြင်ယူလိုက်၏။

“ ငါ့ဝမ်ကျန်းဂိုဏ်းရဲ့ ဓားဝင်္ကပါက ပေသုံးထောင်ကိုလွှမ်းခြုံနိုင်တယ် အဲဒီဧရိယာ အတွင်း ဝင်လာရင် ... ချက်ချင်း ပိတ်ဆို့ပါ။ ”

ယုဝမ်ချီမှ လူတိုင်းထံ အသံပို့လွှတ်လိုက်၏။ ထိုစဉ် စုရီသည် ရုတ်တရက် ရပ်လိုက်ပြီး၊

“ တောင်းပန်ပါတယ် အားလုံးကို ငါစောင့်ခိုင်းလိုက်မိပြီ။ ”

-ဟု တောင်းပန်တော့သည်။ ယုဝမ်ချီတစ်ယောက် မျက်မှောင်ကြုတ်သွား၏။ ရှန့်မူသည် တစ်ခုခုကို ရိပ်မိသွားသည်လော။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ ရပ်တန့်လိုက်သောနေရာသည် ဝင်္ကပါပြင်ပတွင် ဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းသည် ဝင်္ကပါနယ်နိမိတ် အစပ်၌ဖြစ်၏။

“ ရှန့်မူ ... မင်း တစ်ယောက်တည်း လာရဲတယ်ဆိုတော့ မင်းမှာ ယုံကြည်ချက် တစ်ခုခုရှိနေတာလား ဒါဆိုဘာလို့ယဉ်ကျေးနေ ရတာလဲ။ ”

ထိုက်ကျန်းမှ အေးစက်စွာ စိန်ခေါ်လိုက်တော့သည်။ စုရီက ခပ်ပြုံးပြုံးဖြင့် လက်နှစ်ဖက်နောက်ပို့ကာ၊

“ ဘာတွေအလျင်လိုနေရတာလဲ ... ခြေလှမ်းဆိုတာ တစ်လှမ်းခြင်း လှမ်းရတာပဲ ငါ မင်းတို့တစ်ယောက်ချင်းစီကို သေချာပေါက် လိုက်ပို့ပေးပါ့မယ်။ ”

-ဟု တုန့်ပြန်၏။

“ ဒါဆို ဒီအဖိုးကြီးကို အရင်ဆုံးလိုက်ပို့ပေးပါဦး။ ”

ရွှီးဟုန်ရှန်က နှာခေါင်းရှုံ့လျက် ဒေါသတကြီးပြောကြားလိုက်သည်။

“ ဟားဟားဟား ... တကယ်ပဲ အလျင်လိုနေကြတာလား ကောင်းပြီ ငါလိုက်ပို့ ပေးမယ် ... ဒါနဲ့ မင်းတို့ရဲ့ ဓားဝင်္ကပါက ငါ့ကိုတကယ်ပဲ ပိတ်ဆို့နိုင်မယ်ထင်လား။ ”

ယုဝမ်ချီ၊ ရွှီးဟုန်ရှန်နှင့် ထိုက်ကျန်းမှာ မျက်မှောင်ကြုတ်သွားကြတော့သည်။ သို့သော် ဤသည်မှာ မထူးဆန်းချေ။ ထက်မြက်လှသည့် မည်သူမဆို သူတို့ပိုက်ကွန်ကို ခန့်မှန်းနိုင်၏။

“ ဒါဆို ဘာလို့ ရှေ့ဆက်မလာရတာလဲ။ ”

ထိုက်ကျန်းမှ လှောင်ပြောင်လိုက်၏။

“ ငါမင်းတို့အတွက် မျှတတဲ့ တိုက်ပွဲတစ်ခုပေးမယ် ... အခု ငါဒီမှာရပ်နေပြီး ဘယ်သူမဆို တစ်ယောက်ချင်းလာတိုက်ပါ။ ”

“ ဟားဟားဟား ... ။ ”

လူတိုင်း လှောင်ပြောင် ရယ်မောလိုက်ကြတော့၏။ သူတို့အားလုံးသည် တစ်ဖက်လူကိုသတ်နိုင်ရန် တားမြစ်ဝင်္ကပါ တစ်ခု ခင်းကျင်းထားသည်။

မည်သူသည် ထိုဝင်္ကပါအတွင်းမှ ထွက်ကာ ရူးမိုက်ချင်မည်နည်း။

“ တရားမျှတတဲ့ စိန်ခေါ်ပွဲတဲ့လား ... ကောင်းပြီ မင်းတောင်ထိပ်ကိုဆင်းလာခဲ့လိုက်ပါ ငါကိုယ်တိုင် မင်းကို အဲဒီအခွင့်အရေးပေးမယ်။ ”

အင်မော်တယ်ဘုရင် တစ်ယောက်က လှောင်ပြောင်လိုသောအသံဖြင့် အော်ဟစ် ပြောကြားလာသည်။

“ ဒါဆိုရင် မင်းတို့အားလုံး ဒီမှာပဲ သက်တမ်းကုန်ပြီး သေချင်နေကြတာလား။ ”

စုရီမှ တုန့်ပြန်လိုက်၏။ လူတိုင်း မျက်နှာပေါ်ရှိအပြုံးများအေးခဲလျက် မျက်မှောင် ကြုတ်သွားကြတော့သည်။

ဤရက်ပိုင်းအတွင်း သူတို့သည် တောင်ထိပ်မှ တဖဝါးမျှ မခွာဘဲ စောင့်ဆိုင်းခြင်း ဝေဒနာကို အလူးအလဲ ခံစားခဲ့ရ၏။

အမှန်ပင် စုရီသည်မှာ ရှေ့တိုးရန် ဆန္ဒမရှိသော် အခက်တွေ့ပေမည်။ မည်သူမျှ တစ်ဖက်လူနောက် လိုက်လံဖမ်းဆီးဝံ့မည် မဟုတ်ချေ။

“ ဒါပေမယ့် စိတ်မပူနဲ့ ငါမင်းတို့နဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး ... ။ ”

စကားဆုံးသည်နှင့် လက်ဖျောက်တီးသံတစ်သံ ပေးအပ်လိုက်သည်။ အဝေးက ကောင်းကင်တွင် ချောက်ချားဖွယ် ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာ၏။

ထိုရောင်ဝါသည် သွေးဆာရက်စက်သည့် ရည်ရွယ်ချက်များပြည့်နှက်လျက် ဒီရေလှိုင်းများ အလား မြင့်တက်လာတော့၏။

ကောင်းကင်နှင့်မြေကြီး ပြင်းစွာ လှုပ်ခတ်သွားပြီး တောင်နှင့်မြစ်များဖိတ်စင်ကုန် လေသည်။ ဤသည်မှာ မြောက်များစွာသော နတ်ဆိုးသားရဲများဖြစ်ချေ၏။

ပုံသဏ္ဍန်အမျိုးမျိုး ရောင်ဝါအမျိုးမျိုးနှင့် ကျင့်ကြံမှုနယ်ပယ် အမျိုးမျိုးတို့ ဖြစ်လေသည်။ တူညီသည်မှာ သွေးဆာသည့်ရောင်ဝါဖြစ်၏။

ခြင်သားရဲစစ်တပ်ကြီးနှင့် သွေးပုရွက်ဆိတ် စစ်တပ်ကြီးပင် မကျန်ချေ။ ထိုသို့သော နတ်ဆိုး သားရဲများမှ ရောင်ဝါများ ပေါင်းစပ်မှုများသည် အမှန်ပင် သွေးပျက်စရာကောင်းလေသည်။

အင်‌မော်တယ်ဘုရင်များ အားလုံး မျက်နှာပျက်ယွင်းကာ တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ရ၏။

အဆိုပါသတ္တဝါဆန်းကြီးများသည် ရောက်ရှိလာပြီးနောက် ရှန့်မူ၏အနောက်ဘက် မလှမ်းမကမ်းတွင် အစီအရီရပ်တန့်လိုက်ကြရာ သံမဏိတံတိုင်းကြီးတစ်ခုသဖွယ်ပေပင်။

“ ဟမ့် ... ငါသိတယ် မင်း ဒီလိုယုတ်ညံ့တဲ့သားရဲတွေကို အမိန့်ပေးနိုင်တာ ဒါပေမယ့် မလုံလောက်သေးဘူး။ ”

“ ဟုတ်လား ... ။ ”

ထိုက်ကျန်းမှ ရယ်မောလိုက်စဉ် စုရီတစ်ယောက် ဝိုင်အိုးကို မော့သောက်လျက် မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။

“ ဝူး ... ။ ”

ထိုစဉ်မှာပင် ချက်ချင်းဆိုသလို ကောင်းကင်နှင့် မြေကြီး ပြင်းစွာ တုန်ခါသွားပြီး လေဟာနယ် ပုံပျက်သွား၏။

တစ်ဆက်တည်းမှာပင် အမြင့်ပေ တစ်သောင်းခန့်ရှိသော နတ်ဆိုးပုံရိပ်ကြီးတစ်ခု ဆင်းသက်လာချေပြီ။ ဤသည်မှ ဟွမ်တုဖြစ်၏။

လက်မောင်းများတွင် တောင်တန်းငယ်များပမာ ထူထဲလှသော အနက်ရောင် သံကြိုးကြီးများ ပတ်လျက်ရှိပြီး မျက်ဝန်းအစုံမှာ နီရဲတောက်နေတော့သည်။

သူ ရောက်ရှိလာပြီးနောက် စုရီ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်တန့်လိုက်ရာ ကောင်းကင်ကို မြေပြင်မှထောက်ကန်ပေးသော တိုင်ကြီးတစ်လုံးကဲ့သို့ ထင်မှားလာစေသည်။

အဝေးမှ လှမ်းကြည့်နေကြသော အင်မော်တယ်ဘုရင်များသည် ရင်တထိတ်ထိတ် တုန်သွားကြကာ ကျောပြင်တွင် ချွေးစေးများ စိမ့်ထွက်လာတော့၏။

“ ဒါ ... ဒါက ဘယ်လိုသတ္တဝါမျိုးလဲ ... ဒီလောက်ကြောက်စရာကောင်းတဲ့ ဖိအားကို တကယ်ပဲ ပေးနိုင်တာလား။ ”

ယုဝမ်ချီ၊ ထိုက်ကျန်းနှင့် ရွှီးဟုန်ရှန်ကဲ့သို့သော ထိပ်တန်းအင်မော်တယ် ဘုရင်များပင် မျက်နှာအမူအရာများ မည်းမှောင် ကုန်တော့၏။

သူတို့နားမလည်သည်မှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် အဘယ့်ကြောင့် ရှန့်မူ၏စကားကို နားထောင် နေရသနည်း။ မယုံနိုင်စရာပေပင်။

“ လုံလောက်ပြီလား။ ”

စုရီမှ ပြုံးကာ မေးလိုက်သည်။ အင်မော်တယ်ဘုရင်များ၏ အမူအရာများမှာ ဖြူဖျော့လျက် ပျက်ယွင်းကုန်တော့၏။

“ မင်း ... ။ ”

“ ငါပြောပါတယ် မင်းတို့ကို တရားမျှတဲ့ တိုက်ပွဲတစ်ခုပေးမယ်လို့ ဘယ်လိုလဲ ယူမှာလား မယူဘူးလား ... ဟေး ... မျောက်အိုကြီး မင်းမှာ ပွဲကြည့်ဖို့စိတ်ကူးရှိရင် ဘာလို့ ဒီကို မလာရတာလဲ။ ”

“ ဟား ဟား ဟား ... ။ ”

စုရီမှ နောက်ထပ် ဖိတ်ခေါ်မှုတစ်ခုကို ပြုလုပ်လိုက်ပြန်၏။ များမကြာခင် ကောင်းကင် ပြုကျလုမတတ် ကျယ်လောင်ရဲရင့်လှသော ရယ်မောသံကြီး ပဲ့တင်ထပ်လာ၏။

“ ဘုန်း ... ။ ”

တစ်ဆက်တည်းမှာပင် ထက်ရှသောဓားအလင်းသည် ကောင်းကင်ကို ဖြတ်သန်းလျက် ရောက်ရှိလာခဲ့သည်။

ဖျင်ကြမ်းဝတ်ရုံကို ဆင်မြန်းထားပြီး ကျောပြင်တွင် ဓားသေတ္တာတစ်လုံးထမ်းလျက် မျောက်ဝံအိုကြီးတစ်ကောင် ဖြစ်၏။

အရပ်အမောင်းသည် (၁၀)ပေခန့်ရှိပြီး ကြီးမားလှသောအရိုးအဆစ်များနှင့် မျောက်ဝံ မျက်နှာ၊ လူ့ခန္ဓာဖြစ်၏။

“ စီ ... စီ နီ ယာ။ ”

အင်‌မော်တယ်ဘုရင် အားလုံးသည် တည်ငြိမ်အောင်ထိန်းနိုင်ခြင်း မရတော့ချေ။ ဤသည်မှာ ဒဏ္ဍာရီလာ စီနီယာတစ်ပါးဖြစ်၏။

လူတိုင်း သူတို့၏ သံသယများ သေချာသွားသဖြင့် လုံးဝစိတ်ဓါတ်များ ပြိုကျ ကုန်တော့သည်။

ဤမတိုင်မီ ထိုစီနီယာသည် ရှန့်မူနှင့် ပတ်သတ်မှုရှိကြောင်း သံသယများရှိသော်လည်း တစ်ဖက်လူသည် လုံးဝပေါ်လာခြင်းမရှိလေရာ အတည်ပြုနိုင်ခြင်း မရှိခဲ့ချေ။ လူတိုင်းရင်ထဲ မျှော်လင့်ချက်များ ပြိုကျကုန်တော့၏။

တစ်ဖက်တွင် မျောက်ဝံအိုကြီးသည် သူတို့အားလုံးကို လျစ်လျူရှုလျက် တိမ်ပင်လယ် အတွင်း ထိုင်ချလိုက်ကာ၊

“ မင်း ... ဒီလိုသားပေါက်လေးတွေကို တကယ်ပဲ အလေးအနက်ထားနေတာလား။ ”

-ဟု မေးမြန်း၏။

စုရီမှ နှာခေါင်းကို ခပ်ဖွဖွပွတ်ကာ၊

“ မင်း မမြင်ဘူးလား ခုချိန်မှာ သူတို့က ငါ့အတွက် သားပေါက်လေးတွေ ... မဟုတ်ဘူး ငါ့ခွန်အားက မင်းထက် နိမ့်ကျနေပြီ။ ”

-ဟု ပြန်ဖြေသည်။

“ ဟမ့် ... မင်းရဲ့ ခွန်အားက ပြောင်းလဲလာပေမယ့် ... မင်းရဲ့ဗီဇကတော့ တကယ် မပြောင်းသေးဘူး ... သူတို့ကို တစ်ချိန်က ငါနဲ့တွေ့ခဲ့သလိုမျိုး ဓားသွေးကျောက်လုပ်ဦးမှာ မဟုတ်လား။ ”

“ သူတို့က ... မင်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ဒါပေမယ့် ဝန်ခံပါတယ် အခုတော့ ဒီလိုဓားသွေးကျောက်လေးတွေကပဲ ငါ့အတွက် သင့်လျော်တယ် ငါ့က အားနည်းနေပြီ။ ”

“ ဟားဟားဟား ... ဒီကမ္ဘာကြီးမှာ မင်းလိုလူက အားနည်းတယ်ဆိုရင် ဘယ်သူများ မင်းရှေ့မှာ သန်မာတယ်လို့ ပြောဝံ့မှာလဲ။ ”

နှစ်ဦးသား တောင်ထိပ်ပေါ်ရှိ အင်မော်တယ်ဘုရင်များကို လုံးဝဂရုမစိုက်ဘဲ မိတ်ဆွေဟောင်းနှစ်ဦး ပြန်၍ဆုံတွေ့နေသည့် စကားဖောင်ဖွဲ့နေသည်။

( ငါတို့က ဘယ်သူတွေလဲ ... သားပေါက်လေးတွေလား။ )

( ငါတို့က ဘယ်သူလဲ ... ဓားသွေးကျောက်တွေလား ... ။ )

( ဒီရှန့်မူက ဘယ်သူလဲ ... သူက အားနည်းနေတာလား။ )

( ဒီရှန့်မူက ဘယ်သူလဲ ... ဒီလိုဒဏ္ဍာရီလာ စီနီယာတစ်ပါးကို မျက်နှာချင်းဆိုင်ဝံ့သလား။)

လူတိုင်း မေးခွန်းများစွာ ရင်ထဲ ပေါက်ဖွားလာကြသည်။ အစမှအဆုံးသည် သူတို့သည် ရှန့်မူလက်ထဲမှ သားကောင်များ ဖြစ်ခဲ့ချေပြီ။

တစ်ဖက်လူသည်သာ ဆန္ဒရှိပါက တစ်ချက်ပင်လှုပ်စရာမလိုဘဲ သူတို့အားလုံးကို သေစေနိုင်၏။ ဓားသွေးကျောက်အဖြစ် အသုံးပြု လိုသောကြောင့်သာ အသက်ရှင်နေခြင်းပေပင်။

ဤအသိသည် ရက်စက်လွန်းချေ၏။ လူတိုင်း၏တာအိုနှလုံးသားမှာ ခဏချင်းတွင်ပင် ပြိုကျလာတော့သည်။

***

All Chapters