← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

သူ၏ စိတ်အာရုံထဲတွင် ကျန်းဟန်၏ မျက်လုံးတစ်ဝိုက်ရှိ ဧရိယာသည် သေးငယ်သော အမြုတေနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာသို့ သူ၏ စိတ်စွမ်းအင်များကို တမင်တကာ လမ်းညွှန်ပြသပေးနေရန် မလိုတော့ဘဲ ၎င်းက သဘာဝအတိုင်း စွမ်းအင်ဆင့်ကဲပေးပို့ရာ စခန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ထိုအရာများအစား ယခုအခါ သူ၏ နားနှစ်ဖက်အနီးတွင် ဝဲဂယက်ပုံသဏ္ဌာန် တည်ဆောက်ပုံတစ်ခု ပေါ်ပေါက်နေခဲ့သည်။ ကျန်းဟန်၏ မျက်လုံး တည်နေရာမှ ခွဲထွက်လာသော စိတ်စွမ်းအင် စီးကြောင်းနှစ်ခုသည် မတူညီသော အရပ်မျက်နှာများမှတစ်ဆင့် သူ၏ နားထဲသို့ စီးဝင်သွားပြီး ယခင်အတိုင်းပင် နားအာရုံခံစနစ်ကို အဆက်မပြတ် ပြန်လည်ပြုပြင် မွမ်းမံပေးနေခဲ့သည်။

ကျန်းဟန်သည် ယနေ့ညတွင် သူ၏ စိတ်စွမ်းအားကို မလေ့ကျင့်ဖြစ်ခဲ့ပေ။ သူ အလွန်အမင်း ပင်ပန်းနေခဲ့ပြီဖြစ်သည်။ သူသည် တစ်နေ့ခင်းလုံး စိတ်လှုပ်ရှား တုန်လှုပ်နေခဲ့ရပြီး အထူးသဖြင့် အိုရှန်းနီးယားတိုက်နှင့် နှိုင်းယှဉ်နိုင်သည့် ထိုတောရိုင်းကန္တာရထဲသို့ ရုတ်တရက် ပြုတ်ကျသွားခဲ့ပြီးနောက် မည်သည့်အချိန်တွင်မဆို အသက်ဆုံးရှုံးသွားနိုင်သဖြင့် အချိန်ပြည့် နိုးနိုးကြားကြား ရှိနေခဲ့ရသည်။

ထို့ကြောင့်ပင် ကျန်းဟန်သည် လှဲချလိုက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့တော့သည်။ သူ ပြန်နိုးလာချိန်တွင် နံနက် ၇ နာရီ မိနစ် ၄၀ ရှိနေပြီဖြစ်ရာ အတန်းစရန် မိနစ်နှစ်ဆယ်သာ လိုတော့သည်။

“ချီးပဲ... နောက်ကျတော့မယ်။”

ကျန်းဟန်သည် ကမန်းကတန်း ထထိုင်ကာ မျက်နှာသစ်ပြီး နံနက်စာပင် မစားနိုင်တော့ဘဲ စာသင်ခန်းဆီသို့ အပြေးအလွှား သွားခဲ့ရသည်။

သူ ရောက်ရှိသွားချိန်တွင် သူတို့၏ အတန်းပိုင်ဆရာအသစ်ဖြစ်သလို မူလက ကျင့်ကြံခြင်းအတန်းကို သင်ကြားပေးသော ဆရာ လီဖုန်းမှာ စာသင်ခန်းတံခါးဝတွင် ရောက်ရှိနေပြီ ဖြစ်သည်။ တော်သေးသည်က သူ အချိန်မီ ကွက်တိ ရောက်ရှိသွားခဲ့သဖြင့် နောက်မကျခဲ့ချေ။

ဆရာ လီဖုန်းသည် မျက်မှန်တပ်ထားပြီး ပညာရှင်ဆန်ကာ အားနည်းပုံရသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် လက်ထဲတွင် စာအုပ်များကို ကိုင်ဆောင်ထားလေ့ရှိပြီး မျက်နှာထက်တွင် အမြဲလိုလို အပြုံးနုနုလေး ရှိနေတတ်သည်။ ထို့အပြင် သူ၏ အထင်ရှားဆုံးသော ထူးခြားချက်မှာ သူ၏ ချွန်ထက်သော နားရွက်များ ဖြစ်ကြပြီး ယင်းမှာ သူ၏သားရဲဖြစ်သော ဆူးပင်ဘုရင်မထံမှ ရရှိခဲ့သည့် ဖယ်ရှား၍မရတော့သော စွမ်းအင်တုံ့ပြန်မှု ထာဝရအမှတ်အသားတစ်ခု ဖြစ်သည်။

ဆရာ လီဖုန်းသည် ကျန်းဟန် အချိန်မီ ရောက်လာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ကျန်းဟန်သည် အလွန်အမင်း ဝီရိယရှိသော ကျောင်းသားတစ်ဦး ဖြစ်သောကြောင့်ပင်။

အတန်းမှာ လျင်မြန်စွာပင် စတင်ခဲ့သည်။ ဆရာလီဖုန်းက စာအုပ်များကို ကိုင်ဆောင်ကာ စင်မြင့်ထက်သို့ လျှောက်လှမ်းသွားခဲ့သည်။

“ကျောင်းသားတို့... ဒီနေ့ ငါတို့တွေ သားရဲထိန်းချုပ်ခြင်း ကျင့်ကြံမှု အခန်းက အကြောင်းအရာတွေကို ဆက်ပြီး လေ့လာကြမယ်။ မတူညီတဲ့ သားရဲတွေက မတူညီတဲ့ မွေးမြူရေး နည်းလမ်းတွေ လိုအပ်ကြတယ်။ ဒီနေ့မှာတော့ ငါတို့တွေ အဓိကအားဖြင့် သားရဲအမြုတေတွေကို ကျွေးမွေးတဲ့ နည်းလမ်းအကြောင်း ဆွေးနွေးကြမယ်။ မတူညီတဲ့ အမြုတေ အမျိုးအစားတွေက သားရဲတွေအပေါ်မှာ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေတယ်...။”

ပြဋ္ဌာန်းစာအုပ်ထဲက အချက်အလက်များကို သင်ကြားပြီးနောက် ဒုတိယချိန်တွင်မူ ဆရာလီဖုန်းက လူတိုင်းကို ကျောင်း၏ စိုက်ပျိုးမွေးမြူရေးဥယျာဉ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် အဆင့်နိမ့် ဝိညာဉ်အပင်များနှင့် ထူးခြားသော သားရဲအချို့ကို စိုက်ပျိုးမွေးမြူထားပြီး ဆရာဖြစ်သူက ကျောင်းသားများအတွက် လက်တွေ့ ပြသပေးမည် ဖြစ်သည်။

“ဒါကို ကြည့်ကြ...။ ဒီ အဖြူရောင်အစင်း အမြီးနီ ပိုးကောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင် ပုံစံတွေ ပေါ်နေတယ်။ ဒါက ဘာရောဂါလက္ခဏာလဲ။ ဘယ်ကျောင်းသား သိလဲ။”

ဆရာကလီဖုန်းက ၂၀ စင်တီမီတာခန့် အရှည်ရှိသော ပိုးကောင်တစ်ကောင်ကို ကိုင်လျက် ပြောလိုက်သည်။

သားရဲထိန်းချုပ်သူတစ်ဦး လေ့လာသင်ယူရမည့် အသိပညာများသည် သာမန်အထက်တန်းကျောင်းဆင်းတစ်ဦးထက် များစွာ ပိုမိုများပြားလှသည်။ ယင်းက လွယ်ကူသည်ဟု ထင်မှတ်ရခြင်းမှာ သူတို့တွင် ကောင်းမွန်သော မှတ်ဉာဏ်စွမ်းရည် ရှိကြသောကြောင့် ဖြစ်သည်။

မကြာခင်မှာပင် ဆရာက သင်ခန်းစာကို အဆုံးသတ်လိုက်ပြီး ကျောင်းသားများကို ပြဋ္ဌာန်းစာအုပ်ထဲရှိ လက်တွေ့စမ်းသပ်မှုများကို ကိုယ်တိုင် လုပ်ဆောင်စေခဲ့သည်။

“လီဇီဝေ... မင်းရဲ့ ဆံပင်တွေက မင်းရဲ့ သားရဲဆီက တုံ့ပြန်မှုကြောင့် ဖြစ်သွားတာလား။”

ဆရာလီဖုန်းက လီဇီဝေအနားသို့ လျှောက်သွားရင်း မေးလိုက်သည်။

“ဟုတ်ပါတယ်ဆရာ။ သမီးရဲ့ မီးတောက်ခွေးက မီးနတ်ဘုရားခွေးအဖြစ် ဆင့်ကဲပြောင်းလဲသွားလို့ ဖြစ်သွားတာပါ။”

လီဇီဝေက ခေါင်းငြိမ့်ပြလိုက်သည်။

“ဘုရားရေ... မီးနတ်ဘုရားခွေးက ကြယ်လေးပွင့် အလားအလာ ရှိတဲ့သားရဲပဲ။”

“မီးနတ်ဘုရားခွေးအဖြစ် ဆင့်ကဲပြောင်းလဲဖို့အတွက် မီးတောက်ဝိညာဉ် လိုအပ်တယ်လို့ ပြောကြတယ်မဟုတ်ဘူးလား။ နင် မီးတောက်ဝိညာဉ်နဲ့ တွေ့ပြီး သူ့ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာလား။”

မီးတောက်ခွေးများအကြောင်း ကောင်းစွာသိထားသော ကျောင်းသားတစ်ဦးက မေးလိုက်သည်။

“ဟုတ်တယ်။ ငါလည်း ဘာဖြစ်သွားမှန်း သေသေချာချာ မသိဘူး။ မီးတောက်ခွေးက ဘာကြောင့်မှန်းမသိဘဲ မီးတောက်ဝိညာဉ်ရဲ့ အသိအမှတ်ပြုမှုကို အလိုလို ရသွားခဲ့တာ။”

လီဇီဝေက ခေါင်းငြိမ့်ပြလိုက်သည်။

ထိုစကားကို ကြားရသောအခါ ကျောင်းသားများအားလုံး အားကျသော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြတော့သည်။ အထူးသဖြင့် အတန်းခေါင်းဆောင် ချန်းလန်နှင့် တခြားသော ကျောင်းသားအချို့မှာ လီဇီဝေနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ကြသည်ကို ယခုအခါ စတင်နောင်တရမိနေကြပြီ ဖြစ်သည်။

မီးနတ်ဘုရားခွေးဟူသည် ကြယ်လေးပွင့် အလားအလာကို ရိုးရိုးလေး ပိုင်ဆိုင်ရုံတင် မဟုတ်ပေ။ ၎င်း၏ မီးတောက်ဝိညာဉ်သည်လည်း ထပ်မံကြီးထွားနိုင်သေးသည်။ ၎င်းသည် နောင်တွင် ပိုမိုသန်မာလာဦးမည်ဖြစ်ပြီး မီးအမျိုးအစား သားရဲများထဲတွင် အလွန်ထင်ရှားကျော်ကြားသော အမျိုးအစား ဖြစ်သည်။

ထို့အပြင် မီးနတ်ဘုရားခွေးကို ပိုင်ဆိုင်ထားသော လီဇီဝေ၏ အနာဂတ်မှာလည်း သေချာပေါက် မဆိုးရွားနိုင်ချေ။

“ကောင်းပြီ... အားလုံးပဲ လက်တွေ့စမ်းသပ်မှုတွေကို မြန်မြန်လုပ်ကြတော့။ အတန်းဆင်းမှပဲ ဆက်ပြီး စကားပြောကြပေါ့။”

ဆရာလီဖုန်းက ဆူညံသံများ ပိုမိုပျံ့နှံ့မသွားစေရန် အချိန်မီ တားဆီးလိုက်သော်လည်း အချို့လူမျာက စုဝေးကာ တိုးတိုးတိတ်တိတ်ဖြင့် မေးခွန်းများ ဆက်လက်မေးမြန်းနေကြဆဲပင် ဖြစ်သည်။

မနေ့က သူတို့ ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်များနှင့် ပတ်သက်၍ လီဇီဝေသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။ ကျောင်းသားအချို့မှာ သူတို့သည် ဒဏ္ဍာရီလာ သတ္တဝါကြီး ဖြစ်သော ခွန်းကို မြင်တွေ့ခဲ့ရုံတင်မကဘဲ ၎င်း၏ ခန္ဓာကိုယ်တွင်းရှိ ကမ္ဘာငယ်လေးထဲသို့ပင် ဝင်ရောက်ကာ ကံကောင်းခြင်း အခွင့်အရေးများအား ရရှိခဲ့ကြသည်ဟူသောအချက်ကို သိရှိသွားကြပြီ ဖြစ်သည်။

ဤကိစ္စကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။ လီဇီဝေသည် မနေ့ကတည်းက ကျန်းဟန်ကို ပြောပြခဲ့၏။ သူမ၏ မိဘများသည် ယင်းအကြောင်းကို သားရဲခိန်းချုပ်ခြင်း စီမံခန့်ခွဲရေးဌာနသို့ တိုင်ကြားအကြောင်းကြားထားပြီးဖြစ်ကြောင်းပင်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းခြင်း မရှိပါက သားရဲထိန်းချုပ်ခြင်းစီမံခန့်ခွဲရေးဌာနသည် မနေ့ညကတည်းက အရေးယူ ဆောင်ရွက်ခဲ့ပေလိမ့်မည်။ သို့သော် သူတို့ တစ်စုံတစ်ခုမျှ ရရှိခဲ့ပုံမပေါ်ချေ။

သို့မဟုတ်ပါက ခွန်း၏ အရွယ်အစားနှင့်ဆိုလျှင် ၎င်းအနေဖြင့် ဆက်လက် ပုန်းအောင်းနေနိုင်ရန်မှာ မဖြစ်နိုင်ပေ။

လီဇီဝေ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုနှင့် နှိုင်းယှဉ်ပါက လူအများစုမှာ ခွန်းကြောင်းကို ပိုမိုစိတ်ဝင်စားကြသည်။

ဤသတ္တဝါမှာ အလွန်တရာ ဆန်းကြယ်လွန်းပြီး လူအနည်းငယ်သာ မြင်ဖူးသည့် ဒဏ္ဍာရီလာ ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ယခုအချိန်အထိပင် ထိုသတ္တဝါ အမှန်တကယ် ရှိ၊ မရှိ ဆိုသည်ကို အတည်မပြုနိုင်သေးချေ။

အစက ကျန်းဟန်နှင့် လုံးဝနီးပါး ထိတွေ့ဆက်ဆံမှုမရှိသော ကျောင်းသားအချို့ပင်လျှင် သူ့ထံသို့ ပြေးလာကာ မေးမြန်းကြသော်လည်း သူ၏ အေးစက်လွန်းသော အမူအရာကြောင့် ချက်ချင်းပင် ပြန်လည်မောင်းထုတ်ခြင်း ခံခဲ့ကြရသည်။

လက်တွေ့စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက် ကျန်းဟန်သည် ဆရာလီဖုန်းထံသို့ လျှောက်သွားကာ ပိုးကောင်ဥကို ထုတ်ယူလိုက်သည်။

“ဆရာ... ဒါက ဘယ်လိုပိုးကောင်ဥမျိုးလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးနိုင်မလား။”

သူသည် လက်တွေ့စမ်းသပ်မှု လုပ်ဆောင်နေစဉ်အတွင်း အချက်အလက်အချို့ကို ရှာဖွေကြည့်ခဲ့သော်လည်း ပိုးကောင်ဥအများစုမှာ ဤကဲ့သို့ ပုံသဏ္ဌာန်တူနေကြသဖြင့် အဖြေကို ရှာမတွေ့ခဲ့ပေ။

“ဟင်...”

ဆရာလီဖုန်းသည် အစက တစ်ချက်ကြည့်လိုက်သော်လည်း သူကိုယ်တိုင်ပင် ယင်းကို မမှတ်မိကြောင်း သိလိုက်ရသည်။ သူသည် မျက်မှန်ကို ပင့်တင်လိုက်ပြီးနောက် ထိုအရာကို ယူကာ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။

ထို့နောက်တွင် သူသည် ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုအချို့ကို သွားရောက်လုပ်ဆောင်ခဲ့သည်။

“ဒါ ဘာလဲဆိုတာ ငါ သိပြီ။ ဒါကသတ္တုပုရွက်ဆိတ်ဘုရင်မရဲ့ ဥပဲ။ မင်း ဒီလောက်အထိ လူသိနည်းပြီး ရှုပ်ထွေးတဲ့အရာကို ကောက်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”

ဆရာလီဖုန်းက စိတ်လှုပ်ရှားစွာ လျှောက်လာပြီး ပြောလိုက်သည်။

“သတ္တုပုရွက်ဆိတ်ဥ ဟုတ်လား။”

ကျန်းဟန်က ခေါင်းငြိမ့်လိုက်၏။ သူ ယင်းကို မမှတ်မိသည်မှာ မဆန်းတော့ပေ။

“ဟုတ်တယ်။ ဒီအရာက သိပ်ပြီး တန်ဖိုးမရှိပေမဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဥကနေ ပေါက်လာပြီဆိုရင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားလို့ရတယ်။ သူက အရင်းအမြစ်တွေကို လုံးဝနီးပါး စားသုံးခြင်းမရှိသလို သူ့ဘာသာသူ အမဲလိုက်တတ်လို့ မင်းအနေနဲ့ ကြားထဲက ဝင်ပါပေးနေစရာ မလိုဘူး။ ဒါပေမဲ့ ဒီအရာကို စာချုပ် ချုပ်ဆိုလို့တော့ မရဘူး။ သူ့မှာ မွေးရာပါ ချို့ယွင်းချက် ရှိနေပုံရပြီး ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်အဆင့်ကို မရောက်ရှိနိုင်ဘူး။ တစ်ချိန်တုန်းက ငတုံးတချို့က အုပ်စုလိုက်တိုက်ခိုက်တတ်တဲ့ သားရဲထိန်းချုပ်မှုပုံစံ ကို ဖော်ထုတ်ချင်ခဲ့ကြပြီး ဒီဘုရင်မက အဲဒီအချိန်တုန်းက ရွေးချယ်စရာတွေထဲက တစ်ခု ဖြစ်ခဲ့ဖူးတယ်။ သူက အစား သိပ်မစားပေမဲ့ အရေအတွက် များလာတဲ့အခါမှာတော့ လျှော့တွက်လို့မရတဲ့ အဓိက လူသတ်လက်နက်ကြီးတစ်ခုပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ မွေးရာပါ ချို့ယွင်းချက်ကြောင့် သူတို့ လက်လျှော့ခဲ့ကြရတယ်။ ဒါပေမဲ့ မင်းအနေနဲ့ အပျော်သဘောမျိုးတော့ မွေးထားလို့ရပါတယ်။ မင်းက ဒီပုရွက်ဆိတ်ဘုရင်မကို မတူညီတဲ့ သတ္တုအမျိုးအစားတွေ ကျွေးမယ်ဆိုရင် သူက မတူညီတဲ့ လုပ်သားပုရွက်ဆိတ်မျိုးစုံကို မွေးထုတ်ပေးနိုင်လိမ့်မယ်။ အဲ့ဒါက အရမ်းထူးခြားတယ်။”

ဆရာလီဖုန်းက ကျန်းဟန်ကို အသေးစိတ် ရှင်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် နားလည်ပါပြီ။”

ကျန်းဟန် ခေါင်းငြိမ့်လိုက်သည်။

အုပ်စုလိုက်တိုက်ခိုက်တတ်သော သားရဲထိမ်းချုပ်မှုပုံစံအကြောင်းကို သူ သုတေသနပြုဖူးခဲ့ပြီး ထိုပုံစံမှာ တစ်ချိန်က အလွန်ရေပန်းစားခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော် တောရိုင်းထဲတွင် သားရဲတိရစ္ဆာန်များ အလွန်အမင်း များပြားလှသဖြင့် သန်မာသော လူသားသားရဲထိန်းချုပ်သူများပင်လျှင် ၎င်းတို့ကို အကုန်အစင် မရှင်းလင်းနိုင်ကြပေ။ အကြောင်းမှာ ထိုဖျက်ဆီးအားပြင်းသော အကွက်များက ပတ်ဝန်းကျင်ကိုပါ တစ်ပါတည်း ပျက်စီးသွားစေတတ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တုန်းက လူအချို့သည် သူတို့အနေဖြင့် ပုရွက်ဆိတ်ဘုရင်မကဲ့သို့သော ပိုးကောင်အမျိုးအစား သားရဲများနှင့် စာချုပ်ချုပ်ဆိုနိုင်ပါက ထိုမှတစ်ဆင့် အုပ်စုတစ်ခုလုံးကို ထိန်းချုပ်ကာ တိုက်ပွဲဝင်စေပြီး လူသားတို့၏ ဇာတိမြေကို ပြန်လည်သိမ်းပိုက်နိုင်မည်လောဟု စဉ်းစားခဲ့ကြသည်။

သို့သော်လည်း မကြာခင်မှာပင် ထိုဘုရင်မနှင့် အုပ်စုလိုက် သားရဲအမျိုးအစားများတွင် လုံးဝ ကျော်လွှား၍မရနိုင်သော ချို့ယွင်းချက်များ ရှိနေတတ်သည်ကို တွေ့ခဲ့ကြရသည်။ ထိုဘုရင်မနှင့် အလားတူအုပ်စုများအားလုံးတွင် မွေးရာပါ ချို့ယွင်းချက်များ ရှိနေကြပုံရပြီး ၎င်းတို့သည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက မည်သို့ပင် မွေးမြူကျင့်ကြံစေကာမူ ထပ်မံ၍ အဆင့်တိုးတက်လာခြင်း မရှိတော့ချေ။

သင့်အနေဖြင့် လုပ်သားပုရွက်ဆိတ်အချို့ကို သီးသန့်မွေးမြူနိုင်သော်လည်း ယင်းက ၎င်းတို့ကို အုပ်စုထဲမှ ခွဲထွက်သွားစေလိမ့်မည် ဖြစ်သည်။

သားရဲအုပ်စုများနှင့် ဆင်တူသော တခြားအမျိုးအစားတစ်ခုလည်း ရှိသေးသည်။ ၎င်းတို့တွင် မွေးရာပါ ချို့ယွင်းချက်မရှိသော်လည်း သားရဲဘုရင်သည် လူသားတစ်ဦးနှင့် စာချုပ် ချုပ်ဆိုလိုက်သည်နှင့်တပြိုင်နက် ကျန်ရှိသောအုပ်စုသည် ထိုသားရဲဘုရင်၏ အဆင့်အတန်းကို ချက်ချင်း အသိအမှတ်မပြုတော့ချေ။ ဘုရင်တစ်ပါးကို ကျွန်ပြု၍မရနိုင်ဟူသော သဘောတရား ဖြစ်ပုံရသည်။

ထို့ကြောင့်ပင် ထိုပုံစံသည် သမိုင်းရေစီးကြောင်းထဲတွင် လျင်မြန်စွာပင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရတော့သည်။ ယခုခေတ်တွင်မူ သုတေသနအဖွဲ့အစည်းအချို့သာလျှင် ဆက်စပ်သုတေသနများကို လုပ်ဆောင်နေကြဆဲဖြစ်ပြီး အများပြည်သူတို့ကမူ ယင်းကို စွန့်လွှတ်ခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။

All Chapters