← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

ဆရာလီဖုန်း၏ အကြံပြုချက်ကို ကြားပြီးနောက် ကျန်းဟန်လည်း စိတ်ဝင်စားသွားပြီး ၎င်းကို အပျော်သဘောဖြင့် မွေးမြူရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူ စစ်ဆေးကြည့်ဖူးသည်။ ပုရွက်ဆိတ်ဘုရင်မဥတစ်လုံးတည်းဆိုလျှင် တန်ဖိုး သိပ်မရှိဘဲ ယွမ် သုံးထောင်ခန့်ဖြင့်သာ ရောင်းချနိုင်သည်။ သို့သော် အကယ်၍ အရည်အသွေးမြင့် လုပ်သားပုရွက်ဆိတ် တစ်သောင်းကျော်အထိ ရှိလာပါက ယွမ် တစ်သောင်းဖြင့် ရောင်းချနိုင်ပြီး လုပ်သားပုရွက်ဆိတ် တစ်သိန်းအထိ ရှိလာပါက ယွမ် တစ်သိန်းခွဲအထိပင် ရောင်းချနိုင်ပေသည်။

ယင်းက သူ့ကို တော်တော်လေး စိတ်ဝင်စားသွားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို မွေးမြူထားခြင်းက ပိုက်ဆံကုန်မည်မဟုတ်သည့်အပြင် ဤဆန်းကြယ်သော သတ္တဝါများကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် သူတို့၏ အရေအတွက် တိုးပွားလာပါက ပိုက်ဆံရရန်အတွက် ပြန်လည်ရောင်းချနိုင်သေးသည်။

“ဆရာ... ကျွန်တော် ကျောင်းရဲ့ ဥဖောက်စက်တွေကို ခဏလောက် ငှားသုံးလို့ရမလား။”

ကျန်းဟန်က ထပ်မေးလိုက်သည်။ ကျောင်းတွင် ယင်းကဲ့သို့သော ပစ္စည်းများ သေချာပေါက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် မွေးမြူရေးအတန်းမှ ကျောင်းသားအများစုမှာ ထိုစက်ပစ္စည်းများကို အသုံးပြုကြသောကြောင့်ပင်။

“ရတာပေါ့။ ငါ့ဆီပဲ ပေးထားလိုက်ပါ။ တစ်ပတ်လောက်ဆိုရင် အောင်အောင်မြင်မြင်နဲ့ အကောင်ပေါက်လာလိမ့်မယ်။”

ဆရာလီဖုန်းသည် ကျန်းဟန်၏ ထိုကဲ့သို့သော တောင်းဆိုချက်အသေးအမွှားလေးကို သဘာဝအတိုင်း ငြင်းပယ်မည် မဟုတ်ပေ။

သူက ထိုသို့ပြောပြီးနောက် ကျန်းဟန်အတွက် ဥသွားရောက်ဖောက်ပေးရန် လှည့်ထွက်သွားတော့သည်။

“ဟေး... ကျန်းဟန် ငါ့ဝမ်းကွဲအစ်မနဲ့ အစ်ကိုက နင် ဘာလို့ သူတို့ကို အကောင့်မအပ်သေးတာလဲလို့ လာမေးနေကြတယ်။”

ဆရာ ထွက်သွားသည်ကို မြင်သောအခါ လီဇီဝေက ဖုန်းကို ကိုင်လျက် လျှောက်လာပြီး မေးလိုက်သည်။

“အာ... ဒါက... ငါ အချိန်မရသေးလို့ပါ။ ခဏနေရင် အပ်လိုက်မယ်။”

ကျန်းဟန်က ကပျာကယာ ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် တုံးရွှမ်းကို သိပ်ပြီး အကောင့်မအပ်ချင်ပေ။ ထိုမိန်းကလေးမှာ အလွန်ပင် မတည်ငြိမ်လှချေ။ အကောင့်အပ်သည့် မက်ဆေ့ခ်ျများတွင်ပင် သူ တာဝန်ယူရမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်။

.သူက ထိုအချိန်တုန်းက တစ်ချက်သာ လှမ်းကြည့်မိလိုက်ခြင်ဖြစ်သည်။ သူမတွင် အချိုးအစား အဖုအထစ် ရှိသည်မှာ မှန်သော်လည်း သူ တကယ်ပဲ ဘာမှ မလုပ်ခဲ့မိပါချေ။

အကောင့်အပ်သည့် မက်ဆေ့ခ်ျကပင် ထိုသို့ဖြစ်နေလျှင် သူငယ်ချင်း ဖြစ်သွားကြသည့်အခါ သူမ မည်မျှ ထူးဆန်းသော အကြောင်းအရာများကို ပြောလာဦးမည်ကို မည်သူ သိနိုင်ပါအံ့နည်း။

သို့သော်လည်း လီဇီဝေကိုယ်တိုင် လာရောက်ပြောဆိုနေသဖြင့် သူ အကောင့်မအပ်ဘဲ မနေသာတော့ပေ။ သူငယ်ချင်းအဖြစ် လက်ခံပြီးနောက် မက်ဆေ့ခ်ျများကို ပြန်မဆန်းစစ်ဘဲ ထားလိုက်ရုံသာ ဖြစ်ပြီး ယင်းမှာ ကိစ္စကြီးမဟုတ်ချေ။

ဘေးနားရှိ အတန်းဖော်အချို့မှာမူ လီဇီဝေက ကျန်းဟန်ထံသို့ တက်တက်ကြွကြွ လာရောက်ပူးကပ်နေသည်ကို မြင်လိုက်ရသဖြင့် မနာလို ဝန်တိုဖြစ်မိခြင်းကို မအောင့်တီးနိုင်ကြပေ။ တချို့ကမူ ခွန်း၏ ကမ္ဘာငယ်လေးထဲတွင် ကျန်းဟန် မည်သည့် အခွင့်အရေးများ ရရှိခဲ့သနည်းဆိုသည်ကို အလွန်ပင် စပ်စုချင်နေကြသည်။

ကျန်းဟန်သည် လီဇီဝေထက်ပင် ပိုမိုသန်မာသည်ကို သိထားကြရမည် ဖြစ်သည်။ လီဇီဝေပင် ဤမျှကြီးမားသော အခွင့်အရေးကို ရရှိခဲ့လျှင် ကျန်းဟန် ရရှိခဲ့သည့်အရာမှာလည်း သေချာပေါက် မညံ့ဖျင်းနိုင်ချေ။

လူအချို့ကလည်း ကျန်းဟန်မှာ မည်သည့်အခွင့်အရေးမျှ မရရှိခဲ့ဟု ထင်ကြသည်။ သူတို့က လီဇီဝေကို မေးမြန်းကြသော်လည်း လီဇီဝေက မပြောပြဘဲ ကျန်းဟန်ကိုသာ ကိုယ်တိုင် သွားမေးရန် ပြောခဲ့သည်။

မည်သူမျှ အမှန်တရားကို မသိကြသဖြင့် အမျိုးမျိုးသော ခန့်မှန်းတွေးဆချက်များက ပိုမိုကြီးထွားလာခဲ့သည်။

အတန်းခေါင်းဆောင် ချန်းလန်သည် ကျန်းဟန်နှင့် လီဇီဝေတို့ကို လှမ်းကြည့်ရင်း စိတ်ထဲတွင် ဒေါသကြောင့် အသက်ရှူပင် ကျပ်လာသလို ခံစားလိုက်ရ၏။

တစ်ချိန်က အနာဂတ်မရှိဟု သူမ ထင်မှတ်ခဲ့သော ကျန်းဟန်သည် သူမထက် များစွာ ကျော်လွန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူ၏ လျှပ်စီးပိုးကောင်မှာ အလွန်အမင်း အစွမ်းထက်ပြီး လျှပ်စီးထုတ်လွှတ်ခြင်းစွမ်းရည်က သူမအပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့သည်။

ယခုအခါ လီဇီဝေကပင် သူမထက် ကျော်လွန်သွားခဲ့ပြီဖြစ်ရာ သူမကို အနည်းငယ် နောင်တရမိစေခဲ့သည်။ အကယ်၍ သူမအနေဖြင့် လီဇီဝေနှင့် ဆက်ဆံရေး ပျက်ပြားမသွားခဲ့ပါက မနေ့က သူတို့ ရရှိခဲ့သော အခွင့်အရေးထဲတွင် သူမလည်း ဝေမျှ ပါဝင်ခွင့်ရနိုင်မလားဟု တွေးတောလိုက်မိသည်။

သို့သော်လည်း မကြာခင်မှာပင် သူမ ခေါင်းခါယမ်းလိုက်၏။ ယင်းမှာ ယာယီကံကောင်းမှုသက်သက်သာဖြစ်ပြီး သူမအနေဖြင့် အနှေးနှင့်အမြန် သူတို့ကို ကျော်ဖြတ်နိုင်လိမ့်မည် ဖြစ်သည်။

ကျောင်းပိတ်ချိန်အတွင်း ဆရာဖြစ်သူက လူတိုင်းကို သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့ းထံမှ ထောက်ပံ့ကြေးငွေများ ရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးလာ၏။ တစ်ဦးလျှင် ယွမ်ငါးသောင်းစီ ဖြစ်ပြီး ယင်းကို မိမိတို့၏ သားရဲများကို ပြုစုပျိုးထောင်ရန်အတွက် သက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနိုင်သည်။

တစ်ချိန်တည်းမှာပင် လာမည့်လကုန်တွင် နိုင်ငံတော် အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ်သို့ သွားရောက်ရမည့် နေရာများအတွက် ရွေးချယ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစကမူ အတန်းတိုင်းတွင် နေရာ ၂၀ စီ ရရှိထားသော်လည်း စုစုပေါင်း နေရာ ၁၀၀ သာ ရှိသည်။ ထို့ကြောင့် ကျောင်းတစ်ကျောင်းလုံး အတိုင်းအတာဖြင့် နောက်ဆုံးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ လူဦးရေ ထက်ဝက်ကို ပယ်ဖျက်သွားမည် ဖြစ်ပြီး ပျမ်းမျှအားဖြင့် အတန်းတစ်တန်းလျှင် ငါးနေရာနှုန်းသာ ရရှိတော့မည် ဖြစ်သည်။

သို့သော်လည်း ပြိုင်ပွဲက ထိုကဲ့သို့ ပုံစံမျိုး ဖြစ်လာလိမ့်မည်မဟုတ်ပေ။ လူဦးရေ နှစ်ရာကို ရွေးချယ်ပြီးနောက် ၎င်းတို့၏ ရလဒ်အလိုက် အဆင့်သတ်မှတ်ချက်များ ပြုလုပ်မည်ဖြစ်ကာ ထို့နောက်တွင် ပထမရရှိသူက နောက်ဆုံးရရှိသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုနည်းတူစွာ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဤတိုက်ပွဲအစီအစဉ်မှာ အထူးအတန်းမှ ကျောင်းသားများအတွက် အလွန်ပင် အကျိုးရှိလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ရလဒ်များက ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက် မြင့်မားကြသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်မူ အထူးအတန်းမှ ကျောင်းသားများကသာ နေရာအများစုကို ရရှိသွားကြပေလိမ့်မည်။

ယင်းကလည်း နားလည်ပေး၍ ရနိုင်ပါသည်။ ကျောင်းဟူသည်မှာ အတော်ဆုံးသူများကို ပြုစုပျိုးထောင်ရန်အတွက်သာ ဖြစ်သည်။ အဆင့်သတ်မှတ်ချက်များမှာ မိမိတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ရရှိထားခြင်းဖြစ်ရာ အကယ်၍ မိမိ၏ စွမ်းအားကသာ အဆင့်မမီပါက မကျေမနပ် ပြောဆိုနေစရာ အကြောင်းမရှိချေ။

ဤသတင်းကို ကြိုတင်ပေးထားရခြင်းမှာ လူတိုင်းကို ပြင်ဆင်မှုများ ပြုလုပ်နိုင်စေရန် ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် နေရာတစ်ခုအတွက် ယှဉ်ပြိုင်လိုပါက ကြိုးစားအားထုတ်ရမည်သာ ဖြစ်သည်။

ယခုဆိုလျှင် လ၏ တတိယမြောက် သီတင်းပတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လာမည့်အပတ်သည် ယခုလ၏ နောက်ဆုံးအပတ် ဖြစ်လာလိမ့်မည်ဖြစ်သော်လည်း ယင်းမှာ တောတွင်းရှင်သန်မှု လေ့ကျင့်ရေး မဟုတ်ဘဲ စာမေးပွဲကာလသာ ဖြစ်လိမ့်မည်။

စာမေးပွဲ၏ တိကျသော ပုံစံကိုမူ မသတ်မှတ်ရသေးချေ။ သို့သော်လည်း အထူးအကြောင်းကြားစာ တစ်စုံတစ်ရာမရှိပါက ယခင်နှစ်များအတိုင်းပင် ဖြစ်လိမ့်မည်။

ယေဘုယျအားဖြင့် ဤအချိန်မျိုးတွင် ကျောင်းသည် အိပ်မက်အလင်းဝိညာဉ်ဦးနှောက်ဟု ခေါ်သော ပုံရိပ်ယောင်အမျိုးအစား သားရဲတစ်ကောင်ကို ငှားရမ်းလေ့ရှိသည်။ ယင်းမှာ သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့နှင့် နိုင်ငံအသီးသီးရှိ သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲရေးဌာနတို့က တစ်ဦးတည်းမူပိုင် ထိန်းချုပ်ထားသော သားရဲအမျိုးအစား ဖြစ်ပြီး တစ်ပိုင်းလူလုပ်ဖြစ်တည်မှု ဟုလည်း သတ်မှတ်နိုင်သည်။

ထိုကဲ့သို့သော သားရဲမျိုးသည် ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်ပြီး ကွန်ပျူတာထဲတွင် သတ်မှတ်ထားသော အချက်အလက်များမှတစ်ဆင့် အကြီးစား ပုံရိပ်ယောင် နယ်ပယ်များကို ဖန်တီးပေးနိုင်သည်။

ထို့နောက်တွင် လူတစ်ဦးသည် မိမိ၏ သားရဲကို ခေါ်ဆောင်ကာ ထိုပုံရိပ်ယောင် နယ်ပယ်ထဲသို့ ဝင်ရောက်သွားရုံဖြင့် သက်ဆိုင်ရာ အချက်အလက်များကို ထုတ်ယူကာ တိုက်ခိုက်ရန်အတွက် ကိုက်ညီသော တိုက်ပွဲအခြေအနေများကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ ၎င်းသည် သက်ဆိုင်ရာ စာမေးပွဲကို ပြီးမြောက်ရန် အလွန်တိုတောင်းသော အချိန်သာ လိုအပ်သည်။

ဤစက်ပစ္စည်းများကို အချို့သော အဆင့်မြင့် သားရဲထန်းချုပ်မှုဗဟိုဌာန အဖွဲ့အစည်းများတွင် တပ်ဆင်ထားလေ့ရှိပြီး သားရဲထိန်းချုပ်သူများသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော တခြားသော သားရဲထိန်းချုပ်သူများနှင့် ပုံတူကူးယူထားသော တိုက်ပွဲများကို ဆင်နွှဲရန်အတွက်ပင် ယင်းကို အသုံးပြုနိုင်ကြသည်။

အွန်လိုင်းပေါ်ရှိ သားရဲထိန်းချုပ်သူ အဆင့်သတ်မှတ်ချက် အများစုမှာလည်း ထိုအရာမှတစ်ဆင့် သတ်မှတ်ခြင်း ဖြစ်သည်။

ကျန်းဟန် နေထိုင်သော ရှန်းဟွာမြို့လေးမှာ မြို့ဆင်ခြေဖုံးတွင် တည်ရှိပြီး သတိမထားမိလောက်အောင် သေးငယ်လှသော မြို့လေးတစ်မြို့သာ ဖြစ်သဖြင့် သဘာဝအတိုင်း ထိုကဲ့သို့ စက်ပစ္စည်းမျိုး မရှိချေ။ သူသည်လည်း ယခင်က ယင်းကို တစ်ခါမျှ မစမ်းသပ်ဖူးခဲ့ချေ။

သို့သော်လည်း သူသည် အွန်လိုင်းပေါ်တွင် အတုအယောင် တိုက်ပွဲပြိုင်ပွဲအချို့ကို ကြည့်ရှုဖူးခဲ့ရာ အဆင့် ၃ အခြေခံ သားရဲထိန်းချုပ်သူ နယ်ပယ်တွင်ပင် သူ၏ အဆင့်မှာ ကန်မြိုအတွင်း၌ ထိပ်ဆုံး သုံးထောင်စာရင်းထဲ ဝင်ရန်ပင် ခက်ခဲလှသည်ကို သူ သိထားသည်။ သစ်ပင်စိမ်းပြည်နယ် တစ်ခုလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ ပို၍ပင် ခက်ခဲကာ အဆင့်မှာ များစွာ နောက်ကျကျန်နေပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင် ကျန်းဟန်သည် ဤစာမေးပွဲကို အလွန်ပင် မျှော်လင့်နေမိသည်။

ဤစာမေးပွဲမှာ ကန်မြို့ရှိ ကျောင်းအားလုံးအတွက် တစ်ပြေးညီ ကျင်းပခြင်းဖြစ်ရာ သူ၏ စွမ်းအားက မည်သည့်အဆင့်အထိ ရောက်ရှိနိုင်မည်ကို သူ အနည်းငယ် သိရှိလိုနေ၏။

ကန်မြို့တွင် နှစ်စဉ် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားဦးရေမှာ နှစ်သောင်းနှင့် သုံးသောင်းကြားတွင် ရှိသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ထိပ်ဆုံး ငါးထောင်စာရင်းကို မြို့ပေါ်ရှိ ကျောင်းများကသာ အကုန်အစင် ရယူသွားကြလေ့ရှိသည်။ သူတို့ကဲ့သို့ မြို့ဆင်ခြေဖုံးကျောင်းများမှ ကျောင်းသား အနည်းငယ်သာလျှင် ထိပ်ဆုံး ငါးထောင်ထဲသို့ တိုးဝှေ့ဝင်ရောက်နိုင်ကြပြီး ထိပ်ဆုံး သုံးထောင်ထဲသို့ ရောက်ရှိနိုင်သူမှာမူ အလွန်တရာ ရှားပါးလှပေသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း အဆင့်သတ်မှတ်ချက်များမှာလည်း ယေဘုယျအားဖြင့် ထိုအတိုင်းပင် ဖြစ်လိမ့်မည်။

မကြာခင်မှာပင် နံနက်ခင်း စာသင်ချိန် လေးချိန် ပြီးဆုံးသွားခဲ့သည်။ ကျန်းဟန်သည် ထမင်းစားပြီးနောက် အဆောင်ပြန်ရန် ပြင်ဆင်လိုက်၏။ သူ အဆောင်တံခါးဝသို့ လျှောက်သွားချိန်တွင် အတန်းခေါင်းဆောင် ချန်းလန်က အဝေးမှ ပြေးလာခဲ့သည်။

“ကျန်းဟန်... ကျောင်းစီမံရေးရုံးက ဆရာက နင့်ကို လိုက်ရှာနေတယ်။ အဲဒီကို သွားလိုက်ဦး။ တစ်ယောက်ယောက်က နင့်ကို တွေ့ချင်လို့တဲ့။”

ကျန်းဟန်က အတန်းခေါင်းဆောင် ချန်းလန်ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပါပြီ၊ ကျေးဇူးပဲ။”

သူ့ကို မည်သူက လာရောက်ရှာဖွေနေသနည်းဟူသည်ကို အနည်းငယ် ဝေခွဲမရဖြစ်မိသော်လည်း သူ ထိုနေရာသို့ လျှောက်သွားခဲ့လိုက်သည်။

ကျောင်းစီမံရေးရုံး၏ တံခါးမှာ အကျယ်ကြီး ပွင့်နေပြီး ကျန်းဟန်သည် ဝိုင်းစက်သော မျက်မှန်ကို တပ်ဆင်ထားသည့် ကတုံးနှင့် ကျောင်းသားရေးရာဌာနမှူးကို ချက်ချင်း တွေ့လိုက်ရသည်။ သူသည် ရွှေရောင်မျက်မှန်တပ်ထားသော လူငယ်တစ်ဦးနှင့် စကားပြောဆိုနေခဲ့သည်။

“ဆရာ... ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာလား။”

ကျန်းဟန်က မေးလိုက်သည်။

“ဟုတ်တယ်။ မင်းနဲ့ လီဇီဝေတို့ မနေ့က စွန့်စားခန်းတစ်ခု ကြုံခဲ့ရပြီး ရှန်းဟွာမြို့အနီးတစ်ဝိုက်မှာ ခွန်းရဲ့ အမှတ်အသားတွေကို တွေ့ရှိခဲ့ရုံတင်မကဘဲ သူ့ရဲ့ ခန္ဓာကိုယ်တွင်း ကမ္ဘာငယ်လေးထဲကိုပါ ဝင်ရောက်ခဲ့ရတယ်လို့ ကြားရတယ်...ဟုတ်လား။”

ကျောင်းသားရေးရာဌာနမှူးက ခေါင်းငြိမ့်ပြကာ ပြန်မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်ဆရာ။ ကျွန်တော်လည်း အဲဒါ ဘာလဲဆိုတာ သေသေချာချာ မသိပါဘူး။ ခန့်မှန်းကြည့်ရုံတင်ပဲ ရှိတာပါ။”

ကျန်းဟန်က ပြောလိုက်သည်။

“ဒါဆိုရင် မင်းအနေနဲ့ အဲဒီထဲကနေ ပစ္စည်းတွေ အများကြီး ရရှိခဲ့မှာပဲ ဟုတ်တယ်မလား။ တစ်ခုခု ရောင်းချပြီးပြီလား။”

ထိုစကားကို ကြားရသောအခါ ကျန်းဟန်၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ပြီး ဤကိစ္စက ဘာလဲဆိုသည်ကို သူ ရိပ်မိသွားခဲ့သည်။

သူက ချက်ချင်းပင် ပြောလိုက်သည်။

“မရောင်းရသေးပါဘူးဆရာ။ ကျွန်တော် အဲ့ဒါတွေကို ရောင်းချဖို့ အစီအစဉ် မရှိပါဘူး။”

ကျောင်းသားရေးရာဌာနမှူးက ကျန်းဟန်သည် စျေးနှုန်းမြှင့်တင်ရန် တမင်တကာ ကြိုးစားနေခြင်းဖြစ်ကြောင်း သိလိုက်သဖြင့် အနည်းငယ် အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ ဤကောင်လေးက တကယ့်ကို ပါးနပ်လှပေသည်။

သို့သော်လည်း သူ၏ မျက်နှာထက်တွင်မူ မည်သည့်အမူအရာမျှ မပြဘဲ ပြောလိုက်သည်။

“ဒါကတော့ ကန်မြို့ရဲ့ ဖီးနစ် သားရဲထိန်းချုပ်ခြင်း သုတေသနအဖွဲ့က မစ္စတာ ဟူပဲ။ သူက မင်းရဲ့ ဒီပစ္စည်းတွေကို ဝယ်ယူချင်နေတယ်။ မင်းတို့နှစ်ယောက် ဆွေးနွေးကြည့်လိုက်ကြပါ။”

All Chapters