← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

သူ အဆောင်ထဲမှ ထွက်လာပြီးနောက် ကျန်းဟန်သည် သူ၏ အတန်းဖော်များအားလုံး တစ်စုံတစ်ခုအား ဝိုင်းအုံကြည့်နေကြသည်ကို သတိထားမိလိုက်သည်။

“ဒါက အိမ်မက် အလင်းဦးနှောက်လား။ ကြည့်ရတာ လူလုပ်ဖန်တီးထားတဲ့ ဖြစ်တည်မှုတစ်ခုနဲ့ တူသလိုပဲ။”

“ဟုတ်တယ်။ ငါ အတုအယောင် တိုက်ခိုက်မှုတွေကို သုံးဖူးပေမဲ့ အစစ်အမှန်ကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ အရမ်းလှတာပဲ။”

“အင်း...ငါတို့မြို့နယ်ရဲ့ သားရဲဗဟိုဌာနမှာ ဒါမျိုးမရှိတာ နှမြောစရာပဲ။ သူတို့ပြောတာတော့ ဒါက လူလုပ်ဖန်တီးထားတာဖြစ်လို့ ထုတ်လုပ်နိုင်တဲ့နှုန်းက အရမ်းနည်းတယ်တဲ့။”

“ဟူး... ဒါတွေထက် ငါတို့ ကြားဖြတ်စာမေးပွဲအတွက်ပဲ စိုးရိမ်သင့်တယ်။ ဒီစာမေးပွဲရဲ့ အဆင့်သတ်မှတ်ချက်က အရမ်းအရေးကြီးတယ်။ အထူးတန်း ထဲက လူအများကြီးက အခြေခံအဆင့်ကို ရောက်နေကြပြီလို့ ငါ ကြားတယ်။ ပြီးတော့ သူတို့ရဲ့ သားရဲတွေကလည်း အဆင့် ၃ ခေါင်းဆောင်အဆင့်ကို ကျော်ဖြတ်ဖို့ နီးစပ်နေပြီတဲ့။”

“မပြောပါနဲ့တော့။ အဲကောင်တွေက လူထူးလူဆန်းတွေပဲ။ နှစ်လပဲ ရှိသေးတာကို ဒီအဆင့်အထိ ရောက်နေကြပြီ။”

ကျန်းဟန်သည် အားလုံး၏ အကြည့်များနောက်သို့ လိုက်ပါကာ ကစားကွင်း၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။ ကစားကွင်း၏ အလယ်ဗဟိုတွင် ကြီးမားသော ခရမ်းရောင် သားရဲတစ်ကောင် ရှိနေ၏။ ယင်းသည် ထင်ရှားးကျော်ကြားလှသော အိမ်မက် အလင်းဦးနှောက်ပင် ဖြစ်သည်။

၎င်းသည် ခရမ်းရောင်မြူခိုးများဖြင့် ပြုလုပ်ထားသည့်အလား ရှိနေသော ဧရာမ ကြောင်ခေါင်းကြီးတစ်ခု ဖြစ်ပြီး အလွန်ပင် ဝိုင်းစက်ကာ ချစ်စရာကောင်းလှသည်။

သို့သော်လည်း ထိုကြောင်ခေါင်းကြီးတွင် ခန္ဓာကိုယ် မရှိချေ။ ၎င်း၏ အောက်ပိုင်းမှာ ငွေရောင် စက်ဝိုင်းခြမ်းပုံစံ ဘောလုံးကြီးတစ်ခု ဖြစ်နေပြီး ဘဲဥခွံတစ်ခြမ်းက ကြောင်ခေါင်းကြီးကို အထဲတွင် ငုံထားသည့်အလား ဖြစ်နေသည်။

ထိုငွေရောင် သတ္တုဘောလုံးကြီးပေါ်တွင် လူသားတို့၏ နည်းပညာပစ္စည်းမျိုးစုံနှင့် ချိတ်ဆက်နိုင်သော အချက်အလက် မျက်နှာပြင်မျိုးစုံ ရှိနေသည်။

ထိုအရာသည် ပုံရိပ်ယောင်အမျိုးအစား သားရဲအချို့ကို သုတေသနပြုနေစဉ်အတွင်း အမှတ်မထင် ထုတ်လုပ်မိသွားခဲ့ခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်ရှိထားသော အိမ်မက်အလင်းဦးနှောက် ဖြစ်သည်။

သို့သော် ထုတ်လုပ်မှုနှုန်း နည်းပါးပြီး စျေးနှုန်းကြီးမြင့်လွန်းသဖြင့် ယေဘုယျအားဖြင့် သားရဲထိန်းချုပ်ခြင်းအဖွဲ့အစည်းကြီးများတွင်သာ ယင်းတို့ကို တပ်ဆင်ထားလေ့ရှိသည်။

ဤအိမ်မက် အလင်းဦးနှောက်ကို ကန်မြို့ရှိ သားရဲထိန်းချုပ်ခြင်း ဗဟိုဌာနကြီး လေးခုအနက်မှတစ်ခုဖြစ်သည့် ပန်းတစ်ရာ သားရဲထိန်းချုပ်ခြင်း ဗဟိုဌာနထံမှ ခေတ္တငှားရမ်းထားခြင်း ဖြစ်သည်။

ယင်းကို ကစားကွင်း၏ အလယ်ဗဟိုတွင် တပ်ဆင်ထားမည်ဖြစ်ပြီး အနီးနားရှိ အထက်တန်းကျောင်းငါးကျောင်းမှ ကျောင်းသားများသည်လည်း ကြားဖြတ်စာမေးပွဲကို အတူတူ လာရောက်ဖြေဆိုကြမည် ဖြစ်သည်။

ယင်းကို သားရဲထိန်းချုပ်ခြင်း ဗဟိုဌာနတွင် မပြုလုပ်ဘဲ ဤနေရာ၌ ထားရှိရခြင်းအကြောင်းမှာ ကျောင်းတွင် နေရာကျယ်ကြီး ရှိနေသောကြောင့်ဖြစ်ပြီး သားရဲထိန်းချုပ်ခြင်းဗဟိုဌာန၏ ပုံမှန်လုပ်ငန်းဆောင်တာများကို မထိခိုက်စေရန်အတွက်လည်း ဖြစ်သည်။

ထို့အပြင် ဤကြားဖြတ်စာမေးပွဲသည် အမှန်တကယ်တမ်းတွင် ပညာရေးဗျူရိုက ဦးဆောင်ကျင်းပသည့် သစ်ပင်စိမ်းပြည်နယ် တစ်ခုလုံး၏ ပူးတွဲစစ်ဆေးအကဲဖြတ်မှုတစ်ခုဟု ယူဆနိုင်သဖြင့် သဘာဝအတိုင်း ပိုမိုတရားဝင်ပြီး စနစ်ကျရှိရန် လိုအပ်ပေသည်။

တစ်ချက် လှမ်းကြည့်ပြီးနောက် ကျန်းဟန်သည် ဆက်၍အာရုံမစိုက်တော့ဘဲ လှည့်ထွက်လာကာ ကျောင်းဂိတ်ပေါက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

လူမည်မျှပင် အိမ်မက် အလင်းဦးနှောက်ကို ဝိုင်းကြည့်နေကြသည်ဖြစ်စေ... အကယ်၍ ကျန်းဟန်သာ ပိုင်လင်းကို အပြင်ထုတ်ပြလိုက်ပါက ဝိုင်းအုံကြည့်ရှုသူ အရေအတွက်မှာ ငါးဆမက တိုးတက်သွားမည်မှာ အံ့သြစရာမဟုတ်ချေ။

ကျောင်းဂိတ်ပေါက်မှ ထွက်လာပြီးနောက် ကျန်းဟန်သည် မနေ့က ဟုတ်ဟုတ်နှင့် ချိန်းဆိုထားခဲ့သော တောအုပ်ဆီသို့ လျှောက်လာခဲ့လိုက်သည်။ ယင်းက ကျောင်းနှင့် တော်တော်လေး ဝေးသဖြင့် လမ်းလျှောက်သွားပါက နာရီဝက်ကျော် ကြာမြင့်ပြီး လူသူအလွန်ပင် ကျဲပါးသော နယ်မြေဖြစ်သည်။ မဟုတ်ပါက သူသည် ဟုတ်ဟုတ်ကို အပြင်၌ စိတ်အေးလက်အေး လွှတ်ထားနိုင်မည် မဟုတ်ချေ။

မကြာခင်မှာပင် တောအုပ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ကျန်းဟန်သည် သူတို့၏ စာချုပ်ဆက်နွှယ်မှုမှတစ်ဆင့် ဟုတ်ဟုတ်ကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူ ရှာတွေ့ချိန်တွင် ဟုတ်ဟုတ်သည် သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းထက်၌ ငိုက်မြည်းနေပြီဖြစ်သည်။

“ထမင်းစားရမယ့်အချိန် ရောက်ပြီ။”

ကျန်းဟန်သည် သစ်ပင်ပေါ်က မျက်နှာဝိုင်း ကြက်ဝတုတ်လေးကို လှမ်းကြည့်ကာ အော်ခေါ်လိုက်၏။ ဤကောင်သည် သူ့ကို လွန်ခဲ့သည့်အချိန်ကတည်းက သေချာပေါက် သတိထားမိထားပြီးဖြစ်ကာ အိပ်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။

“ဂူး...”

အစာဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ဟုတ်ဟုတ်သည် ချက်ချင်း မျက်လုံးပွင့်လာခဲ့ပြီး အတောင်ပံများကို ဖြန့်ကာ ပျံသန်းဆင်းသက်လာခဲ့သည်။ အစားအသောက်နှင့် ပတ်သက်လာလျှင်တော့ ၎င်းက တကယ့်ကို ရိုးသားလှပေသည်။

ဟုတ်ဟုတ်၏ ပုံသဏ္ဌာန်မှာ မနေ့ကနှင့် ဘာမျှမခြားနားချေ။ တောက်ပြောင်ပြီး ချောမွေ့နေသော အမွှေးအတောင်များ၊ ပတ္တမြားကဲ့သို့သော မျက်လုံးများနှင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနာတရမရှိဘဲ ၎င်း၏ အဆင့်မှာလည်း လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်တွင်ပင် ရှိနေဆဲ ဖြစ်သည်။

“ဟုတ်ဟုတ်... ပိုင်လင်းက အောင်အောင်မြင်မြင်နဲ့ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ။ သူက အပြင်ထွက်ပြီး မင်းကိုတွေ့ချင်နေတယ်လေ။”

ဟုတ်ဟုတ် ဆေးရည်ကို သောက်နေစဉ်အတွင်း ကျန်းဟန်က ၎င်းကို ပြောပြလိုက်သည်။ ဟုတ်ဟုတ်ကမူ ထိုအရာကို သိပ်ဂရုမစိုက်ဘဲ ဆက်လက်စားသောက်နေခဲ့သည်။

ထိုစဥ် ကျန်းဟန်က သူ၏လက်ကို မြှောက်လိုက်၏။ ထို့နောက် ဟုတ်ဟုတ်၏ ရှေ့တွင် ရောင်စုံအစီအရင်တစ်ခုက ထွက်ပေါ်လာခဲ့ပြီးနောက် ယင်းထဲမှာ အဖြူရောင် သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

“ဝေါင်း... (^▽^)”

ပိုင်လင်းသည် ဟုတ်ဟုတ်၏အရှေ့သို့ တိုးကပ်သွားပြီး အလွန်နီးကပ်သော အကွာအဝေးမှနေ၍ ၎င်းကို စိုက်ကြည့်ကာ ရင်းနှီးဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။

“ဂလူးးးး... ∑(❍ฺд❍ฺlll)”

သို့သော်လည်း ဟုတ်ဟုတ်၏ အမွှေးအတောင်များမှာ ထောင်ထွက်သွားခဲ့သည်။ ဂလူးကနဲ အသံနှင့်အတူ ၎င်းသည် မီတာအနည်းငယ်ခန့် နောက်သို့ ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျဆင်းသွားကာ ပိုင်လင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေတော့သည်။

မကြာခင်မှာပင် ၎င်းသည် ကပျာကယာ ပြန်လည်ရုန်းထနိုင်ခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ထဲမှ လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်၏ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ယင်းက ‘အနားကို တိုးမလာနဲ့။ မင်းက တကယ်ပဲ ဘယ်သူလဲ’ ဟု ပြောနေသည့်အလား ဖြစ်နေသည်။

“ဝူးးး...o((^▽^))o”

ပိုင်လင်းကမူ နားမလည်နိုင်ဖြစ်သွားကာ ထပ်မံတိုးကပ်သွားပြီး ရှင်းပြလိုက်သည်။

‘ငါက ပိုင်လင်းလေ။ ဟုတ်ဟုတ် မင်း ငါ့ကို မမှတ်မိတော့ဘူးလား။’

“ဂူးး... Σ( ° △ ° )︴”

‘မင်း ဘယ်တုန်းက နဂါးဖြစ်သွားတာလဲ။’

ဟုတ်ဟုတ်၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများကဲ့သို့ ဝိုင်းစက်သွားခဲ့သည်။ ၎င်းအနေဖြင့် မိမိကိုယ်ကိုယ် လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်သို့ ကျော်ဖြတ်အောင်မြင်ထားသည့် အချက်ကို ဖုံးကွယ်ရန်ပင် ဂရုမစိုက်နိုင်တော့ချေ။

၎င်းသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။ တစ်ရက်မျှသာ မတွေ့ရသေးသော်လည်း ၎င်းက ဘာကြောင့် ရုတ်တရက်ကြီး နဂါးတစ်ကောင် ဖြစ်သွားရသနည်း။

ခဏမျှတော့ ဟုတ်ဟုတ်အနေဖြင့် ယင်းကို လက်မခံနိုင်ဖြစ်နေပြီး ငှက်တစ်ကောင်အနေဖြင့် ဘဝ ရှင်သန်ရခြင်း၏ ပျော်ရွှင်မှုအားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

ပိုင်လင်းကမူ ၎င်း၏ပတ်ပတ်လည်တွင် ပျော်ရွှင်စွာဖြင့် ဝဲပျံနေခဲ့သည်။

မိနစ်အနည်းငယ်ခန့် စိတ်ဓာတ်ကျနေပြီးနောက် ဟုတ်ဟုတ်သည် အားမာန်အပြည့်ဖြင့် ပြန်လည်မတ်တတ်ရပ်လာခဲ့ပြီး ကျန်ရှိနေသော ဆေးရည်များကို ဆက်လက်၍ သွားရောက်သောက်သုံးလိုက်တော့သည်။

၎င်းသည် မိမိကိုယ်ကိုယ် စိတ်ဓာတ်ခွန်အားပြန်လည်မြှင့်တင်ရာတွင် အထူးပင် ကျွမ်းကျင်ပုံရပြီး တခြားသူများ၏ နှစ်သိမ့်မှုကို မလိုအပ်ချေ။ ငယ်စဉ်ကတည်းက တောရိုင်းထဲတွင် ကြီးပြင်းလာခဲ့ရသူဖြစ်၍ ၎င်းသည် သာမန်သားရဲများထက် ပိုမိုယုံကြည်မှု ရှိသည်။

ကျန်းဟန်သည်မူ ဘေးတွင်ရပ်ကာ ထိုသားရဲနှစ်ကောင်၏ တုံ့ပြန်ပုံများကို စိုက်ကြည့်နေခဲ့သည်။ ဟုတ်ဟုတ်က လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်၏ အရှိန်အဝါကို အမှန်တကယ် ထုတ်ဖော်ပြသလာသည်ကို မြင်သောအခါ သူ ကူကယ်ရာမဲ့စွာသာ ခေါင်းခါယမ်းလိုက်မိသည်။ ဤကောင်က တကယ့်ကို ယခင်အတိုင်းပင် ဖြစ်သည်။

၎င်းသည် မနေ့ညက တိတ်တဆိတ်ပင် အဆင့်ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ရမည်။ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် ၎င်းနှင့် အနီးကပ်ဆုံးဖြစ်သော သခင်ဖြစ်သူ သူ့ကိုပင် လှည့်စားသွားခဲ့သည်။

အကယ်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့ရသော အခြေအနေမျိုး မဟုတ်ပါက ဟုတ်ဟုတ်သည် မည်သည့်အရာများကို ဖုံးကွယ်ထားသေးသည်အား မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။

ကျန်းဟန်က ထိုသားရဲနှစ်ကောင်ကို ကြည့်လိုက်သည်။ သူသည် ခုနကတင် စီနီယာ သားရဲမွေးမြူရေး ပညာရှင် လျိုယွဲ့အား တောရိုင်းထဲတွင် နဂါးတစ်ကောင်ကို ဖမ်းမိပါက မည်သို့လုပ်ဆောင်ရမည်နည်းဟု မေးမြန်းခဲ့သည်။

လျိုယွဲ့သည် အစက အံ့သြတုန်လှုပ်သွားခဲ့ပြီး သူ နဂါးတစ်ကောင် ဖမ်းမိခဲ့သလားဟု မေးမြန်းခဲ့သည်။

ကျန်းဟန်ကမူ ယင်းမှာ နဂါးသွေးမျိုးဆက် အနည်းငယ်ပါသော သားရဲတစ်ကောင်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုစကားကို ကြားရမှ လျိုယွဲ့တစ်ယောက် သက်ပြင်းချနိုင်သွားခဲ့ပြီး နဂါးသွေးမျိုးဆက်ပါသော သားရဲတစ်ကောင်ကို ဖမ်းမိခြင်းမှာ ပြဿနာမရှိကြောင်း ကျန်းဟန်ကို ပြောပြခဲ့သည်။

သို့သော်လည်း အကယ်၍ ယင်းက နဂါးပုံသဏ္ဌာန်ရှိသော နဂါးတစ်ပိုင်း ဖြစ်နေပါက လူသိရှင်ကြားဖြစ်ပြီးနောက် ဘာဖြစ်လာမည်ကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။ အကယ်၍ မိမိနောက်ကွယ်တွင် အားကိုးရလောက်သော အစွမ်းထက်သည့် အင်အားစု မရှိပါက အလွန်ပင် ဒုက္ခရောက်ပေလိမ့်မည်။

ပထမဆုံးအနေဖြင့် သားရဲထိန်းချုပ်သူများ မဟာမိတ် အတွင်းရှိ နဂါးထိန်းချုပ်သူဂိုဏ်းက သူ့ထံသို့ တိုက်ရိုက်လာရောက်ကာ ပြဿနာရှာကြပေလိမ့်မည်။

နဂါးထိန်းချုပ်သူဂိုဏ်းသည် နဂါးအမျိုးအစား သားရဲထိန်းချုပ်သူများဖြင့်သာ အထူးဖွဲ့စည်းထားသော အင်အားစုတစ်ခုဖြစ်ပြီး ၎င်းတို့သည် ပြင်ပလောကသို့ နဂါးအမျိုးအစား သားရဲများ ယိုစိမ့်ထွက်သွားမှုကို အမြဲတမ်း တင်းကြပ်စွာ ထိန်းချုပ်ထားကြသည်။

ပြင်ပလောကတွင် နဂါးတစ်ပိုင်းအဆင့်ရှိသော နဂါးအမျိုးအစား သားရဲတစ်ကောင် ပေါ်ပေါက်လာသည်နှင့် ၎င်းတို့ ရောက်ရှိလာကြပေလိမ့်မည်။ သင့်အနေဖြင့် နဂါးထိန်းချုပ်သူဂိုဏ်းသို့ ဝင်ရောက်ရမည် ဖြစ်စေ၊ သို့မဟုတ် သက်ဆိုင်ရာ စာချုပ်ကို ချုပ်ဆိုရမည် ဖြစ်စေ နဂါးသွေးမျိုးဆက်ကို ပြင်ပသို့ မပြန့်ပွားစေရန် ကတိပြုရမည်ဖြစ်ပြီး သေဆုံးပြီးနောက်တွင်လည်း နဂါးအလောင်းကို နဂါးထိန်းချုပ်သူဂိုဏ်းထံသို့ အပ်နှံရမည်ဟု သတ်မှတ်ထားသည်။

၎င်းပြင် သူတို့က သင့်ကို အချိန်ပြည့် စောင့်ကြည့်နေမည်ဖြစ်ပြီး လိုအပ်ပါက သင်၏နဂါးကို သားကြောဖြတ်ရန်အထိပင် အရေးယူဆောင်ရွက်ကြပေလိမ့်မည်။

အတိုချုပ်ပြောရလျှင် ၎င်းတို့သည် နဂါးအမျိုးအစား သားရဲများကို လက်ဝါးကြီးအုပ်ရန်အတွက် ၎င်းတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြပေလိမ့်မည်။

သင်၏နောက်ကွယ်တွင် အလွန်တရာ အစွမ်းထက်သော အင်အားစု ရှိနေလျှင်ပင်...ထိုသို့ရှိနေလျှင်ပင် နဂါးထိန်းချုပ်သူဂိုဏ်းက လက်လျှော့လိမ့်မည် မဟုတ်ချေ။ သမိုင်းတစ်လျှောက်တွင် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ရပ်များပင် ရှိခဲ့ဖူးသည်။

စီနီယာ သားရဲမွေးမြူရေးပညာရှင် လျိုယွဲ့ထံမှ ထိုသတင်းကို သိလိုက်ရပြီးနောက် ကျန်းဟန်သည် ပိုင်လင်း၏အကြောင်းကို လူသိရှင်ကြား မထုတ်ပြခဲ့မိသဖြင့် အလွန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သူ အွန်လိုင်းတွင် ရှာဖွေခဲ့သော အချက်အလက်များထဲ၌ ထိုအကြောင်းအရာများ လုံးဝ မရှိခဲ့ချေ။ နဂါးထိန်းချုပ်သူဂိုဏ်းနှင့် ပတ်သက်သော ဖော်ပြချက်များမှာ အလွန်ပင် ရှားပါးလှပြီး အားလုံးမှာ အပြုသဘောဆောင်သော အချက်များသာဖြစ်ရာ ၎င်းတို့က သတင်းအချက်အလက်များကို ထိန်းချုပ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားသည်။

အမှန်တကယ်တွင် ကျန်းဟန်သည် သားရဲထိန်းချုပ်ခြင်း လောက၏ လက်ဝါးကြီးအုပ်မှုအကြောင်းကို လွန်ခဲ့သည့်အချိန်ကတည်းက ခန့်မှန်းမိထားခဲ့ပြီးဖြစ်ကာ လျိုယွဲ့ကဲ့သို့သော စီနီယာ သားရဲမွေးမြူရေးပညာရှင်တစ်ဦးမှတစ်ဆင့် ယင်းကို ပိုမိုသေသေချာချာ နားလည်သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော သားရဲလက်ဝါးကြီးအုပ်မှုဟူသည်မှာ အသစ်အဆန်း မဟုတ်ချေ။ သားရဲထိန်းချုပ်သူများ မဟာမိတ်အတွင်းရှိ အချို့မိသားစုများ သို့မဟုတ် အဖွဲ့အစည်းများအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ အဖွဲ့အစည်းကြီးများနှင့် မိသားစုကြီးများ၊ ၎င်းပြင် နိုင်ငံအသီးသီးကိုယ်တိုင်တွင်ပါ သားရဲလက်ဝါးကြီးအုပ်မှု အပြုအမူများ ရှိကြသည်။

သားရဲမျိုးနွယ်စုတစ်ခုခုကို လက်ဝါးကြီးအုပ်ရန်အတွက် သားရဲထိန်းချုပ်သူမိသားစုများစွာသည် ပြင်ပလောကတွင်ရှိပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်မရှိသော ထိုမျိုးနွယ်စုဝင် သားရဲအားလုံးကို သတ်ဖြတ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ အကယ်၍ ၎င်းတို့ကို မဖမ်းဆီးနိုင်ပါက လက်ဝါးကြီးအုပ်မှုတစ်ခု ဖြစ်တည်စေရန်အတွက် ၎င်းတို့ကို အားလုံး သတ်ဖြတ်ပစ်ကြပေလိမ့်မည်။

အစွမ်းထက်သော သားရဲများစွာမှာ ထိုနည်းလမ်းဖြင့် လက်ဝါးကြီးအုပ်ခြင်း ခံထားရခြင်းဖြစ်ပြီး နဂါးများမှာမူ ထိုအထဲမှ တစ်ခုမျှသာ ဖြစ်သည်။

ဤအချက်ကို သိရှိသွားပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို ခေတ္တမျှ ဖုံးကွယ်ထားရန်နှင့် အသုံးမပြုရန် ဆုံးဖြတ်လိုက်ပြီး ပြင်ပအတွက်မူ ဟုတ်ဟုတ်ကိုသာ အစားထိုးအသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် ယခုအခါ အခြေခံအဆင့် သားရဲထိန်းချုပ်သူ ဖြစ်နေပြီဖြစ်ရာ ဒုတိယမြောက် သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ဆိုနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဟုတ်ဟုတ်ကို လူသိရှင်ကြား ထုတ်ပြလိုက်လျှင်ပင် ပြဿနာရှိမည်မဟုတ်ချေ။ သူသည် ဤသားရဲကို မကြာသေးမီကမှ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်သည်ဟုသာ ပြောလိုက်ရုံပင် ဖြစ်သည်။

All Chapters