← Chapters

အခန်း ၆၀၁

Vol. 13 Ch. 601

အခန်း ၆၀၁

Vol. 13 Ch. 601

Chapter 601

ဝမ်းနည်းမှာထက် သူပိုပျော်ရပါတယ်

လုလျန့်ဝေသည် သူ့အဖေအား ဖျတ်ခနဲ ကြည့်၍ မေးလိုက်သည်။

“ ဘာလို့လဲ ၊ အဖေက သူ့အတွက် ဝမ်းနည်းနေတာလား”

လုဟယ့်ထျန်းက သမီးဖြစ်သူအား ကူကယ်ရာမဲ့ကြည့်ရင်း

“ မဟုတ်တာ သမီးရယ်၊ အဖေက ကျန်းအမျိုးသမီးကိုရှင်းပစ်လိုက်ပါ့မယ်လို့ သမီးအမေကို ကတိပေးခဲ့တာ၊အခုက အဖေ့လက်နဲ့ မသတ်ရဘဲ သူသေသွားပြီလေ၊ သမီးအမေကို ပေးထားတဲ့ကတိ အဖေ မတည်နိုင်တော့ဘူး။ အဖေ သမီးအမေအတွက် သိပ်ဝမ်းနည်းမိတယ််။ “

လုလျန့်ဝေ ခနတိတ်ဆိတ်သွားခဲ့သည်၊ ထို့နောက် သူမသည် သူမအဖေအားပြောလိုက်သည်။

“ တကယ်တော့ အမေက အဖေ့စိတ်ရင်းကို သိချင်ခဲ့ရုံပါပဲ။ သူ့အတွက်လုပ်ပေးချင်ခဲ့ရုံနဲ့တင်အဖေရဲ့ကတိကို အမေ နှလုံးသားထဲ စွဲနေမှာပါ၊ အဖေ ကျန်းအမျိုးသမီးကို သတ်သတ်၊ မသတ်သတ်ပေါ့။ပြီးတော့ သူ့သိုင်းပညာနဲ့တင် အမေရှင်းချင်ရင် ကိုယ်တိုင် ကျန်းအမျိုးသမီးကို ရှင်းပြီးလောက်ပြီ။အမေက သူ့ကို ဂရုကို မစိုက်တာ၊ ဒါပေမဲ့ အမေ့အတွက် ဆိုပြီး အဖေရှင်းပစ်လိုက်ရင်တော့ ဒါ အဖေက တလောကလုံးမှာ အမေ့ကို တန်ဖိုးအထားဆုံးဆိုတာ ပေါ်လွင်သွားမှာပဲလေ။ သူမချက်ချင်းတော့ ခွင့်မလွှတ်နိုင်သေးပေမဲ့ ခုအဖေ့ကို အရမ်းကြီး မုန်းတီးမနေတော့ဘူး အဖေ။ “

ယခုတော့ လုလျန့်ဝေသည် သူ့အဖေမှာ ကျန်းအမျိုးသမီးအပေါ်၌ ဘာစိတ်ခံစားချက်မှ မရှိတော့ဘူးဆိုတာ သေချာယုံကြည်သွားတော့သည်။

လုဟယ့်ထျန်း စိတ်ချမ်းသာသွားရဿည်။

သူအဖေ့ကို စိတ်မပျက်စေချင်သော်လည်း လုလျန့်ဝေသည် အမှန်အတိုင်းတော့ ပြောမှဖြစ်ပေမည်။

“အမေက အဲ့လိုတော့ မပြောပေမဲ့လည်း သမီးအထင်ကို ပြောပြတာပါ။”

လုဟယ့်ထျန်း၏ အရောင်တောက်နေသော မျက်လုံးများ မှိန်သွားပုံအရ သူ စိတ်တော့နည်းနည်း ပျက်သွားပုံပင်။

လုလျန့်ဝေသည် သူ့အဖေရဲ့ မျက်လုံးတွေကို သတိထားမိပြီး နှစ်သိမ့်ဖို့ကြိုးစားလိုက်သည်။

“ အရမ်းလည်း ဝမ်းမနည်းပါနဲ့ အဖေရဲ့။ အမေ ခွင့်မလွှတ်နိုင်တဲ့ အဓိကအချက်က ကျန်းအမျိုးသမီးသေသွားတာကြောင့်လည်းပါမယ်၊ ကျန်ခဲ့တဲ့နှစ်တွေအကြာကြီးမှာ သမီးတို့လည်း အမှန်တရားကို မသိနိုင်ခဲ့ဘူးလေ ။ “

လုဟယ့်ထျန်းမှာ ထိုစကားကြောင့် မျော်လင့်ချက်လေး အနည်းငယ်ပြန်သန်းလာပြီး သိချင်စိတ်နှင့် ထပ်မေးလိုက်သည်။

လုလျန့်ဝေသည် မူလက အမှန်တရားအား မပြောဘဲ နေလိုက်ရန် ဆုံးဖြတ်ထားခဲ့သော်လည်း အဖေ့ရဲ့ စိုးရိမ်စိတ်တွေနှင့် ထိုသူ၏ အမေ့အပေါ် ဂရုစိုက်မှုတွေအား သိလိုက်ရသောကြောင့် သူ့အဖေအား ထိုအမှန်တရားနှင့် ပတ်သက်၍ သူ့မှန်းဆချက်ကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

“ သမီး အထင်ကို ပြောတာနော်၊ အမှန်တရားက ဘာလဲဆိုတာ ဘယ်သူမှလဲ မသိနိုင်ဘူးလေ၊ သက်သေ ပြနိုင်မဲ့လူ ကလည်း ကျန်းအမျိုးသမီးတယောက်ပဲရှိတာ၊ သူကလည်း ခု သေသွားပြီ။ “

“ သမီးပြောချင်တာက ရွှမ်းအာ က အဖေ့သမီး မဖြစ်နိုင်ဘူးလို့လား “

လုလျန့်ဝေသည် သူ့အဖေရဲ့ အကြည့်တွေကို လေ့လာလိုက်သည်။ သူမ ကိုယ်တိုင်လည်း လုယွင်ရွှမ်းအပေါ် အဖေရဲ့ သဘောအား သေချာမသိပေ။ အခုချိန်ထိတော့ အဖေမှာ လုယွင်ရွှမ်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေသည်။ မူလ လုလျန့်ဝေအား ချစ်သလိုမျိုးကိုတော့ မမှီသော်လည်း အဖေက လုယွင်ရွှမ်းအပေါ် ချစ်ခင်ဆဲပါပင်။

သို့သော် လုယွင်ရွှမ်းသာ သမီးအရင်းမဟုတ်ခဲ့ပါက၊ အဖေ ဝမ်းနည်းသွားမလားဆိုသည်မှာ သူမ မသေချာတော့။

“ မမက တကယ့်သမီးအရင်းမဟုတ်ရင် အဖေ ဝမ်းနည်းသွားမှာလား? “

လုဟယ့်ထျန်း တွေးလက်စအား ရပ်သွားပြီး သူ့သမီးကို တွေးတွေးဆဆနှင့် ကြည့်ကာ ပြောလိုက်သည်။

“ ရှောင်အာကို အဖေ စောင့်ရှောက်လာခဲ့တာ ၁၀နှစ်ကျော်ပြီ၊ အခုမှ သမီးရဲ့ အစ်မအရင်း မဟုတ်ဘူးဆိုရင်အဖေ ဘယ်လိုလုပ်…. “

လုလျန့်ဝေသည် သူ့အဖေ၏ စကားအား ဖြတ်ပြောလိုက်ရသည်။

အဖေသည် လုယွင်ရွှမ်းအား ၁၀နှစ်ကျော်လောက် စောင့်ရှောက်လာခဲ့ရတာပင်။ သမီးတယောက်လို အရမ်း မချစ်ခင်ခဲ့ရင်တောင်မှ သနားခဲ့တဲ့စိတ်လေး တော့ ရှိနေလောက်သည်။

“ အရမ်းလည်း အတွေးနယ်မချဲ့ပါနဲ့ ၊ တကယ်တော့ ဒါက သမီး အထင်သက်သက်ပါပဲ။ “

လုဟယ့်ထျန်းမှာ ထိုစကားကြောင့် လုလျန့်ဝေအား တခုခုပြောဟန် ပြင်လိုက်သည်။

တကယ်လို့ လုယွင်ရွှမ်းးသာ သူ့သမီးအရင်း မဟုတ်ခဲ့ရင် သူ့အပေါ်ထားတဲ့ လီဟွားရဲ့ အမုန်းတရားတွေလည်း နည်းသွားပေလိမ့်မည်။

သို့သော်လည်း ဝေ့ဝေ့( လုလျန့်ဝေ ) ရှေ့တွင်တော့ ထိုစကားများအား သူပြောမထွက်ခဲ့။ ပြောပြလိုက်ရင် ဝေ့ဝေ့မှ သူ့အား စိတ်ကောင်းနှလုံးကောင်းမရှိတဲ့သူ၊ အတ္တကြီးတဲ့သူတယောက်ဟု ထင်သွားပေလိမ့်မည်။ သူ့သမီး ဝေ့ဝေ့ရဲ့ အမြင်မှာတော့ သူ့ပုံရိပ်အား ထိုကဲ့သို့ မညှိုးနွမ်းစေချင်ပေ။

ထို့ကြောင့် သူ ခေါင်းကို ဖြည်းဖြည်းသာ ငြိမ့်လိုက်သည်။

“ အထွေအထူးမရှိတော့ဘူးဆို သမီး နန်းတော်ကိုပြန်တော့မယ် အဖေ။ “

တလက်စထဲ သူမသည် လုဟယ့်ထျန်းအား အိပ်ရာထဲ သေချာလိုက်ပို့ရင်း လေးလေးနက်နက်ထပ်ပြောလိုက်သည်။

သူသည် အသက်သာ အိုလာသော်လည်း အခုချိန်ထိ သူ့ကလေးတွေ၊ အမေတွေကို စိတ်ဒုက္ခပေးနေတုန်းပဲပါလား။

သူ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည် ။

All Chapters