← Chapters

အခန်း ၆၀၂

Vol. 13 Ch. 602

အခန်း ၆၀၂

Vol. 13 Ch. 602

Chapter 602

အရှင်မင်းကြီးက မာယာနွံအတွင်း သက်ဆင်းမိတော့မယ်။

လေပြည်ညင်းတရားလွှတ်တော် ထဲကနေ ထွက်လာပြီးနောက် လုလျန့်ဝေသည် လုထင်ချန်းမှ နန်းတော်သို့ပြန်မပို့ခင် မြို့စားဟောင်းကတော်နှင့် အတူ စကားပြောရန် သွားခဲ့လိုက်သည်။

တော်ဝင်ခန်းမဆောင်တွင်ကျောက်ချန် တစ်ယောက် လမ်းလျှောက်လာရင်း လုံယန် ရဲ့ မျက်နှာရိပ်ကဲအား ခတ်လိုက်သည်၊ ထို့နောက်

သတိကြီးစွာဖြင့် လျှောက်တင်လိုက်သည်။

“ သခင် ၊ မင်းသမီး ပြန်ရောက်ပါပြီ။ “

ထိုတင်ပြချက်ကြောင့် လုံယန်သည် သူ့လက်ထဲမှ စုတ်တံအားတချက် ကြည့်၍ မတ်တပ်ရပ်ရန် ပြင်လိုက်သည်။ ထို့နောက် တခုခုအား သတိရသွားကာ ပြန်ထိုင်ရင်း တစ်ယောက်ထဲ သက်ပြင်းချလိုက်သည်။

ဒီကောင်မလေးကြောင့် ကိုယ်တော် ထိုင်မရ၊ထမရ ဖြစ်နေရတာမို့ ကိုယ်တော်လည်း အေးစက်မှုကို ပြန်ပြရတော့မယ်။သူသည် သူ့မအား အရမ်းရောင့်မတက်လာအောင် လုပ်မှရပေတော့မည်၊ မဟုတ်ပါက အနာဂတ်တွင် သူမသည် သူအား အရေးမစိုက်ဘဲ နေတော့မည်ပင်။

သခင်မှာ စုတ်တံကို ဘေးချပြီး မတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း၊ ချက်ချင်းပြန်ထိုင်လိုက်သောကြောင့် သူ နားမလည်နိုင် ဖြစ်သွားရတော့သည်။

ထို့အပြင် သခင်၏မျက်နှာမှာ ပို၍ပင် စိတ်ရှုပ်ထွေးဟန် ပေါ်လာခဲ့သည်။သူ နားမလည်နိုင်ဖြစ်နေသော်လည်း သခင်အား ဒီလိုအခြေအနေမျိုး၌ စိတ်အနှောင့်အယှက် ထပ်မပေးတော့ရန် ဆုံးဖြတ်၍ အဆောင်တော်ထဲမှ တိတ်တဆိတ်ပဲ ထွက်လာခဲ့လိုက်သည်။

လုလျန့်ဝေ တယောက် တော်ဝင်ဇာမဏီနန်းဆောင်တော်သို့ ပြန်ရောက်ပြီးနောက် ရေချိုးသန့်စင်ကာ၊ ဝတ်တော်လဲပြီး ကျူးယွီ ဆက်သသည့် ဆေးအား သောက်လိုက်သည်။

သူမ စစ်ဆေးကြည့်သော် ထိုနေရာ၌ အနီကွက်တွေ အရှင်း မပျောက်သေးတာတွေ့တော့ စိတ်ပူပြီး မေးလိုက်မိသည်။

“ ဒီလို အကွက်မျိုးတွေက ချက်ချင်းကြီးမပျောက်တတ်ဘူးလေ “

ချူးကျူးသည် သူမ၏ အမူအယာအား ကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်။

“ မနေ့က ဘုရင်ကြီး တော်ဝင်ဇာမဏီနန်းဆောင်တော်မှာ စက်တော်ခေါ်သွားပါတယ် သခင်မလေး။“

သို့သော် သူမ စကားပြောရင်း အနည်းငယ် အံသြသွားရသည်။

“ဒါပေမဲ့ ဧကရာဇ်က သခင်မလေး နန်းဆောင်မှာ မရှိတာသိလျက်သားနဲ့ မနေ့ညက ဆောင်တော်ကူးလာတယ်ဆိုတာတော့ ထူးဆန်းနေတယ်။ “

လုံယန် မနေ့ညက တကယ်ပဲ တော်ဝင်ဇာမဏီနန်းဆောင်တော်မှာ အိပ်သွားတာလား။ကျူးယွီက ဆက်ပြောလိုက်သည်။

“ ဒါတောင် လျော့ပေါ့တင်ပြတာပါ သခင်မလေး၊ အိမ်တော်ထိန်းကျောင်း ( ကျောက်ချန် ) ဆို မာန်မဲတောင်ခံရသေးတယ် ။ ကျွန်မဆို ဘုရင်ကြီး ဒီမနက် ဘာကြောင့်များ တော်တော် စိတ်အလိုမကျဖြစ်နေလဲ လို့စဉ်းစားကို မရဘူး သခင်မလေးရဲ့“

“ သခင်မလေးလဲ မရှိဘူး၊ ဘုရင်ကြီးကလဲ ကျွန်တော်မျိုးမတို့ကို ပေးမဝင်ဘူးရှင့်၊အဆောင်တော်ထဲဝင်သွားတာက မိန်းမစိုးကျောက်ဘုရင်ကြီးကို စောင့်မယ်ဆိုပြီး။ ကျွန်တော်မျိုးမ ထင်တာတော့ သုံးတော်ရေ အရမ်းပူသွားလို့များလား၊ ဒါပေမဲ့ ဒါလည်း ကျွန်တော်မျိုးမ အထင်သက်သက်ပါရှင့်။”

ဒီတခါ အံ့အားသင့်ရတာကတော့ လုလျန့်ဝေပင်။လုံယန်ကို ဒီလောက် ဇီဇာကြောင်လိမ့်မယ်လို့ သူမ မထင်ထားခဲ့။

“ ဒီနေ့မနက်ခင်းမှာ ကြင်ယာတော်ကျိ(ကျိလင်ဟွေ့)က တော်ဝင်ခန်းမဆောင်ကို အားဖြည့်စွပ်ပြုတ် လာဆက်သ သွားပါတယ်။ ဒါပေမဲ့ အခုလည်း သခင်မလေး ပြန်ရောက်လာပြီဆိုတော့ ဘုရင်မင်းကြီးကို တခုခု ဆက်သမလားရှင်။ “

ထိုစကားကြောင့် ကျူးယွီ သခင်မလေးအတွက် စိတ်ပူသွားမိပြီး…

“ သခင်မလေး မရှိတာ အခွင့်ကောင်းယူပြီး ကြင်ယာတော်ကျိ က အကြံနဲ့ ဘုရင်ကြီးကို ချဉ်းကပ်တာနေမှာ၊ သူမကို အခွင့်ရေးပေးလိုက်လို့မရဘူး သခင်မလေးရဲ့။ မဖြစ်ပါဘူး၊ သခင်မလေးလည်း စားတော်ပွဲတခုခု နဲ့ ဘုရင်ကြီးဆီ ခစားပါမှ ပဲ။ “

“ ဘာလို့စိတ်ပူနေတာလဲ။ သူမက ငါထက်တောင် နန်းဆောင်မှာရောက်တာ ကြာသေးတာ၊ ဘုရင်ကြီးသာ သူ့မအပေါ် စိတ်တော်ညွှတ်ရင် လက်ရှိနေရာမှာတောင် ရှိမနေတော့ဘူး။ “

သူတို့ သခင်မလေးရဲ့ အရေးမစိုက်ဟန်တွေကို မြင်ရပြီး ကျူးယွီ တယောက် ပို့လို့တောင် စိတ်ပူလာမိပါတယ်။

ကျူးယွီက ပြောရခက်နေပုံနဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားရာက ထပ် အထွန့်တက် လိုက်သည်။

“ အခု ဘုရင်ကြီးက ဆန့်ကျင်ဖက်ရဲ့ သဘာဝကို သိသွားပြီ၊ အဲ့ဒီအပေါ်မှာ သာယာသွားရင် သခင်မလေးပဲနောင်တတွေနဲ့ ကျန်ရစ်ဖြစ်မှာ၊ ဟိုကလည်း မိန်းမ မာယာနဲ့ ဖြားယောင်းသွားရင် ဘယ်လို လုပ်မလဲ သခင်မလေးရဲ့။ “

“နင် အဲ့လိုသာပေါက်တတ်ကရ ဆက်ပြောနေရင်တော့ငါ… ငါ တွေ့ကရာမိသားစုက ကောင်လေးနဲ့ညည်းလေးကို ပေးစားလိုက်မယ်နော်၊ ဒါမှ ပေါက်ကရတွေ ငါထပ်မကြားရတော့မှာ။ “

လုလျန့်ဝေ တယောက်ရှက်သွေးဖြာသွားပြီးကျူးယွီရဲ့ ပါးလေးအား လိမ်ဆွဲကာ အရှက်ပြေပြန်ပြောလိုက်လေသည်။

All Chapters