အခန်း ၆၀၃
Vol. 13 Ch. 603
Chapter 603
မှေးမှိန်သွားတော့မဲ့ သူ့ရဲ့ ကိုယ်သင်းနံ့လေး
ကျူးယွီက ခနတော့ ဆွံ့အသွားသော် မချိပြုံးလေးပြုံး၍
“ ဒါဆိုရင်တော့ သခင်မလေး ကျွန်တော်မျိုးမကို သတို့သားလောင်းချောချောလေး ရှာပေးမှဖြစ်မယ်၊မဟုတ်ရင်တော့ အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်တော့မှာရှင့်။ “
လုလျန့်ဝေ ခနဆွံ့အ သွားရသည်။
လုလျန့်ဝေ ထင်မိသည်မှာ ကျူးယွီများ ကြောက်များသွားမလားဟု၍။ သို့သော်လည်း သူမသည် အနည်းငယ်တောင် သွေးပျက်မသွားသည့်အပြင် ရယ်စရာတောင် လုပ်နိုင်သည့်အထိသတ္တိတွေရှိနေပါသေးသည်။ လုလျန့်ဝေမှာ ပြောစရာမရှိဆွံ့အသွားရသည်။
ထိုအချိန် ကျူးယွီက သူ့စကားကိုဆက်၍
“ သခင်မလေး အခုလည်း ဘာမှ လုပ်စရာမရှိမဲ့တူတူ ဟင်းလျာတမျိုးမျိုးလောက်ပြင်ဆင်ပြီး သွားဆက်သကြမလား၊ ကျွန်တော်မျိုးမပါ အဖော်လုပ်ပြီး တော်ဝင်နန်းဆောင်သွားရင်လိုက်ပို့ပေးမယ်လေ။ “
လုလျန့်ဝေ တယောက် မျက်လုံးလေးကို လှန်ကြည့်လိုက်ပြီး ဒီကောင်မလေးရဲ့ ဖြားယောင်းမှုတွေကို ရပ်ပစ်မှ ရတော့မည် ဆိုသည့် အတွေးနှင့် ပြောလိုက်သည်။
“ အတွေးနယ်မချဲ့နဲ့ ၊ ဘုရင်ကြီးက အဲ့လို လူစားမျိုး မဟုတ်ဘူး။ “
အိပ်ငိုက်လာသောကြောင့် လုလျန့်ဝေမှာ အိပ်ယာထဲသို့သာ သွားချင်နေတော့သည်။
“ အရမ်းလည်း စိတ်ပူမနေပါနဲ့၊ သခင်မလေးက စဉ်းစားတတ်တဲ့ အရွယ်ရောက်နေပါပြီ၊ အရင်ဆုံး အနားပေးယူလိုက်ပါ၊ ပင်ပန်းနေရှာပြီ။ “
ထိုအခါ လုလျန့်ဝေသည် ချူကျူအား ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်၍ ပြောလိုက်သည်။
“ ကျွန်တော်မျိုးမက စိတ်ပူလို့ပါ၊ သခင်မလေး ကောင်းဖို့ပဲ အဓိကပါ။ “
“ အင်းပါ၊ အင်းပါ၊ ကျူးယွီလေးက ငါ့ကို ဂရုအစိုက်ဆုံး၊ ဟုတ်ပြီလား။ ကဲ အခုတော့ ငါနားချင်လွန်းလို့ ငိုက်နေပြီ၊ကျန်တဲ့ကိစ္စတွေအကုန် ထလာမှ ဆက်လုပ်မယ်လေ ၊နော်။”
ထိုသို့ ကြားလိုက်ရတော့ ကျူးယွီတယောက် ပါးစပ်လေးပိတ်ပြီး ချူကျူနဲ့အတူ ထွက်ခွါသွားတော့သည်။နန်းဆောင်ထဲ အရာရာ တိတ်ဆိတ်သွားတော့မှ လုလျန့်ဝေလည်း အိပ်ရာဆီ သွားလိုက်တော့သည်။သန့်ရှင်းသပ်ရပ်နေသည့် အိပ်ရာကိုကြည့်ပြီး လုလျန့်ဝေ တယောက် အသာယာပြုံရင်း ထိုင်ချလိုက်သည်။
လုံယန်အိပ်စက်ခဲ့သည့် ခေါင်းအုံးလေးပေါ်သို့ သူမရဲ့လက်ချောင်းလေးများနှင့် ထိလိုက်သော် ကျန်ရစ်ခဲ့တဲ့သူ့ရဲ့ အငွေ့အသက်လေးတွေအား တိတိကျကျ ခံစားမိလိုက်ရသည်။ကြည်နူးမှုနဲ့အတူ ခနလေးအတွင်းမှာပဲ သူမ အိပ်ပျော်သွားခဲ့သည်။ထိုအချိန်တွင် လုံယန်မှာ ဦးတည်ရာမဲ့စွာနှင့် အောက်မေ့ဖွယ်နန်းဆောင် ခန်းမကိုဖြတ်ပြီး တော်ဝင်ခန်းဆောင်တလျောက် လျောက်သွားနေလေသည်။
နေ့လည်ပိုင်းရောက်သည့်အထိ လုလျန့်ဝေအား မတွေ့ရသေးသောကြောင့် သူ့ရဲ့ အမူအရာတွေလည်း တဖြည်းဖြည်းပို အေးစက် လာတော့သည်။
ကျောက်ချန်မှာ လုံယန်အား ကြောက်လွန်းသဖြင့် အသက်တောင် အောင့်ထားမိသည်။ သူသာ သခင်ကြီး လုံယန်ကို စုတ်တံနဲ့ မှင်ဘူး ဆက်သစရာ မလိုဘူးဆိုပါက၊ အခုချက်ချင်း ခန္တာကိုယ်ကို လုံးပြီး အဝေးကြီးသို့ လှိမ့်ချကာ ထွက်ပြေးလိုက်တော့မှာပင်။ သခင် စကားတခွန်းမှ မပြောသည်နှင့်အမျှ၊ နန်းဆောင်ထဲက တိတ်ဆိတ်မှုကလည်း ပို၍ မွန်းကျပ်လာသည်ဟု သူထင်လာမိသည်။
ကျောက်ချန် တယောက်ထဲ အတွေးများနှင့် ဗျာများနေစဥ် မျက်လုံးထောင့်မှ သူ့သခင်ထလာသည်အား တစွန်းတစ မြင်လိုက်ရသည်။
ရုတ်တရက် သူ သွေးပျက်သွားကာ လက်ထဲက စုတ်တံတောင် လွတ်ကျမလိုဖြစ်သွားရသည်။
သူ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သခင်မှာ တော်ဝင်ခန်းမဆောင်ထဲက ထွက်ခွာသွားပြီဖြစ်သည်။
တော်ဝင်ပန်းခြံထဲ လှည့်ပတ်နေစဥ် လုံယန်သည် ပြန်တော့မည်အပြု ကျောက်ဆောင်တွေနဲ့ အလှဆင်ထားတဲ့ ပန်းခြံငယ်လေးနောက်မှ တီးတိုးပြောသံအား ရုတ်တရက်ကြားလိုက်ရသည်။
“ ကြားရတာတော့ တော်ဝင်မင်းသားလေးနဲ့ ဧကရီတို့မှာ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ်တဲ့၊ ဧကရီဆို ကိုယ့်ကိုယ်ကို တောင် ကြံစည်ဖို့ ခနခန ကြိုးစားဖူးတယ်၊ အောင်မြင်လုနီးအထိ ဖြစ်ပြီး နတ်ရွာစံတော့မလိုဆိုပဲ။ “
“ အတူတူပဲ ငါလည်း ကြားဖူးတယ်။ အဲ့တုန်းကဆို ကြိုးဆွဲချပြီး သတ်သေဖို့တောင် ဧကရီက ကြံတာတဲ့၊ မြို့ထဲမှာဆို လူပြောများတဲ့ ဇာတ်လမ်းကိုဖြစ်လို့ လူတကာ ပါးစပ်ဖျားမှာ။ “
“ ဧကရီက မင်းသားလေးကို မရနိုင်မှန်းသိတော့ သူမရဲ့ ခံစားချက်တွေကို ဘုရင်ကြီးဆီ ပြောင်းလိုက်တယ်လို့ထင်တာလား၊ ဘုရင်ကြီးက မင်းသားလေးရဲ့ ဦးလေး တော်တော့ ရုပ်ရည်ကလဲ တူချင်ချင်ဖြစ်နေတာကိုး။ “
“ အဲ့တော့ ခင်ဗျားပြောချင်တာက ဘုရင်ကြီးကို ကြည့်နေပေမဲ့ စိတ်ထဲတော့ မင်းသားလေးကို စိတ်မှန်းနဲ့ကြည့်နေ ခံစားနေတယ်ပေါ့။ “
လုံယန် နောက်ကရှိနေတဲ့ ကျောက်ချန်မှာတော့ ထိုစကားများ ကြားလိုက်ရပြီး သွေးပျက်သွားရတော့သည်။ ဘယ်လောက် အတင့်ရဲလိုက်သလဲ၊ ဒီ အစေခံ နှစ်ယောက် က ရာရာစစ ဘုရင်နဲ့ ဘုရင်မအကြောင်းကို အတင်းပြောရရဲတယ်ပေါ့၊ အသက်ဆက်မရှင်ချင်တော့ဘူး ထင်တယ်။
လုံယန်ဘာမှ မပြောနိုင်သေးခင်မှာတင် ကျောက်ချန်တယောက် ကျောက်တုံးပန်းခြံလေး နောက်သို့ ပြေးသွားရင်း အစေခံ နှစ်ယောက်အား ဂုတ်မှ ဆွဲ၍ခေါ်လာခဲ့လိုက်သည်။
ပြောရင်းဆိုရင်းနှင့် ကျောက်ချန်မှာ လက်ကိုမြောက်လိုက်ပြီး အစေခံ နှစ်ယောက်အား ပါးတချက်စီ ခပ်ပြင်းပြင်းလေး ရိုက်၍ ဆုံးမလိုက်တော့သည်။