← Chapters

အခန်း ၆၀၄

Vol. 13 Ch. 604

အခန်း ၆၀၄

Vol. 13 Ch. 604

Chapter 604

မီးလောင်တိုက်သွင်းခံရလေမလား

ပါးရိုက်ခံလိုက်ရတဲ့ အစေခံ ကုန်းကုန်းလေးနှစ်ယောက်မှာ အံ့အားသင့်ပြီး ခနတာ ဆွံ့အသွားရသည်။ သို့သော်လည်း သူတို့ရှေ့ကိုရောက်လာသည့် ဘုရင်အား မြင်လိုက်ရသည့် အခါမှာတော့ တကိုယ်လုံးတောင့်တင်းပြီး ချက်ချင်းဒူးထောက်ချလိုက်မိတော့သည်။။

“ လုံးဝ အဓိပ္ပါယ် မရှိတဲ့ စကားတွေပါ၊ အမျက်တော်မရှပါနဲ့ ဘုရား”

အခုချိန်မှာတော့ မင်းစေကုန်းကုန်း နှစ်ယောက်ဟာ မော်ကြည့်ရန်ဆိုမထားနှင့်၊ နဖူးနဲ့ မြေကြီးကပ်ပြီး ပြားပြားဝပ်နေပြီဖြစ်သည်။ ကျောက်ချန်မှာ ဒေါသထွက်လွန်းသဖြင့် သူတို့ကို နောက်တခါ ထပ်ပြီး သင်းလို့ရရင် သင်းပစ်ချင်တဲ့ အထိပင်။ မင်းစေကုန်းကုန်းတွေရဲ့ ထင်တလုံး အတင်းဖျင်းတွေကြောင့် သူ သေချင်စော်ပါ နံလာလေသည်။ သူ့ရဲ့ အရှင်ကိုလည်း မျက်နှာတည့်တည့်တောင် မကြည့်ရဲအောင် ဖြစ်နေမိပြီဖြစ်သည်။

“ ကွပ်မျက်လိုက်။”

လုံယန် ရဲ့မျက်နှာသည် ဘာစိတ်ခံစားချက်မှရှိပုံမရပဲ တည်ငြိမ်နေခဲ့သည်၊ သို့သော် အမိန့်ပေးသံမှာ ပြတ်သားလွန်းလှ သဖြင့် ကြားရသူတိုင်း သွေးပျက်သွားမိသည် အထိပင်။

မင်းစေကုန်းကုန်းနှစ်ယောက်မှာ အရှင့်အမိန့်ကြားကြားချင်းပဲ မြေပေါ် ပျော့ခွေကျသွားပြီး မျက်နှာမှာလည်း သွေးရောင်ကင်းမဲ့လျက်။

ကျောက်ချန် လည်း တော်ဝင်ကိုယ်ရံတော်တပ်သား နှစ်ယောက်ကို အမိန့်ပေးပြီး မင်းစေကုန်းကုန်းနှစ်ယောက်အား ကွပ်မျက်ရန် ခေါ်သွားခိုင်းလိုက်သည်။ ထို့နောက် အရှင့်အနောက်မှ အပြေးလိုက်လာခဲ့သည်။ သို့သော်လည်း ထိုအချိန်ထိ သူ့အရှင် အနား ကောင်းကောင်းမကပ်ရဲသေးပေ၊ တစ်ခုခုသာ မှားသွားပါက သူပါ ရာဇမာန်ရှပြီး ခေါင်းဖြတ်ခံလိုက်ရနိုင်တယ်လေ။

ချန်ချူးယွီ ရဲ့ ဗျပ်စောင်းသံအား နားထောင်နေသည့် လုံချီမှာ ကျင်းချုံက အလျင်အမြန် ပြေးဝင်လာသည်အား တွေ့လိုက်ရသည်။ ထို့နောက် သူသည် လုံချီနားသို့ကပ်၍ အသံတိုးတိုးနဲ့ တစုံတခုအား တင်ပြလိုက်သည်။

ထိုတင်ပြချက်ကြောင့် လုံချီက နှုတ်ခမ်းကို တွန့်ရုံလေးကွေးကာ ပြုံးရင်း ကောင်းတယ်ဟု ရေရွတ်လိုက်လေသည်။

ချန်ချူးယွီမှာ ဗျပ်စောင်းတီးနေသော်လည်း ထိုသူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကိုတော့ စောင့်ကြည့်နေဆဲပင်။ထိုအချိန် လုံချီမှာတော့ သူ့အား ကျင်းချုံ ပြောပြသွားသည်ကို စဉ်းစားခန်းဝင်ပြီဖြစ်သည်။လုံချီသည် သူ့ရဲ့ဦးလေးဖြစ်သူမှာ မကျေမနပ်ဖြစ်နေလောက်ပြီဟု တထစ်ချ မှတ်ယူလိုက်သည်။ထိုသူမှာ ဘယ်လောက်သဘောထား ပြည့်ဝ နေပါစေ ၊ သူ့ရဲ့ ဧကရီငယ်ငယ်လေး ဇာတ်လမ်းရှုပ်မှာကိုတော့ ဘယ်လိုမှ သည်းခံလိမ့်မယ် မဟုတ်ပေ။

တွေးရင်းနှင့် လုံချီ တယောက် အသာအယာ ပြုံးမိလိုက်သည်။

လုံယန်သည် တော်ဝင်ပန်းခြံထဲမှနေ၍ တော်ဝင်ခန်းမဆောင်သို့ တန်းပြန်လာခဲ့သည်။

“ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီး အားလုံး ဆင့်ခေါ်လိုက်စမ်း”

ကျောက်ချန်မှာ တော်ဝင်ခန်းမထဲ ဝင်လာနေစဥ် ဘုရင်မင်းမြတ်ရဲ့ အမိန့်ပေးသံ ခပ်ပြတ်ပြတ်ကြောင့်တုန်လှုပ်သွားပြီး အမိန့်တော်အတိုင်း ပါလို့ လျှောက်တင်လိုက်ရသည်။

ခနအကြာ၌ ဝန်ကြီးနှစ်ပါးဝင်လာပြီးနောက် ပြန်ထွက်သွားလေသည်။ သို့သော် ထပ်ပြီး မကြာမီမှာပဲ ဝန်ကြီးဌာနအားလုံးဟာ ဒန်ဂျူးပြည်ကို စစ်ခင်းမည့် ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို သိရှိသွားကြတော့သည်။

ထိုတစ်ခနမှာ အစိုးရတဖွဲ့လုံး၌ တိတ်ဆိတ်မှုနှင့်သာ လွှမ်းခြုံသွားတော့သည်၊ ကာလရှည်ကြာ မဖြေရှင်းနိုင်ခဲ့တဲ့ ဒန်ဂျူး အရေးအား ယခုမှ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ခြင်းကို သူတို့ နားမလည်နိုင်တော့ပေ။

ထို့အပြင် အရှင်မင်းမြတ်ကိုယ်တိုင်က မည်သူနှင့်မှ မတိုင်ပင်ဘဲ တစ်ချက်လွှတ်မိန့်လိုက်သည့် အမိန့်ကြောင့်လည်း ပါဝင်သည်။

ဤသို့နှင့် ကြားထဲက ကန့်ကွက်နေကြသည့်သူတွေ ရှိနေတာတောင်မှ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေဟာစစ်ပွဲ အတွက် ပြင်ဆင်ကြဖို့ရန်မှာ ဆုံးဖြတ်ပြီးနေပြီ ဖြစ်ကြောင်း သိလိုက်ကြရလေသည်။

အရှင်မင်းမြတ် ရဲ့ နောက်ထပ် အမိန့် တခုကတော့ မြို့စားကြီးကို သူ့ရဲ့တပ်မတွေနဲ့အတူ သုံးရက်အတွင်းရှေ့တန်းထွက်ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။

ကျောက်ချန်မှာ အမိန့်စာအား ကျစ်ကျစ်ပါအောင် တော်ဝင် ဆုတ်ကိုင်ထားလေသည်။ သူ့ပုံမှာ စာတမ်းအား မီးရှို့လိုက်ကြမည့်ဘေးမှ ကာကွယ်နေသည့်ပုံပင် ပေါ်နေခဲ့သည်။ အရှင်မင်းမြတ် ရုတ်တရက် အမျက်တော်ရှပြီး စစ်မိန့်ပေးလိုက်ခြင်းမှာ ဟိုမင်းစေကုန်းကုန်းနှစ်ယောက်ကြောင့်များလားဟု သူထင်မိသည်။

ရာဇမျက်စောင်း အကြောင်းသုံးပါးမရွေးပုံများ အင်မတန်ကြောက်ဖို့ကောင်းတာပဲ၊ သနားစရာကောင်းလိုက်တဲ့ ဒန်ဂျူးပြည်ပဲ။

သို့သော် မြို့စားကြီးကို ရှေ့တန်းပို့တာကရော ချက်ချင်းလုပ်ဖို့ လိုလို့လား။

ဘုရင်မလေးသာသိရင် စိတ်ဆိုးပြီး စိတ်တော်ညိုးသွားလောက်မလား။ကျောက်ချန်သည် သူ့အားပေးအပ်လိုက်သည့် အလုပ်ရဲ့ ကြီးလေးသော ဖိအားကို ခံစားမိလာတော့သည်။

သို့သော် မည်မျှပဲ သူစိတ်လေးနေပါစေ၊ မင်းမိန့်အရ မြို့စားကြီးရဲ့ စံအိမ်တော်သို့ သူ မြန်မြန်သွားမှ ဖြစ်ပေလိမ့်မည်။မြို့စားကြီးတို့၊ မြို့စားကတော်ဟောင်းကြီးတို့အား ကိုယ်တိုင်ထွက်လာပြီး အမိန့်စာတမ်းကို ယူခိုင်းဖို့ထိတော့ ကျောက်ချန် သတ္တိမရှိပေ။

ထို့ကြောင့် ကျောက်ချန်သည် မြို့စာကြီးစံအိမ်ရောက်သည်နှင့် လုဟယ့်ထျန်း၏ လေပြည်ညင်းတရားလွှတ်တော်ဆီ တန်းသွားလိုက်သည်။

လုဟယ့်ထျန်းသည် သိလိုစိတ်ပြင်းပြစွာနှင့် အမိန့်စာတမ်းအား ဖွင့်ပြီး ဖတ်လိုက်လေသည်။

သူ စာထဲရှိ စကားလုံးတွေအား ဖတ်ပြီးချိန်မှာတော့ သက်ပြင်းလေး တချက်ကိုသာ ချလိုက်နိုင်ရုံကလွဲလို့အရာရာမှာ ခနတာ တိတ်ဆိတ်နေခဲ့လျက် ။

All Chapters