အခန်း ၆၀၆
Vol. 13 Ch. 606
Chapter 606
နောင်တမရှိတဲ့ ဘဝကို ဖြတ်သန်းပါ။
ထိုစကားအား ကြားလိုက်ရသည့်အချိန်၌ လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့သားအဖမှာ ဆွံ့အသွားခဲ့ရလေသည်။သူတို့နှစ်ယောက်လုံးရဲ့ နှလုံးသားထဲတွင်တော့ ပထမဦးစားပေးမှာ မိသားစုသာ ဖြစ်သည်။
မြို့စားကတော်ဟောင်းက ဆက်ပြောလိုက်သည်။
“အမေတို့အတွက် ပူမနေပဲ သားတို့ ဆန္ဒရှိတာကို ဆက်လုပ်ပါ။ အမေနဲ့ ဝေ့ဝေ့ တို့ကလည်းသားတို့ စိတ်ပူသလိုမျိုး သားတို့ဆန္ဒရှိတဲ့ အတိုင်း အကောင်အထည်မဖော်ရမှာ စိတ်ပူနေကြတာပဲလေ။တိုက်ပွဲပျော်ရဲ့တယ်ဆိုရင် မြေးအတွက် ဒီအချိန်က အကောင်းဆုံး သက်သေပြရမဲ့ အချိန်ပဲကွယ့်။နောင်တ မရရအောင် သွားပါ၊ မဟုတ်ရင် အဘွားတို့ စိတ်ကောင်းမှာ မဟုတ်ဘူး။”
မြို့စားကတော်ဟောင်း၏ စကားအဆုံး၌ လုထင်ချန်းသည် သူ့အဖေအား ကြည့်လိုက်လေသည်။လုဟယ့်ထျန်းတယောက် သက်ပြင်းသာချနိုင်ပြီး ခေါင်းအားအသာယာ ငြိမ့်ပြလိုက်တော့သည်။လုထင်ချန်းသည် အဘွားရှေ့၌ ဒူးထောက်ချလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘွားဘွား၊ ကျွန်တော် နားလည်ပါပြီ။ အခုပဲ နန်းတော်ဆီသွားပြီး အရှင်မင်းမြတ်ဆီမှာခွင့်ပြုချက် တောင်းလိုက်ပါတော့မယ်။”
မြို့စားကတော်ဟောင်းသည် မြေးဖြစ်အား ပြန်ထူကာ ရပ်ခိုင်းရင်း ကျေနပ် နှစ်သိမ့်နေမိသည်။ သူမသည် သူမထက်တောင် အရပ်မြင့်လာပြီဖြစ်သည့် လုထင်ချန်းအား တစိမ့်စိမ့်ကြည့်နေပေသည်။ အရင်တုန်းကဆိုလျှင်လည်း လုတင်းချန်သည် စစ်သူကြီးရှန်းဇီရဲ့ တပ်ထဲသို့ ဝင်၍ စစ်ပွဲဆီ သွားချင်ခဲ့သော်လည်း သူမနှင့် ဝေ့ဝေ့အား စိတ်မချသောကြောင့် မဝင်ခဲ့ရပေ။
အခု အရွယ်ရောက်လာချိန်မှာတော့ ငယ်ငယ်ထဲက ရည်းမှန်းချက်ကို အဘွားနဲ့ ဝေ့ဝေ့ကြောင့်သာ ထပ်ပြီး အကောင်ထည် မဖော်လိုက်ရလျှင် သေချာပေါက် နောင်တရနေရတော့မှာဖြစ်သည်။
မြို့စားကတော်ဟောင်းသည် လုထင်ချန်း၏ လက်မောင်းကြီးကို ပုတ်၍
“ သွားတော့မြေးလေး၊ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ခဲ့ပါ၊ အဘွားနဲ့ ဝေဝေတို့က အမြဲတမ်း ဒီမှာပဲ စောင့်နေမှာပါ။ “
လုတင်းချန် ထွက်ခွါသွားပြီးနောက် မြို့စားကတော်ဟောင်းကြီးက သားဖြစ်သူအား ကြည့်လိုက်သည်။
“ သား လီဟွားကို ဂရုစိုက်တာ အမေသိပါတယ်ကွယ်၊ ဒါပေမဲ့ သားတို့ကြားက ပဋိပက္ခက ခနလေးနဲ့ ပြေလည်သွားမှာ မဟုတ်သေးဘူးလေ။အရမ်းလည်း နောက်ဆံ မတင်းနေပါနဲ့။ သား စစ်ထွက်တာနဲ့ အမေ သူ့ကို လာနေခိုင်းလိုက်မှာပါ။ အမေက ဘယ်လိုမျိုး ယောက္ခမကောင်းလို ဆက်ဆံတယ်ဆိုတာ သူသိတော့ ငြင်းမှာ မဟုတ်ပါဘူးကွယ်။ စစ်ပွဲအောင်ပြီး ပြန်လာရင် သားကိုတောင် ခွင့်လွှတ်နေလောက်မှာပါ။ ဒီကိစ္စတွေထဲ အားလုံးထဲမှာမှ သူ အလိုမကျတာဆိုလို့ ကျန်းအမျိုးသမီးသေဆုံးရတဲ့ကိစ္စ တခုပဲရှိတော့မှာပါ။”
မြို့စားကတော်ဟောင်း၏ စကားအဆုံးတွင် လူဟဲထျန်းတယောက် စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။
“ လျှောက်မပြောစမ်းနဲ့ ၊ အမေက လီဟွားကို သမီးအရင်းလိုပဲ အရမ်းချစ်တာ၊ အဲ့ဒီ အချိန်ကတောင် သားကို ကျန်းအမျိုးသမီးနဲ့ ဇာတ်လမ်းရှုပ်တော့ စိတ်တော်တော်ဆိုးခဲ့တာလေ၊ သမီးလီဟွားလေး က နင့်ကိုမရွံရင်တောင် ငါက နင့်အစား တော်တော် ရှက်ခဲ့ရတာ၊ ဒီလို မိန်းမနဲ့များ ရှုပ်ရတယ်လို့အေ။”
မြို့စားကတော်ဟောင်းမှာ ထိုကိစ္စအား အခုထိ မမေ့နိုင်သေးပေ။ လီဟွားသည် ချွေးမကောင်းတယောက် ဖြစ်ခဲ့သလို ရှန်းဇီ အတွက် အဖော်မွန်ကောင်း တယောက်ဖြစ်ခြ့သည်။ သူတို့ နှစ်ယောက် ရဲ့ အိမ်ထောင်ရေးမှာလည်း အရမ်းသာယာခဲ့ပြီး ဟို အမျိုးသမီးကျန်း တယောက် ကြားဝင် မဖျက်ဆီးခင်ထိ လှပခဲ့ရလေသည်။
မြို့စားကတော်ဟောင်းသည် ယခုအချိန်ထိ ထိုကိစ္စအား နောင်တရနေမိတုန်းဖြစ်သည်။
သို့သော်လည်း အခုအချိန်၌ လီဟွားလည်း ပြန်လာပြီဖြစ်သည်။ ဒီတခါတော့ ဘာပဲဖြစ်နေပါစေ သူမ ထပ်မထွက်သွားရအောင် ကြိုးစားရတော့မည်ဖြစ်သည်။
လုဟယ့်ထျန်းမှာတော့ လီဟွားပြန်လာခြင့်ကြောင့် ပို၍ပင် ရှက်ရွံ့မိပြန်သည်။ သူသည်လည်း မှားမိခဲ့သည့် နောင်တများအား လီဟွားထံသို့ တောင်းပန်ချင်စိတ်တွေ ဖြစ်နေခဲ့ခြင်းပေ။။
ထို့ကြောင့် သူသည် ချက်ချင်းဆိုသလို မေးလိုက်လေသည် ။
“ ဝေဝေ ပြောတာတော့ ကျန်းအမျိုးသမီး နဲ့ ချန်းအာ နဲ့တူတူပြန်လာတာ တခုခု ထူးဆန်းနေတယ်တဲ့၊ အဲ့ဒါ အမေ ဘယ်လို ထင်မိလဲ။ “
မြို့စားကတော်ဟောင်းကြီးသည် သက်ပြင်းချရင်း သူ့သားအား ကြည့်လိုက်သည်။
“ မင်းကိုယ်တိုင်ကို သွားမေးပါလား ။ မင်း ကျန်းအမျိုးသမီးကို ထိကပါးရိကပါး လုပ်ခဲ့မိလားလို့။”
လုဟယ့်ထျန်း၏ ယောင်္ကျားပီသသည့် မျက်နှာဟာ သွေးရောင်လွှမ်းသွားပြီး
မြို့စားကတော်ဟောင်းက နှာခေါင်းရှုံလိုက်သည်။ ထို့နောက် သူ့သားက ထိုအကြောင်းပြောလို့ စိတ်ပျက်သွားတာကို ကြည့်ရင်း ဒေါသတွေထွက်လာတော့သည်။
ထိုစဉ်က ကျန်းအမျိုးသမီးသည် ကလေးတယောက်နှင့် ပေါ်လာပြီး လီဟွားရှေ့ တွင် ကလေးကို မွေးစားပေးဖို့ တိုးလျှိုးတောင်းပန်ခဲ့လေသည်။ ကျန်းအမျိုးသမီးက သူမ နဲ့ဟယ့်ထျန်းတို့ တွေ့သည့် နေရာနဲ့အချိန်ကိုပါ အတိအကျ ပြောပြ၍ သူမအတွက် အမှန်တရား ပေါ်ပေါက်စေရန် လီဟွားအား အသနားခံခဲ့ခြင်းပေ။
မြို့စားကတော်ကြီးနဲ့ ဟယ့်ထျန်းတို့ အကြောင်းစုံသိရပြီး ချက်ချင်းလိုက်လာတဲ့ အချိန်မှာတော့ လီဟွားသည် သွေးတွေ အန်၍ သတိလစ်နေခဲ့ပြီဖြစ်သည်။