အခန်း ၆၀၇
Vol. 13 Ch. 607
Chapter 607
သွေးစွန်းခဲ့တဲ့ အဝတ်လေး တစ်ထည်
သူမရဲ့ အခြေအနေအား မြင်လိုက်ရသည့်အချိန်တွင် ရှန်းဇီ ထိတ်လန့်သွားခဲ့ရသည်။
အရင်ကတော့ အကျိုးဆက်တွေကို တွေးမနေတော့ဘဲ သူမတို့ သားအမိကို သတ်ပစ်ချင်တဲ့အထိ ရှန်းဇီ စိတ်ကူးထားခဲ့ခြင်းပေ။
မည်သို့ပင်ဆိုစေ၊ ရှန်းဇီအား တားရန် လီဟွားသည် အချိန်မီလေးတင် ရောက်လာခဲ့ပြီး ရှန်းဇီကို မေးခွန်းတခုပဲ အေးလိုက်သည်။ သူနဲ့ ကျန်းအမျိုးသမီးတို့ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ကြလား ဟူ၍။
ထိုအချိန်မှာ ရှန်းဇီသည် အရမ်းကို အလျင်စလို ဖြစ်နေခဲ့ပြီး သူမရဲ့မေးခွန်းကို မဖြေနိုင်ခဲ့။
ထိုစဉ်ထဲက လီဟွားသည် ရှန်းဇီအား နောက်ထပ် အခွင့်ရေးမပေးရန် ဆုံးဖြတ်လိုက်တော့သည်။
သူမသည် ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းလို့ပဲ မှတ်ယူထားလိုက်လေသည်။
နောက်ပိုင်းမှာတော့ ရှန်းဇီက သူအရက်အရမ်းမူးနေလို့ တခါတော့ မှားသွားမိပါတယ်ဟူ၍ ရှင်းပြလာခြ့သည်။
သို့သော်လည်း ရှန်းဇီလို လူမျိုးရဲ့ စကားကို လီဟွား ဘယ်လို စိတ်ချယုံနိုင်ပါတော့မလဲ။
အဲ့ဒီအချိန်က ဖြစ်ခဲ့တာတွေ ပြန်စဉ်းစားရင်း သူမနှင့်ဝေ့ဝေ့ရဲ့ ထင်မြင်ချက်တွေနဲ့ ပေါင်းလိုက်သည့် အခါမှာတော့ မြို့စားကတော်ဟောင်း၏ ရင်ထဲက သံသယတွေဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ ကြီးထွားလာ တော့သည်။
“ ဘာကြောင့် ချက်ချင်းကြီး အရက်မူးသွားပြီး ကျန်းအမျိုးသမီးရဲ့ အခန်းထဲ သွားရတာလဲ ။ သူမရဲ့ အကွက်ထဲ ဝင်ချင်နေတာလား။ “
လီဟွားရဲ့ စိတ်ထဲမှာတော့ သူမသားဟာ အပြစ်မကင်းသော်လည်း၊ ကျန်းအမျိုးသမီးမှာလဲ သိပ်ကောင်းလှသည့် မိန်းမထဲတော့ မပါနေပေ။ အဲ့ဒီ အမျိုးသမီးဟာ သူ့သား မူးနေတာကို အခွင့်ကောင်းယူပြီးသွေးဆောင်ဖျားယောင်းခဲ့လိမ့်မည်။ သို့မဟုတ် သူ့သားရဲ့ စာရိတ္တအရ အဲ့ဒီ အမျိုးသမီးနဲ့ တခါမှ ဖောက်ပြားခဲ့ခြင်း မရှိတာမျိုးလည်း ဖြစ်နိုင်သေးသည်။
လုဟယ့်ထျန်းသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော်လည်း ထိုနေ့က ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိဖို့ ကြိုးစား စဉ်းစားနေခဲ့သည်။
ထို့အပြင် သူမရဲ့ ဆေးပညာကျွမ်းကျင်မှုနှင့် စိတ်ကောင်းရှိသည်အတွက် သိုင်းလောကမှာလည်း ပို၍ ကျော်ဇောလာခဲ့သည်။ လူအများအပြားဟာ သူမဆီသို့ ဆေးကုသရန်အတွက် လာရောက်ခဲ့ကြရသည်။
ထိုလူတွေများထဲတွင် ငယ်ရွယ်ချောမောသည့် သိုင်းသမားတွေလည်း ပါဝင်ပေသည်။
လီဟွားသည် စိတ်သဘောထားကောင်းပြီး လွတ်လွတ်လပ်လပ် နေတတ်သည့်သူ ဖြစ်သောကြောင့် ယောင်္ကျားနှင့် မိန်းမ နီးနီးကပ်ကပ် မနေရဘူးဟူသည့် ရှေးရိုးစွဲတွေလည်း မရှိပေ။ သူနှင့် အဆင်ပြေနေသရွေ့ ယောင်္ကျား ဖြစ်စေ၊ မိန်းမဖြစ်စေ အရက်သောက်ရင်းလည်း ပြောဆိုဖော်ရွေတတ်တဲ့ သူပင်။
တစ်ခါကဆိုလျှင် သူ့မိန်းမနှင့် ဓါးသမား တယောက် အရက်တူတူသောက်နေတုန်း သူဟာ သဝန်တိုပြီး သူမကို မချေမငံဆက်ဆံခဲ့မိလိုက်သည်။ အကျိုးဆက်ကတော့ ရက်အတော်ကြာကြာ သူ့မိန်းမ သူ့ကို စကားလည်းမပြော၊ အိမ်ထဲ လည်း အဝင်မခံတော့တာပင်။
စိတ်ညစ်ညစ်နဲ့ သူ အရက်တွေ ပိုသောက်လာမိသော်လည်း မည်မျှမူးနေပါစေ လီဟွားနဲ့ ကျန်းအမျိုးသမီးကို လူမှားတဲ့ထိတော့ သူမဖြစ်ခဲ့ပေ။
သူ အကြီးအကျယ် သွေးပျက်သွားရပြီး ကျန်းအမျိုးသမီးကိုလည်း ချက်ချင်း နှင်ထုတ်ခဲ့သည်။
အမှန်တွင် သူသည် ကျန်းအမျိုးသမီးအား သတ်ပစ်ဖို့အထိပင် စဉ်းစားမိခဲ့သည်။အကြောင်းမှာ သူ အပြစ်တခု လုပ်မိပြီး လီဟွားအပေါ် သစ္စာမဲ့ခဲ့ရတဲ့အတွက်မိန်းမနှစ်ယောက် အချင်းများပြီး သူတို့ အိမ်ထောင်ရေးပျက်စီးမှာ မလိုလားလို့ပဲ ဖြစ်သည်။
မထင်ထားခဲ့တာကတော့ ကျန်းအမျိုးသမီးဟာ နောက်ဆယ်လ အကြာ၌ သူ့ဆီကို ကလေးတယောက် ပိုက်ပြီး ပြန်လာခဲ့မည်ဆိုသည်ကိုပင်။
သူအံ့အားသင့်ရသည်က ထိုည၌ ဘာဖြစ်ခဲ့လဲဆိုတာကို သူကိုယ်တိုင် မမှတ်မိခြင်းပေ။ သူ မှတ်မိသမျှမှာ သူနှင့် ကျန်းအမျိုးသမီးသည် သင်းရနံ့ထုံအဆောင်တော်ကို ကူးသည့် လမ်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။ နောက်ပိုင်း ဆက်ဖြစ်သမျှကိုတော့ သူ မမှတ်မိတော့။
လုဟယ့်ထျန်းသည် သူ့အမေ ရဲ့ သိချင်စိတ်နှင့် မေးသမျှ မေးခွန်းတိုင်းအား ထိုစကားတခွန်းတည်းသာ ပြန်ဖြေနိုင်တော့သည်။
မြို့စားကတော်ဟောင်းကြီးသည် သူ့သား၏ အဖြေကြောင့် ထပ်မေးလိုက်သည်။
ခေတ္တတွေးပြီးနောက် တွေးတွေးဆဆနှင့် လုဟယ့်ထျန်း ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ ကျွန်တော် နိုးလာတော့ ကျန်းအမျိုးသမီး အိပ်ယာထဲမှာ ၊ အိပ်ယာမှာလဲ သွေးစွန်းနေတယ်။”
“ အပျိုစင်ရဲ့သွေးစွန်းတာတော့ လုပ်ကြံပြလို့ရတယ်။ ဒါပေမဲ့ ကျန်းအမျိုးသမီးဆီမှာ မင်းရဲ့ အတွင်းခံ ရောက်နေတယ်။ အဲ့အတွင်းခံကလည်း လီဟွားကိုယ်တိုင် ချုပ်ပေးထားတဲ့ဟာ။ ဘာလို့ တခြားမိန်းမ လက်ထဲ ရောက်နေရတာလဲ။ သားတို့ ဘာမှ မဖြစ်ခဲ့ကြဘူး ဆိုရင်တောင် ဒါက ငြင်းရခက်တယ်။ ဒါကြောင့်မို့လည်း လီဟွားဆီ အဲ့ သွေးစွန်းနေတဲ့ အတွင်းခံယူလာပြီး ပြတဲ့အချိန်မှာ လီဟွားဟာ သွေးတွေအန်ပြီး မူးလဲ သွားခဲ့တာ။အဲ့အတွင်းခံကြောင့် ကျန်းအမျိုးသမီးရဲ့ စကားကို ယုံပြီး မင်းကို မုန်းသွားခဲ့တာ။”
စကားအဆုံးမှာတော့ မြို့စားကတော်ဟောင်းသည် သက်ပြင်းတချက်အား ဖြည်းဖြည်းချင်း ချလိုက်တော့သည်။ဒီကိစ္စသည် မေးခွန်းတွေအများကြီး ထွက်ပေါ်လာစေသည်။ကျန်းအမျိုးသမီးက သူ့သား မူးနေတာကို အခွင့်ကောင်းယူပြီး လီဟွား အယောင်ဆောင် မြူဆွယ်ခဲ့တာလား။ဒါမှမဟုတ် ဘာမှပဲ တကယ် မဖြစ်ခဲ့ကြတာလား။
ရှန်းဇီကတော့ ဘာတခုမှ မမှတ်မိတော့ပေ။ နောက်ဆုံးမှာတော့ထိုအတွင်းခံလေး တစ်ထည်ကပဲ လီဟွားရဲ့ နောက်ဆုံးခံနိုင်ရည်ကို ကုန်ဆုံးသွားစေခဲ့သည့် အရာတခု ဖြစ်ခဲ့တော့သည်။