← Chapters

အခန်း ၆၀၈

Vol. 13 Ch. 608

အခန်း ၆၀၈

Vol. 13 Ch. 608

Chapter 608

ယောက်ဖကို နိုင်စားတဲ့ ဘုရင်လား

ဘယ်မိန်းမက ကိုယ့်ယောင်္ကျား အတွင်းခံ တခြားမိန်းမလက်ထဲရောက်နေတာကို သည်းခံနိုင်မှာလဲ။ဘယ်လိုမိန်းမကများ အတွေးမလွန်မိဘဲ နေနိုင်မှာလဲ။အခု ကျန်းအမျိုးသမီးလဲ သေဆုံးသွားပြီဆိုတော့ သက်သေခံပေးမဲ့သူလည်း မရှိတော့ပေ။

ရှန်းဇီနဲ့ ကျန်းအမျိုးသမီးကြား ဘာဖြစ်ခဲ့လဲ ဆိုတာ ပိုလို့ ရှင်းရခက်ခဲသွားခဲ့ပြီဖြစ်သည်။ဘာမှ မဖြစ်ခဲ့ကြဘူးဆိုရင်တောင် သူ ငြင်းချက်ထုတ်စရာ လူက သေဆုံးသွားခဲ့ပြီ။ တစ်ဖက်သတ် ရှင်းပြချက်ဆိုတာကလည်း ယုံဖို့ ခက်ခဲလှသည်။

ထို့အပြင် ရွှမ်းအာသည်လည်း ကြီးလာပြီဖြစ်သည်။ကျန်းအမျိုးသမီး သေရွာက ပြန်ထလာပြီး အဖြစ်မှန်ကို ရှင်းပြမှသာ လီဟွားတယောက် ယုံကြည်နိုင်တော့မည်ဖြစ်သည်။

အခုအချိန်၌ ရှန်းဇီ မည်မျှရှင်းပြနေပါစေ လီဟွားရဲ့ ရင်ထဲက အစိုင်အခြမှာတော့ တသက်လုံး ရှိသွားလိမ့်မည်ပင်။

“ ကဲ.. သားလည်း သုံးရက်အတွင်း စစ်ထွက်ရတော့မှာ ဆိုတော့ ဒီကိစ္စ ခနထားပြီး ပြန်သက်သာလာဖို့ ပဲ ဂရုစိုက်ထားဦး။ လီဟွား ကိစ္စကို စိတ်မပူနဲ့၊ အမေ အကုန် တာဝန်ယူတယ်။ “

မြိုးစားကတော်ဟောင်းက ပြောလိုက်သည်။

လုဟယ့်ထျန်းသည် စိတ်မသက်မသာ ဖြစ်နေသော်လည်း သူ ဘာမှ မတတ်နိုင်တဲ့ အခြေအနေမို့ ခေါင်းသာငြိမ့်ရင်း သူ့အမေပြောတာ လက်ခံလိုက်ရသည် ။

မြို့စားကတော်ဟောင်းသည် သက်ပြင်းချ၍ အန်တီလန် ရဲ့ လက်အား တွဲကာ ထွက်ခွါသွားတော့သည်။

လုထင်ချန်းသည် နန်းတော်သို့ ရောက်သည်နှင့် တော်ဝင်ခန်းဆောင်ဆီ တည့်တည့် ဦးတည်သွားပြီးအရှင်မင်းမြတ်အား ခစားရန် ဝင်သွားလိုက်သည်။ထိုအချိန်၌ လုံယန်သည် ဘိုးဘေးတွေရဲ့ အမှတ်တရတွေကို ကြည့်ရှုနေခဲ့သည်။

သူသည် လုထင်ချန်း သူလာမည်ဆိုတာ သိပြီးသားမို့ မအံ့ဩတော့ပေ။သူက ဦးခေါင်းကိုတောင် ငဲ့မကြည့်ပဲ မေးလိုက်သည်

လုံယန်သည် ဦးခေါင်းကို အသာယာ ငဲ့လိုက်ပြီး လေသံနှင့် မိန့်လိုက်သည်။

လုထင်ချန်းက လျှောက်တင်ရင်း အလျင်အမြန် ဒူးထောက် ဂါဝရပြုလိုက်သည်။

လုံယန် က လက်ကို အနည်းငယ်မြောက်၍ ပြောလိုက်သည်

“ထပါ။”

လုထင်ချန်းလည်း မတ်တပ်ရပ်ရင်း မေးခွန်းအားကြားတော့ ခေါင်းငြိမ့်ရင်း ပြန်ဖြေလိုက်သည်။

“ အရှင်မင်းကြီးက ကျွန်တော်မျိုးကို အဖေနဲ့အတူ ရှေ့တန်းထွက်ခွင့်ပြုလိုက်ပြီဆိုတော့ အခုကစပြီး ပြင်ဆင်စရာတွေနဲ့အလုပ်များတော့မှာမို့ ဝေ့ဝေ့ကို သွားနှုတ်ဆက်နိုင်မယ် မထင်ပါဘူး အရှင်။”

ထို့နောက် နောက်ထပ် အတွေး တခု ဝင်လာပြီး အရှင့်အား ထပ်လျှောက်တင်လိုက်သည်။

“ ကျွန်တော်မျိုး အဖေက ဝေ့ဝေ့ကို ငယ်ငယ်ထဲက မျက်နှာသာပေးခဲ့တော့ သူဟာကလေးဆိုးလေးလို ကြီးပြင်းလာခဲ့တာပါ။ အရှင့်အပေါ် ဆိုးပြီး ပြောမှားဆိုမှားတွေ ရှိခဲ့ရင် သည်းခံပေးပါလို့ ကျွန်တော်မျိုး တောင်းပန်ပါရစေ အရှင်။”

ထိုစကားအား ကြားရတော့ လုံယန်သည် လုထင်ချန်းအား ကြည့်လိုက်မိသည်။လုထင်ချန်းမှာ တည်တည်ကြည်ကြည်နှင့် တင်လျှောက်နေသောကြောင့် သူ့ညီမအတွက် အမှန်တကယ် ဂရုစိုက်လို့ ပြောတာဖြစ်ကြောင်း လုံယန် ယုံကြည်သွားရသည်။ ရုတ်တရက်ဆိုသလို သူ့ရင်ထဲက မတင်မကျ ဝေဒနာမှာလည်း ပျောက်ကွယ်သွားသလိုပင်။

သူသည် ဝေ့ဝေ့ထက် အသက်အရွယ်အရ အများကြီးကြီးနေသော်လည်း အဘယ်ကြောင့်များ သူမနှင့် သက်ရွယ်တူလို ပြုမူနေမိလိမ့်။

သူကသာစိတ်မကြည်ဖြစ်နေတာ ၊ ဟိုကလေးမကဖြင့် သူ ဘာဖြစ်နေမှန်းတောင် သိပါရဲ့လား မသိ။

ဘာကြောင့်များ သူ ဒီလိုဖြစ်နေပါလိမ့်။

လုံယန်သည် ပြုံးရုံပဲ တတ်နိုင်တော့သည်။ ထိုကလေးမလေးသည် သူ့အပေါ် အလွန် စိုးမိုးနိုင်လှသည်။ သူ့မအပေါ်တွင် အမျက်တော်ပင် မရှရက်တဲ့ထိ သူ့၏စိတ်အား စိုးမိုးနေခဲ့သည်။

လုံယန်သည် ထိုနေ့တပိုင်းလုံး တော်ဝင်နန်းဆောင်ထဲ၌ အတော်ကြာအောင် စိတ်သောကတွေရောက်ခဲ့ရသည်။

သူသည် ထိုအကြောင်းများအား ပြန်စဉ်းစားမိပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“မင်းနဲ့ ယောက္ခထီး တို့ ရှေ့တန်းကို စိတ်ဖြောင့်ဖြောင့်သာ သွားကြပါ။ ကိုယ်တော် ဝေ့ဝေ့ကို ဂရုစိုက်ပြီး သေချာ ဆက်ဆံပါ့မယ်။ မြို့စားကတော်ဟောင်းကိုလည်း ဂရုစိုက်ဖို့ လူတယောက်ယောက် လွှတ်ထားလိုက်မယ်။”

လုထင်ချန်းသည် ကျေးဇူးတင်စွာနှင့် ဒူးထောက်၍ လျှောက်တင်လိုက်သည်။

ရုတ်တရက် လုံယန်သည် လုထင်ချန်းအနားရောက်လာပြီး ထူမကာ

“ ဟေ့ကောင်၊ မင်းက ကိုယ်တော့်ယောက်ဖပဲလေ၊ကြုံတိုင်းကိုယ်တော့်ကို ဒူးထောက်မနေပါနဲ့ ၊ မင်းညီမ ဝေ့ဝေ့သာတွေ့ရင် ကိုယ်တော်က အနိုင်ကျင့် နေတယ်လို့ ထင်နေပါဦးမယ်”

လုထင်ချန်းလည်း ပြုံးစေ့စေ့နှင့် နှာခေါင်းကို ပွတ်ရင်း အသာ ထလိုက်လေသည်။

နန်းဆောင်ထဲမှ ထွက်လာနောက် သူတို့ တော်ဝင်ဇာမဏီနန်းဆောင်ဆီသို့ ဦးတည်လိုက်ကြသည်။

ထိုအဖြစ်အပျက်တွေအား တခုမှ မသိလိုက်သည့် လုလျန့်ဝေကတော့ နှစ်ခြိုက်စွာ အိပ်စက်နေလေသည်။

လုံယန်ကလည်း ကျောက်ချန်အား လက်ကာပြရင်း ကြိုသတင်းမပို့စေခဲ့ပေ။

လုံယန်နှင့် လုထင်ချန်းတို့ နှစ်ယောက်မှာတော့ အိပ်ယာထခါစ အိပ်ချင်မူးတူးဖြစ်နေသည့် ဝေ့ဝေ့အား မြင်ရဖို့ရန် တော်ဝင်ဇာမဏီနန်းဆောင်ဆီသို့ ဦးတည်လာခဲ့တော့သည်။

All Chapters