အခန်း ၆၀၉
Vol. 13 Ch. 609
Chapter 609
သူမရဲ့အလှမှာ တိမ်းမူးခဲ့ခြင်းကိုမှ သိပါလေစ
လုလျန့်ဝေသည် သူတို့နှစ်ယောက် ဝင်လာတော့ အံ့အားသင့်သွားလေသည်။ သူမ အိပ်ချင်မူးတူးဖြစ်နေတာတောင် ပျောက်သွားရပြီး မေးလိုက်မိသည်။
“ ဘာလို့ ရှင်တို့ နှစ်ယောက် တူတူ ရောက်လာကြတာလဲ။”
လုံယန်သည် သက်ပြင်း တချက်ရှိုက်လိုက်မိသည်။ သူ ထင်ထားသလိုပင်။
သူတယောက်ထဲ တနေ့ကုန် တော်ဝင်နန်းဆောင်၌ ပူလောင်နေခဲ့သော်လည်း ဒီကလေးမကတော့ သူစိတ်ဆိုးနေသည်ဆိုတာကိုပင် သိပုံမပေါ်ပါပေ။
သူမသည် အပူပင်ကင်းစွာနှင့် ကောင်းကောင်းကို အိပ်မောကျနေခဲ့တာ ဖြစ်လိမ့်မည်။။
လုံယန်သည် သူမအား ငေးကြည့်နေသဖြင့် လုလျန့်ဝေသည် မျက်နှာလေး ရဲကာ ရှက်နေပြီဖြစ်သည်။
ထိုသို့သာဆိုလျှင် သူသည် တယောက်ထဲ ပူလောင်နေခဲ့သော်လည်း၊ သူ့ဝေဝေမှာတော့ အိပ်ကောင်းချင်း အိပ်နေတာမှ နိုးလာမည်ပုံပင် မပေါ်ပေ။
လုထင်ချန်းသည် အရှင်မင်းမြတ်၏ မျက်နှာရိပ်ကဲကိုကြည့်၍ သူ့ညီမ ဝေ့ဝေ့ကြောင့် ရွှေစိတ်တော်ညိုနေပြီဆိုတာ သတိထားမိသွားတော့သည်။
လုထင်ချန်းသည် သူ့ညီမရဲ့ ဆက်ဆံပုံကြောင့် စိတ်လဲဆိုးရသလို၊ တချိန်ထဲမှာပဲ စိတ်လဲ နည်းနည်း ပူပန်သွားရသည်။
ဘယ်လောက်ပဲ အရှင်မင်းကြီးက အလိုလိုက်အကြိုက်ဆောင်ထားပါတယ် ပြောပြော သူမအနေနဲ့ အရမ်းတော့ အခွင့်ကောင်းမယူသင့်ဘူးဟု သူထင်မိသည်။ အခုဆို အရှင်းမင်းမြတ်ကို မြင်တာတောင်မှ အရိုအသေ လေးတောင် မပြုတာ သူ တွေ့နေရသည်။
လုထင်ချန်းသည် သူ့ညီမကို အရှင်မြတ် အမျက်တော်ရှ မှာ စိုးတာကြောင့် လှမ်းပြီး မာန်မဲလိုက်ရသည်။
“ ဝေ့ဝေ့၊ ငါ့ကိုအရှက်ရအောင်မလုပ်နဲ့ ၊ အရိုအသေ ပြုလေ။ “
ထိုအခါမှ လုလျန့်ဝေ ဟာ အသိဝင်လာပြီး သူ့အကိုကြီး ဘာကြောင့် ဒေါသထွက်ဟန်ကို ချုပ်တည်း ထားရလဲဆိုတာ သဘောပေါက်မိတော့သည်။ သူမသည် မတ်မတ်ရပ်၍ လုံယန်အား အရိုသေ ပေးလိုက်သည်။
“ အရှင့်ရဲ့ သစ္စာရှိလှစွာသော ကြင်ယာတော်မှ နှုတ်ခွန်းဆက်သ လိုက်ပါတယ် အရှင်။ ကျွန်တော်မျိုးမ ကို အရှင်မင်းကြီး လာရောက်ခြင်းဖြင့် အသေရေတိုးစေအောင် ချီးမြင့်တော်မူတာကို အလိုက်မသိတဲ့ အပြင် အဆောင်ယောင် ပြည့်စုံစွာနဲ့ ဧည့်ကြိုမပြုမိတဲ့ အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ။ “
လုလျန့်ဝေ၏ ထိုအပြုအမူကြောင့် လုံယန် အသည်းနာကျင်သွားရသည်။ ဒီအမျိုးသမီးလေး ဒူးထောက်၍ သူ့အား လုပ်ရိုးလုပ်စဉ်အတိုင်း ခစားနေသည်ကို သူ မခံစားနိုင်ပေ။
သူမသည် ထိုကဲ့သို့သော် အရာတွေအား အရမ်းမုန်းသည်ကို သူသိပြီးသားပင်။ သူ့လို ဘုရင်ဖြစ်နေတာတောင်မှပေါ့။
လုံယန်သည် သူမအားအပြေးတပိုင်းလေး ထူဖို့ သွားရင်း ပြောလိုက်ရသည်။
လုံယန်မှာတော့ သူမ ကို စိုက်ကြည့်၍ ရင်မောသွားသည်။ သူသာ ရာဇအိန္ဒြေကို ထောက်မနေမိပါက ထိုကောင်မလေးအား သလွန်ညောင်စောင်းပေါ်မှ ထွက်မပြေးနိုင်ရန် သူတက်ဖိထားမိပေတော့မည်။။
လုလျန့်ဝေမှာတော့ သူမရဲ့ အပြုမူကြောင့် ဘုရင်ကြီးရင်ထဲ ဘာတွေဖြစ်သွားမှန်း သိပုံမရပေ။ သူမသည် မတ်တပ်ရပ်၍ ကိုယ်ဟန်ကို ပြင်ရင်း ကျူးယွီဘက်လှည့်ကာ ပြောလိုက်သည်။
“ ကျူးယွီရေ၊ အရှင်မင်းမြတ်နဲ့ ယောက်ဖတော်ကို ရေနွေးကြမ်း နဲ့ ဧည့်ခံဖို့ မြန်မြန်လေး သွားပြင်ချေနော်။ “
ကျူးယွီသည် ပြန်ဖြေရင်း အလျင်မြန် မသွားခင် လုထင်ချန်းအား တချက် ခိုးကြည့်သွားခဲ့သည်။
“ ဒီနေ့ နန်းတော်ကိုလာတာ ကိစ္စတခုခုများရှိလို့လား အစ်ကိုကြီး။ “
လုထင်ချန်းရဲ့ နဖူးကြောတွေမှာ တွန့်သွားရတော့သည်။ သူ့ညီမရဲ့ ဒီလိုဆက်ဆံပုံအား မြင်ရသည်မှာ သူ့အတွက် ထူးဆန်းနေခဲ့သည်။
“ ဧကရီမလေးရဲ့ မေးခွန်းကို ဖြေရရင် တကယ်တော့ ကျွန်တော်မျိုး နှုတ်ဆက်ဖို့ လာခဲ့တာပါ။ “
သူမသည် တခုခု စဉ်းစားနေပုံနှင့် ထိုင်ချလိုက်ပြီး လေသံတိုးတိတ်စွာနှင့် မေးလိုက်လေသည်။
“ ဘယ်ကို သွားမလို့လဲ အစ်ကိုတော်ရဲ့၊ အရာရာ အဆင်ပြေနေတယ် မဟုတ်လား ။”
လုထင်ချန်းရဲ့ နှုတ်ခမ်းမှာ မဲ့ပြုံးလေး တခု တွဲလွဲခိုသွားရသည်။ဒီလိုတွေ အရမ်း နန်းဆန်ပြနေတာ ဒီကောင်မလေး ငါ့ကို ရွဲ့နေတာပဲနေမှာ ၊ အခုနက ငါသူ့ကို မာန်မဲလိုက်မိလို့ထင်တယ်။
“ အဖေနဲ့တူတူ နောက်သုံးရက်ဆို ရှေ့တန်းသွားတော့မလို့။ အဲ့တာကြောင့် လာနှုတ်ဆက်တာပါ။ “
လုလျန့်ဝေမှာတော့ ထိုစကားကြောင့် အခုနက နန်းဆန်တာတွေ ချက်ချင်းပျောက်သွားပြီး ဆတ်ခနဲ မတ်တပ်ရပ်မိရင်း မေးလိုက်တော့သည်။
“ ဘယ်လို၊။ ဖေဖေနဲ့ ကိုကို ရှေ့တန်းစစ်မြေပြင် သွားတော့မယ်၊ ဟုတ်လား။ “
လုထင်ချန်းကတော့ လုံယန်ကို ကြည့်၍ သူ့ညီမလေးအား ရှင်းပြလိုက်သည်။
“ အရှင်မင်းမြတ်က ဒန်ဂျူးပြည်ကို အောင်နိုင်စေရေး တို့သားအဖကို အခွင့်ရေး ပေးလိုက်တယ်။ ဖေဖေ က တပ်မဟာမှူးအဖြစ်နဲ့ ပြီးတော့ ကိုကို့ ကိုတော့ စစ်သူကြီး ရာထူးအနေနဲ့ အရှင်က ခန့်အပ်လိုက်တယ်။”
လုလျန့်ဝေသည် လုံယန်အား အံ့အားတသင့်နှင့် ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
ရှန်းပြည်ထောင်နှင့် ဒန်ဂျူး၏ စစ်မက်ပြုဖို့ အရေးမှာ အချိန်အနည်းသာ လိုတော့တာဖြစ်သည်။ဤသည်မှာလည်း လုံယန်က သူတို့ မင်္ဂလာပွဲအတွက် စီစဉ်နေရလို့သာ ဖြစ်သည်။လုံယန် စစ်ပွဲကို မစချင်သေးသည်မှာ ဝေဝေသည် သူမအဖေသာ စစ်ပွဲမှာပါသွားပါက စိတ်ပူနေရမည်ကို သူ မကြည့်ရက်လို့သာ ဖြစ်သည်။
နောက်တချက်ကတော့ လုံယန်သည် သူ့ရဲ့ အမျက်တော်အား တခြားနည်းတခုနှင့် ဖြေလျော့ချင်သည့် အနေဖြင့်ပင်။ မည်သို့ပင်ဆိုစေကာမူ၊ အမှန်တကယ်တွင် ချမှတ်ထားသည့် အစီစဉ်ထဲက တခုအနေနှင့် လုဟယ့်ထျန်းကို တပ်မဟာမှူး တာဝန်ပေးလိုက်တာလဲ အပါအဝင်ဖြစ်သည်။
သူ့ အမိန့်အား မထုတ်ပြန်သေးသည်မှာလည်း ဝေ့ဝေ့သည် သူ့မအဖေသာ စစ်ပွဲထဲ လိုက်ပါသွားပါက ပူပန်နေရမှာစိုးသောကြောင့်ဖြစ်သည်
လုလျန့်ဝေသည် သတင်းအား ကြားသည်အခါ အံ့အားသင့်ခဲ့ရသည်။ ရုတ်တရက်ကြီးမို့ စိတ်လဲ ပူသွားတော့လေသည်။
ဘယ်လောက်ပဲ သိုင်းလောကမှာ အဆင့်မြင့်ပါတယ် ဆိုဆို၊ စစ်ပွဲထဲမှာ မထိခိုက် ဒါဏ်ရာမရနိုင်ဘူးဟုတော့ ဘယ်သူမှ အာမ မခံနိုင်ပေ။ သို့သော်လည်း လုံယန် ကိုယ်တိုင် ဆုံးဖြတ်ပြီးပြီမို့ သူမ ဝင်မပါတော့တာ အကောင်းဆုံးသာ ဖြစ်သည်။
သူမ အဖေအကြောင်း သူမ အသိဆုံးဖြစ်နေတာလည်း ပါသည်။ သူမအဖေသည် စစ်တိုက်သည့်နေရာတွင် ပါရမီ ပါလေသည်။ ထိုသူ၌ ရှန်းပြည်ထောင်အား သမိုင်းပေးတာဝန်အရ ကာကွယ်ရမည့် တာဝန်လဲ ရှိသည်။
ထို့ကြောင့် ရင်ထဲရှိ ပူပန်နေမှုများအား သူမ သိမ်းဆည်းထားလိုက်တော့သည်။လုလျန့်ဝေသည် သူမအစ်ကိုဆီသွား၍ လက်တွေကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခေါင်းငုံ၍ တိတ်ဆိတ်နေရာမှ မော့လာပြီး ပြောလိုက်သည်။
“ မြင့်မြတ်စွာ စစ်တိုက်ချင်တာက အစ်ကို့ဘဝ ရည်မှန်းချက်ဆိုတာ ညီမလေး သိပါတယ်။ ဒါက အခွင့်ကောင်းကြုံတာပဲ။ ဘွားဘွားကို ညီမလေး စောင့်ရှော က်ပါ့မယ်။ လုံးဝကို ဖေဖေရော ကိုကိုရော စိတ်ပူစရာမရှိပါဘူးနော်။”
လုထင်ချန်းလည်း စိတ်မကောင်းဖြစ်သွားပြီး သူ့ညီမလေး လက်ကို ပြန်ဆုပ်ကိုင်ရင်း နားထောင်နေလိုက်သည်။ သူ့ညီမလေးတွင် ဒီလို စိတ်ထားမျိုးရှိမည်ဟု သူမထင်ထားခဲ့ပေ။ အကယ်၍သာ သူ့ညီမလေး က စိတ်မချပဲ စိတ်ပူနေပါက သူသည်လည်း သွားရတာ စိတ်မဖြောင့်သောကြောင့် စစ်ပွဲထဲမှာတောင် အာရုံတွေ ထွေပြားနေရတော့မည်ပင်။