အခန်း ၆၁၀
Vol. 13 Ch. 610
Chapter 610
ရှင်ကလွဲလို့ ဘယ်သူ့ကို ဆိုးနွဲ့စရာရှိလို့လဲ
အခုတော့ သူ့ရဲ့ ညီမလေးသည် လာမယ့်ဘေး ပြေးတွေ့ဆိုသလို သန်သန်မာမာ နှင့် သတ္တိရှိတာ တွေ့ရတော့ နောက်ဆံတင်းနေစရာ မလိုတော့ဘဲ သူစိတ်ချနိုင်ပြီဖြစ်သည်။
လုထင်ချန်းသည် ဝေဝေ၏ခေါင်းကို အသာယာပွတ်သပ်ရင်း နွေးနွေးထွေးထွေးလေး ပြုံးမိလိုက်သည်။
“ ဟုတ်ပါပြီ၊ အကိုနဲ့ ဖေဖေ ရွှေမြို့တော်ကြီးမှာ မရှိတုန်း ညီမလေးကို စိတ်ချရပါစေ။ အထူးသဖြင့် မင်းပဲ။ ကိုယ့်ဟာကိုယ် သေချာဂရုစိုက်ပြီးနေနော်။”
နောက်ဆုံးစကားရဲ့ အဓိပ္ပါယ် နှစ်ခွထွက်ခြင်းကို လုလျန့်ဝေ နားလည်လိုက်သည်။
သူမအကို စိတ်ပူနေသည်မှာ နန်းတွင်းအရှုပ်အထွေးတွေပင် ဖြစ်သည်။ သူမ ထီးနန်းရေးရာတွေမှာ ကြားညှပ်ပြီး ဒုက္ခတွေ့မှာ မလိုလားတာမို့ ပိုပြီး ဂရုစိုက်စေချင်ခြင်းဖြစ်သည်။
“ သိပါပြီ အကိုကြီး။”
လုလျန့်ဝေသည် မျက်ရည်များနှင့် ခေါင်းငြိမ့်ပြလိုက်သည်။
သူမဝမ်းနည်းရသည်က အဖေရော အကိုရော ခရီးတခုကြောင့်မဟုတ်ပဲ စစ်ပွဲထဲသို့ တပြိုင်ထဲ ပါသွားရတာကြောင့်ပင်။
စစ်ပွဲဆိုသည်မှာ ကြမ်းတမ်းရက်စက်ပြီး စတင်ရ လွယ်သလောက် ရပ်ချင်တိုင်း ရပ်လို့မရသည့် အရာပင်ဖြစ်သည်။
သူမ စဉ်းစားရင်း ကြက်သီးတွေ ထလာပြီး အကိုနဲ့ အဖေအတွက် မတွေးရဲအောင် ဖြစ်နေမိသည်။
သို့သော်လည်း သူမ ဝမ်းနည်းပြနေလို့ မဖြစ်ပေ။ သူမအကိုအတွက်တော့ နောက်ပိုင်းကိုသာ စိတ်မချရနိုင်ပါက တိုက်ပွဲတွင် အန္တရာယ်ရှိနိုင်လိမ့်မည်။
လုံယန်သည် သူမဆီသို့ လျှောက်သွားပြီး ပခုံးလေးအားကိုင်ကာ အားပေးလိုက်သည်။ သူသည် ဘာစကားမှတော့ မပြောခဲ့။လုလျန့်ဝေက လုံယန်အား မော့ကြည့်လိုက်သည့်အခါမှာတော့ သူမ မျက်လုံးများသည် ရဲနီနေလေသည်။ လုလျန့်ဝေသည် ထိုအရာအား သူမအကို မြင်မှာစိုးသဖြင့် ကပျာကရာနှင့် ခေါင်းကို ငုံ့လိုက်တော့သည်။
“ အကိုကြီး သုံးရက်အတွင်း ရှေ့တန်းသွားရမှာ ဆိုတော့ ပြင်ဆင်စရာတွေ များနေမှာပဲ။ နေ့လည်စာ တူတူစားဖို့တော့ ဆွဲမထားတော့ပါဘူး။ ဖေဖေ လည်း အကိုကြီး နဲ့ တိုင်ပင်စရာတွေ ရှိနေမှာ ဆိုတော့ အိမ်ပြန်တော့မလား။”
သူသည် တခုခုထပ်ပြောချင်သော်လည်း ပြန်ထိန်းလိုက်ရင်း
လုလျန့်ဝေက သူမအကို ထွက်သွားသည်အား ကြည့်၍ လှမ်းအော်ရင်း ပြောလိုက်သည်။
“ အကိုကြီး၊ အဖေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်နော်။ ညီမလေးရော မေမေနဲ့ ဘွားဘွားရော အကိုကြီးတို့ ရွှေနန်းတော် ပြန်လာတာကို စောင့်နေမယ်။”
လုထင်ချန်း၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသော်လည်း သူသည် လှည့်မကြည့်ဘဲ လက်သာ ဝှေ့ယမ်းပြရင်း ထွက်ခွာသွားလေသည်။
မြင်ကွင်းက ပျောက်သွားတဲ့ထိ ကြည့်ရင်း လုလျန့်ဝေသည် မျက်ရည်များနှင့် ငေးကျန်နေခဲ့သည်။
လုံယန်က သူမရဲ့ ခေါင်းလေးကို ကိုင်၍ ရင်ဘတ်ထဲသို့ ပွေ့ယူလိုက်သည်။
သူသည် ကျောလေးကို အသာယာ လက်နဲ့ သပ်ပေးရင်း မေးလိုက်သည်။
လုလျန့်ဝေသည် လူချင်းပြန်ခွါ၍ ချစ်စရာကောင်းသည့် မျက်နှာလေးအားမော့ပြီး ဖြေလိုက်သည်။
“ ငါ့ကြောင့်သာ မဟုတ်ရင် သူတို့လည်း ဒန်ဂျုးကို သွားတိုက်စရာ မလိုဘူးလေ။”
“ အကိုကြီးနဲ့ဖေဖေ ရှေ့တန်းသွားလို့ စိတ်မချတာမှန်ပေမဲ့၊ အဲ့တာ သူတို့ ကာကွယ်ရမဲ့ ရှန်းပြည်ထောင်စုရဲ့ သမိုင်းပေးတာဝန်ဆိုတာတော့ ကျွန်မ သိပါတယ်။ ပြီးတော့ သူတို့ကို တာဝန်ပေးတယ် ဆိုထဲက သူတို့ အစွမ်းအစကို ရှင်ယုံကြည်ထားလို့ ဆိုတာ ပေါ်လွင်တယ်လေ။ ကျွန်မ ဂုဏ်ယူရမှာပေါ့၊ ဘာလို့ ရှင့်ကို စိတ်ဆိုးရမှာလဲ“
ထိုစကားကြားရတော့မှ လုံယန်သည် စိတ်သက်သာရာရသွားတော့သည်။
“ မင်းက ဒီလိုပြောမှတော့ ကိုယ်တော်လည်း စိတ်မပူတော့ပါဘူး။ အရမ်းကြီး စိတ်ပူမနေပါနဲ့ ၊ ယောက်ဖနဲ့ ယောက္ခမ တို့က ပြန်လာမှာပါ။ သူတို့က ရှန်းပြည်ထောင်ရဲ့ အကောင်းဆုံး စစ်သူကြီးတွေပဲလေ။ “
လုလျန့်ဝေမှာတော့ လုံယန်၏ရင်ခွင်ထဲမှနေ၍ ခေါင်းလေး ညိမ့်ပြလိုက်သည်။လုံယန်သည် သူမရဲ့ မျက်နှာလေးအား မေးစေ့မျကိုင်၍ မော့စေပြီး နီရဲနေသည့် မျက်လုံးများနှင့် နှာခေါင်းလေးကို ကြည့်လိုက်လေသည်။
သူမသည် ဝမ်းနည်းနေသော်လည်း သူ့ရှေ့မှာတော့ အတတ်နိုင်ဆုံး မပေါ်အောင် ထိန်းထားနေသည်။လုံယန်သည် ဝေ့ဝေ့၏ အားတင်းထားတာကို မြင်ရသဖြင့် နာကျင်နေမိသည်။သူသည် ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရင်း ငြင်သာစွာ အားပေးလိုက်သည်။
လုလျန့်ဝေသည် ထိုစကားကြောင့် လုံယန်၏ရင်ခွင်ထဲ၌ ငိုမိကာ မျက်ရည်တွေကိုလည်း ထိုသူ့အင်္ကျီနှင့် သုတ်လိုက်တော့သည်။သို့သော် မျက်ရည်က ဝဲရုံသာမို့ အရမ်းတော့ ပေမသွားခဲ့ပါပေ။ ထို့နောက် သူမသည် လုံယန်၏အင်္ကျီနှင့် နှပ်သုတ်ရန် ကြံလိုက်သေးသည်၊ သို့သော်လည်း နှပ်မှာ မထွက်သဖြင့် မသုတ်လိုက်ရ။
လုံယန်မှာတော့ သူ့မအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ သက်ပြင်းသာချနေသည်အား မြင်လိုက်ရသဖြင့် မေးလိုက်လေသည်။
လုလျန့်ဝေသည် သူ့အား ဖယ်တွန်းလိုက်ပြီး ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။သူမသည် မေးစေ့အား လက်ပေါ်သို့ထောက်၍ လုံယန်ကို ငေးကြည့်ရင်း လေသံလေးနှင့် မေးလိုက်သည်။
“ ခုနက ရှင့်ပေါ်မှာ နှပ်သုတ်ဖို့ လုပ်တာ၊ နှပ်က မထွက်တော့ စိတ်နည်းနည်း ညစ်သွားလို့ရယ်။”
ရုပ်ရှင်တွေမှာ ပါလာတတ်တဲ့ ပုံမှန် ပြကွက်တွေလိုမျိုးလေ။မင်းသမီး စိတ်ထိခိုက်ပြီး ငိုရတိုင်း မင်းသားရဲ့ ရင်ခွင်ထဲကနေ မျက်ရည်တွေကို သုတ်ရင်း အင်္ကျီလက်မောင်းမှာ နှပ်တွေ သုတ်ပစ်တတ်ကြသလိုမျိုးပေါ့။