Chapters

အခန်း ၆၁၁

Vol. 13 Ch. 611

အခန်း ၆၁၁

Vol. 13 Ch. 611

Chapter 611: မင်းရဲ့စိတ်ထဲမှာ ကိုယ်နေရှိတာသိရတဲ့အတွက် ပျော်မိတယ်

လုံယန် သည် သူမထိုကဲ့သို့ အလေးအနက် ပြောသည်ကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သော်လည်း ထို့နောက်တွင် သူမအား ထိုင်ခုံပေါ်မှ မတင်ကာ နှာခေါင်းကို လက်ညှိုးဖြပွတ်သတ်လိုက်လေသည်။

“ ဆိုးသွမ်း‌လိုက်တဲ့ကောင်မလေး ကိုယ်မင်းကို နှစ်သိမ့်နေပေမယ့် မင်းက‌ေတာ့ကိုယ့်ကို ယုတ်မာတဲ့အကျင့်တွေလုပ်ဖို့ တွေးတယ်ပေါ့”

လုလျန့်ဝေသည် သူ့ခါးကို ဖက်ထားရင်း ဒေါသတကြီးပြန်ဖြေလိုက်သည်။

“ ဟုတ်တယ် ရှင်က ကျွန်မဘဝရဲ့ ဇာတ်လိုက်ပဲ မဟုတ်လား။ ရှင်ကလွဲရင် ကျွန်မကဘယ်သူဖြစ်နိုင်မှာလဲ”

“ ဇာတ်လိုက်။ ဇာတ်ပို့။”

လုံယန် ဒီစကားစုနှစ်ခုက စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးမိလိုက်သည်။

“ဘာကိုဆိုလိုတာလဲ”

လုလျန့်ဝေ က ခဏ စဉ်းစားပြီး

“အရှင်မင်းကြီးကျွန်မတို့က စာအုပ်တစ်အုပ်ထဲမှာ အသက်ရှင်နေကြတယ်လို့ ရှင့်ကိုပြောရင် ယုံမှာလား”

လုံယန် က သည်သူမကို စပ်စုသောအကြည့် ပေးလိုက်သည်။

“မင်းဘာလို့ ဒီလိုထူးဆန်းတာကို အမြဲတွေးနေတာလဲ ကိုယ်တို့သာစာအုပ်တစ်အုပ်ထဲမှာ ရှိနေရင် ဘာ့ကြောင့် အသက်ရှင်နေပြီး ဒီလို လက်တွေ့ကျတဲ့ပတ်ဝန်းကျင်ကို ရထားရမှာလဲ။

လုလျန့်ဝေ က မျက်တောင်ခတ်ရင်း ပြန်ဖြေလိုက်သည်။

“ တစ်ကယ်သာဆိုရင်ဇာတ်လမ်းတစ်ပုဒ် ရေးပြီး မင်းကို ပြပေးတဲ့သူကို ကိုယ် တကယ်ပဲ ကျေးဇူးတင်ရမယ်”

“ဟုတ်တယ် ရှင့်ကိုဖန်တီးပြီး ကျွန်မဆီ ဒီလောက်ကောင်းတဲ့ ဧကရာဇ်တစ်ပါးပေးခဲ့တဲ့သူကို ကျေးဇူးတင်ချင်တယ်။”

ဒါကိုကြားလိုက်တဲ့အခါ လုံယန် ရဲ့နားတွေ နီရဲလာရသည်။ သူက ပြုံးတာကို ရပ်လိုက်ပြီး ကောင်မလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း လေးလေးနက်နက် လှည့်ကြည့်လာသည်။

လုလျန့်ဝေ သည် ထို‌ေမးခွန်းကို ရှင်းရှင်းလင်းလင်း‌ေဖြရန် လုံး၀မစဥ်းစားမိဘဲ သူမပြောခဲ့သည့်စကား၏အဓိပ္ပာယ်ကို နားလည်သွားသောအခါ ချက်ချင်းဆိုသလိုပင် သူ့ကိုယ်သူ သတိဝင်သွားခဲ့သည်။ သူမ ပြန်မဖြေတော့ဘဲ ညင်သာစွာ ခေါင်းညိတ်ပြရုံသာလုပ်ခဲ့သည်။

လုံယန် ရုတ်တရက် သူမအား သူ့ရင်ခွင်ထဲသို့ လှမ်းဆွဲလိုက်သည့်အတွက် လုလျန့်ဝေ အလွန်ဝမ်းသာသွားရသည်။ ထိုသူ၏လည်တိုင်ကို သူမ၏လက်နှစ်ဖက်ဖြင့်ရစ်ပတ်ထားရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပေသည်။

လုံယန် စကားတစ်ခွန်းမှ မပြောဘဲ သူမကို လေးလေးနက်နက် ကြည့်လာလေသည်။ ထိုသူလုပ်နေသောအရာမှာ အိပ်ခန်းဆီသို့ တည့်တည့်လျှောက်သွားခြင်းပင် ။

ဤကဲ့သို့ သတိပေးခြင်းမရှိဘဲ အိပ်ခန်းထဲသို့ အရှင်မင်းကြီးထံမှ မကြာခဏ ခေါ်ဆောင်ခံရခြင်းအလေ့အထကိုသူမလုံးဝသဘောမတူပါ။

ထိုစဥ် ကျိုးယွီ ရုတ်တရက်အပြေးဝင်လာပြီး သူမအား တစ်ခုခုပြောလာခဲ့သည်။

လုလျန့်ဝေ သည် ချက်ချင်းပင် ရုန်းလိုက်ပြီး လုံယန် ၏လက်များကို တွန်းထုတ်လိုက်သည်။ သူမက လေသံကို လျှော့၍

လုံယန် သည် သူ့နေရာသူမသိသော အစေခံကို အေးစက်စွာ လှမ်းကြည့်ရင်း စိတ်တိုသွားရသည်။ သို့သော်လည်း သူနောင်တများစွာဖြင့် လုလျန်ဝေအား အောက်သို့ချပေးလိုက်သည်။ သူက သူမခေါင်းကို ပွတ်သပ်ပြီး နွေးထွေးစွာပြောလိုက်သည်။

“အင်ပါယာလေ့လာမှုအတွက် ကိုယ့်မှာ အလုပ်တွေရှိသေးတယ်ဒီည မလာတော့ဘူးနော် ကောင်းကောင်းအနားယူပါ”

လုလျန့်ဝေ က သူ့ကို အံ့သြစွာကြည့်‌ေနမိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ် အရမ်းနောက်ကျအောင်မနေပါနဲ့ အရှင်မင်းကြီး”

လုံယန် သည် သူမ၏ ပျော့ပျောင်းနူးညံ့သော ပါးပြင်ကို နမ်းလိုက်သည်။

“အင်းပါ ကိုယ်ကမင်းစိတ်ထဲရှိနေတာသိရလို့ ကိုယ်ပျော်တယ်”

“ရှင်လုပ်စရာရှိရင် သွားလေ ကျွန်မနားမှာနေပေးစရာမလိုပါဘူး”

ထိုမိန်းကလေး၏ နာခံသော အပြုအမူကိုကြည့်ရင်း လုံယန် ငြိမ်သက်စွာ သက်ပြင်းချလိုက်သည်။

လုံယန် ထွက်သွားပြီးမှသာ ကျိုးယွီ အခန်းထဲ ဝင်လာခဲ့သည် ။ သူမသည် အရှင်မင်းကြီးနှင့် ဧကရီတို့ကြားရှိ အခိုက်အတန့်လေးအား အနှောက်အယှက်ဖြစ်သွားခဲ့သည်ကို နောက်ပိုင်းမှနားလည်သွားရသည်။ သူမ စိတ်မသက်မသာဖြင့် ထိုနေရာတွင်ရပ်နေပြီး ဘာမှ မပြောဝံ့သည်မှာ အချိန်အတန်ကြာအောင်ပင်။

“နင်က‌တော့လေရုတ်တရက်ကြီး သူရဲဘောကြောင်တဲ့ ငုံးတစ်ကောင် ဖြစ်သွားပြီလား”

လုလျန့်ဝေ မျက်နှာပူလောင်ရသွားသည်။ သူမသည် ကျိုးယွီအား နှောက်ယှက်ပေးသည့်အတွက် အမှန်တကယ်ပင် ကျေးဇူးတင်ခဲ့သည်။ အကြောင်းမှာ အရှင်မင်းကြီးသည် သူကြွလာမည့်အချိန်၌ အရာအာလုံးကို ပြင်ဆင်ထားခဲ့သောကြောင့်ပင်။

“အကိုကြီး က နယ်ခြားကို သွားနေတဲ့ အကြောင်း မေးချင်တာ ဟုတ်တယ်မလား”

လုလျန့်ဝေ က ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားလိုက်သည်..။