← Chapters

အခန်း ၆၁၂

Vol. 13 Ch. 612

အခန်း ၆၁၂

Vol. 13 Ch. 612

Chapter 612

လုလျန့်ဝေ ၏စကားကြောင့် ကျိုးယွီသည် ချက်ချင်းပင် ခေါင်းကို မော့လိုက်သည်။ သူမသည် လုလျန့်ဝေကို လေးနက်စွာ ကြည့်ကာ ခေါင်းညိတ်ပြပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေသော အသံဖြင့်

“အမွေဆက်ခံသူလု ကို စစ်တိုက်ဖို့နယ်ခြားဆီ သွားဖို့ အမိန့်ပေးထားတယ်လို ကျွန်ုမကြားထားပါတယ် အရှင်မင်းကြီးကတောင် သူ့ကို ရှေ့တန်းမှာတပ်မှူးအဖြစ် ခန့်အပ်ထား‌သေးတယ်။”

လုလျန့်ဝေသည် ကျိုးယွီမည်မျှ စိတ်ပူပြီး ထိတ်လန့်သွားသည်ကို မြင်လိုက်ရသောအခါ တိတ်တဆိတ် တုန်လှုပ်သွားသည်။ သူမ၏အစ်ကိုကြီးအတွက် ကျိုးယွီ၏စိုးရိမ်မှုသည် ရိုးရိုးရှင်းရှင်းလေးစားမှုကြောင့်မဟုတ်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားရသည်။ သူ့အတွက် ကျိုးယွီ၏ ခံစားချက်များသည် ထိုထက်ပို၍ နက်ရှိုင်းနေပေလိမ့်မည်။

“အဲဒါအမှန်ပဲ။”

လုလျန့်ဝေက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ကျိုးယွီက ဤစကားကိုကြားသောအခါ တုန်လှုပ်ချောက်ချားစွာဖြင့်

“ဒါက အန္တရာယ်ရှိတယ်မဟုတ်ဘူးလား စစ်မြေပြင်က ရက်စက်ကြမ်းကြုတ်တဲ့ နေရာတစ်ခုလို့ ကြားတယ် ဓားတွေက ဘယ်သူ့ကို သွားထိုးမလဲဆိုတာ ဂရုမစိုက်ဘဲ အဆင်ပြေသလိုလှည့်ပတ်နေရတယ်လေ…”

လုလျန့်ဝေသက်ပြင်းချလိုက်သည်။

“ကျိုးယွီနင် ငါ့အစ်ကိုကြီးကို အရမ်းချစ်နေတာ မဟုတ်လား”

ဤမေးခွန်းကို ရုတ်တရက်ကြားလိုက်ရသောအခါ ကျိုးယွီသည် အံ့ဩသွားရသည်။ သူမသည် အစပြုကာ ငြင်းဆိုရန် ခေါင်းကို အမြန်ခါယမ်းလိုက်သော်လည်း သူမ ဘာလုပ်ရမှန်း မသိလောက်အောင်ကို ထိတ်လန့်သွားလေသည်။

“ကျိုးယွီအဆင့်အတန်းက လူတစ်ယောက်ကို သဘောကျတာနဲ့ မဆိုင်ပါဘူး တယောက်နဲ့ တယောက် မေတ္တာရှိဖို့ပဲလိုတာ လူနှစ်ယောက် အတူတူရှိဖို့ဆိုတာ ဘယ်တော့မှ မလွယ်ဘူး တစ်ဖက်လူကို အနှောက်အယှက်မဖြစ်သရွေ့ တစ်ယောက်ယောက်ကို သဘောကျတာ မမှားပါဘူးနင်နားလည်လား။”

သို့သော်လည်း မတူညီသော နောက်ခံသမိုင်းကြောင်းမှ လာသော လူနှစ်ဦး အတူနေရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူမ ဝန်ခံခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ရေးသည် လူနှစ်ဦးသာ ပတ်သက်သည့် အရာမဟုတ်တဲ့အပြင် ပိုမိုကျယ်ပြန့်ပြီး သက်ရောက်မှုရှိမည့် အချိန်များလည်း ရှိနေသောကြောင့် ဖြစ်သည်။

သူမသည် လုလျန့်ဝေ၏အစ်ကိုကြီးအား စိတ်ကူးယဉ်ခဲ့လျှင်ပင် ယင်းကို ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။

ထို့အပြင် ကျိုးယွီသည် သူမ၏ အဆင့်အတန်းကို ကောင်းစွာနားလည်ထားသည်။

သူမသည် ထိုကဲ့သို့သော အတွေးများကို ချုပ်နှောင်ထားပြီး ထိုအ‌ေတွးများအတိုင်းမည်သည့်အခါမှ ပြုမူခွင့်ပြုမည်မဟုတ်ပေ။

လုလျန့်ဝေသည် သူ့အစ်ကိုကြီးမှာ ကျိုးယွီ၏နည်းအတိုင်း တွေးမ‌ေနကြောင်း သိနေသဖြင့် သူမ ဘာပြောရမှန်းမသိတော့ပေ။ ထိုသူသည် ကျိုးယွီအားညီမငယ်တစ်ယောက်လိုသာ ဆက်ဆံပေသည်

သို့သော်လည်း ကျိုးယွီသည် လုလျန့်ဝေနှင့် အချိန်အတော်ကြာ လက်တွဲခဲ့ပြီး တစ်ချိန်လုံး သစ္စာရှိစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

လုလျန့်ဝေသည် ကျိုးယွီ၏ဘ၀တွင် မည်သည့်ဝမ်းနည်းမှုမျှ မသက်ရောက်စေချင်ပေ။

“ကျိုးယွီအကိုကြီးကအန္တရာယ်ရှိတဲ့နေရာကို ထွက်သွားပေမယ့်လည်း သူ့မှာ ရှိတဲ့ စွမ်းရည်တွေနဲ့ လုံခြုံနေလိမ့်မယ်နင် စိတ်ပူနေဖို့ မလိုပါဘူး။”

ကျိုးယွီသည် ထိုစကားကိုကြားသောအခါ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူမသည် သူမ၏ ထုံးစံအတိုင်း အပြုံးကို ထုတ်ဖော်ပြလိုက်ပြီး

“ကျွန်မ စိတ်မပူပါဘူး သခင်လေးလု က ကြီးမြတ်တဲ့စရိုက်လက္ခဏာရှိတဲ့ မြင့်မြတ်တဲ့လူလေ သူ့မှာ ထူးခြားတဲ့ စွမ်းရည်တွေ ပါတာမို့ စိတ်ချလုံခြုံစွာ ပြန်လာမှာပါ သူ့ကိုယ်စား ကျွန်မနံ့သာပေါင်းကို မီးရှို့ပြီး သူ့ကျန်းမာရေးအတွက် နေ့တိုင်း ဆုတောင်းပေးမယ်”

“ဘယ်‌ေလာက်‌ေတာင်ရူးမိုက်လိုက်တဲ့ ကောင်မလေးလဲ”

လုလျန့်ဝေက ကျိုးယွီ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ ကျိုးယွီသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

“တခြားဘာမှ မရှိတော့ရင် ကျွန်မအနားယူလိုက်‌ေတာ့မယ်နော်”

“ကောင်းပြီသွားလေ”

လုလျန့်ဝေခေါင်းညိတ်လိုက်သည်။ လုလျန်ဝေသည် ကျိုးယွီ၏ အဆင့်အတန်းကို ရှုတ်ချသောကြောင့် ထိုအရာများကို ပြောခဲ့ခြင်း မဟုတ်ပါ။ အကယ်၍ သူ့အစ်ကိုကြီးသာ ကျိုးယွီကို ပြန်၍ သဘောကျခဲ့လျှင် လုလျန့်ဝေက သူတို့အား တွဲပေးချင်စိတ် ထက်သန်နေပေလိမ့်မည်။

သူ့အဖေနဲ့အဖွားသည်လည်း ကျိုးယွီအား လက်ခံလိမ့်မည်ဟု သူမယုံကြည်ပေသည်။

သို့သော် ကံမကောင်းစွာနဲ့ပဲ သူ့အစ်ကိုကြီးက ကျိုးယွီအား ညီမလေးအဖြစ်သာ မြင်ခဲ့သည်။

သူမက ကျိုးယွီကို ဘယ်လောက်ပဲ ချစ်နေပါစေ ဘယ်လိုမှ မကူညီနိုင်ခဲ့ပေ။

သူမ၏စကားများက ကျိုးယွီကို နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

ကျိုးယွီသည် အိပ်ခန်းထဲမှ ထွက်လာပြီးနောက် သူမ၏ အမူအရာက ရုတ်တရတ် ပြောင်းလဲသွားသည် ။ သူမသည် ချူကျူကို ဝင်တိုက်မိသော်လည်း သူမအား နှုတ်ဆက်ရန် စိတ်မ၀င်စားပေ။

ချူကျူသည် စကားတစ်ခွန်းမှ မပြောဘဲ သူမအား သွေးစွန်း‌သကဲ့သို့နီရဲနေသည့် မျက်လုံးများဖြင့် ဖြတ်သွားခဲ့သော ကျိုးယွီအား တွေ့လိုက်ရသောအခါ အံ့အားသင့်သွားလေသည်။

ချူကျူ သူမအား ပထမဆုံးစသိချိန်ကတည်းက ထိုမိန်းကလေးသည် ငိုခဲလှသည်။

သို့သော် သူမသည် ဧကရီမှ ကျိုးယွီအား ပြစ်တင်ရှုတ်ချသည်ကို တစ်ခါမျှ မမြင်ဖူးပေ။ ကျိုးယွီသည် ပန်းပွင့်ချပ်များကို ရေချိုးခန်းထဲသို့ ပိုးမွှားများဖြင့် ပစ်ချကာ ဧကရီကို စိတ်ထဲမှ ကြောက်လန့်သွား‌ေစသည့်တိုင် အနည်းငယ်သာ အပြစ်တင်ခဲ့ပေသည်။

သူမကို ငိုအောင် လုပ်ခဲ့တာက ဧကရီ မဟုတ်ရင် ဘယ်သူလဲ။

ချူကျူစဉ်းစားပြီးနောက် ကျိုးယွီထံသို့ လှည့်လိုက်လေသည် ။

All Chapters