အခန်း ၆၁၃
Vol. 13 Ch. 613
အခန်း 613
ကျိုးယွီ သည် လွတ်နေသောထောင့်သို့ ရောက်သည်အထိ တိကျသော ဦးတည်ချက်မရှိဘဲ လျှောက်သွားခဲ့သည်။
ထို့နောက် သူမ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်လေသည်။
သို့သော် သူမ သုတ်ေနရင်းနှင့်ပင် မျက်ရည်များက ပိုကျလာခဲ့သည်။ဆက်ခံသူလုအတွက် သူမ လွန်စွာ စိတ်ပူနေသည်။ အမှန်တွင် သူမသည် ဆက်ခံသူအား အလွန်ချစ်ပေသည်။
ဧကရီ့ဆီမှာတာဝန်ထမ်းတဲ့နေ့ကစ၍ သူမရဲ့အကြည့်များသည် ထိုသူ့ဆီက လုံးဝမလွှဲထားခဲ့ပေ။
ကျိုးယွီ လုထင်ချန်းအား အလွန်သဘောကျသော်လည်း သူမ၏ အဆင့်အတန်းကို ကောင်းကောင်းသိပြီး အမွေဆက်ခံသူအား ထိုကဲ့သို့ တွေးကြည့်ခြင်းမျိုးက ဘယ်သောအခါမှ မဖြစ်သင့်သည်ကို သိထား၏။
ထို့အပြင် ဆက်ခံသူသည်လည်း သူမနှင့် ခံစားချက်ချင်းတူမနေခဲ့ချေ။
ထိုသို့တွေးပြီး မျက်ရည်တွေပိုကျလာတာကြောင့် ကျိုးယွီ ကြမ်းပြင်ပေါ်မှာသာ ထိုင်နေလိုက်တော့သည်။
နောက်ဆုံးတွင် သူမ ငိုကြွေးခြင်းကို မရပ်တန့်နိုင်တော့ပေ။
ထိုအချိန် ချူယိ သည် ခေါင်မိုးပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ သူ နည်းနည်း ငြီးငွေ့နေသဖြင့် ဤနေရာမှ မြင်ကွင်းကောင်းကို ကြည့်ရှုရန် အဆင့်ပြင်နေစဥ် ဧကရီဘေးမှ အစေခံက သူ့အောက်တွင် တိတ်တဆိတ်လာငိုနေသဖြင့် အံ့အားသင့်သွားရသည် ။
ကောက်ကျစ်သော မိန်းမစိုး ကျောက်ချန် ကိုပင် ဆွံ့အအောင်လုပ်ခဲ့သည်။
သူမက ဘာလို့ ဒီမှာ ငိုနေတာလဲ။ ကျောက်ချန် နဲ့ စကားရည်လုရင် ရှုံးသွားလို့ ဒေါသမျက်ရည်တွေ ကျနေတာလား။
ထို မိုက်မဲပြီး ပိန်လှီသော မိန်းမစိုး ကျောက်ချန် သည် ဤငယ်ရွယ်သော မိန်းကလေးအား အနိုင်ကျင့်တတ်သည်ကို သူသေချာသိသည်။
ဧကရာဇ်အတွက် တာဝန်ထမ်းဆောင်ရင်း စုတ်တံနှင့် မှင်များကို ပြင်ဆင်နေသည့် ကျောက်ချန် သည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် နှာချေမိသွားသည်။
အပြင်က ဘယ်လူယုတ်မာက သူ့ကို ကျိန်ဆဲနေတာလဲ။
ကျိုးယွီ သူမရှေ့တွင် ရုတ်တရက် မျက်နှာတစ်ခု ပေါ်လာသောအခါ အငို မရပ် ပဲငိုနေခဲ့သည်။ ထိုမျက်နှာသည် သူမအား ရီစရာအမူအယာပင် ပြုလုပ်ပြနေလေသည်။
ချူယိက ဤကောင်မလေးအား နည်းနည်းလေးခြောက်ရန်ပဲ ရည်ရွယ်ထားခဲ့တာ ဖြစ်သည်။
သူမမှ ဤမျှထိတ်ထိတ်လန့်လန့်ဖြစ်ကာ အသက်ရှုမဝလုနီးပါးဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သူမ၏ အပြုအမူသည် ချူယိအား တော်တော် ထိတ်လန့်သွားစေသည်။
သူသည် ခေါင်မိုးပေါ်မှ ဇောက်ထိုးကျနေသော အနေအထားမှ မြေပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာပြီး
ထိုစကားကိုပြောရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမအား ထိရန်လုပ်လိုက်သည်။
သို့သော် သူမကို မထိမီတွင် လက်ဖဝါးရိုက်ချက်တစ်ခုက သူ့ဆီသို့ ရောက်ရှိလာတော့သည်။
ချူယိသည် နောက်သို့ခုန်ပြီး တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
ချူယိ သူ့ကိုတည်တည်ငြိမ်ငြိမ်နှင့် စိုက်ကြည့်လိုက်သည်။
ချူကျူ က ကျိုးယွီ ကို ကူညီပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ငါက ဒီလိုမေးသင့်တဲ့သူပါ နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ချူကျူ သည် တုန်လှုပ်ခြင်းကို မရပ်တန့်နိုင်ဘဲ သူ့မျက်နှာတွင် မျက်ရည်စများ စီးကျနေသေးသော ကျိုးယွီ ကို တစ်ချက်ကြည့်လိုက်သည်။
ချူယိ သည် ကျိုးယွီ ကိုကြည့်ကာ သူမ၏ လက်ရှိအခြေအနေအတွက် အနည်းငယ် အပြစ်ရှိသလို မခံစားဘဲမနေနိုင်ပေ။
ကောင်မလေးက ကြောက်ရွံ့မှုကနေ မသက်သာသေးပုံပင်။
“နင်ကျိုးယွီကို နင့်လက်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတာ ငါမြင်လိုက်တယ်”
ချူယိ “…”
“နင်က တော်တော် အရည်အချင်းရှိတဲ့ကောင်ပဲ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့တောင် လုပ်နေတာ”
သူမ၏စကားများသည် ချူယိ နှင့် လုံးဝမသက်ဆိုင်ပေ။
“ ငါ ဒီကောင်မလေးကို ဘယ်တုန်းက အနိုင်ကျင့်ခဲ့လို့လဲ မင်းငါ့ကို လာာမစွပ်စွဲနဲ့နော်”
ချူကျူ သည် လက်ဆစ်များ ကွဲအက်သံကို ကြားနိုင်လောက်အောင်ထိ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
“မင်းကိုကူညီဖို့ ကျောက်ချန် ရှိတယ်ဆိုပြီး မင်း ဒီလောက်ပြောင်ပြောင်တင်းတင်း သရုပ်ဆောင်နိုင်မယ်လို့ မထင်လိုက်နဲ့ငါ ဒီနေ့ မင်းကို မှန်ကန်တဲ့ သင်ခန်းစာတစ်ခု သင်ပေးရမယ်”
ချူကျူ သည် ကျိုးယွီ ကို တွန်းထုတ်လိုက်ပြီး သူမ၏ခါးမှဓားကို ဆွဲထုတ်လိုက်သည်။
ကျိုးယွီသည် အနည်းငယ် သက်သာလာခဲ့စေသာ်လည်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ရင်း ထပ်ငိုကြွေးခဲ့သည်။
ထို့နောက် သူမသည် ထိုနှစ်ယောက်ကို လျစ်လျူရှု၍ လှည့်ထွက်သွားတော့သည်။