← Chapters

အခန်း ၆၁၄

Vol. 13 Ch. 614

အခန်း ၆၁၄

Vol. 13 Ch. 614

အခန်း 614

လုံယန် သည် ထိုညနှင့် နောက်တစ်နေ့တွင် လေ့လာ‌ေရးဆင်းနေခဲ့သည်။

သုံးရက်မြောက်သောနေ့တွင် ကွေ့ဖေး ရှုဖေး သဲ့ဖေးနှင့် အခြားကြင်ယာတော်တို့က လုလျန့်ဝေ အား နှုတ်ဆက်ရန် ဖီးနစ် နန်းဆောင်ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်လာခဲ့ကြသည်။

လုလျန့်ဝေ သည် သူမ၏ အိပ်ခန်းဘေးတွင် ဆေးဘက်ဆိုင်ရာအခန်းငယ်တစ်ခုကို စီစဉ်ထားလေသည်။

သူတို့ရောက်တဲ့ အချိန်မှာ သူမဟာ ဆေးခန်းထဲမှာ ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကို ပြုစုနေခဲ့သည်။

သူမ၏အဖေနှင့် အစ်ကိုကြီးသည် စစ်မြေပြင်သို့ သွားရတော့မည် ဖြစ်ပြီး၊ သူမသည် သူတို့အတွက် ဆေးဝါးအချို့ကို ပေးချင်ခဲ့သည်။

“ ဧကရီသဲ့ဖေးနဲ့ တခြား ကြင်ယာတော်တွေ ရောက်နေပါတယ်”

ကျိုးယွီက သူမကို အသိပေးရန် ဝင်လာလေသည်။

လုလျန့်ဝေ ခေတ္တရပ်လိုက်သည်။ သူမသည် သူတို့အား ထွက်ခွာသွားစေရန် အကြောင်းပြချက် အချို့ကို အစောပိုင်းတွင် ပြင်ဆင်ရန် စီစဉ်ခဲ့သော်လည်း ယင်းကို ထပ်မံစဉ်းစားပြီးနောက် လက်ထဲတွင်ရှိသော အရာများကိုသာ ချထားလိုက်ရန် ဆုံးဖြတ်ကာ အပြင်သို့ထွက်ခဲ့လိုက်သည်။

ကွေးဖေးနှင့် အခြားသူများသည် ပင်မခန်းမဆောင်တွင် ထိုင်နေပြီဖြစ်သည်။

ဒီနေ့ သူတို့ သုံးယောက်လုံး စိတ်ကောင်းဝင်နေလေသည် ။ ဒီနန်းဆောင်တွင် ဧည့်ခံတဲ့ လက်ဖက်ရည်ကတော့ မွှေးနေတယ်ဟု ခံစားရသည်။

သူတို့ လက်ဖက်ရည်ကို တဖြည်းဖြည်း နှစ်သက်လာကြပြီး လုလျန့်ဝေ က သူတို့ကို နှုတ်ဆက်ဖို့ နောက်ကျနေပြီဆိုတာကိုပင် လုံးဝစိတ်မ၀င်စားတော့ပေ။

သူတို့ သုံးယောက်လုံး လုလျန့်ဝေ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ရုတ်ချည်း ထရပ်လိုက်သည်။

လုလျန့်ဝေ သည် ပင်မထိုင်ခုံကိုယူကာ သူမ၏လက်ကို လေ‌ေပါ်တွင် ယမ်းပြလိုက်သည်။

ထိုအခါမှ ကြင်ယာတော် သုံးယောက်စလုံး ဖြည်းဖြည်းချင်းတစ်ယောက်ပြီးတစ်ယောက် ထိုင်ကြလေသည်။

ကျိုးယွီ သည် လုလျန့်ဝေ အတွက်လက်ဖက်ရည်တစ်ခွက်ကို ပြင်ဆင်ပြီး သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။ လုလျန့်ဝေက ခွက်ကိုယူ၍ လည်ချောင်းကို စိုစွတ်စေရန် တစ်ငုံ‌သောက်လိုက်ပြီး

“ဒီနေ့ ရာသီဥတုက တော်တော်ကောင်းတယ် နင်တို့သုံးယောက်လုံး ဧကရာဇ်ဥယျာဉ်မှာ လမ်းလျှောက်ရတာ ဘာကြောင့် မပျော်ကြတာလဲ”

သဲ့ဖေးက သူမရဲ့မျက်နှာပေါ်တွင် အပြုံးဆင်၍ပြန်ပြောလိုက်သည်။

“ဧကရာဇ်ဥယျာဉ်မှာ ရှုခင်းဘယ်လောက်ပဲလှနေပါစေဖီးနစ်နန်း‌ေဆာင်ရဲ့ရှုခင်းကို ဘယ်တော့မှ နှိုင်းယှဉ်လို့မရဘူးလေ ကျွန်မတို့သုံးယောက်ကဒီနေရာက ရှုခင်းတွေကို သေချာရှုစားနိုင်ဖို့ နန်း‌ေဆာင်ကို သွားရောက်လည်ပတ်ဖို့ အခွင့်အရေးအတွက် ဧကရီကို နှုတ်ဆက်ပြီး ခွင့်တောင်းချင်လို့ပါ”

ရှုဖေးနှင့် အခြားကြင်ယာတော် တို့သည် ဤအချက်ကို အချင်းချင်း ထောက်ခံပေးခဲ့ကြသည်။ ထို့နောက် တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ရှိစွာ ပြုံးပြပြီး အမြန်လှည့်ထွက်သွားကြလေသည်။

အရှင်မင်းကြီးသည်ဖီးနစ်နန်းတော်တွင် ရက်အတော်ကြာ မနေခဲ့သည့် သတင်းသည် နန်းတော်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ သီးသန့်‌ေနရာတွင်လုလျန့်ဝေ သည် လူတိုင်း၏ ပါးစပ်တွင် ဟာသတစ်ပုဒ်ဖြစ်လာခဲ့သည်။ ဘုရင်မင်းမြတ်က လုလျန့်ဝေအား ကောင်းပေးသည်မှာအား မြို့စား ကိုအသုံးပြုလိုသောကြောင့်ဟု ယခုအခါ အားလုံးက ကောက်ချက်ချထားကြသည်

မြို့စား သည် သူ၏လက်ထဲတွင် စစ်တပ်အာဏာရှိပြီးသူ၏လူများကို လေ့ကျင့်ရန် နည်းလမ်းများရှိသည်။

ထို့အပြင် လုမိသားစုတပ်များရှိ စစ်သားတိုင်းအား သူ၏ခေါင်းဆောင်မှုအောက်၌ တိုက်ပွဲတွင် ရဲရင့်ပြီး ကျွမ်းကျင်စေရန် လေ့ကျင့်ပေးထားသည်။

ဘုရင်မင်းမြတ်သည် တန့်ကြွယ် ကိုသိမ်းပိုက်ရန်အတွက် မြို့စား ကိုအသုံးပြုရန်လိုအပ်သောကြောင့် လုလျန့်ဝေ နှင့်လက်ထပ်ခဲ့သော်လည်း မင်္ဂလာဆောင်ပြီး နောက်နှစ်ရက်အကြာတွင်ပင် နန်းတော်နှင့် ခပ်ဝေးဝေး၌ နေနေပြီဖြစ်သည်။

ထိုနေ့ကတည်းက လျှို့ဝှက်နဂါးနန်းဆောင် တွင်သာ စက်တော်ခေါ်ခဲ့သည်။

ဘုရင်မင်းမြတ်သာ လုလျန့်ဝေ ကို အမှန်တကယ် ချစ်ခဲ့မည်ဆိုလျှင် နှစ်ညလောက်ကြာပြီးသည်နှင့် သူမကို ငြီးငွေ့နေမည်မဟုတ်ပေ။

လုလျန့်ဝေ အပေါ် ဘုရင်မင်းမြတ်၏ ချစ်လှစွာသော လုပ်ရပ်များသည် လုဟယ့်ထျန်း အတွက် ပြဇာတ်တစ်ခုမျှသာဖြစ်သည်ဟု လူတိုင်းက သီးသန့် ခန့်မှန်းခဲ့ကြသည်။

လုလျန့်ဝေ သည် မတုံး‌ပေ။ သဲ့ဖေးပြောလိုက်သည့် စကားလုံးတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့ အဓိပ္ပါယ်ကို သူမ ချက်ချင်း နားလည်သွားခဲ့သည်။

သူမ ပြုံးလိုက်မိသည်။ ဖီးနစ်နန်းတော်နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော အမြင်ရှိလိုခြင်းအကြောင်း ပြောပြခဲ့သည့် သူတို့၏ ရည်ရွယ်ချက်အစစ်အမှန်မှာ သူမ၏ အရှက်ကွဲမှုကို သက်သေပြရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။

“ကြင်ယာတော်က ဖီးနစ် နန်းဆောင်ရဲ့ မြင်ကွင်းက အင်ပါယာဥယျာဉ်ထက် ပိုကောင်းတယ်လို့ ခံစားရရင်နေ့တိုင်း ငါ့ကို လာနှုတ်နေဆက်မယ့်အစား နန်းတော်မှာနေဖို့ အထူးခွင့်ပြုချက်ပေးမယ် ဘာပဲဖြစ်ဖြစ် နန်းတော်မှာ ဟိုဘက်ခြမ်းမှာ ခန်းမတွေအများကြီးရှိတယ် ရှုခင်းတွေကို ရှုစားရတာ ပိုအဆင်ပြေမှာပေါ့ အမြဲတမ်း သွားလာနေဖို့ မလိုပါဘူး”

ထိုစကားအားကိုကြားတော့ သဲ့ဖေးရဲ့မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။ သူမက ခြောက်ကပ်စွာရယ်မောလိုက်ပြီး

“ဧကရီရဲ့ ဂရုစိုက်မှုဟာ ကျွန်မအတွက် ပိုလွန်းပါတယ်ကျွန်မမကြာခဏဆိုသလို စကားစမြည်ပြောတတ်ပြီး အသံကတော်တော်ကျယ်တယ်။ ကျွန်မသာ နန်း‌ေဆာင်မှာနေခဲ့ရင်ဧကရီရဲ့ ငြိမ်သက်တိတ်ဆိတ်မှုကို အနှောင့်အယှက်ပေးမိမှာမဟုတ်ဘူးလား ဧကရီက စနောက်တက်လိုက်တာ”

အကယ်၍ ကြင်ယာတော်သာ နန်းတော်၏ ဘေးဘက်ခန်းမတစ်ခုသို့ အမှန်တကယ် ပြောင်းရွှေ့ခဲ့ပါက သူမသည် လုလျန့်ဝေ ၏ ကျွန်အဖြစ် အဆုံးသတ်သွားပေလိမ့်မည်။

သဲ့ဖေးသာ သူမ၏ကိုယ်ပိုင် ကျောက်စိမ်းနန်းတော်တွင် မနေဘဲ လုလျန့်ဝေ ကို ဝတ်ပြုဖို့ ဤနေရာသို့ ပြောင်းရွှေ့ရန် ရွေးချယ်လိုက်ပါက ရူးနေလို့သာဖြစ်လိမ့်မယ်။

လုလျန့်ဝေ ၏ အမူအရာ ရုတ်တရက် မှောင်မိုက်သွားရသည်။

“ကြင်ယာတော်က ကိုယ့်ကိုကိုယ် အသံကျယ်ပြီး စကား‌များတယ်လို့ထင်ရင် ပါးစပ်ကိုပိတ်ထားသင့်တယ်လေ ကွာရှင်းခြင်းဖို့ အကြောင်းရင်း ခုနစ်ချက်မြောက် အတင်းအဖျင်းပြောတဲ့အပြစ်ကို ကျူးလွန်မိမှာကနေ ကာကွယ်ဖို့ တစ်လနှုတ်ဆိတ်နေဖို့ ငါ စီရင်ချက်ချတယ်”

“ဧကရီ ဒါက ကျွန်မနဲ့ မသက်ဆိုင်တဲ့ ရာဇ၀တ်မှုတစ်ခုပါ။ ဒီလိုမျိုး စီရင်ချက်ချဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ဘုရင်မင်းမြတ်ဆီမှာ ခွင့်ပြုချက်မတောင်းသင့်ဘူးလား”

All Chapters