အခန်း ၆၁၈
Vol. 13 Ch. 618
အခန်း 618
လုလျန့်ဝေသည် ဆံပင်ကို အရင်ဖြီးလိုက်ပြီး ရွှေသရဖူဖြင့် စည်းလိုက်သည်။
လုံယန်က သူမ၏ခါးကို ကိုင်၍ သူမနှင့် အတူလိုက်ပါလာခဲ့လေသည်။
ခဏအကြာတွင် လုလျန့်ဝေသည် သူမ၏ လက်ရာကို ကြည့်ရန် နောက်သို့ ဆုတ်သွားခဲ့သည်။ သူမ မကျေမနပ်ဖြစ်နေတုန်းဖြစ်ပြီး လုံယန့်ဆံပင်တွေကို ပြန်ဖြုတ်ကာ နောက်တစ်ကြိမ် ထပ်ဖြီးလိုက်သည်။
နှစ်ကြိမ်ထပ်လုပ်ပြီးနောက်မှ၊ နောက်ဆုံးတွင် စိတ်ကျေနပ်သွားတော့သည်။
“ပြီးပါပြီ အရှင်မင်းကြီး။”
ပြုံးပြုံးရွှင်ရွှင်ဖြင့် လုံယန်ပေါင်ပေါ် လှဲချလိုက်ပြီး ဆံပင်ပုံစံကို ကျေနပ်စွာ ကြည့်နေလိုက်သည်။
လုံယန်က သူမလက်ကို ကိုင်၍
“ကိုယ့်ဝေဝေ မှာ ဒီလောက် တော်တဲ့ လက်တွေ ရှိမှန်း မသိခဲ့ဘူး”
လုလျန့်ဝေက နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်သည်။ သူမသည် လုံယန်၏ချောမောသောမျက်နှာကို စိုက်ကြည့်ရင်း ရုတ်တရက် ထိုသူ့ခါးကို ဖက်၍ ခြေဖျားထောက်ကာ မတ်တပ်ရပ်ပြီး မေးစေ့ကို နမ်းလိုက်လေသည်။
“အရှင်မင်းကြီးက အရမ်းပူးပေါင်းပေးတတ်တာပဲ ဒါက ရှင့်အတွက်ဆု”
လုံယန်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူမအား အနားသို့ဆွဲေခါ်ရန် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလိုက်တော့သည်။
“ဒီလိုဆုမျိုးကို နောက်ထပ်နည်းနည်းလက်ခံဖို့ ဆန္ဒရှိတယ်”
လုံယန်သည် သူမအား အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပေးကာ စကားတစ်ခွန်းမှ မပြောဘဲ သူမလက်ကိုဆွဲ၍ စာကြည့်ဆောင်မှ ထွက်လာခဲ့တော့သည်။
ကျောက်ချန်သည် မြေပြင်ပေါ်တွင် ထိုင်၍ တံခါးအပြင်ဘက်တွင် ပုရွက်ဆိတ်များကို ရေတွက်နေလေသည်။
သို့သော်၊ မြေပြင်မှာ အလွန်သန့်ရှင်းနေသဖြင့် သူမြင်နေရသည့် ပုရွက်ဆိတ်နှစ်ကောင်မှာ သနားစရာကောင်းနေပေသည်။
နန်းတော်အစေခံတွေက မြေပြင်ကို သေသေချာချာ သန့်ရှင်းရေးလုပ်နေတာမို့ သူပုရွက်ဆိတ်ရေတွက်ဖို့တောင် အချိန်မကုန်နိုင်ခဲ့ပေ။ ခဏနေတော့ သူ့နောက်က အခန်းတံခါး ပွင့်သံကြားလိုက်ရသည်။
သူ့စိတ်တွေ ကြည်လင်လာပြီး ချက်ချင်း ထရပ်၍ အပေါ်ကိုမော့ ကြည့်လိုက်လေသည်။
သူ့သခင်က ဧကရီကို လက်တွဲခေါ်သွားတာကို မြင်လိုက်ရပေသည်။ သူ့သခင်ရဲ့ဆံပင်တွေ ပြုပြင်ထားတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အရင်ကလိုမဟုတ်မှန်းသိသာလှသည်။ သူ ထိတ်လန့်သွားရသည်။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာတောင် သခင်နဲ့ ဧကရီတို့က အခန်းထဲမှာ ချစ်နေခဲ့တာလား…။
‘သခင်ရဲ့ စွမ်းဆောင်မှုက နည်းနည်းတိုတောင်းလွန်းသလိုပဲ’
သူ ကောင်းကင်ကိုကြည့်ရန်သာ ခေါင်း လှည့်လိုက်တော့သည်။
သခင်ရဲ့ ပြန်လည်သန်စွမ်းလာမှုက မင်္ဂလာဆောင်ညမှာပဲ ကြာမြင့်ပြီး အဲ့နောက်ကျ ပုံမှန်ပြန်ဖြစ်သွားတာများလား။
သူသည် ဧကရီ၏ ငယ်ရွယ်သော မျက်နှာကို စိုက်ကြည့်ကာ သူ့သခင်အတွက် အနည်းငယ် စိုးရိမ်နေမိသည်။
ဆရာကြီးလင်းကို သခင်အတွက်ဆေးပေးခိုင်းသင့်သလား။
ထိုစကားကြောင့် ကျောက်ချန် အာရုံများ ပြန်လည်ရောက်လာခဲ့သည်။
သူ့သခင်ကို တိတ်တဆိတ် စိုက်ကြည့်ရင်း သူ့စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။
အင်ပါယာ မီးဖိုချောင်သာ အခုစပြီး ချက်ပြုတ်မယ်ဆိုရင် ညစာစားဖို့ အချိန်မီမည်ပင်။
သူ့စိတ်ထဲမှ လေးလံသော အတွေးများ ပျောက်ကွယ်သွားကာ ချက်ခြင်း ထွက်သွားလိုက်တော့သည်။
လုလျန့်ဝေသည် လျှို့ဝှက်နဂါးနန်းဆောင် တွင် လုံယန်နှင့်အတူ နေ့လည်စာ စားခဲ့ရသည်။
“ကိုယ် မင်းအတွက် နောက်ဆုံးအကြိမ် ကုချင်းတီးခတ်ပေးမယ်လို့ ကတိပေးခဲ့တယ် ဒါပေမဲ့ကိုယ်မဖြည့်ဆည်းပေးရသေးဘူးဆိုတော့ အခု နားထောင်ချင်လား”
လုံယန်၏ ညွှန်ကြားချက်ကို စောင့်မနေဘဲကျောက်ရှန်သည် ကုချင်းကို အမြန်ထုတ်ယူကာ စားပွဲပေါ်တင်ပေးလိုက်သည်။
လုံယန်က ထ၍ စားပွဲဆီသို့ လျှောက်သွားပြီး စားပွဲနောက်တွင် ဝင်ထိုင်လိုက်သည် ။ သူသည် လုလျန့်ဝေကို ငုံ့ကြည့်ရင်း သွယ်လျသော လက်ချောင်းများကို မြှောက်ကာ ကြိုးများကို ဖြည်းညှင်းစွာ ထိလိုက်သည်။ နူးညံ့သော လှိုင်းနှင့်အတူ အမည်မသိ တေးဂီတသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လုလျန့်ဝေသည် ဧကရာဇ်မင်း၏ တီးခတ်မှုကို ဂရုတစိုက် နားထောင်ရင်း သူမ၏ မေးစေ့ကို လက်ဖဝါးပေါ် တင်လိုက်သည်။
သူမသည် လှပသော အပိုင်းကို အမှန်တကယ် တွေ့ရှိခဲ့ပေသည်
တကယ်တော့ သူမသည် ဤမျှ ချစ်စဖွယ်ကောင်းသည့် အရာတစ်ခုကို တစ်ခါမျှ မကြားခဲ့ဖူးပေ။
သို့သော် သူမ နားထောင်နေစဉ်တွင် သူမ၏ မျက်ခွံများသည် ငိုက်မျဉ်းစပြုလာတော့သည်။
သူမ အိပ်မပျော်သွားစေရန် မျက်လုံးကိုပြူး၍ ကျယ်ကျယ်လေးဖွင့်လိုက်သည်။
အချိန်ခဏအကြာတွင်တော့ လုံယန်သည် စားပွဲပေါ်တွင် အိပ်ပျော်နေသော မိန်းကလေးကို စိုက်ကြည့်နေလေသည်။ သူ့နှုတ်ခမ်းတွေက အပေါ်ကို ကွေးသွားပြီး တီးခတ်တာကို ရပ်ဖို့ သူ့လက်ချောင်းတွေကို ကြိုးတွေပေါ်မှာ ဖိလိုက်သည်။
ထို့နောက် သူ လမ်းထလျှောက်၍ ငုံ့ကာ သူမကိုပွေ့ချီသွားလိုက်တော့သည်။