အခန်း ၆၁၉
Vol. 13 Ch. 619
အခန်း 619
လုလျန့်ဝေမှာ ဧကရာဇ်မင်းမြတ်၏ အိပ်ရာပေါ်ရောက်ချိန်ထိ မနိုးခဲ့ပေ။ လုံယန်က သူမရဲ့ ဖိနပ်ကို ချွတ်ေပးပြီးဆွဲတင်လိုက်သည်။ သူမကို ခဏလောက်ကြည့်ပြီးနောက် သူထကာ အပြင်ပြန်ထွက်သွားလိုက်သည်။ … လုလျန့်ဝေအိပ်ရာမှ နိုးလာသောအခါ အပြင်မှာ မှောင်နေပြီဖြစ်သည်။
သူမ ကြောင်ေတာင်ေတာင်ဖြင့် ခေါင်းအုံးပေါ်ရှိ လုံယန်၏ ထူးခြား၍ လတ်ဆတ်သောရနံ့ကို ရှုရှိုက်မိလိုက်သည်
ထို့နောက်တွင်မှ ဧကရာဇ်မင်းမြတ်၏ အိပ်ရာပေါ်တွင် သူမ လဲလျောင်းနေကြောင်း သိလိုက်ရပေသည်။
သူမ အမြန်ထထိုင်လိုက်သည်။ သူမအဘယ်ကြောင့် လုံယန်၏ကုတင်ပေါ်တွင် ရှိနေသည်ကို မသိဘဲ အံ့အားသင့်စွာဖြင့် သူ့ပတ်ပတ်လည်ရှိ အကာအရံများကို ဆွဲတင်လိုက်တော့သည်။
သူမ အိပ်ယာမှထကာ အပြင်သို့ လျှောက်သွားသော်လည်း လုံယန်ကိုမည်သည့်နေရာမှ မတွေ့ခဲ့ရပေ။
တံခါးဝမှာ စောင့်နေတဲ့ အစေခံတွေကို မေးပြီးတဲ့အခါ လုံယန်ဟာ စာကြည့်ဆောင်ဆီသို့ ထပ်ဝင်သွားကြောင်း သိလိုက်ရပေသည်။
ထိုအခါမှ သူ့အဖေနဲ့အစ်ကိုရဲ့ မနက်ဖြန်ခရီးကိုသတိရမိသွားတော့သည်။ လုံယန်မှာလုပ်ဖို့အစီအစဥ်တွေအများကြီးရှိမှန်း သူမ သိလိုက်တဲ့အတွက် သူ့ကိုအနှောက်အယှက်မပေးတော့ဘဲ ဖီးနစ်နန်းဆောင်ကို ချက်ချင်းပြန်သွားလိုက်သည်။
သူမ နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ပါဝင်ပစ္စည်းများ ပြင်ဆင်ရန် ကျိုးယွီကို အမိန့်ပေးလိုက်လေသည်။ ထို့နောက် ဟင်းအနည်းငယ်ကို သူမကိုယ်တိုင်ချက်ပြုတ်ပြီး ချူကျူအား စာကြည့်ဆောင်သို့ ယူဆောင်သွားရန် မှာကြားလိုက်သည်။
လုံယန်သည် တရားရုံး အရာရှိ အများအပြားကို ဆင့်ခေါ်၍ သူတို့နှင့်အတူ အစီအစဉ် အချို့ကို ဆွေးနွေးနေခဲ့သည်။
ထိုအချိန်တွင် ကျောက်ချန်က စားပွဲတော်တစ်ခုနှင့် ဝင်လာခဲ့လေသည်။
“သခင်၊ ညစာစားချိန်ရောက်ပါပြီ။ ဘာလို့ ထမင်းအရင်မစားလိုက်ရမှာလဲ”
လုံယန်သည် သူ့ကို လျစ်လျူရှုပြီး တရားရုံးတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးနေပေသည်။
“သခင် ဧကရီက ဒီဟင်းလျာတွေကို ကိုယ်တိုင်လုပ်ပြီး ချူ ကို ယူလာခိုင်းခဲ့တာပါ သခင်ဘာလို့မစမ်းကြည့်တာလဲ။”
ကျောက်ချန် ၏စကားကြောင့် လုံယန်သည် နောက်ဆုံးတွင် ရပ်လိုက်ပြီး သူ့လက်ထဲမှ ပွဲတော်အုပ်ကို လှည့်ကြည့်လိုက်သည်။
ကျောက်ချန် သည် သူ့သခင်၏ မဖော်ပြသော ရည်ရွယ်ချက်များကို နားလည်လိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်သည်။
‘မျှော်လင့်ထားတဲ့အတိုင်း ဧကရီကို အမြဲထည့်ပြောရမယ်’
သူ ချက်ခြင်းပဲ စားစရာ တောင်းထဲက ဟင်းလျာတွေကို ထုတ်ယူလိုက်လေသည်။ တခဏချင်းမှာပဲ အခန်းတစ်ခုလုံး အစားအသောက်တွေ သင်းပျံ့တဲ့ ရနံ့တွေနဲ့ ပြည့်နှံ့သွားတော့သည်။
ထိုအနံ့များကြောင့် တရားရုံး အရာရှိများမှာ ပါးစပ်က သရေကျနေကြတော့သည်။
“မင်းတို့လည်း တော်တော် ဗိုက်ဆာနေရမယ်။ သွားစားပြီး နောက်မှ ပြန်လာခဲ့”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး ကျန်တော်တို့သွားလိုက်ပါဦးမယ်”
ဆာလောင်မှုကို နှိမ့်ချကာ တရားရုံးမှ တာဝန်ရှိသူများက သူ့ကို ဦးညွှတ်ပြပြီး အခန်းမှ ထွက်သွားကြတော့သည်။
သူတို့ထွက်သွားပြီးနောက် လုံယန်သည်ထကာ ဟင်းလျာများချထားသော စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
ကျောက်ချန် က စားပွဲကို ပြင်ပြီးတာနဲ့ ခြင်းတောင်းထဲမှာ မှတ်စုတစ်ခုကို တွေ့ပြီး အံ့သြစွာ ကောက်ယူလိုက်သည်။ သို့သော်
သူ အကြောင်းအရာများကို မဖတ်ရသေးမီ လုံယန်က ထိုစာအား သူ့လက်တွင် ဆုပ်ကိုင်ထားပြီးဖြစ်သည်။
အရှင်မင်းကြီးရှင်ဘယ်လောက်ပဲ အလုပ်များနေပါစေ အစားအသောက်စားပြီး စောစောအနားယူဖို့ အမြဲသတိရ ရမယ်နော်
လုံယန်သည် စာရွက်ပေါ်ရှိ ပြေပြစ်စွာ ရေးသားထားသော စာများကို ဖတ်လိုက်သည်နှင့် သူ့နှလုံးသားမှာ ပီတိအပြည့်ဖြင့် ပြည့်နှက်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ ပင်ပန်းနွမ်းနယ်မှုများပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူက စားပွဲမှာထိုင်၍ တူတွေကို ကောက်ယူကာ သပ်သပ်ရပ်ရပ်စားလေေတာ့သည်။
ကျောက်ချန် က ဒါကိုမြင်တော့ လုံးလုံးစိတ်သက်သာရာ ရသွား၏။
ဧကရီရေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် သူ့သခင် အလုပ်ရှုပ်လာတဲ့အခါ ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။
စဉ်းစားရင်း သူ့သခင်ကို ငုံ့ကြည့်လိုက်သည်။ သခင်သည် ယနေ့ညတွင် ဧကရီထံသို့ သွားရန် အချိန်မရှိဟု ထင်ရသော်လည်း သူသည် ဟင်းချိုကို သောက်နိုင်သေးသည်။
ထို့နောက် သူသည် ဟင်းပန်းကန်တစ်လုံးကို ဖြည့်ကာ လုံယန်၏ရှေ့တွင် လေးလေးစားစား ချထားလိုက်ပြီး
“သခင်ဒီဟင်းကို ဧကရီလုပ်ထားတာပါ နေပူရင် သောက်သင့်တယ်”
ဒါကိုကြားတော့ လုံယန်က ဇလုံကို ကောက်ကိုင်လိုက်ပြီး တစ်ခွက်သောက်ကြည့်လိုက်သည်။
သူ့ပါးစပ်ထဲတွင်အရသာ တွေ့လိုက်ရသဖြင့် နောက်ထပ် အနည်းငယ် ထပ်သောက်မိလိုက်လေသည်။
ဝေဝေ ကိုယ်တိုင်က ဟင်းချိုချက်တာလို့ ကြားတော့ စိတ်ဝင်တစားနဲ့ မေးလိုက်လေသည်။ ကျောက်ချန်က ပန်းကန်လုံးတစ်ခုလုံး အကုန်သောက်လိုက်တာကိုမြင်ပြီး အောင်မြင်မှုအား တိတ်တဆိတ် ဝမ်းသာနေသဖြင့် စကားလုံးများကို မထင်မှတ်ဘဲ ထုတ်ပြောမိလိုက်တော့သည်။
“အင်ပါယာ မီးဖိုချောင်ကဒီ ဟင်းချိုချက်ဖို့ နေ့လယ်ခင်းတစ်ခုလုံး အချိန်ပေးခဲ့ရတာပါ ဒါကိုဘယ်လို ခေါ်လဲဆိုတော့…”
သူပြောခဲ့တာကို ပြန်သတိရမိသွားပြီး ထိတ်လန့်တကြားနှင့် ချွေးအေးများရွှဲကာ ဆက်ပြောလိုက်သည်။
“အဲဒါက ပဲပင်ဟင်းရည် အဲလိုခေါ်တယ်ထင်တယ်..”