အခန်း ၆၂၀
Vol. 13 Ch. 620
အခန်း 620
“ပဲပင်ဟင်းရည်လား”
လုံယန်၏ မျက်နှာသည် တိမ်မြုပ်သွားတော့သည်။
အဲဒါက ဘယ်လိုဟင်းမျိုးလဲ။ သို့သော် ကျောက်ချန်မှ ဧကရာဇ်မီးဖိုချောင်အကြောင်းပြောလိုက်သည်ကို သတိရသွားသောအခါတွင် သူနားလည်သွားပြီး
“ကျောက်ချန်ဧကရီအမည်ကိုယူသုံးတာ ပြစ်မှုမြောက်တယ် ဖြေပါဦး ဒီဟင်းရည်ထဲမှာ ဘာရှိလဲ”
ကျောက်ချန် ကြောက်လန့်တကြား ဒူးထောက်၍ သူ့မျက်နှာမှာ ညှိုးငယ်သွားတော့သည်။
“ဒေါသကို ထိန်းပါအရှင်မင်းကြီး ဒါတွေအားလုံးက ကျွန်တော့်အမှားပါ အမှန်က ဧကရီက ဒီဟင်းချိုကို သူမကိုယ်တိုင် မချက်ခဲ့ပါဘူး ဧကရီကတခြားဟင်းတွေကို ပဲချက်ခဲ့ပြီး ချူကျူကိုယူလာပေးဖို့တောင်းဆိုခဲ့တာပါ ဧကရီက နန်းဆောင်ထဲ မှာ အရှင်မင်းကြီးနဲ့အတူ ညစာစားမယ်လို့ ကျွန်တော်ထင်ခဲ့ကြောင့် တော်ဝင်မီးဖိုချောင်မှာ ဒီသမင်လိင်တံစွပ်ပြုတ် နဲ့ အခြားဟာလုပ်ဖို့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ…”
ချူကျူ ဟင်းပွဲများနှင့်အတူ ပေါ်လာသောအခါတွင် ဧကရာဇ်မီးဖိုချောင်၏ အစားအစာများလည်း ရောက်လာခဲ့ပေသည်။ ထို့ကြောင့် ချူကျူယူဆောင်လာသည့်ဟင်းများနှင့်အတူ ကျွေးဖို့ သမင်လိင်တံစွပ်ပြုတ်ထည့်ရန် အကြံရသွားခြင်းပေ။
သူ့စကားကြောင့် လုံယန်၏ နဖူးမှ သွေးကြောများမှ ပေါက်ထွက်လုမတတ်ဖြစ်သွားရသည်။
ငါက သမင်လိင်တံစွပ်ပြုတ်ကို ဘယ်တုန်းက သောက်ဖို့လိုသွားတာလဲ။
ကျောက်ချန် သည် ကြောက်လန့်တကြားဖြင့် သူ့ခြေဖဝါးပေါ်သို့ ပြေးတက်ကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။
အနည်းဆုံးတော့ သူ့ကို လှီးဖြတ်ပြီး ခွေးများကို ကျွေးရန် အမိန့်မပေးခဲ့ပေ။
အသက်ရှင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကျောက်ချန် ဟာ သူ့ကံကြမ္မာအတွက် သူ့ကိုယ်သူ နုတ်ထွက်ပြီး နန်းတော်တံတိုင်းတွေကို လှည့်ပတ်စစ်ဆေးလေတော့သည်။
ထိုနေရာ မဝေးသောခေါင်မိုးပေါ်တွင် ချူယိနှင့် ချူကျီတို့သည် ကျောက်ချန် ပြေးနေသည်ကို စောင့်ကြည့်နေကြသည်။
ချူယိသည် ကျောက်ချန် ၏ စိတ်ဆင်းရဲမှုကို ဖုံးကွယ်ထားရန် စိတ်မ၀င်စားခဲ့ပေ။
“သခင်က ငါကို အကောင်းဆုံး ဆက်ဆံတယ်။ နန်းတော်တံတိုင်းကို လှည့်ပတ်မပြေးဖူးလူဆိုလို့ ငါတို့ သုံးယောက်ထဲမှာ ငါတစ်ေယာက်တည်းပဲရှိတာ”
ချူကျီသည် သူ့ဓားကို ကိုင်ဆောင်ရင်း ဘေးနားတွင် ရပ်နေပြီး ဒါကိုကြားတော့ အကြည့်တစ်ချက် ပေးလိုက်သည်။
ထို့နောက် သူသည် သူ၏ ဓားရှည်ကို ဆုတ်ကိုင်လိုက်ပြီး ချူကျီ၏ နောက်သို့ ဆုတ်သွားသော ကိုယ်အား ချိန်၍ လွှဲခုတ်လိုက်လေသည်။
… ဟွာရှဆေးဆိုင်။
နောက်ကျတဲ့နပြီဖြစ်သဖြင့် ယို့ယို့ က ဆိုင်ပိတ်တော့မည့်အချိန်၊ လုဟယ့်ထျန်းတံခါးအပြင်ဘက်မှာ လှည့်ပတ်နေတာကို တွေ့လိုက်ရလေသည်။
သူ ခဏစဥ်းစားပြီးနောက် တံခါးကိုဖွင့်ကာ ပြေးထွက်လာခဲ့လိုက်သည်။
“ဦးလေးတို့၊ အန်တီလင်းတို့ အိမ်နောက်ဖေးမှာ...သူတို့ အိပ်ရာမဝင်ကြေသးဘူးခဏလောက် ဝင်ထိုင်ချင်လား”
လုဟယ့်ထျန်းက ခေတ္တရပ်လိုက်ပြီး သူ့လက်ကို မြှောက်ကာ ခေါင်းခါလိုက်သည်။
ယို့ယို့ သူ့ကို လှမ်းကြည့်လိုက်သည်။
တကယ်တော့ သူ နေ့ခင်းဘက်တွင်လည်း မြို့စား ကို မြင်ခဲ့ပေသည်။ သူသည် ဆေးဆိုင်အပြင်ဘက်တွင် တစ်ချိန်လုံး လှည့်လည်နေခဲ့သော်လည်း သူ၏ အနေအထားမှာ ထင်ရှားမှုမရှိသောကြောင့် ဆိုင်ရှိ အခြားလူများက သူ့ကို မမြင်ကြပေ။
“ မကြာခင် တန့်ကြွယ်ကို အနိုင်ယူဖို့ နယ်စပ်ကို သွားတော့မယ် ကြားပါတယ် သခင်ဘယ်တော့ပြန်လာမယ်ဆိုတာ အာမမခံနိုင်ဘူးလေ အဲဒီတော့ အန်တီလင်းကို သွားပြီး နှုတ်မဆက်ချင်ဘူးလား။ အန်ကယ်ဝူ ဒီနှစ်ရက်လောက်ရှိတော့မှာမဟုတ်ဘူး အန်တီလင်းက နံရံမှာထိုင်ပြီး တစ်ယောက်တည်းသောက်နေတာ”
ဒါကိုကြားတော့ လုဟယ့်ထျန်းအနည်းငယ် အံ့ဩသွားရသည်။ ဝူဟောင်မင်က ဝင်စွက်ဖက်နေတာ မဟုတ်ဘူးလား။
ဝူဟောင်မင်ကို သူ မကြောက်သော်လည်း လီဟွား နှင့်တွဲနေတာကို မြင်လိုက်ရသဖြင့် စိတ်တိုသွားရသည် ။ တစ်ချက်တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့တွင် စိတ်ကူးယဉ်စိတ်များ ရှိနေကြောင်း ပြောနိုင်လောက်အောင်ပင်။
ဒါပေမယ့် လီဟွား က အရက်သောက်နေတာလား။
သူ မျက်မှောင်ကြုတ်လိုက်ပြီး
“ကောင်းပြီ မင်းအန်တီလင်းကို သွားနှုတ်ဆက်လိုက်မယ်..”