Chapters

အခန်း ၆၂၁

Vol. 13 Ch. 621

အခန်း ၆၂၁

Vol. 13 Ch. 621

အခန်း 621

သူ့စကားကြားတော့ယို့ယို့ အလျင်အမြန် ခေါင်းညိတ်ပြကာ ပြုံး၍ ပြောလိုက်လေသည်။

“ဟုတ်၊ ဒါဆို ဝင်သွားလိုက်ပါ”

မဆိုင်းမတွဘဲ လုဟယ့်ထျန်း သည် ဆေးဆိုင်ထဲသို့ လျှောက်သွားလိုက်သည်။ ယို့ယို့၏ တောက်ပတဲ့ အနက်ရောင် မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ရှိနေပေသည်။ ဧကရီ ဆေးဆိုင်သို့ရောက်လာချိန်က မြို့စားသာ အန်တီလင်းနှင့် တွေ့ဆုံခွင့်ရဖို့ ကြိုးစားလာလျှင် ကူညီပေးရန် အထူးညွှန်ကြားထားခဲ့ပေသည်။

အခုချိန်က အထူးအခွင့်အရေးမဟုတ်လား။

သူ၏မျက်လုံးများသည် ဆိုးသွမ်းမှုများနှင့်တောက်ပနေတော့သည်။

ထိုအချိန်တွင် လင်းလီဟွာသည် နံရံတွင်ကပ်ထိုင်ကာ ဝိုင်ပုလင်းကို ကိုင်ပြီး သောက်နေခဲ့သည်။ သူမသည် အနည်းငယ်ပျင်းရိသောကြောင့် အချိန်ဖြုန်းရန် သောက်‌ေနခြင်းပေ။

သို့သော် သူမ သတိမထားမိဘဲ ရည်ရွယ်ထားသည်ထက် ပိုသောက်မိသွားခဲ့သည်။ သူမအနားတွင် မှုန်ဝါးသောအရိပ်တစ်ခု ကျဆင်းလာသောအခါ ဝူဟောင်မင် ပြန်ရောက်လာပြီဟု တွေးလိုက်ပြီး တစ်ချက်မျှပင် မကြည့်ဘဲ ဝိုင်ပုလင်းကို လွှဲပေးခဲ့သည်။

“ကျန်တာ နင်ပိုင်တယ်။”

လုဟယ့်ထျန်း က သူမ ဝိုင်ပုလင်းကို လွှဲပေးပုံနှင့် သဘာဝကျကျ စကားပြောပုံကို မှတ်ထားလိုက်သည်။

သူမ အရင်တုန်းက ဒီလိုမျိုး အကြိမ်များစွာ လုပ်ခဲ့သည်မှာ ထင်ရှားလှသည်။

ဒီအမျိုးသမီးက သူ့ဝိုင်ပုလင်းကို ဘာလို့ တခြားတစ်ယောက်ဆီ ပေါ့ပေါ့တန်တန် သောက်ခွင့်ပေးလိုက်တာလဲ။

သူမကို သူ့ရင်ခွင်ထဲတွင် ပေွ့ဖက်ထားရန် ဆန္ဒရှိနေသော်လည်း မလုပ်ရဲပေ။

လုဟယ့်ထျန်းသည် အတွေးများပျောက်ရန် ဝိုင်တစ်လုတ်ကြီးကို ငုံလိုက်တော့သည်။

သို့သော် ပုလင်းထဲရှိ အရာများ ကုန်သွားတဲ့အခါ သူ အံသြမိသွားးသည်။ သူသည် လင်းလီဟွားကို အော်ခေါ်ချင်သော်လည်း တုန်လှုပ်နေသော အခြေအနေတွင် ပုလင်းပေါ်မှ သူကိုင်ထားသည့် အားကို လျှော့လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

လင်းလီဟွား သည် အသံလာရာသို့ လှည့်ကြည့်သော်လည်း သူမဘေးတွင် ထိုင်နေသူကို မြင်သောအခါ သူမ၏ အမူအရာ တင်းမာလာပြီး နံရံပေါ်မှ ခုန်ချရန် ခြေလှမ်းပြင်လိုက်သည်။

သို့သော် လုဟယ့်ထျန်း သည် သူမ၏ ဦးတည်ရာသို့ ရုတ်တရက် ပြုတ်ကျသွားတော့သည်။

သူ့အသံမှာ ဝမ်းနည်းပူဆွေးမှုတွေ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော နူးညံ့မှုတို့ဖြင့် ရောယှက်နေသည်။

လင်းလီဟွား အေးခဲသွားပြီး ထိုလူက သူမပုခုံးပေါ် မှောက်ကျလာမှသာ သူမ အာရုံများ ပြန်လည်ရရှိလာခဲ့သည်။

သို့သော် အရက်သည် လုဟယ့်ထျန်း ၏စိတ်ကိုနစ်မြုပ်သွားစေပြီး သူမအသံကို မကြားရတော့ပေ။

အဲဒီအစား သူက သူမလက်ဆွဲပြီး ပွေ့ဖက်ထားလိုက်သည်။

သူ့လက်ထဲတွင် ထိုအမျိုးသမီး၏ နွေးထွေးမှုနှင့် နူးညံ့မှုကို ခံစားရပြီး ကျေနပ်စွာ သက်ပြင်းကို ထုတ်လိုက်သည်။

“လီဟွား... ကိုယ့်ကို ဘယ်တော့မှ မထားခဲ့ပါနဲ့... ကိုယ်မင်းကို ဘယ်လောက်လွမ်းနေတယ်ဆိုတာ မင်းသိလား... ဒီတစ်နှစ်တာလုံး”

လင်းလီဟွာ၏နှလုံး တုန်လှုပ်သွားသော်လည်း သူမ တည်ငြိမ်မှုကို ပြန်လည်ရရှိကာ မထီမဲ့မြင်ပြုပြီး အော်ပြောလိုက်သည်။

သူသည် အရက်အလွန်အကျွံသောက်သူဖြစ်ကြောင်း သိသာသော်လည်း အမှန်မှာ အခြားသူများရှေ့တွင် အမြဲဟန်ဆောင်ထားခြင်းပေ။

စင်စစ်တွင် ဝိုင်ခွက်အနည်းငယ်သည် သူ့ကို ပစ်ထုတ်ရန် လုံလောက်ပေသည်။ ထို့အပြင် ယခု သူသည် ပုလင်းထဲရှိဝိုင်အားလုံးကို သောက်လိုက်ပေသည်။

သူမသည် သူနှင့် အပြိုင်အဆိုင် သောက်ဖူးသော်လည်း ထိုသူသည် ပထမအကြိမ်တွင် မူးသွားခဲ့သည် ။

နောက်ဆုံးတွင် သူမသည် သူ၏ အရက်ခံနိုင်ရည်ကို အနည်းငယ် မြှင့်တင်ပေးရန်ကြိုစားခဲ့သော်လည်း ခွက်အနည်းငယ်ကို မကျော်လွန်နိုင်ခဲ့ပေ။

သူမအပေါ် ပြုတ်ကျလာသည့် တစ်ကြိမ်တောင်ရှိသေးပေသည်။

အတိတ်ကို ပြန်တွေးရင်း ပြုံးစိစိဖြင့် မထိန်းနိုင်တော့ပေ။

သူ သူမနှင့် နီးကပ်နိုင်ပြီး စာနာမှုရရှိနိုင်ရန် ရည်ရွယ်ချက်ရှိရှိ အရက်မူးအောင်လုပ်နေတာ ဖြစ်လောက်မည်။

သူမတွေးရင်း ထိုယောက်ျားရဲ့လက်ကို ဆွဲထုတ်ဖို့ ကြိုးစား‌ေသာ်လည်း ထိုသူက သူမလက်ကိုဆုပ်ကိုင်ထား‌ခဲ့သည်။

ခပ်လှမ်းလှမ်းရှိ ယို့ယို့နှင့် သူတောင်းစားအိုကြီးသည် ခြံဝင်းနံရံပေါ်ရှိ မြင်ကွင်းကို ကြည့်ရင်း အိမ်ထဲတွင် ပုန်းနေလိုက်သည်။

သူတောင်းစားကြီးသည် သူ့ဆံပင်ကို ပွက်သပ်နေသည်။

“ကံကြမ္မာပေါ်မှာ မူတည်တယ်။ သူတို့သာ ကံကြမ္မာကောင်းရင်ရင် သူတို့ သဘာဝအတိုင်း အတူတူရှိနေမှာပါ”

ယို့ယို့က ခေါင်းကိုမော့ပြီး စူးစူးရဲရဲမေးလိုက်သည်။