အခန်း ၆၂၃
Vol. 13 Ch. 623
အခန်း 623-
တိတ်ဆိတ်သောညတွင် ထိုလူ၏မျက်ရည်ကျသောအသံအား ပြတ်ပြတ်သားသား ကြားနေသော်လည်း သူမ ဝမ်းနည်းကြေကွဲနေမိ၏။
လင်းလီဟွားသည် ကုတင်ပေါ်ရှိ ကွန်ကေးထိပ်ကို စိုက်ကြည့်ကာ လစ်လပ်နေသော သူ၏ မျက်လုံးများကို ကြည့်လိုက်သည်။
သူမ နှလုံးသားထဲတွင် နာကျင်နေပေသည်။ လုဟယ့်ထျန်း သည် အမြဲတမ်း အားကိုးအားထားနိုင်သော စိတ်ထားသန်မာသူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါ...
သူ့ထိုလက်ကို ဆုပ်ကိုင်ထားရင်း သူမလည်ပင်းပေါ်ရှိ စိုစွတ်နေသော မျက်ရည်များကို သုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် လင်းလီဟွား လက်ချောင်းထိပ်မှ အစက်အပြောက်များကို ကြည့်နေရင်း သူမ မည်မျှ စိတ်နှလုံးအေးနေပါစေ ထိုယောက်ျားကို အဝေးသို့ တွန်းထုတ်ရန် မလုပ်နိုင်ခဲ့ပေ။
အဆုံးတွင် သူမ သက်ပြင်းချလိုက်သော်လည်း ထိုသူ့စကားကိုတော့ မတုံ့ပြန်ခဲ့။
သူမသူ့ နောက်ကျောကို ပုတ်ပြီး
“သွားအိပ်တော့ မနက်ဖြန် စောစောထရမယ်။”
လုဟယ့်ထျန်း သည် နောက်ဆုံးတွင် ငြိမ်သက်သွားပြီး သူ့ရင်ခွင်ထဲတွင် အိပ်ပျော်သွားခဲ့သည်။
ထို့နောက် ထထိုင်လိုက်ပြီး သူမဘေးနားတွင် အိပ်ပျော်နေသည့် လူကိုခံစားချက်များ ရောထွေးနေသည့်မျက်လုံးနှင့်ငေးကြည့်နေမိသည်။
တစ်ချိန်က သူမသည် ဤလူကို လေးလေးနက်နက် ချစ်ခဲ့ဖူးပြီး ထိုလူကလည်းသူမကိုလည်း စွဲလမ်းခဲ့သည်။
အဲဒါက သူမကို သစ္စာဖောက်တဲ့ အချိန်အထိပင်။
သူ့ကို အတိုင်းအတာတစ်ခုအထိ ချစ်ခဲ့မယ်ဆိုလျှင်တောင် နောက်ဆုံးထပ်တူထပ်မျှ မုန်းတီးသွားလိမ့်မည်ပင်။
ထိုအဖြစ်အပျက် ကြုံလာသောအခါသူမကို အရမ်းချစ်သော ယောက်ျားသည် ခွင့်မလွှတ်နိုင်လောက်သော တစ်စုံတစ်ရာကို ပြုလုပ်လိမ့်မည်ကို သူမ မယုံနိုင်ခဲ့ပေ။
သို့သော် အမျိုးသမီးကျန်း သည် သူ့အတွက် ချုပ်ပေးထားသည့် အတွင်းဝတ်ကို ထုတ်ယူလိုက်သောအခါ သူမ၏ ဆုံးဖြတ်ချက်မှာ ချက်ချင်းပင် ပြိုကျသွားရသည်။
သူသာ အမျိုးသမီးကျန်း ရဲ့ အိပ်ရာထဲမှာ မဖြစ်ခဲ့ဘူးဆိုရင် သူဝတ်ထားတဲ့ အတွင်းခံကို ဘယ်လို ရနိုင်မှာလဲ။
ထိုအချိန်တွင် သူမ၏ နှလုံးသားသည် အေးခဲသွားကာ ကျန်ခဲ့သမျှသည် ဤလူအတွက် အမုန်းချည်းပင်။
မယားငယ်များစွာရှိသော အမျိုးသားတစ်ဦးသည် အခြားသူများ၏အမြင်တွင် သာမန်ဟုထင်ရသော်လည်း သူမ လက်မခံနိုင်ပေ။
သူမသည် လုဟယ့်ထျန်း ကို ကောင်းကောင်းနားလည်သည်ဟု ထင်ခဲ့သောကြောင့် လုဟယ့်ထျန်း နှင့် လက်ထပ်ရန်သာ သဘောတူခဲ့သည်။
သူ သူမကို ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူးလို့ ယုံကြည်ခဲ့ပြီး သူသစ္စာမဲ့သူမဟုတ်ကြောင်းကိုလည်း သိထားခဲ့သည်။
သို့သော်လည်း လက်တွေ့သည် သူမ၏ ချစ်စရာကောင်းသော မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ပေးခဲ့သည်။
၎င်းသည် သူမအား နိုးကြားစေပြီး သာယာသော အချစ်ဘဝအတွက် သူမ၏ ပြင်းပြသော ဆန္ဒအားလုံးကို ချေဖျက်ပစ်လိုက်တော့သည်။
ကမ္ဘာပေါ်ရှိ လူသားအားလုံးသည် အတူတူပင် ဖြစ်သည်။
အရင်က ဒီလိုသစ္စာေဖာက်ဖို့ အခွင့်အရေးမရှိခဲ့တာပဲလေ။
ဒီလိုအခွင့်အရေးမျိုး ကြုံလာရရင် အမျိုးသားတွေက အမြဲတမ်း အခွင့်ကောင်းယူကြလိမ့်မယ်။
လုဟယ့်ထျန်း က မတူဘူးလို့ သူမ ထင်ခဲ့ပေမဲ့ အမှန်မှာ သူလည်း တခြားအမျိုးသားတွေလိုပင်။
အတိတ်က အမှတ်ရစရာတွေသည် သူမနှလုံးသားကို စုပ်ယူသွားပြီး မျက်ရည်တစ်စက်က သူမပါးပြင်သို့လျှောကျသွားသည်။ သုတ်ဖို့လက်ကို မြှောက်ပြီး လုဟယ့်ထျန်း ကို ပြန်ကြည့်လိုက်တော့ အအေးဓာတ်က သူ့မျက်လုံးထဲသို့ပြန်ဖြတ်ေပြးသွားလေသည်။
နန်းတော်၏ ကောင်းကင်၌ ပထမဆုံးသော မိုးသောက်အလင်းတန်းများ ပေါ်လာချိန်တွင် လုလျန်ဝေ သည် အိပ်ယာထကာ ရေချိုး ပြင်ဆင်ထားပြီးပြီဖြစ်သည်။
သူမသည် ချူကျူနှင့်အတူ ဧကရာဇ်စာကြည့်ဆောင်သို့ ဦးတည်သွားလိုက်သည်။
လုံယန် သည် မနေ့ညက စာကြည့်ဆောင်တွင် အိပ်ပျော်သွားခဲ့ပြီး နံနက်စောစောတွင် အရာရှိများစွာနှင့် တရားရုံးကိစ္စများကို စတင်ဆွေးနွေးနေပြီဖြစ်သည်။
သူအခန်းထဲကထွက်လာတော့ လုလျန့်ဝေ ရပ်နေတာကိုတွေ့ရသဖြင့် အံ့ဩသွားလေသည်။
အထူးသဖြင့် သူမ၏ဆံပင်ပေါ်မှ နှင်းစက်များကိုမြင်ရသောအခါတွင် သူ၏နှလုံးသည် တုန်လှုပ်သွားရသည်။
သူက ကျောက်ချန်ကို စူးစူးရဲရဲအကြည့်နှင့် ကြည့်လိုက်တော့သည်။
ဧကရာဇ်သည် သေမင်းကဲ့သို့ အကြည့်နှင့် သူ့အား စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ကျောက်ရှန်တုန်လှုပ်သွားရပြီး သူ့ကိုယ်သူ ကာကွယ်ရန် ချက်ချင်းကြိုးစားလိုက်သည်။
သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေသည်။သူလည်း ဧကရီရောက်လာမှန်း မသိဘူးလေ။
သူသည် ဤအတောအတွင်း ဧကရာဇ်မင်းအား စားကြည့်ဆောင်၌ အတူအဖော်ပြုပေးနေခြင်းပေ။
သူစဉ်းစားရင်း အနီးနားရှိ တာဝန်ကျ အငယ်တန်း မိန်းမစိုးကြီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
“ မင်း ဘာလို့ ဧကရီ ကြွလာတာကို အကြောင်းမကြားတာလဲ။”
အငယ်တန်း မိန်းမစိုးသည် ကြောက်လန့်တကြား ဖြစ်သွားကာ ဒူးထောက်လျက် ရုတ်တရက် လဲကျသွားလေတော့သည်။
“သူ့ကို အပြစ်မတင်ပါနဲ့ ကျွန်မ အရှင်မင်းကြီးကို မနှောင့်ယှက်ချင်လို့ပါ အဲ့ဒါကြောင့် ဘာမှ မပြောဖို့ ပြောခဲ့တာ”
လုလျန့်ဝေ က ရှင်းလင်းသော အသံဖြင့် ရှင်းပြလိုက်သည်။
သို့သော် လုံချီနှင့် လုံယန် ၏နောက်ရှိ တရားရုံးအရာရှိအချို့ကို တွေ့လိုက်ရာ သူမ ချက်ချင်းပင် ရှေ့သို့ တိုး၍ အရိုအသေပေးကာ ပြောလိုက်လေသည်။
“မင်္ဂလာပါ အရှင်မင်းကြီး..”