အခန်း ၆၂၄
Vol. 13 Ch. 624
အခန်း 624:
လုံယန် ၏ မျက်ခုံးများ ကျုံ့သွားကာ ရှေ့သို့ လှမ်း၍ သူမအား ထရန်ကူညီပေးလိုက်သည်။
“တော်တော်စောနေသေးတယ် ဘာလို့ နည်းနည်းကြာအောင် မအိပ်ရတာလဲ”
လုလျန့်ဝေ က သူ့အကူအညီနဲ့ မတ်တပ်ရပ်လိုက်သည်။ သူမက ခေါင်းယမ်းပြီး
“အဖေနဲ့ အကိုကြီး က ဒီနေ့ စစ်သားတွေကို အောင်ပွဲခံဖို့ ဦးဆောင်နေတယ်ေလ ကျွန်မသူတို့ကိုတွေ့ချင်လို့ပါ”
သူမ ခဏရပ်လိုက်သည်။
“အရှင်မင်းကြီးစစ်သူကြီးတွေကို ထောက်ပံ့ကူညီဖို့ မြို့တံခါးကိုသွားမလို့မဟုတ်လား ကျွန်မကိုခေါ်သွားပေးနိုင်မလားဟင်”
လုံယန်က ဘာမှပြန်မပြော။
သူမခေါင်းပေါ်ရှိ နှင်းစက်များကို ညင်သာစွာ သုတ်ရန် လက်ကိုင်ပုဝါကို ထုတ်လိုက်စဉ်တွင် သူ၏ ပါးလွှာသော နှုတ်ခမ်းများမှာ တင်းကျပ်ဖိကပ်နေခဲ့သည်။
တိတ်တိတ်ဆိတ်ဆိတ်နေပြီး ချောမောသောမျက်နှာမှာ ညှိုးနွမ်းသွားသည်ကို သူမမြင်သောအခါ သူမနှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။
ကျောက်ချန်သည် ဧကရာဇ်မင်းမြတ်နှင့် ဧကရီကို မိုးပေးရန်အတွက် သူနှင့်အတူ ထီးတစ်လက်ယူဆောင်လာရန် ကြိုတင်တွေးတောထားခဲ့သည်။
အတော်စောနေသေးပြီး လေထဲ၌ နှင်းတွေလည်း တော်တော်ကျနေပေသည်။ ဧကရာဇ်နှင့် ဧကရီတို့သာမက အခြားသူများ၏အဝတ်အစားများလည်း စိုစွတ်နေတော့သည်။
သို့သော် ဧကရာဇ်မင်းရှိနေသဖြင့် မည်သူမျှ ထွက်ခွာရန် မဝံ့ရဲကြပေ။
တစ်ယောက်ချင်းစီက တစ်ဖက်ကိုကြည့်ကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နှလုံးသားများအေးစက်ရင်း အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။
သူတို့သည် ဧကရာဇ်မင်းမြတ်အား နှစ်ပေါင်းများစွာ အမှုတော်ထမ်းဆောင်ခဲ့ပြီး နွေးထွေးသောအကြည့်ဖြင့် ဆက်ဆံသည်ကို မည်သူမျှ မမြင်ဖူးကြပေ။
ဧကရာဇ်သည် နူးညံ့သိမ်မွေ့ပြီး နွေးထွေးေနရာ သူသည်မည်သည့်နေရာကိုမျှ မကြည့်ဘဲနေသော်လည်း သူ၏အပြုအမူများသည် နူးညံ့သိမ်မွေ့မှုနှင့် မြတ်နိုးမှုတို့ဖြင့် ပြည့်နေလေသည်။
သူတို့ အရှင်မင်းကြီး လုလျန့်ဝေ ကို ဤမျှလောက် ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားပေ။
အရာရှိများသည် ဤအကြောင်းကို တွေးတောနေကြရင်း အကြည့်တွေကို အိမ်ရှေ့မင်းသားဆီသို့ ပြောင်းလိုက်တော့သည်။
လုလျန့်ဝေ အိမ်ရှေ့မင်းသားကြောင့် ကိုယ်ကိုကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ခြင်းက ဟာသတစ်ခုဖြစ်ခဲ့သည်။
ထိုအချိန်က အိမ်ရှေ့မင်းသားမှာ သူမအား နောက်ပြန်ကြည့်ဖို့တောင် ဆန္ဒမရှိခဲ့ပေ။
သို့သော် ယခုတွင် လုလျန့်ဝေ သည် ကြည်ညိုလေးစားမှု ခံနေရပြီဖြစ်သည်။
အိမ်ရှေ့မင်းသားက ဒါကိုမြင်ရင် ဘယ်လိုထင်မလဲ။
သူ မလိုချင်တဲ့ မိန်းမက သူ့အဒေါ် ဖြစ်သွားတယ်။
ဤသည်မှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ရလောက်အောင် ရှက်စရာကောင်းတဲ့ အခြေအနေတစ်ခုပင်။
လုံချီ သည် ဧကရာဇ်မင်းနှင့် ဧကရီအား ကြည့်နေရင်း သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။
သူဘာလုပ်နေတာလဲ။
လုလျန့်ဝေ ထိတ်လန့်သွားရသည်။
အရှင်မင်းကြီးမပျော်မရွှင်ဖြစ်နေသည်ကို သူမ ခံစားမိပေသည်။
သို့သော် သူဘာတွေမကျေမနပ်ဖြစ်နေသည်ကိုမသိေပ။
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုလူက အဝေးသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ အတော်လေး အံသြသွားပေသည်။
သို့သော်လည်း သူမသည် ဖခင်ဖြစ်သူနှင့် အစ်ကိုကြီးတို့ကို နှုတ်ဆက်ရန် နန်းတော်မှ အမြန်ထွက်ခွာရန် လိုအပ်နေသေးသည်။
ထို့ကြောင့် သူ့နောက်သို့ အမြန်ပြေးလိုက်သွားတော့သည်။