Chapters

အခန်း ၆၂၅

Vol. 13 Ch. 625

အခန်း ၆၂၅

Vol. 13 Ch. 625

အခန်း 625-

ထီးကို ကိုင်ဆောင်ထားဆဲဖြစ်သော ကျောက်ချန် “…”

ဒီအချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူ နားမလည်နိုင်‌ေတာ့ပေ။

သူ့သခင်က ဧကရီကို သနားညှာတာမှုနှင့် စိုးရိမ်မှုများစွာဖြင့် ဆက်ဆံခဲ့ပြီး တစ်စက္ကန့်အတွင်းမှာပဲ သူ့သဘောထားက ဘယ်လိုပြောင်းသွားရတာလဲ။

ကျောက်ချန် က သူ့လက်ထဲက ထီးကို စိုက်ကြည့်နေမိသည်။

ဒီထီးနဲ့ ဘယ်သူ့ကို မိုးပေးရမလဲ သူမသိတော့ပေ။

လုံချီသည် သူ၏တော်ဝင် ဦးလေးမှာ ရှေ့သို့ လျှောက်သွားသည်ကို ကြည့်ပြီး နှုတ်ဖျားတွင် တိတ်တဆိတ် အပြုံးတစ်ခု ပေါ်လာတော့သည်။

ဤအရာက သူ၏တော်ဝင် ဦးလေးအား စိတ်အနှောင့်အယှက်ဖြစ်စေပုံရသည်။

လုံချီ၏ အကြည့်များမှာ လုလျန့်ဝေပေါ်သို့ ရောက်သွားခဲ့သည်။ သူ့ ဦးလေးနောက်သို့ လိုက်နေသည့် သူမကို မြင်သောအခါ လုံချီ မျက်မှောင်ကြုတ်လိုက်လေသည်။

ဤအရာကြောင့် သူ၏ စိတ်အခြေအနေကောင်းများ ပျက်စီးသွားတော့သည်။

ယောက်ျားတွေနောက်ကို ပြေးလိုက်ရတာ အရမ်းပျော်နေတာလား။

သူမကိုယ်သူမ ပိုသီးသန့်ထားသင့်တယ်ဆိုတာ မသိဘူးလား။

ထိုအချိန်တွင် လုလျန့်ဝေထံမှ အော်ဟစ်သံလေးတစ်ခု ထွက်ပေါ်လာသည်။

လုံချီသည် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူမ ရှေ့သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။

ထိူစဥ် ရှေ့သို့ လျှောက်သွားနေသည့် တော်ဝင်ဦးလေးက မြင်သွားပြီး လုလျန့်ဝေကို သူ့လက်နှစ်ဖက်ဖြင့် ဖမ်းပေးရန် ရုတ်တရက် လှည့်လာခဲ့သည်။

သူ အလွန်စိတ်မကောင်းဖြစ်နေသော်လည်း တော်ဝင်ဦးလေး၏ စိုးရိမ်ပူပန်သောအသံကို ကြားလိုက်ရပေသည်။

“မင်းက အရွယ်ရောက်နေပြီဆိုပေမယ့် အခုထိ လမ်းလျှောက်ရုံနဲ့ ပြုတ်ကျနေတုန်းပဲ”

လုလျန့်ဝေ၏ အသံသည် အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။

တော်ဝင် ဦးလေးဖြစ်သူသည် လုလျန့်ဝေအား သူ့ရင်ခွင်ထဲ၌ ပွေ့ချီလာသည်ကို လုံချီမြင်လိုက်ရသောအခါ စိုးရိမ်‌နေကြောင်းဟန်ဆောင်၍ မျက်မှောင်ကြုတ်ပြီး ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။

သူ၏တော်ဝင် ဦးလေးဖြစ်သူက လုလျန့်ဝေအား မြင်းလှည်းထဲသို့ သယ်ဆောင်သွားစဉ်တွင် လုံချီ မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။

သူ့နောက်မှ အရာရှိအနည်းငယ်မှာ စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းကို မချဘဲမနေနိုင်တော့ပေ။

“ကြည့်ရတာ အရှင်မင်းကြီးကက ဧကရီကို အရမ်းဂရုစိုက်ပုံပဲ။”

လုလျန့်ဝေသည် သူမအနားသို့ တိုးကပ်လာသော ချောမောသောမျက်နှာကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးကာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်၍

“အရှင်မင်းကြီးကျွန်မကို နမ်းပြီး ဘာလို့ အပြစ်မပေးရတာလဲ။”

လုံယန်၏ အသက်ရှုသံသည် သူ့လည်ချောင်းထဲတွင် ခဏတာ စွဲနေသော်လည်း ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ ဒါက အကြံကောင်းတစ်ခုလိုပဲ။ ဒီပြစ်ဒဏ်ကို သဘောတူဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး”

လုလျန့်ဝေတိတ်တဆိတ် နှုတ်ခမ်းစူလိုက်သည်။

ဤသည်မှာ သူ့အတွက် အလွန်ပျော်စရာကောင်းသော ပြစ်ဒဏ်တစ်ခုဖြစ်သော်လည်း ထိုကဲ့သို့ ဟန်ဆောင်မှုဖြင့် တွန်းလှန်နေဆဲဖြစ်သည်။

သူမသည် ပြီးပြည့်စုံပြီး ကွေးညွှတ်နေသော နှုတ်ခမ်းများကို စိုက်ကြည့်ကာ သူ့ကို ပေါ့ပါးစွာ နမ်းရန် ရှေ့သို့ တိုးသွားလိုက်သည်။ လုံယန်က သူမ၏ နောက်ကျောကို ရုတ်တရက် ပွတ်သပ်လိုက်သောအခါတွင် လုလျန့်ဝေ၏ နှုတ်ခမ်းများက ပိတ်သွားသဖြင့် သူမကို ပို၍ လေးလေးနက်နက် နမ်းရန် အခွင့်အရေးကို အရယူလိုက်တော့သည်။

လုလျန့်ဝေသည် သူမ၏ အသက်ရှုမှုကို ဖယ်ထုတ်လိုက်သလို ခံစားလိုက်ရသည်။

တင်းကျပ်ပြီး လုံခြုံသော ဒီနေရာလေးတွင် အပူချိန်သည် အဆက်မပြတ် မြင့်တက်နေပြီး သူမကိုသူမ နှိမ့်ချစွာ ညည်းညူရင်း အခြားသူများ သတိမမူမိအောင် ထိန်းထားရသည်။