အခန်း ၆၂၆
Vol. 13 Ch. 626
အခန်း 626:
လုံယန် ၏ နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားလေသည်။သူ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကို အမြဲလေ့ကျင့်ခဲ့ရသည်မှာ ကံကောင်းလှသည်။
သို့တိုင်အောင် သူသည် လုလျန့်ဝေအား တတ်နိုင်သမျှ အခွင့်ကောင်းယူနိုင်ရန် ကြံစည်မိနေဆဲဖြစ်သည်။
သူက သူမ၏ နားရွက်ကို ကိုက်ပြီး တိုးတိုးလေး တိုးတိုးလေး ပြောလိုက်သည်။
“ကိုယ်မင်းကို အခု လွှတ်ပေးမယ်”
လုလျန့်ဝေ သည် တော်တော် ပြင်းထန်စွာလှုပ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဝေးရာသို့ ဆုတ်ခွာသွားတော့သည်။
သူမလက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း နားရွက်များနီရဲနေကာ မျက်နှာပူလောင်၍ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။
အခုဖြစ်သွားသည့် ဖရိုဖရဲ အခြေနေအား သူမ စတင်ခဲ့မိတာ ဖြစ်နိုင်သည်။
သူမသည် အရှင်မင်းကြီး၏ ချုပ်တည်းမှုနှင့် စည်းကမ်းရှိမှုကို အလွန်အမင်း တွက်ဆထားမိသည်ပင်။
လုလျန့်ဝေ သည် လုံယန် ၏ နူးညံ့စွာ ထုဆစ်ထားသော လက်ေချာင်းများကို ပွတ်သပ်ရင်း ခုန်နေသော အာရုံကြောများကို ငြိမ်သက်အောင် ကြိုးစားနေရသည်။
“အရှင်မင်းကြီးရှင် ကျွန်မကို ဒဏ်ခတ်ပြီးပြီ ဒါပေမယ့် ရှင့်ကို အမျက်ထွက်အောင် ကျွန်မဘာအမှားလုပ်ထားလဲဆိုတာ အခုထိ မသိရသေးဘူး ပြောပြလို့ရမလား”
လုံယန် က သူ့အား မေးခွန်းမေးေနေသာေကြာင့်ခဏရပ်လိုက်မိသည်။
သူသည် ကောင်မလေး၏ အေးဆေးတည်ငြိမ်သော မျက်လုံးများနှင့် တွေ့ဆုံရန် သူမမျက်လုံးကို ငုံ့ကြည့်လိုက်သည်။
သူရုတ်တရက် ခံစားခဲ့ရတဲ့ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြဖို့ မဖြစ်နိုင်ပေ။
သူကပေါ့ပေါ့တန်တန်ချောင်းဆိုးလိုက်ပြီး သူမ၏ဆံပင်ကိုပွတ်သပ်လိုက်ပေးသည်။
လုံယန် က ဆံပင်တွေကို ဖွာလိုက်ပြီး သူမလက်နှစ်ဖက်ကို ဖိလိုက်သည်။
သူမ၏ သေးသွယ်သော မျက်နှာသည် သူ့ရင်ဘတ်ကို မှီ၍ သူ၏ တည်ငြိမ်သော နှလုံးခုန်သံကို ခံစားနေခဲ့သည်။
အရှင်မင်းကြီး ဒေါသဖြစ်နေပြီဆိုတာ သူမ သိပေမယ့် သူ့ဒေါသက ဘယ်ကလာတယ်ဆိုတာ မသိရသေးေပ။
သို့သော်လည်း သူမသည် ယခု ထိုသူနှင့်လက်ထပ်ပြီး တစ်သက်တာ အတူရှိရန် ဆန္ဒရှိနေသေးသည်။
အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးတတ်တဲ့ အလေ့အထကို ထိန်းထားပြီး သူမနဲ့ စကားမပြောဘူးဆိုလျှင် လင်နဲ့မယားကြား ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်ပင်။
အရှင်မင်းကြီးက သူ့အားသူ့တစ်သက်မှာ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ထားရှိမယ်လို့ တစ်ချိန်က ပြောကြားခဲ့ဖူးေသာ်လည်းဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ ကတိကဝတ်ပြုထားပါစေ ဘဝရဲ့စိန်ခေါ်မှုများကိုခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
အရှင်မင်းကြီးက တစ်ခုခုကြောင့် စိတ်ဆိုးနေလျှင် သူမကိုလည်း စိတ်မချမ်းသာေစချင်ဘူးဟု ဆိုလိုတာပင်။
သူသာ နှုတ်ဆိတ်နေပါက သေးငယ်သော ကိစ္စများသည် နောက်ဆုံးတွင် ကြီးမားသော ပြဿနာများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
အကယ်၍ သူမသည် နောက်တစ်ကြိမ်တွင် သူနှင့်အတူ ထိုလမ်းကြောင်းကို ဖြတ်ကျော်ခဲ့မည်ဆိုလျှင် မကယ်တင်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားနိုင်သည်။
ဒါကိုတွေးကာ ဒီကိစ္စကို လျစ်လျူမရှုဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရင်ခွင်ထဲက သူကိုကြည့်ရန် မျက်နှာသေးသေးလေးအား မော့ကြည့်လိုက်တော့သည်။
သူ့နောက်ကျောပေါ်တင်ထားသော လက်သည် ယခု သူမကို သူ့ရင်ခွင်ထဲသို့ ပိုတင်းကျပ်လာစေသည်။
“ဟုတ်တယ်”
“ကျွန်မတို့က အကြင်လင်မယား ဖြစ်တဲ့အတွက် အချင်းချင်း ရိုးသားရမယ် အရှင်မင်းကြီးကကျွန်မကို စိတ်ဆိုးနေတဲ့ အကြောင်းရင်းကို ကျွန်မကို ပြောပြသင့်တယ် ဒီနည်းနဲ့ နောက်တစ်ကြိမ် ထပ်တူအမှားမျိုး မကျူးလွန်မိစေဖို့”
“ကိုယ် မင်းကို စိတ်မဆိုးဘူးလို့ ပြောထားပြီးသားကိုယ့်ဘာလို့မယုံတာလဲ”
လုလျန့်ဝေ က သူ့ကို လှမ်းကြည့်သည် ။ သူမသည်ပေါင်ပေါ်မှ စကားတစ်ခွန်းမှ မပြောဘဲ ဘေးသို့ ရွှေ့လိုက်သည်။ လုံယန် သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုစဥ် ကျောက်ချန်သည် ရထားလုံး၏ အပြင်ဘက်မှ သတင်းပို့လာလေသည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မြို့တံခါးကို ရောက်ပါပြီ”
သူသည် လုလျန့်ဝေ ဆီသို့ လှည့်ကြည့်လိုက်ပြီး သူမ ရုတ်တရက် ထရပ်ကာ ရထားရှေ့မှ ထွက်ခွာသွားမည့်အချိန်တွင် တစ်ခုခုပြောတော့မည့် ဟန်ပြုလိုက်သည်။
သို့သော် လုံယန် ၏ မျက်မှောင်ကြုတ်မှုက ပိုတင်းကျပ်လာသော်လည်း သူဘာမှ မတတ်နိုင်ခဲ့ပေ။
သူတို့ပြန်လာပြီးမှသာလျှင် ဒါကို အသေးစိတ်ပြောပြရန် ဆုံးဖြတ်လိုက်တော့သည်။
ဧကရာဇ်မင်း ကြွလာရန် ပြင်ဆင်ရာတွင် နှစ်လီတာအတွင်း ဧရိယာကို ဖယ်ရှားရှင်းလင်းခဲ့သည်။
အစောင့်များက အဝင်အထွက်တိုင်းကို ကြပ်ကြပ်မတ်မတ်ရပ်ကာ စောင့်ကြပ်နေကြသည်။
ဧကရာဇ်နှင့် ဧကရီတို့ ရထားပေါ်မှ ဆင်းလာသည်ကို မြင်တဲ့အခါ လူတိုင်း ဒူးထောက်လိုက်ကြသည်။
လုံယန် မှာ လုလျန့်ဝေ ၏လက်ကို ကိုင်ရင်း မြို့တံခါးဆီသို့ လျှောက်သွားလိုက်သည်။
ဂိတ်အပြင်ဘက်တွင် တပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်များသည် သူတို့၏ အောင်ပွဲအတွက် ထွက်ခွာရန် ပြင်ဆင်နေကြပေသည်။
ဧကရာဇ်မင်းနှင့် ဧကရီတို့ ပေါ်လာသည်ကို လူတိုင်းမြင်လိုက်သောအခါတွင် အနည်းငယ်သော တုန်လှုပ်ချောက်ချားမှုတစ်ခုကြောင့် မှုန်ဝါးသော လေထုသည် ရပ်တန့်သွားခဲ့သည်။
သို့သော်သူတို့အားလုံးသည် သူတို့၏စိတ်လှုပ်ရှားမှုကို လျင်မြန်စွာ မျိုသိပ်ထားတက်ရန် ကောင်းစွာလေ့ကျင့်ထားသော တပ်သားများဖြစ်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။
“သက်တော်ရာကျော်ရှည်ပါစေအရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
စည်းလုံးသောအသံများသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
လုလျန့်ဝေ သည် လုံယန် ၏ နံဘေးတွင် ရပ်နေပြီး သူ့အောက်ရှိ စစ်သားများနှင့် ဗိုလ်ချုပ်များကို ကြည့်နေသည်။
လုလျန့်ဝေ သည် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူမ၏ အတိတ်ဘဝက တီဗွီ ဖန်သားပြင်ပေါ်တွင်သာ မြင်တွေ့နိုင်ခဲ့သည်။
သူမသည် တစ်နေ့တွင် ဤအရာကို အမှန်တကယ် တွေ့ကြုံခံစားနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားမှုကို လက်တွေ့ဘဝတွင် သူမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး အံ့သြမှင်သက်စွာ မနေနိုင်တော့ပေ။
တကယ့်မှန်ကြီးလိုပဲ။