အခန်း ၆၂၇
Vol. 13 Ch. 627
အခန်း 627-
“ထနိုင်ပြီ စစ်သားနဲ့ ဗိုလ်ချုပ်တွေ”
လုံယန်၏အသံသည် စေတနာကောင်းရှိသော်လည်း တစ်ချိန်တည်းတွင် အာဏာနှင့် ပြည့်နှက်နေခဲ့သည်။
သူသည် သာမာန်အသံဖြင့် ပြောသော်လည်း သူ့အသံမှာ ရဲဘော်များနှင့် ဗိုလ်ချုပ်အားလုံး၏ နားထဲသို့ ရောက်သွားလေသည်။
အမိန့်ေပးပြီးသည်နှင့် စစ်သည်များနှင့် ဗိုလ်ချုပ်များအားလုံး မတ်တပ်ရပ်လိုက်ကြပြီး အသီးသီး အရပ်မြင့်မြင့်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေကြသည်ကို တွေ့လိုက်ရသည်။
သူတို့မျက်လုံးတွေသည် မြို့တံခါးတွင်ရပ်နေသည့်ဧကရာဇ်မင်းကို စူးစိုက်ကြည့်နေခဲ့ကြသည်။ လုလျန့်ဝေ လုံယန်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
ထိုသူ၏တည်ရှိမှုသည် ငြိမ်သက်စွာ တည်တံ့နေသည့် မြင့်မားသော တောင်ကြီးတစ်ခုလိုပင်၊လူအများကို လုံခြုံမှုပေးစွမ်းနိုင်လှသည်။
အခုအချိန်တွင် သူသည်အရင်ကထက်ပိုပြီး လေးနက်နေပုံရသည်။
သူ၏ ချောမောသော မျက်လုံးများက သူ့အောက်ရှိ စစ်သားများနှင့် ဗိုလ်ချုပ်များကို ကြီးမားသော အာဏာစက်ဖြင့် ငုံ့ကြည့်နေခဲ့သည်။
“တန့်ကြွယ် က ကိုယ်တော်တို့ရဲ့နယ်နိမိတ်တွေကို အကြိမ်ကြိမ် အနှောက်အယှက်ဖြစ်စေခဲ့ပြီး ဒီနေရာမှာနေထိုင်နေသူေတွကိုအဆုံးမရှိတဲ့မလုံခြုံမှုနဲ့ ကြောက်ရွံ့မှုေတွဖြစ်စေခဲ့တယ်။ ဒါက ကိုယ်တော့်ကို အရမ်းစိတ်ပူစေတယ်။မင်းတို့က ကြီးမြတ်တဲ့ရှန် ရဲ့ တံတိုင်းတွေမို့လို့ မင်းတို့အားလုံးကို နယ်နိမိတ်တွေဆီ ဦးတည်ပြီး ငါတို့ရန်သူတွေကို သဲကန္တာရဆီ ပြန်မောင်းထုတ်ပစ်ဖို့ ကိုယ်တော်အမိန့်ပေးတယ် သူတို့ ကြီးမြတ်တဲ့ရှန် ရဲ့ နယ်မြေထဲ ဘယ်တော့မှ ထပ်မဝင်ဝံ့ကြေစနဲ့ မင်းတို့အားလုံးရဲ့ အောင်ပွဲသတင်းအတွက် ငါကိုယ်တော်ဒီမှာစောင့်မျှော်နေမယ်”
သူသည် စကားများကို ရက်ရောစွာ မပြောသော်လည်း သူ၏ တည်ငြိမ်ပြီး စိတ်ချရသော လေသံက လူတိုင်း လိုအပ်နေသော ယုံကြည်မှုကို ပေးစွမ်းနိုင်သည်။
သူ့တွင် အစွမ်းထက်သော အတွင်းအားများ ရှိပြီး စစ်သားတိုင်း၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိစေရန် သူ၏ အသံအတွက် သံတော်ဆင့်၏ အကူအညီကိုတောင် မလိုအပ်ပေ။
စစ်သည်များနှင့် ဗိုလ်ချုပ်များသည် သူ၏မိန့်ခွန်းကို ကြားသောအခါ စိတ်အားထက်သန်မှုဖြင့် လောင်ကျွမ်းသွားကြသည်။
တက်ရောက်သူအားလုံးသည် ထိုစိတ်ခံစားမှု၏ လွှမ်းမိုးခြင်းကို ခံခဲ့ကြရသည်။
လုဟယ့်ထျန်း က လုံယန်ကို ဦးညွှတ်ပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ ညွှန်ပြ၍
“အရှင့်အမိန့်ကို လိုက်နာပါ့မယ်။ စစ်သားတို့ငါတို့ချက်ချင်းထွက်ခွာကြမယ်”
အမိန့်ပေးသည်နှင့်အမျှ သတင်းစကား ပျံ့နှံ့သွားတော့သည်။ စစ်သားနဲ့ စစ်ဗိုလ်ချုပ်တွေဟာ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်နေသည်။
သူတို့သည် အဖက်ဖက်က စစ်သားတွေနဲ့ မြင်းတွေရှေ့မှာ အမြဲထွက်နေဖို့ လိုအပ်ပေသည်။
စစ်သားများစွာရှိသော်လည်း စည်းကမ်းရှိပြီး တပ်များကို သပ်ရပ်စွာ တန်းစီထားသည်။
သူတို့ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်က ကောင်းကောင်း လေ့ကျင့်ပေးခဲ့တာ ထင်ရှားလှသည်။
လုလျန့်ဝေက သူ့အဖေနဲ့ အကိုကြီးနဲ့ တွေ့ချင်ပေမယ့် သူမရဲ့ လက်ရှိအခြေအနေကြောင့် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။
ချူကျူ က သူမ ဘာကိုဆိုလိုသည်ကို နားလည်လိုက်၏။
ညီအစ်ကို မောင်နှမများသည် စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း အချင်းချင်း ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်ကြသည်။
လုထင်ချန်းက သူ့မြင်းကို ရှေ့သို့တွန်းလိုက်ရင်း ကြိုးကို ဆွဲလိုက်သည်။
သို့သော် သူ့လက်ထဲမှ ဇက်ကြိုးကို ဆွဲဆန့်ရန်လုပ်လိုက်စဥ် အသွင်တစ်ခုသည် သူ့ဆီသို့ အမြန်ရောက်လာခဲ့သည်။
ထို့ကြောင့် ရှေ့သို့ ရွေ့လျားနေပြီဖြစ်သော မြင်းကို ရုတ်တရက် အနီးကပ်၍ ရပ်ခိုင်းလိုက်ရသည်။
လုထင်ချန်းဇက်ကြိုးကို ပြန်ဆွဲယူလိုက်သောအခါ အံ့သြမိသွားသည်။
ထို့နောက် သူ့မျက်နှာပေါ်ရှိ အမူအရာမှာ မည်းမှောင်လာတော့သည်။ သူ့မြင်းကို ရပ်လိုက်သည်မှာ ပေါ့လျော့မှုကင်းသော စစ်သားအချို့ဟု ထင်ခဲ့သော်လည်း တရားခံကို လှည့်ကြည့်လိုက်တဲ့အခါ ဖုံးကွယ်ရခက်သော မျက်နှာနှင့် သူရဲကောင်းပီသသည့် အမျိုးသမီးတစ်ဦးကိုသာ တွေ့လိုက်ရပေပသည်။
မျက်မှောင်ကြုတ်လိုက်ရင်း အတွေးတစ်ခုက သူ့စိတ်ထဲပေါ်လာပြီး
ချူကျူ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အိတ်ကို သူ့လက်ထဲကို ပစ်ချပေးလိုက်သည်။
“ဧကရီက ဒါကို ရှင့်ဆီ ယူလာပေးဖို့ တောင်းဆိုထားလို့အနာေတွအတွက် ထိရောက်စေတဲ့ ဆေးဝါးတွေနဲ့ တုပ်ကွေးအတွက် ကုသနည်းအမျိုးမျိုးရှိတယ်မေ့မြောစေတဲ့ ဆေးလုံးေတွလည်းရှိတယ်။ အားလုံးကို ဧကရီက လုပ်ထားခဲ့တာ သူတို့က ရှင့်အတွက် အသုံးဝင်နိုင်သလို ရှင့်ကို ကောင်းကောင်းစောင့်ရှောက်ပေးစေနိုင်တယ်လို့ ပြောတယ်။”
ချူကျူ သည် စက်ရုပ်တစ်ခုလို အမှာစာကို ရွတ်ပြီး ထွက်ခွာသွားခဲ့သည်။
သူ့လက်ထဲက အိတ်ကို ကြည့်ရင်း လုထင်ချန်းရဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ ခံစားမှုတစ်ခု ရောက်ရှိလာခဲ့သည်။
သူစဥ်းစားရင်း ချူကျူ ထွက်သွားတော့မည်ကို သတိပြုမိလိုက်သည်။
သူသည် ကိုင်ထားသော ဇက်ကြိုးအား သူမကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ ဆွဲပစ်လိုက်တော့သည်။