အခန်း ၆၂၈
Vol. 13 Ch. 628
အခန်း 628-
ချူကျူ မြို့တံခါးတဟ်လျှောက် ပြန်လျှောက်လာရင်း လေလှိုင်းသံကို သတိပြုမိလိုက်ပြီး ရှောင်တိမ်းရန် အလျင်အမြန် ရွှေ့လိုက်သည်။
သို့သော်လည်း မြင်းဇက်ကြိုးများသည် သူမ၏ခါးအားမြွေကဲ့သို့ အမြန် ရစ်ပတ်ထားလေသည်။
သူမ ခါး၌ တင်းကျပ်ကျပ် တစ်ခုခုကို ခံစားလိုက်ရ၍ အမူအရာ ပြောင်းသွားတော့သည်။
ချူကျူ ဇက်ကြိုးအား ထိန်းနေတဲ့သူ လှည့်ကြည့်လိုက်တော့ ဒေါသထွက်လာတော့သည်။
ထို့နောက် သူမ၏ လက်ချောင်းများကြားမှ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာလေသည်။
လုထင်ချန်း က ဇက်ကြိုးတစ်ဖက်ကနေတစ်ဆင့် ချူကျူကိုယ်ကိုယ် အမြန်ဆွဲထုတ်ပေးပြီး သူမကို ရစ်ပတ်နေသည့် ဇက်ကြိုးအား လှီးဖြတ်ပေးလိုက်သည်။
“ ယောက်ျားလျှာလေး ငါ့စာတွေကိုတောင် ပြန်မပေးရသေးတာကို ဘာလို့အပြေးသွားေနတာလဲ”
သူသည် ငွေရောင်ချပ်ဝတ်တန်ဆာအား ၀တ်ဆင်ထားပြီး နေနှင့်ဆန့်ကျင်ဘက်ရှိ မြင်းပေါ်၌ ကျောခိုင်းကာရှိနေသဖြင့် နတ်ဘုရားတစ်မျိုးမျိုးနှင့်တူနေခဲ့သည်။
လုထင်ချန်း သူ့ထိုင်ခုံပေါ် ဆီသို့ ဆွဲခေါ်ခံလာရသော အမျိုးသမီးကို ကြည့်လိုက်သည်။
ဤစကားကို ကြားသောအခါ ချူကျူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့အား လက်သီးနှင့်ထိုးတော့သည်။
လုထင်ချန်းက ဒါကိုကြို ပြင်ဆင်ခဲ့ပေသည်။ သူသည် ဘေးဘက်သို့ ရွေ့သွားကာသူမ လက်သီးကို ရှောင်ပြီးသူ့ဆီ ပျံသန်းလာနေသော လက်သီးကို ဖမ်းယူလိုက်သည်။ သူ့လက်ထဲက လက်သီးကို ပင့်တင်လိုက်ပြီး သူ့မျက်နှာမှာ လိမ္မာပါးနပ်တဲ့ အပြုံးနဲ့ ဝေဖန်လိုက်သည်။
ချူကျူက သူ့အပေါ် နောက်ထပ်တိုက်ခိုက်မှုတစ်ခု မပြုလုပ်ခင်မှာ သူက
“ငါတို့ရဲ့ အောင်ပွဲအတွက် ထွက်ခွာတော့မယ် မင်းနဲ့ ဆော့ဖို့ အချိန်မရှိဘူး မင်းလုပ်စရာရှိတာက ငါ့အမှာစာကိုပြန်ပို့ေပးဖို့ပဲ”
ချူကျူက လှောင်ပြောင်သော်လည်း ဘာမှ မပြောေပ။
လုထင်ချန်း သည် မြို့တံခါးဝတွင် ရပ်နေသော လုလျန်ဝေ ကို တစ်ချက်ကြည့်လိုက်သည်။
သူသည် ဇက်ကြိုးကိုဆွဲကာ ချူကျူအား အနားသို့ ဆွဲကပ်လိုက်ပြီး သူမ နားရွက်နားကို ငုံ့ကြည့်ကာ
“ချူကျူ၊ ဝေဝေကိုပြောလိုက်ပါ ငါဘယ်တော့ပြန်လာမယ်ဆိုတာ မသိသေးဘူး။ ငါသူမကိုရွှေတွေပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အမြဲနှောင့်နှေးနေခဲ့တာ။ ငါ့အခန်းထဲမှာ ရွှေတွေဝှက်ထားတာမို့ သူကိုယူပြီး စုထားဖို့ပြောလိုက်ပါ”
ထိုလူ၏အေးစက်သောထွက်သက်ဝင်သက်က သူမဆီသို့သတိမပေးဘဲရောက်လာသဖြင့် ချူကျူသည် ထိုနေရာတွင်ပင် တောင့်တင်းသွားပြီး သူမလုပ်ရမည့်အရာကို မေ့သွားတော့သည်။
လုထင်ချန်းသည် စကားပြောပြီးသောအခါ တည့်တည့်မတ်မတ်ပြန်ထိုင်၍ သူမခါးတွင် ရစ်ပတ်ထားတဲ့ ဇက်ကြိုးကို လွှတ်လိုက်သည်။
သူ သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်လှည့်ကြည့်လိုက်တော့ နားရွက်တွေ နီရဲနေတာကို သတိထားမိလိုက်သည်။ ဤအရာက သူ့ကို အလွန်အံ့အားသင့်သွားစေခဲ့၏။
ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသောအခါ သူ့စကားပင်မပြီးပြတ်သေးပေ။ ထိုအခိုက်အတန့်လေးအတွင်းမှာ ကမ္ဘာကြီးသည်သူ့ကို ဝိုင်းေနပြီး သူ့မြင်းပေါ်ကနေ ပြုတ်ကျနေတာကိုသာ ခံစားလိုက်ရသည်။
ကျယ်လောင်သော ဆူညံသံကြောင့် ပတ်ဝန်းကျင်ရှိ စစ်သားများ တုန်လှုပ်သွားကြရသည်။
ချူကျူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို အေးစက်စွာ ကြည့်နေ၏။
ထို့နောက် ထိုသူ့အား နင်းေနခြင်းကို ရပ်တန့်ကာ ထွက်ပြေးသွားတော့သည်။
မြို့တံခါးဆီသို့ ပြေးသွားတဲ့ အမျိုးသမီးကို ကြည့်ရင်း သူ့သွားတွေကို တင်းတင်းကြိတ်လိုက်သည်။
မကြာခင် သူထွက်သွားရမယ်ဆိုတဲ့အချက်ကြောင့်သာ မဟုတ်ရင် သူမနောက်ကို လိုက်သွားပြီး ကောင်းကောင်းရိုက်နှက်ပေးမှာပင်။
မြင်းပေါ်ကနေ ဆွဲချနိုင်လောက်အောင် သန်မာပြီးကြမ်းတမ်းတဲ့ မိန်းမမျိုးကို သူ တစ်ခါမှ မတွေ့ဖူးပေ။
ထို့နောက် သူ့ကိုယ်ကို ကုတင်ပေါ်သို့ တစ်ယောက်ယောက်က ထမ်းပို့နေသလို ခံစားလိုက်ရသည်။
အခု သူစဉ်းစားလိုက်တော့ သူ့ကိုကုတင်ပေါ်သို့ သယ်လာတဲ့သူက ယောက်ျားလျှာလေး ချူကျူဆိုတာ သေချာပေသည်။
ဒါကို သူသဘောပေါက်လိုက်တာနဲ့ သူ့မျက်နှာမှာ နက်မှောင်တဲ့အကြည့်တစ်ခု ပေါ်လာတော့သည်။
လုဟယ့်ထျန်းသည် ရုန်းရင်းဆန်ခတ်ဖြစ်သံအား ကြားလိုက်ရသဖြင့် သူ၏မြင်းကို ရွှေ့လာခဲ့သည်။
လုထင်ချန်း ဒဏ်ရာမရှိသည်ကိုမြင်သောအခါမှ သူစိတ်သက်သာရာရသွားရသည်။
သို့သော် လုထင်ချန်း သည် ဤကဲ့သို့မြင်းပေါ်မှပြုတ်ကျခြင်းအတွက် အရှက်တကွဲဖြစ်နေဆဲဖြစ်သည်။
“အစောင့်တွေ လုက စစ်သားများရှေ့မှာ ရှက်ဖွယ်လိလိ ပြုမူခဲ့တယ် သူ့ကိုခေါ်သွားပြီး ကြိမ်လုံးဆယ်လုံးရိုက်ပေးလိုက်”
လုထင်ချန်း က မကန့်ကွက်ခဲ့။ သူက ချက်ချင်း လက်သီးနဲ့ လက်ဖဝါးနဲ့ ထိကာအလေးပြုပြီး
သူသည် ထိုအမိန့်ကို လိုက်နာကာ စစ်သည်များနှင့်အတူ လိုက်ပါသွားတော့သည်။
လူထုအမြင်မှာ ဘယ်လို ဘက်လိုက်မှုမျိုးမှ မလုပ်သင့်ေပ။
သူသည် မြို့တံခါးဆီသို့ လှည့်ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားရသည်။
အဆုံးတွင် သူသည် မြို့တံခါးရှိ သူ့သမီးကို မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဇက်ကြိုးကိုဆွဲကာ တပ်များကို လွှတ်လိုက်လေတော့သည်။
လုလျန့်ဝေ သည် မြို့တံခါးတွင် လုထင်ချန်းအား ချူကျူက မြင်းပေါ်မှ ဆွဲချလိုက်သည်ကို မြင်လိုက်ရပေသည်။
ထို့နောက် သူ့အစ်ကိုကြီးအား စစ်သားတွေက ပြစ်ဒဏ်ပေးဖို့ ခေါ်ဆောင်သွားတာကို မြင်လိုက်ရသဖြင့် သူမ မထိန်းနိုင်ဘဲ စိတ်ပူသွားရသည် ။